Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မြစ်ကြီးနား - ရန်ကုန် လေယာဥ်လက်မှတ်ခ ၁၅ သိန်းကနေ ၂၀ ထိပေါက်ပြီး မြစ်ကြီးနား - မန္တလေးလက်မှတ်ခ ၁၀ သိန်းကနေ ၁၅ သိန်းထိ အဆမတန်မြင့်တက်လာ
မြစ်ကြီးနား - ရန်ကုန် - မြစ်ကြီးနား ၊ မြစ်ကြီးနား - မန္တလေး - မြစ်ကြီးနား ခရီးစဥ် လေယာဥ်လက်မှတ်ခစျေးနူန်းတွေ အဆမတန်မြင့်တက်လာတဲ့အပြင် ဝယ်ယူရခက်တဲ့ အခြေအနေပါ ကြုံတွေ့နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
လက်ရှိမှာ မြစ်ကြီးနား - ရန်ကုန် လေယာဥ်လက်မှတ်ခနူန်းထားက ပြင်ပလက်မှတ်အရောင်း စျေးကွက်မှာ ခရီးစဥ်တကြောင်းစာကို ၁၅ သိန်းကနေ သိန်း ၂၀ လောက်အထိ စျေးပေါက်နေပြီး မြစ်ကြီးနား - မန္တလေး လေယာဥ်လက်မှတ်ခက ၁၀ သိန်းကနေ ၁၅ သိန်းလောက်အထိ စျေးပေါက်နေတယ်လို့ သိရပါတယ်။
အဲဒီလေယာဥ်လက်မှတ်စျေးနူန်းတွေဟာ ပြင်ပမှောင်ခိုစျေးနူန်းတွေဖြစ်ပြီး လေကြောင်းလိုင်းတွေရဲ့ တရားဝင် လက်မှတ်ခစျေးနူန်းထက် နှစ်ဆလောက်အထိမြင့်နေတာ ဖြစ်ပါတယ်။
" လေကြောင်းလိုင်းတရားဝင်စျေးထက်ကို အဆမတန်တက်နေတာ ။ system ကလည်း အမြဲ ထိုင်ခုံမရှိဖြစ်နေတာ။ အပြင်မှာကျ လက်မှတ်တွေကရောင်းသူတွေရှိနေတယ် ။ စျေးကို မဖော်ပြကြဘူး ။ဖုန်းဆက်မေးမှ ကိုယ်သွားမယ့် ရက်အလိုက် စျေးကအမျိုးမျိုးဖြစ်နေတာ။ တချို့လည်း ၁၆ သိန်း ၊ ၁၈ သိန်း ပေးဝယ်ရတာရှိတယ်။ တချို့ ရက်ကပ်ပြီး အရေးတကြီး လက်မှတ်လိုသူတွေဆို ၂၀ လောက်အထိ စျေးပေးရတယ်။ လက်မှတ်လိုချင်တော့ ပေးဝယ်ကြတာလည်းပါတယ်။ စျေးတွေမြင့်လို့ လက်မှတ်က ဝယ်ရလွယ်တယ်မထင်နဲ့ ခုံရပါစေ ဆုတောင်းနေရတာမျိုး ။ " လို့ လေယာဥ် လက်မှတ်အရောင်းဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသူတယောက်က ပြောပါတယ်။
လေယာဥ်လက်မှတ်ကို လေကြောင်းလိုင်းတွေမှာ.တိုက်ရိုက်ဝယ်ယူနိုင်ကြောင်း ကြေငြာထားပေမယ့်လည်း ဝက်ဆိုက်ဘ်မှာ ခုံနေရာ မရှိတာကများပြီး ဝယ်ယူလို့ မရတဲ့အခြေအနေတွေကြောင့် ပြင်ပမှာ အဆမတန်စျေးကြီးပေးပြီး ဝယ်ယူနေကြရတယ်လို့ သိရပါတယ်။
လေကြောင်းလိုင်းတွေရဲ့ တရားဝင်ကြေငြာထားတဲ့ မေလအတွက် လေယာဥ်လက်မှတ်နူန်းထားတွေက မြစ်ကြီးနား - ရန်ကုန် ခရီးစဥ်ကို အမြင့်ဆုံး ၁၀ သိန်းကျပ်ဝန်းကျင်သာရှိပြီး မြစ်ကြီးနား - မန္တလေး ခရီးစဥ်က ၆ သိန်းကျပ်အထက်ကနေ ၈ သိန်းနီးပါးသာ ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် လေယာဥ်လက်မှတ်စျေးနူန်းတွေ အဆမတန် မြင့်တက်ပြီး လက်မှတ်ဝယ်ယူရခက်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခရီးစဥ်ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတချို့ကို ဆက်သွယ်စုံစမ်းခဲ့ရာ လေကြောင်းလိုင်းအနေနဲ့ကတော့ တရားဝင်စျေးနူန်းအတိုင်းသာ ရောင်းချပြီး လက်မှတ်ကို ဝက်ဆိုက်ဘ် ဒါမှမဟုတ် Booking တင်နိုင်တဲ့ Viber နံပါတ် ၊ ဖုန်းနံပါတ်တွေကို ဆက်သွယ် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မေလအတွက် ရန်ကုန် - မြစ်ကြီးနား ၊ မြစ်ကြီးနား - မန္တလေး လေကြောင်းခရီးစဥ် အများစု လက်မှတ်ကုန်နေပြီ ဖြစ်တယ်လို့ သိရပါတယ် ။
" ခုံရှိသေးတယ်ဆိုရင် လက်မှတ်ရပါတယ်။ ဖြတ်ပေးပါတယ်။ ပြီးမှ ဘဏ်စနစ်နဲ့ငွေသွင်းရပါတယ်။ အခုလောလောဆယ်တော့ ဒီလအတွက် ရန်ကုန် - မြစ်ကြီးနား ခုံတော့မရှိတော့ပါဘူး ။ ဒီလအတွက်စျေးက ၉၁၀၀၀၀ ကျပ် ရှိပါတယ်။ နောက်လအတွက်တော့ မသိသေးပါဘူး ။ " လို့ လေကြောင်းလိုင်း တခုရဲ့ တာဝန်ကျ ဝန်ထမ်းတယောက်က ပြောပါတယ် ။
နောက်ထပ်လေကြောင်းလိုင်းတခုကလည်း မေလ ၉ ရက်အထိ မြစ်ကြီးနားခရီးစဥ်အတွက် ခုံမရှိတော့ကြောင်း ၊ အဲဒီရက်နောက်ပိုင်း လေယာဥ်ခရီးစဥ်အတွက် အချိန်ဇယားမထွက်သေးဘူးလို့ ပြောပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ရန်ကုန် - မြစ်ကြီးနား ကားလမ်းခရီးစဥ်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အခြေအနေတွေကြောင့် မြစ်ကြီးနား ဒေသခံတွေဟာ လေကြောင်းကိုသာ အသုံးပြုသွားလာနေကြရတာ ဖြစ်တယ်လို့ သိရပါတယ် ။
ပျဥ်းမနား မြို့မစျေးကြီးတခုလုံး ပြန်ဆောက်မှာမို့ ပိုင်ရှင်တွေက မူလဆိုင်ခန်းနေရာ မရမှာကို စိုးရိမ်နေ
ပျဥ်းမနားမြို့ရဲ့အထင်ကရ စျေးကြီးတခုဖြစ်တဲ့ မြို့မစျေးကြီးကို အသစ်ပြန်လည်တည်ဆောက်သွားဖို့ရှိတယ်လို့ သိရပြီးတော့ ပျဥ်းမနား မြို့မစျေးမှာ လက်ရှိရောင်းချနေကြတဲ့ ဆိုင်ခန်းပိုင်ရှင်တွေကတော့ တည်ဆောက်ပြီးစီးလို့ သူတို့မူလနေရာပြန်ပေးတဲ့အခါမှာ ငွေကြေးဘယ်လောက်ထပ်မံပေးဆောင်ရမယ်ဆိုတဲ့အတွေး၊ ပြိုကျပျက်စီးခဲ့တဲ့စျေးရုံထဲက ဆိုင်ခန်းပိုင်ရှင်တွေဖက်ကလည်း သူတို့ရဲ့မူလစျေးဆိုင်ခန်းနေရာတွေ ပြန်မရမှာသေချာနေတဲ့အတွက် စိုးရိမ်မှုတွေ မကျေနပ်မှုတွေရှိနေခဲ့ကြတယ်လို့ သိရပါတယ်။
"ကျွန်တော်တို့ကို တာဝန်ရှိတဲ့လူကြီးတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ ၈ လအတွင်းအပြီးပြန်ဆောက်ပေးမယ် ဆိုတာထည့်ပြောခဲ့ပါတယ် အဲ့ဒါကြောင့် ကျွန်တော်အပါအဝင် ရုံထဲမှာရောင်းချနေကြတဲ့ ဆိုင်ခန်းပိုင်ရှင်တွေအကုန်လုံး လက်မှတ်ထိုးပေးခဲ့ကြပါတယ်။ အခုတော့မူလနေရာမှာ အခြားအဆောက်အဦးဆောက်ဖို့လုပ်နေပြီး တဖက်မှာကျန်ရှိနေတဲ့ အခုအသစ်ဆောက်မယ့် စျေးအဟောင်းနေရာဖက်ကို ပေါင်းပြီးနေရာပြန်ပေးမယ်ဆိုတော့ ကျွန်တော်တို့ဆိုင်ခန်းနေရာကောင်းရှိခဲ့တဲ့သူတွေဖက်က နစ်နာပါတယ်" လို့ ပြိုကျပျက်စီးခဲ့တဲ့ စျေးရုံထဲက အမည်မဖော်ပြချင်တဲ့ အထည်ရောင်းချနေတဲ့ ဆိုင်ခန်းပိုင်ရှင်တယောက်က VOM ကိုပြောပါတယ်။
ပျဥ်းမနား မြို့မစျေးကြီး အသစ်တည်ဆောက်ပြီးစီးဖို့အတွက် အချိန်ကာလ ၃ နှစ်ကြာမြင့်မယ်လို့သိရပြီးတော့ အခုလက်ရှိ စျေးသည်တွေကို နေရာချထားပေးဖို့ကိုတော့ အရင်ဆင်ရုပ်ကြီးအနားမှာရှိတဲ့ အောင်မင်္ဂလာရပ်ကွက်မှာရှိတဲ့ ကားဝင်းအဟောင်းနေရာကို ရွေးချယ်ခဲ့ပြီး အခုလက်ရှိ ဆောက်လုပ်မယ့် အဆောက်အဦးတွေအတွက် ခြံခတ်တာတွေနဲ့ ပန္နက်ရိုက်ထားတာတွေ စတင်လုပ်ဆောင်ပြီးစီးနေတာကို တွေ့ရပါတယ်။
"ပျဥ်းမနား မြို့မစျေးက နှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်လို့ အန္တရယ်ရှိတဲ့ အဆောက်အဦးအဖြစ်သတ်မှတ်ထားခဲ့တာဖြစ်တဲ့အပြင် အခုလို အသစ်ပြန်လည်တည်ဆောက်ဖို့အတွက် မန္တလေးငလျင်ကြီးမတိုင်ခင်ထဲက စီစဥ်ထားတာရှိပေမယ့် အဆိုပြုတဲ့ကုမ္ပဏီမရှိလို့ မလုပ်ဖြစ်ခဲ့တာပါ အခုတော့ ငလျင်ကြောင့် မြောက်ဖက်ကစျေးရုံကြီးတခုလုံးပြိုသွားခဲ့ရတာနဲ့ တဆက်ထည်း လုပ်ကိုင်နိုင်တဲ့အဆိုပြုကုမ္ပဏီပေါ်လာတဲ့အတွက် အခုလိုစျေးကြီးတခုလုံး ပြန်တည်ဆောက်ဖို့ ဖြစ်လာတာပါ" လို့ ပျဥ်းမနား မြို့မစျေးက စျေးတာဝန်ခံ ဦးတင်မောင်ကြည်က VOM ကိုပြောပါတယ်။
အခုမြို့မစျေးမှာရောင်းချနေကြတဲ့စျေးဆိုင်ခန်းတွေကို အောင်မင်္ဂလာရပ်ကွက်ဖက်က ကားဝင်းအဟောင်းနေရာကို ပြာင်းရွှေ့နေရာချထားနိုင်ဖို့က ၆ လနဲ့အပြီးသတ်မှတ်ထားတယ်လို့ဆိုပေမယ့် အဆောက်အဦးပြီးစီးမှုပေါ်မှာမူတည်ပြီး ကာလတခု အထိကြာမြင့်အုံးမယ်လို့လည်း သိရတဲ့အပြင် ပြောင်းရွှေ့ရမယ့် ဆိုင်ခန်းပိုင်ရှင်တွေက ဆိုင်ခန်းထပ်မံဝယ်ယူရတာမျိုးမဟုတ်ပဲ အရင်အတိုင်း အခွန်အခ လောက်သာပေးဆောင်ရမယ်လို့သိရပြီး ပျဥ်းမနား ဆင်ရုပ်နားက အောင်မင်္ဂလာအဝေးပြးဂိတ်ဟောင်းနေရာကို အရင်ဦးစားပေးတည်ဆောက်သွားမယ်ဆိုတာလည်းသိခဲ့ရပါတယ်။
"ကျွန်မတို့ဖက်ကလည်း ပြောင်းရွှေ့ပြီး ကျွန်မတို့မူလနေရာမှာပြန်ပြီးနေရာချပေးတဲ့အချိန်ကျရင် ငွေဘယ်လောက် ထပ်ပေးရမယ်ဆိုတဲ့ဟာမျိုးတွေ ဖြစ်လာမှာစိုးရိမ်ပါတယ် တတ်နိုင်တဲ့သူတွေအတွက်တော့ကောင်းပါတယ် အခုထဲကသိထားရရင်တစ်ခုခု ကြိုပြင်ဆင်လို့ရတာပေါ့ ကြားပဲကြားနေရတာ အဲ့လိုပြောင်းဖို့ကိစ္စ အခြားငွေကြေးကိစ္စ ဘယ်သူမှအခုထိ ခေါ်ပြီးပြောဆို အသိပေးတာ မရှိသေးပါဘူး" လို့ ပျဥ်းမနား မြို့မစျေးထဲမှာလက်ရှိရောင်းချနေတဲ့ ဆိုင်ခန်းပိုင်ရှင်တယောက်ကလည်း VOM ကို ပြောပါတယ်။
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - မေ ၆ ၊ နံနက် ၁၀ နာရီ)
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၆၄၅ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၅၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၄၇၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၁၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၇၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၃၉၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၃၅၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၉၉၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၅၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၂၈၀ ကျပ်
ဝယ်ဈေး - ၄၁၈၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၄၀ ကျပ်
ဝယ်ဈေး - ၃၂၉၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၃၀ ကျပ်
ဝယ်ဈေး - ၄၉၈၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၈ ကျပ်
ဝယ်ဈေး - ၁၀၆၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၃၁ ကျပ်
ဝယ်ဈေး - ၆၁၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၂၆ ကျပ်
ဝယ်ဈေး - ၂၆.၅၅ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၂၂ ကျပ်
ဝယ်ဈေး - ၄၄.၀၅ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၉၅ ကျပ်
ဝယ်ဈေး - ၂.၈၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၈၃၀ ကျပ်
ဝယ်ဈေး - ၅၇၈၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၈၀ ကျပ်
ဝယ်ဈေး - ၃၀၃၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၄ ကျပ်
ဝယ်ဈေး - ၃၀၈၂ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၉ ကျပ်
ဝယ်ဈေး - ၅၃၅ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၇၁ ကျပ်
ဝယ်ဈေး - ၁၁၄၁ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။
MAPCO မှ တည်ဆောက်ရေးနှင့် စီမံကိန်းလုပ်ငန်းများအတွက် EOI ဖိတ်ခေါ်
မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO) သည် အမျိုးမျိုးသော စီမံကိန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအား Expression of Interest (EOI) တင်ပြရန် ဖိတ်ခေါ်ထားသည်။
ဖိတ်ခေါ်ထားသည့် စီမံကိန်းများမှာ ရန်ကုန်တိုင်းဒေသကြီး သီလဝါစီမံကိန်းအတွင်းရှိ ဆိပ်ကမ်းနှင့် သိုလှောင်ရုံ အဆောက်အဦများ၏ Civil Works နှင့် Steel Structure တည်ဆောက်ရေးလုပ်ငန်းများ၊ လျှပ်စစ်နှင့် Solar တပ်ဆင်ခြင်းလုပ်ငန်းများ ပါဝင်သည်။
ထို့အပြင် နေပြည်တော်ရှိ ဆန်စက်နှင့် ဆီစက်စီမံကိန်းအတွက် အဆောက်အဦ တည်ဆောက်ရေးနှင့် လျှပ်စစ်/ Solar တပ်ဆင်ခြင်းလုပ်ငန်းများကိုလည်း ထည့်သွင်းဖိတ်ခေါ်ထားသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် သိုလှောင်ရုံ အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းတစ်ခုလည်း ပါဝင်သည်။
အဆိုပါလုပ်ငန်းများတွင် ပါဝင်လိုသည့် အတွေ့အကြုံရှိသော ကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားကြောင်းစာ၊ ကုမ္ပဏီအချက်အလက် (Company Profile) နှင့် ယခင်လုပ်ငန်းအတွေ့အကြုံများကို PDF ဖိုင်အဖြစ် ပြုစု၍ သတ်မှတ်ထားသော Email လိပ်စာများသို့ ပေးပို့တင်ပြရမည် ဖြစ်သည်။
EOI တင်ပြလာသော ကုမ္ပဏီများအနက်မှ ရွေးချယ်၍ ဆက်လက်ညှိနှိုင်းကာ စာချုပ်ချုပ်ဆို၍ စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MAPCO မှ သိရသည်။
ထို့ကြောင့် လိုအပ်သော အချက်အလက်များနှင့် အသေးစိတ်အကြောင်းအရာများကို Email မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း အသိပေးထားသည်။
7 EAO Alliance က မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်ရန် ထိတွေ့ဆက်ဆံမှုမူဘောင် (၄) ချက်ကို အတည်ပြုနိုင်ခဲ့
တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ မဟာမိတ် (7 EAO Alliance)၏ (၈/ ၂၀၂၆) ကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့ မေလ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များနှင့် အရေးပါသော မူဝါဒများကို အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ခေတ်စနစ်နှင့်အညီ ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊အဖွဲ့အစည်း၏ အနာဂတ်ရပ်တည်ချက်နှင့်မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရာတွင် အသုံးပြုမည့် (Rules of Engagement)စည်းမျဉ်းများ၊ အတွင်းရေးမှူးအဖွဲ့က ဆက်လက်အကောင်အထည်ဖော်ရမည့် တိကျသော လမ်းညွှန်ချက်များကိုချမှတ်နိုင်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးသို့ ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းတို့ကိုယ်တိုင် ဦးဆောင်တက်ရောက်ခဲ့ကြပြီး အတွင်းရေးမှူးအဖွဲ့ဝင်များ၊ အကြံပေးပုဂ္ဂိုလ်များနှင့် အထူးဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များလည်း တက်ရောက်ကာ လက်ရှိအခြေအနေများအပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် မြန်မာ့မြေပြင်၌ လက်ရှိဖြစ်ထွန်းနေသော နိုင်ငံရေး၊ စစ်ရေးအခြေအနေများသာမက နိုင်ငံတကာ၏ ပြောင်းလဲလာသော အမြင်များနှင့် အခင်းအကျင်းများကိုပါ အသေးစိတ် ဆွေးနွေးသုံးသပ်ခဲ့ကြကြောင်း သိရသည်။
7 EAO Alliance အနေဖြင့် ယခုချမှတ်လိုက်သည့် မဟာဗျူဟာများနှင့်အညီ
မြန်မာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအခင်းအကျင်းတွင် ထိရောက်စွာ ဆက်လက်လှုပ်ရှားသွားဖွယ် ရှိနေသည်။
ပြည်မြို့တွင်း၌ မီးသတ်ယာဥ်များလှည့်လည်စီတန်းသရုပ်ပြ
ယနေ့ မေ ၅ ရက်တွင်ကျရောက်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်း၊ ပြည်မြို့တွင်း၌ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဥ်များဖြင့် လှည့်လည်စီတန်းသရုပ်ပြသခဲ့ကြသည်။
ထို့ပြင် ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းပတ်၌ နိုင်ငံတော်အလံကိုအလေးပြုပြီး မီးသတ်ယာဥ်များဖြင့် ရေပတ်ဖြန်းခြင်းတို့ကိုလည်း သရုပ်ပြသဆောင်ရွက်ခဲ့ကြသည်။
မြိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၆)ဦးကို မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ
တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၆)ဦးအား မိဘအုပ်ထိန်းသူများထံသို့ ယနေ့ မေ ၅ ရက်ကပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ ခန်းမအတွင်း၌ အလင်းဝင်လာသူ(၆)ဦးက ၎င်းတို့ပါလာသည့် လက်နက်ခဲယမ်းများကို တာဝန်ရှိသူများထံအပ်နှံကာ တာဝန်ရှိသူများက လက်နက်ခဲယမ်းများအတွက် ဆုကြေးငွေ၊ ဂုဏ်ပြုဆုငွေနှင့် ထောက်ပံ့ပစ္စည်းများကိုပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အလင်းဝင်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးနောက် ၎င်းတို့၏ မိဘာအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
မော်လူးမြို့ကို စစ်ဆင်ရေးကာလ(၄)ရက်အတွင်း တပ်မတော်မှ အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့
အကြမ်းဖက်အဖွဲ့ဝင်များယာယီထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ မော်လူးမြို့အားပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ရန် တပ်မတော်ကထိုးစစ်ဆင်တို-က်ခိုက်ခဲ့သည့် စစ်ဆင်ရေးကာလ(၄)ရက်အတွင်းဖြစ်သည့် ယနေ့ မေ ၅ ရက်မွန်းတည့်ပိုင်းတွင် အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
တပ်မတော်က မော်လူးမြို့အား ပြန်လည်ထိန်းချုပ်သိမ်းပိုက်ရန် မေ ၂ ရက်မှစတင်၍ စစ်ကြောင်းများခွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အကြမ်းဖက်အဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက် ယနေ့ မေ ၅ ရက်တွင် အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ အကြမ်းဖက်အဖွဲ့များထံမှ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအများအပြားကိုလည်းသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက်အဖွဲ့ဝင်များ တရားမဝင်လုပ်ကိုင်နေသည့် ဆီခြံများမှ ဆီပေပါခွံများ၊ ဆီလှောင်ကန်များနှင့် ကားများကိုလည်းသိမ်းဆည်းရမိခဲ့ကာ လက်ရှိအချိန်၌ တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။