ကွန်ပနီနှင့် ဘိုင်ယန်မြူးနစ်ကြောင့် နောက်ဆုံးမိနစ်တွင် ဟိုတယ်သစ် ရှာဖွေခဲ့ရကာ ပြင်ဆင်မှု ကသောင်းကနင်းဖြစ်ခဲ့တဲ့ ပီအက်စ်ဂျီ
====================
ပီအက်စ်ဂျီဟာ ဗင်းဆင့်ကွန်ပနီနှင့် ဘိုင်ယန်မြူးနစ်တို့က ၎င်းတို့ စိတ်ကြိုက် ရွေးချယ်ထားတဲ့ ဟိုတယ်တွင် တည်းခိုခွင့်မပေးလာမှုနှင့်အတူ ဟိုတယ်အပြောင်းအလဲ ပြုလုပ်ခဲ့ရကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မတိုင်မီ ပြင်ဆင်မှု ကသောင်းကနင်းဖြစ်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မတိုင်မီ ပြိုင်ဘက်အသင်းအား ၎င်းတို့ စိတ်ကြိုက် ရွေးချယ်ထားတဲ့ ဟိုတယ်အား အသုံးပြုခွင့်မပေးလာမှုနှင့်အတူ ကွင်းပြင်ပတွင် ပြဿနာတက်လာခဲ့ပါတယ်။

ပြင်သစ်သတင်းစာ Football365 ရဲ့ဖော်ပြလာမှုအရ လူးဝစ်အန်းနရစ်ရဲ့ ပီအက်စ်ဂျီဟာ Allianz Arena နှင့် ၁၅ မိနစ် ခရီးအကွာအဝေးတွင်သာ ရှိတဲ့ အွန်တာရှလိုက်ရှိုင်းရှိ ကြယ်လေးပွင့်အဆင့်ရှိ Infinity Hotel တွင် တည်းခိုရန် စီစဉ်ထားခဲ့ပါတယ်။

ဒါပေမဲ့ ဘိုင်ယန်မြူးနစ်က ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ဟိုတယ်အား အထူးအနေဖြင့် ငှားရမ်းထားမှုနှင့်အတူ ပီအက်စ်ဂျီတို့ ဟိုတယ်ပြောင်းလဲလာရပါတယ်။

ယင်းဆုံးဖြတ်ချက်ကြောင့် ပီအက်စ်ဂျီဟာ ချက်ချင်းဆိုသလို ဟိုတယ်နှင့် ခရီးသွားလာရေးတို့အတွက် အပြောင်းအလဲများ အလျှင်စလို ပြုလုပ်ခဲ့ရပါတယ်။

ပီအက်စ်ဂျီဟာ ၂၀၂၅ ခုနှစ် မြူးနစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီတုန်းကလည်း Infinity Hotel တွင်ပင် တည်းခိုခဲ့ကာ အင်တာမီလန်အား ၅-၀ ဖြင့် အနိုင်ယူကာ ကလပ်သမိုင်းတွင် ပထမဆုံးချန်ပီယံလိဂ်ဖလားအား ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

ယခုအခါမှာတော့ ပီအက်စ်ဂျီဟာ ဘိုင်ယန်မြူးနစ်ရဲ့ 'ငါ့မြို့ ငါ့ဆုံးဖြတ်ချက်'ဆိုတဲ့ ပုံစံမျိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျမှုနှင့်အတူ ဟိုတယ်အပြောင်းအလဲ ပြုလုပ်ခဲ့ရကာ ပွဲမတိုင်မီ ပြင်ဆင်မှု အနှောင့်အယှက် ဖြစ်လာရပါတယ်။

ပီအက်စ်ဂျီဟာ Infinity Hotel မရရှိပြီးနောက် အနီးရှိ ဟီလ်တန်ဟိုတယ်တွင် တည်းခိုရန် စီစဉ်ခဲ့ရာမှာလည်း ဟိုတယ်မှာ ပြန်လည်ပြင်ဆင်နေမှုနှင့်အတူ မရရှိခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ပီအက်စ်ဂျီဟာ ရှဝင်ဘင်ဂါတော်ရှိ Andaz Hotel ကို ရွေးချယ်လာရပါတယ်။

image

ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်ပြီးနောက် အာဆင်နယ်ပရိသတ်များရှိရာ ပွဲကြည့်စင်သို့ ခုန်တက်အောင်ပွဲခံခဲ့တဲ့ ဒီကလန်ရိုက်
=====================
အကြီးအကျယ်ပျော်နေတဲ့ ဒီကလန်ရိုက်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီးနောက် ပွဲကြည့်စင်သို့ ခုန်တက်ကာ အာဆင်နယ်ပရိသတ်များနှင့်အတူ အောင်ပွဲခံခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန်အလယ်တန်းကစားသမားဟာ အဝတ်အစားလဲခန်းအတွင်းတွင်လည်း ကခုန်အောင်ပွဲခံခဲ့ပါတယ်။

အာဆင်နယ်ဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ခဲ့တာ ဖြစ်ပြီး ပရိသတ်များဟာလည်း လန်ဒန်ရှိ လမ်းမများပေါ်တွင် အရက်ဘီယာသောက်စားကာ အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။

အာဆင်နယ်ဟာ အမ်းမရိတ်ကွင်းတွင် ကစားတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် ဘူကာယိုဆာကာရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရရှိပြီးနောက် နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဖြင့် ဗိုလ်လုပွဲသို့ တက်ခဲ့ပါတယ်။

ပွဲပြီးခရာမှုတ်ချိန်မှာတော့ အကြီးအကျယ်ပျော်ရွှင်နေကြတဲ့ အာဆင်နယ်ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များဟာ သီချင်းများသီဆိုကာ အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။

အက်သလက်တီကိုနှင့်ပွဲတွင် အကောင်းဆုံးကစားသွားခဲ့တဲ့ ဒီကလန်ရိုက်ဟာ ကြော်ငြာဆိုင်းဘုတ်များကို ကျော်ခွကာ ပွဲကြည့်စင်ရှေ့တန်းသို့ ပြေးသွားပြီးနောက် ပရိသတ်များနှင့် ပွေ့ဖက်အောင်ပွဲခံခဲ့ပါတယ်။

ပရိသတ်များကလည်း ဒီကလန်ရိုက်ကို ပွေ့ဖက်ပြီး သီချင်းသီဆိုအောင်ပွဲခံခဲ့ကာ ကြည်နူးစရာအခိုက်အတန့် ဖြစ်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ဘူဒါပတ်စ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်(သို့မဟုတ်) ပီအက်စ်ဂျီနှင့် ရင်ဆိုင်ကစားရပါမယ်။

image

တစ်ကောင်ကြွက်တော့ မဟုတ်ပေမယ့်
တစ်ကွက်တော့ ကြောင်နေတယ်...

image

အာဆင်နယ်နှင့်ပွဲတွင် အက်သလက်တီကိုဘက်သို့ ပင်နယ်တီမပေးခဲ့တဲ့ ဒိုင်လူကြီးအား ဆာဒေးဗစ်ဘက်ဟမ်း ဝေဖန်
=====================
ဒေးဗစ်ဘက်ဟမ်းဟာ အာဆင်နယ်နှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် အက်သလက်တီကိုဘက်သို့ ပင်နယ်တီမပေးခဲ့တဲ့ ဒိုင်လူကြီးဒါနီရယ်ဆီဘတ်ရဲ့ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်အား အပြင်းအထန် ဝေဖန်ပြောကြားလာပါတယ်။

အာဆင်နယ်ဟာ အင်္ဂါနေ့ညတုန်းက လာလီဂါထိပ်သီးအား ၁-၀ ဖြင့် အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဖြင့် အနိုင်ရရှိပြီး နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင် အာဆင်နယ်အတွက် ဗိုလ်လုပွဲသို့ တက်ရောက်စေမဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ဘူကာယိုဆာကာက သွင်းယူခဲ့တာပါ။

အက်သလက်တီကိုဟာ လန်ဒန်ပွဲစဉ်တွင် အကောင်းဆုံးပုံစံ မပြသနိုင်ခဲ့ပေမဲ့လည်း ပင်နယ်တီဧရိယာအတွင်းတွင် အန်တိုနီဂရက်ဇ်မန်းကို ရီကာဒိုကာလာဖီအိုရီက တက်နင်းခဲ့မှုအတွက် ပင်နယ်တီမပေးခဲ့မှုကြောင့် နစ်နာခဲ့ရပါတယ်။

ဒိုင်လူကြီးဆီဘတ်ဟာ ယင်းမတိုင်မီ အစောပိုင်းတုန်းက မာ့ခ်ပူဘေးလ်က ဂါဘရီရယ်ကို ပြစ်ဒဏ်ကျူးလွန်မှုအတွက်ကိုသာ ပြစ်ဒဏ်ဘောပေးခဲ့ပါတယ်။

ဒါပေမဲ့ ဆာဒေးဗစ်ဘက်ဟမ်းက ဂါဘရီရယ်မှာ ပြစ်ဒဏ်ကျူးလွန်ခံရခြင်း မရှိကြောင်း၊ အက်သလက်တီကိုမှာ ပင်နယ်တီရသင့်ကြောင်း ဆိုသွားပါတယ်။

Beckham & Friends အစီအစဉ်တွင် ဒေးဗစ်ဘက်ဟမ်းက "အိုး ဘုရားသခင်၊ ဒါက ပြစ်ဒဏ်ဘော မဟုတ်ဘူး။ ပြစ်ဒဏ်ဘောမဟုတ်ဘူး။ ဒါကမှ (ကာလာဖီအိုရီ) ပြစ်ဒဏ်ဘော။ ဟုတ်တယ်။ ဂါဘရီရယ်အပေါ် ပြစ်ဒဏ်မကျူးလွန်ဘူး"လို့ ပြောကြားသွားပါတယ်။

အက်သလက်တီကိုဟာ လန်ဒန်တွင် ကစားတဲ့ ဒုတိယအကျော့ပွဲစဉ်တွင် ဂိုးပေါက်တည့်ကန်ချက် ၂ ကြိမ်တည်းသာ ပြုနိုင်ခဲ့ပြီး အာဆင်နယ်က ၁၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ဗစ်တာဂျိုကီရက်စ်ရဲ့ အနီးကပ်အပိုင်အခွင့်အရေးကို အသုံးမချနိုင်ခဲ့မှုကြောင့် နှစ်ဂိုးပြတ် အနိုင်မရခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်ဟာ မေလ ၃၀ ရက်နေ့ ဘူဒါပတ်စ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်(သို့မဟုတ်) ပီအက်စ်ဂျီနှင့် ရင်ဆိုင်ကစားရပါမယ်။

image

အာဆင်နယ်နှင့် အက်သလက်တီကိုပွဲနှောင်းပိုင်းတွင် ဆယ်စုနှစ်တစ်ခုကျော်တွဲအလုပ်လုပ်ခဲ့ကြတဲ့ ဆီမြွန်နီနှင့် အာဆင်နယ်အားကစားဒါရိုက်တာတို့ အချင်းများ
===================
ဒီယေဂိုဆီမြွန်နီဟာ အင်္ဂါနေ့ည အမ်းမရိတ်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ် ပြီးဆုံးခါနီးတွင် ဆယ်စုနှစ်တစ်ခုကျော် တွဲအလုပ်လုပ်ခဲ့ဖူးတဲ့ အာဆင်နယ်အားကစားဒါရိုက်တာနှင့် အချင်းများခဲ့ပါတယ်။

အာဆင်နယ်က ၁-၀ ဂိုးဖြင့် အနိုင်ရကာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့တဲ့ပွဲစဉ်ရဲ့ အချိန်ပိုတွင် တင်းမာမှုများ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒေးဗစ်ရာယာက အချိန်ဖြုန်းတီးမှုအတွက် အဝါကတ်ပြသခြင်းခံခဲ့ရသလို ကိုကီနှင့် ဂါဘရီရယ်မာတင်နယ်လီတို့ကလည်း လက်ပစ်ဘောအတွက် အချင်းများခဲ့ပါတယ်။

ယင်းအချိန်တွင် အာဆင်နယ်အားကစားဒါရိုက်တာအင်ဒရီယာဘာတာဟာ ပွဲပြီးခါနီးတွင် ကွင်းအတွင်းသို့ ဆင်းလာပြီးနောက် ပွဲသိမ်းခရာမှုတ်ရေး အော်ဟစ်ကာ လက်ဟန်ခြေဟန်ဖြင့် ဒိုင်လူကြီးကို ဖိအားပေးခဲ့ပါတယ်။

ယင်းအချိန်မှာတော့ ဒီယေဂိုဆီမြွန်နီဟာ လုပ်ဖော်ကိုင်ဖက်ဟောင်းဘာတာဆီသို့ ရောက်လာပြီး တွန်းထိုးမှု ပြုလုပ်ခဲ့ကာ စတုတ္ထဒိုင်လူကြီး၊ နှစ်ဖက် နည်းပြအဖွဲ့ဝင်များက ကြားဝင်ဆွဲခဲ့ရပါတယ်။

ယင်းနောက် မကြာမီမှာတော့ ပွဲသိမ်းခရာမှုတ်လာမှုနှင့်အတူ အာဆင်နယ်အသင်းသားများဟာ ဘူဒါပတ်စ်ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်မှုအတွက် အကြီးအကျယ်အောင်ပွဲခံလာကြပါတယ်။

ဘာတာဟာ အက်သလက်တီကိုတွင် ၂၀၁၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ နည်းစနစ်ဒါရိုက်တာ၊ အားကစားဒါရိုက်တာအဖြစ် ဆီမြွန်နီနှင့် အလုပ်တွဲလုပ်ခဲ့သူ ဖြစ်ပါတယ်။

အီတလီနိုင်ငံသားဟာ အက်သလက်တီကိုသို့ အန်တိုနီယိုဂရက်ဇ်မန်း၊ ဂျန်အိုဘလက်၊ ဂျာအိုဖီးလစ်၊ ရိုဒရီတို့အား ခေါ်ဆောင်ကာ လာလီဂါနှင့် ဥရောပတို့တွင် အောင်မြင်မှုများ ရရှိအောင် နောက်ကွယ်မှ အလုပ်လုပ်ပေးခဲ့သူ ဖြစ်ပါတယ်။

သူဟာ ၂၀၂၅ ခုနှစ်တွင် အီဒူး ထွက်ခွာသွားပြီးနောက် အာဆင်နယ်အားကစားဒါရိုက်တာအား ရယူခဲ့ပါတယ်။

image

ချစ်သူနှင့် အပန်းဖြေခရီးထွက်ခဲ့တဲ့ ဘက်ပေးကို ရောင်းချရေး ရီးရဲလ်မက်ဒရစ်ပရိသတ် ၄ သန်းကျော် လက်မှတ်ရေးထိုးတောင်းဆိုလာ
===================
ကိုင်လီယန်ဘက်ပေးဟာ ရီးရဲလ်မက်ဒရစ်ပရိသတ်သန်းပေါင်းများစွာတို့ရဲ့ ရောင်းချရန် တောင်းဆိုမှု ခံလာရမှုနှင့်အတူ ကြီးမားတဲ့ ဖိအားအောက်သို့ ရောက်ရှိလာပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အသင်းကို လအတန်ကြာသာ ကိုင်တွယ်ရသေးတဲ့ အလွန်ဆိုကို ဇန်နဝါရီလက ထုတ်ပယ်ခဲ့ပြီး ခက်ခဲတဲ့ ရာသီတစ်ခု ကြုံနေရပါတယ်။

၎င်းတို့ဟာ လာလီဂါအမှတ်ပေးဇယားအဆင့် ၂ နေရာတွင် ထိပ်ဆုံးမှ ဘာစီလိုနာနှင့် ရမှတ် ၁၁ မှတ်အထိ ကွာဟကာ ရပ်တည်နေပါတယ်။ ဘာစီလိုနာဟာ လာမယ့် တနင်္ဂနွေနေ့ နူးကမ့်တွင် ကစားမယ့် El Clasico ပွဲတွင် အနိုင်ရရှိလာပါက ချန်ပီယံဖြစ်လာပါမယ်။

တဖက်တွင် အသက် ၂၇ နှစ်ရှိ ဘက်ပေးဟာ ချစ်သူသစ် အီစတာအိတ်စ်ပိုဆီတိုနှင့် ဆာဒီနီးယားသို့ သွားရောက် အပန်းဖြေခရီးထွက်မှုနှင့်အတူ ဖိအားပေးခြင်းခံလာရပါတယ်။

ပြင်သစ်အသင်းခေါင်းဆောင်ဟာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ပြီးခဲ့တဲ့အပတ်တုန်းက အပန်းဖြေခရီးထွက်ခဲ့တာပါ။

ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ပရိသတ်များဟာ ချန်ပီယံလိဂ်မှ ထွက်ခွာရပြီး ရက်သတ္တပတ်အတန်ကြာတွင် သက်တောင့်သက်သာဖြင့် အပန်းဖြေခရီးထွက်ခွာနိုင်တဲ့ ဘက်ပေးအား ပစ်မှတ်ထား ဝေဖန်လာကြပါတယ်။

ဘက်ပေးရဲ့ ကိုယ်ရေးကိုယ်တာအဖွဲ့ကလည်း ဘက်ပေးမှာ အသင်းအတွက် နေ့စဉ် အကောင်းဆုံးလုပ်ဆောင်ပေးနေသူဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

တဖက်တွင် ဘက်ပေးဟာ ရီးရဲလ်မက်ဒရစ်နည်းပြအဖွဲ့ဝင်တစ်ဦးနှင့် အချင်းများခြင်း၊ အသင်းရဲ့နေ့လည်စာစားသောက်မှုသို့ မိနစ် ၄၀ ကျော် နောက်ကျပြီးမှ ရောက်လာခြင်းစတဲ့ အဖြစ်အပျက်များလည်း ကျူးလွန်ထားကြောင်း သတင်းထွက်နေပါတယ်။

ယင်းအဖြစ်အပျက်ကြောင့် ဘက်ပေးဟာ အရေးယူခြင်း တစုံတရာ ခံရခြင်း မရှိရာ အသင်းအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်နေကြောင်း သတင်းထွက်လာပါတယ်။

ယခုအခါမှာတော့ ရီးရဲလ်မက်ဒရစ်ပရိသတ် ၄ သန်းကျော်တို့ဟာ ကိုင်လီယန်ဘက်ပေးအား ရောင်းချရေး ထောက်ခံလက်မှတ်ထိုးမှု ပြုလုပ်လာကြပြီ ဖြစ်ပါတယ်။

ဘက်ပေးဟာ လာမယ့် တနင်္ဂနွေနေ့ El Clasico ပွဲစဉ်တွင် အနိုင်မရရှိလာပါက ပိုကြီးတဲ့ ပြဿနာ ရင်ဆိုင်လာရနိုင်ပါသေးတယ်။

image

ဥရောပထိပ်သီးကလပ်သို့ ပြောင်းကာ ဖခင်ဖြစ်သူနှင့် တွဲကစားခွင့်ရမဲ့ အခွင့်အရေးကို ငြင်းပယ်လာဖို့ ရှိနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဂျူနီယာ
====================
ခရစ္စတီယာနိုရော်နယ်ဒိုဂျူနီယာဟာ ဥရောပထိပ်သီးကလပ်သို့ ပြောင်းကာ ဖခင်ဖြစ်သူနှင့်အတူ Al-Nassr တွင် တွဲကစားခွင့် ရရှိလာမဲ့ အခွင့်အရေးကို ငြင်းပယ်လာဖို့ ရှိနေပါတယ်။

ရော်နယ်ဒိုရဲ့ သားအကြီးဆုံးဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝအိပ်မက် အကောင်အထည်ဖော်ရေး ဥရောပထိပ်တန်းအကယ်ဒမီများတွင် စမ်းသပ်မှုများ ခံယူလာခဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၁၅ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုဂျူနီယာဟာ ဖခင်ဖြစ်သူ ကစားနေတဲ့ Al-Nassr လူငယ်အသင်းတွင် ကစားနေသူပါ။

ဆယ်ကျော်သက်ကစားသမားဟာ လာမယ့်ရာသီတွင် ဖခင်ဖြစ်သူ ကစားနေတဲ့ Al-Nassr စီနီယာအသင်းသို့ တက်လှမ်းခွင့်ရမယ်လို့ သတင်းထွက်နေသူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ သူဟာ ဖခင်ဖြစ်သူကဲ့သို့ပင် ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီတို့ကဲ့သို့ ဥရောပထိပ်သီးကလပ်များတွင် ကစားရန် ဆန္ဒပြင်းပြနေပါတယ်။

ရော်နယ်ဒိုဂျူနီယာဟာ ဖခင်ဖြစ်သူကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်၊ ယူနိုက်တက်အကယ်ဒမီတို့တွင် ကစားခဲ့သူပါ။

သူဟာ လာမဲ့ရာသီတွင် ဖခင်ဖြစ်သူ ကစားနေတဲ့ Al-Nassr အသင်းကြီးသို့ တက်လှမ်းခွင့်ရမဲ့ အခွင့်အရေး ရရှိထားပေမဲ့လည်း ဗြိတိန် (သို့မဟုတ်) မက်ဒရစ်သို့ ပြောင်းကာ အရည်အချင်းကို စမ်းသပ်ခံရန် စိတ်အားထက်သန်နေပါတယ်။

ပေါ်တူဂီလူငယ်အသင်းလက်ရွေးစင်ဟာ မတ်လတုန်းက ဖခင်ဖြစ်သူ ဒဏ်ရာကြောင့် အနားယူနေစဉ်အတွင်း ရီးရဲလ်မက်ဒရစ်လူငယ်အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခဲ့သူလည်း ဖြစ်ပါတယ်။

တဖက်တွင် ဒေါ့မွန်နှင့် စပို့တင်းလစ္စဘွန်းတို့ကလည်း ခရစ္စတီယာနိုရော်နယ်ဒိုဂျူနီယာကို ခေါ်ယူရေး စိတ်ဝင်စားနေကြပါသေးတယ်။

ရော်နယ်ဒိုဂျူနီယာဟာ ပေါ်တူဂီယူ-၁၅ နှင့် ယူ-၁၇ တို့တွင် ကစားထားသူဖြစ်ပြီး နိုဝင်ဘာလတုန်းက ယူ-၁၇ နှင့်အတူ ဆုဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာ ဂျူဗင်တပ်ယူ-၉ မှာ ကစားစဉ်တုန်းက ၂၃ ပွဲတွင် ၅၈ ဂိုး၊ Al-Nassr ယူ-၁၅ အသင်းအတွက် ၂၇ ပွဲတွင် ၅၆ ဂိုးအထိ သွင်းပေးထားနိုင်ခဲ့ပါတယ်။

image

ဆီမန်ယိုအား လူမျိုးရေးခွဲခြားမှုပြုလုပ်မှုအတွက် အဲဗာတန်ပရိသတ်တစ်ဦး ဖမ်းဆီးခံရ
===================
မာဆေးဆိုက်ရဲတပ်ဖွဲ့ဟာ မန်စီးတီးနှင့်ပွဲစဉ်တွင် တိုက်စစ်သမားအန်တိုနီယိုဆီမန်ယိုအား လူမျိုးရေးခွဲခြားမှု ပြုလုပ်တဲ့ အဲဗာတန်ပရိသတ်တစ်ဦးအား ဖမ်းဆီးထိန်းသိမ်းမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းပရိသတ်ဟာ တနင်္လာနေ့တုန်းက Hill Dickinson Stadium တွင် သုံးဂိုးစီသရေကျတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အား လာရောက်ကြည့်ရှုခဲ့သူ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့အဆိုအရ နော့တင်ဟမ်ရှိုင်းယားတွင် နေထိုင်တဲ့ အသက် ၇၁ နှစ်အရွယ်ရှိ အမျိုးသားမှာ ဆီမန်ယိုအား လူမျိုးရေးခွဲခြားဆဲဆိုမှု ပြုလုပ်ခဲတာ ဖြစ်ပြီး ယင်းအဖြစ်အပျက်အား ပရိသတ်များ၊ လုံခြုံရေးများက တိုင်ကြားမှု ပြုလုပ်လာပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရပါတယ်။

အသက် ၂၆ နှစ်ရှိ ဂါနာလက်ရွေးစင်ကစားသမားဟာ ယခုရာသီတွင် ဒုတိယအကြိမ်မြောက် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် ကြုံလာရတာပါ။

သူဟာ ဘုန်းမောက်တွင် ကစားနေစဉ်တုန်းကလည်း လီဗာပူးအား ၄-၂ ဖြင့် ရှုံးနိမ့်တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲတွင်လည်း လူမျိုးရေးခွဲခြားဆဲဆိုမှု ခံခဲ့ရဖူးပါတယ်။

မန်စီးတီးဟာ အဲဗာတန်နှင့်ပွဲစဉ်တွင် လူမျိုးရေးခွဲခြားမှု ပြုလုပ်တဲ့ ပရိသတ်အား ဖမ်းဆီးထိန်းသိမ်းမှု ပြုလုပ်ခဲ့တဲ့ မာဆေးဆိုက်ရဲတပ်ဖွဲ့အား ချီးကျူးမှု ပြုလုပ်ထားပါတယ်။

တဖက်တွင် မန်စီးတီးနောက်ခံလူမာ့ခ်ဂူဟီမှာလည်း အဲဗာတန်နှင့်ပွဲတွင် အမှားပြုလုပ်ခဲ့ပြီးနောက် အွန်လိုင်းတွင် လူမျိုးရေးခွဲခြားတိုက်ခိုက်ရေးသားမှုများ ခံနေရပါတယ်။

image
14 w - Translate

ခန္ဓာကိုယ်ရဲ့ အရှည်ဆုံး အာရုံကြောနဲ့ ဂရုစိုက်နည်း (Sciatic Nerve)
ကျွန်ုပ်တို့ ခန္ဓာကိုယ်မှာ မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာ၊ ပြေးတာနဲ့ ခန္ဓာကိုယ်အောက်ပိုင်း တစ်ခုလုံးရဲ့ ဟန်ချက်ကို ထိန်းချုပ်ပေးထားတဲ့ အလွန်အရေးကြီးတဲ့ အာရုံကြောတစ်ခု ရှိပါတယ်။ ဒါကတော့ လူ့ခန္ဓာကိုယ်မှာ အရှည်ဆုံးဖြစ်တဲ့ “Sciatic Nerve” (ဆိုင်အတစ် အာရုံကြော) ပဲ ဖြစ်ပါတယ်။
ဒီအာရုံကြောဟာ ခါးကျောရိုးဆစ်ကနေတစ်ဆင့် တင်ပါးကို ဖြတ်သန်းပြီး ခြေသလုံးကနေ ခြေဖဝါးအထိ သွယ်တန်းနေတာကြောင့် သင်လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းဟာ ဒီအာရုံကြောရဲ့ လုပ်ဆောင်ချက်ပေါ်မှာ တိုက်ရိုက်မူတည်နေပါတယ်။
သတိမထားမိဘဲ ဖြစ်တတ်တဲ့ အန္တရာယ်...
Sciatic အာရုံကြောဟာ ကြီးမားသလောက် အလွန်လည်း နုနယ်လှပါတယ်။ တင်ပါးမှာရှိတဲ့ “Piriformis Muscle” (ပီရီဖောမစ် ကြွက်သား) အလွန်အမင်း တင်းကျပ်လာတဲ့အခါ ဒီအာရုံကြောကို ဖိမိသွားစေတတ်ပါတယ်။
အဲဒီလို ဖိမိတဲ့အခါ-
* တင်ပါးကနေ ခြေထောက်အထိ နာကျင်ခြင်း
* ခြေထောက် ထုံကျဉ်ခြင်း၊ ကျဉ်စိမ့်စိမ့်ဖြစ်ခြင်း
* ခြေထောက်ကြွက်သားများ အားနည်းလာပြီး လမ်းလျှောက်ရ ခက်ခဲခြင်း စတာတွေ ခံစားရနိုင်ပါတယ်။
တခါတရံမှာ ထိုင်ပုံစံမမှန်ခြင်း၊ ခြေထောက်ချိတ်ထိုင်ခြင်း၊ ကားကို အချိန်ကြာမြင့်စွာ မောင်းနှင်ခြင်း ဒါမှမဟုတ် မာကျောတဲ့ ထိုင်ခုံပေါ်မှာ အကြာကြီး ထိုင်ခြင်းတွေကလည်း ဒီအာရုံကြောကို ဖိမိစေတဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ဒီအခြေအနေကို လျစ်လျူရှုထားရင် နောက်ပိုင်းမှာ Sciatica (ဆိုင်အတစ် အာရုံကြော ရောင်ရမ်းခြင်း) ရောဂါအဆင့်အထိ ရောက်ရှိသွားနိုင်ပါတယ်။
တစ်နေ့ (၁၀) မိနစ် အချိန်ပေးရုံနဲ့ ကာကွယ်နိုင်ပါတယ်
ဒီဝေဒနာတွေကနေ ကင်းဝေးဖို့ဆိုရင် တစ်နေ့ကို ၁၀ မိနစ်လောက် အချိန်ပေးပြီး အောက်ပါ အကြောဆန့်နည်း (Stretches) လေးတွေကို ပုံမှန်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ် -
1. Figure 4 Stretch (ဂဏန်း ၄ ပုံစံ အကြောဆန့်နည်း) - တင်ပါးကြွက်သားတွေကို ပြေလျော့စေတယ်။
2. Pigeon Pose (ဂျိုးငှက်ပုံစံ) - တင်ပါးဆုံရှိ တင်းကျပ်မှုတွေကို အထိရောက်ဆုံး လျှော့ချပေးတယ်။
3. Frog Stretch (ဖားပုံစံ အကြောဆန့်နည်း) - ပေါင်တွင်းကြွက်သားနဲ့ တင်ပါးဆုံကို ပွင့်စေတယ်။
4. Knee to Chest (ဒူးကို ရင်ဘတ်ဆီ ပွေ့ဖက်ခြင်း) - ခါးအောက်ပိုင်းရှိ ဖိအားတွေကို သက်သာစေတယ်။
အကျိုးကျေးဇူးများ
ဒီလေ့ကျင့်ခန်းတွေက တင်ပါးနှင့် တင်ပါးဆုံကြွက်သားများကို ပြေလျော့စေပြီး Sciatic အာရုံကြောပေါ်က ဖိအားတွေကို ဖယ်ရှားပေးတဲ့အတွက် နာကျင်မှုကို သက်သာစေရုံသာမက သွေးလည်ပတ်မှု ကောင်းမွန်စေပြီး လမ်းလျှောက်တဲ့အခါမှာလည်း ပေါ့ပါးသွက်လက်လာစေမှာ ဖြစ်ပါတယ်။

image

ယူနိုက်တက်နှင့် အက်ဖ်အေလူငယ်ဖလားဗိုလ်လုပွဲအား အိုးထရက်ဖို့ဒ်ကွင်းတွင် ကစားရေး ပယ်ချလာတဲ့ မန်စီးတီး
====================
မန်စီးတီးဟာ မေလ ၁၄ ရက်နေ့တွင် ယူနိုက်တက်နှင့် ရင်ဆိုင်ကစားရမဲ့ အက်ဖ်အေလူငယ်ဖလားဗိုလ်လုပွဲအား အိုးထရက်ဖို့ဒ်တွင် ကစားရန် ကမ်းလှမ်းမှုအား ပယ်ချကာကာ ၎င်းတို့ရဲ့ သေးငယ်တဲ့ Joie Stadium ကွင်းတွင်ပင် လက်ခံကစားသွားပါမယ်။

မန်စီးတီးဟာ ယင်းပွဲအား အိမ်ကွင်းအဖြစ် လက်ခံကျင်းပခွင့်ရထားတာ ဖြစ်ပြီး ဂွါဒီယိုလာရဲ့ ပထမအသင်းက ပရီးမီးယားလိဂ်ပွဲ ၃ ပွဲကစားရန် ကျန်နေသေးမှုနှင့်အတူ အီတီဟတ်ကွင်းတွင် အသုံးပြုနိုင်ခြင်း မရှိပါဘူး။

မန်စီးတီးဟာ ခရစ္စတယ်ပဲလေ့စ်နှင့် ပွဲစဉ်မှ စတင်ကာ နောက်ဆုံးပွဲ ဗီလာနှင့်ပွဲအထိ ၁၁ ရက်အတွင်း ကစားရပါမယ်။

တဖက်တွင် မန်စီးတီးဟာ မြောက်ပိုင်းပွဲကြည့်စင်ကို အဆင့်မြှင့်မှု ပြုလုပ်နေကာ ဗီလာနှင့်ပွဲအမီ အပြီးသတ်ရေး လုပ်ဆောင်နေပါတယ်။

မန်စီးတီးဟာ မေလ ၂၀ ရက်နေ့မှာ ပွဲကြည့်စင်စမ်းသပ်အသုံးပြုရန် စီစဉ်ထားပါတယ်။

ယင်းသို့ အခြေအနေတွင် ၂၀၂၂ ခုနှစ်တုန်းက အက်ဖ်အေလူငယ်ဖလား ချန်ပီယံဖြစ်ခဲ့တဲ့ ယူနိုက်တက်က ပရိသတ် ၆၀၀၀၀ ကျော်ဝင်ဆန့်တဲ့ အိုးထရက်ဖို့ဒ်ကွင်းကို အသုံးပြုရေး အကြံပြုလာပါတယ်။

ဒါပေမဲ့ မန်စီးတီးကတော့ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချကာ ကလပ်ရဲ့ ပရီးမီးယားလိဂ် ၂ နှင့် အမျိုးသမီးအသင်းပွဲစဉ်များကို အိမ်ကွင်းအဖြစ် ကစားတဲ့ ပရိသတ် ၇၀၀၀ ဆန့် Joie Stadium ကိုသာ အသုံးပြုရန် ဆုံးဖြတ်လာပါတယ်။

မန်စီးတီးဟာ ယခင်တုန်းက အက်ဖ်အေဖလူငယ်ဖလားဗိုလ်လုပွဲများကို Joie Stadium တွင် လက်ခံကစားဖူးပါတယ်။

အခြားအသင်းများကမူ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှ စတင်ကာ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရလာပါက အဓိကပွဲကြည့်စင်အား အသုံးပြုလာကြပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်တုန်းက မန်စီးတီးဟာ လိဒ်နှင့် အက်ဖ်အေလူငယ်ဖလားအား အီတီဟတ်တွင် ကစားခဲ့ဖူးကာ ပရိသတ် ၂၀၀၀၀ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

၁၉၈၆ ဗိုလ်လုပွဲတွင် နှစ်ကျော့ကစားခဲ့စဉ်တုန်းက အိုးထရက်ဖို့ဒ်နှင့် Maine Road တို့တွင် ကစားခဲ့ပြီး မန်စီးတီးက အနိုင်ရခဲ့ပါတယ်။

တဖက်တွင် ယူနိုက်တက်ကတော့ လူငယ်ကစားသမားများမှာ ၎င်းတို့ဘဝရဲ့ အကြီးမားဆုံးပွဲအား သေးငယ်တဲ့ ကွင်းတွင် ကစားလာရမှုက ကြီးမားတဲ့ အမှားတစ်ခု ဖြစ်နေတယ်လို့ အပြစ်တင်နေကြပါတယ်။

image