14 w - Translate

Hallan (2025) #မိဘမေတ္တာကိုပုံဖော်ရိုက်ကူးထားလို့လက်မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားသစ်
*********************
IMDb Rating (7.1) အခုတစ်ခေါက်မှာတော့ လူပေါင်းမြောက်များစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ ၁၉၄၈ ခုနှစ်၊ ဂျယ်ဂျူ 4.3 အရေးအခင်းကာလကို ဇာတ်အိမ်တည် ရိုက်ကူးထားပြီး လက်ရှိပြသနေဆဲ Absolute Value of Romance ထဲက မင်းသမီးလေး Kim Hyang-Gi ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အမေဇာတ်ရုပ်အဖြစ် ပထမဆုံး သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ၁၉၄၈ ခုနှစ်၊ ဂျယ်ဂျူကျွန်းမှာ နှိမ်နင်းရေးတပ်ဖွဲ့ရဲ့ ရန်ကြောင့် ဟန်လာတောင်ပေါ် ထွက်ပြေးတိမ်းရှောင်ရဖို့ ဖြစ်လာတဲ့ အာဂျင်း (Kim Hyang-Gi) က သမီးဖြစ်သူ ဟယ်စိမ်းနဲ့ လူချင်းကွဲကွာသွားခဲ့ရပါတယ်။ ရွာမှာ ကျန်ခဲ့တဲ့ သမီးလေးကို စိုးရိမ်ရင်းနဲ့ တောင်ပေါ်တက်လာတဲ့ အာဂျင်းတစ်ယောက် စစ်တပ်ကနေ တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးလိုက်ပြီဆိုတဲ့ အကြောင်း ကြားသိလိုက်ရတဲ့အခါ သမီးလေးကို ရှာဖို့ တောင်အောက်ကို ပြန်ဆင်းလာပါတော့တယ်။ သမီးကို ကယ်တင်ဖို့ ငရဲတွင်းထဲ ပြန်ဆင်းလာတဲ့ အာဂျင်းနဲ့ အမေ့ကို ရှာဖို့ တောင်ပေါ်တက်လာတဲ့ သမီးလေး ဟယ်စိမ်း... သူတို့သားအမိနှစ်ဦးရဲ့ ရှင်သန်ရေးတိုက်ပွဲက ဘယ်လိုဆက်ဖြစ်မှာလဲ... သမိုင်းရဲ့ နာကျင်ဖွယ် ဒဏ်ရာတွေကြားက ကြီးမားတဲ့ မိခင်မေတ္တာကို ပုံဖော်ရိုက်ကူးပြထားတာမို့လို့ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။

image

ပွေး၊ ဝဲ၊ ယားနာနဲ့ အင်ပြင်လို အရေပြားပြဿနာတွေဟာ နေထိုင်ရခက်စေသလို ယုံကြည်မှုကိုလည်း လျော့နည်းစေတတ်ပါတယ်။ ဒီလိုဝေဒနာတွေအတွက် မြန်မာ့မြေပေါ်မှာ သဘာဝအလျောက် ပေါက်ရောက်နေတဲ့ "အင်ပင်" ရဲ့ အစွမ်းထက်ပုံကို အခုလို ပြန်လည်မျှဝေပေးလိုက်ပါတယ်—
ရောဂါအလိုက် အသုံးပြုနည်းများ
ပွေး၊ ဝဲ၊ ယားနာ၊ ခရုသင်းနှင့် နူနာရောဂါများအတွက်:
အင်ပင်ကထွက်တဲ့ ညိုမည်းရောင် အစေးကို ရောဂါဖြစ်နေတဲ့နေရာမှာ တိုက်ရိုက်ပွတ်လိမ်းပေးရပါတယ်။ ပုံမှန်လိမ်းပေးခြင်းဖြင့် ယားယံတာတွေ သက်သာစေပြီး အရေပြားကို ပြန်လည်ကြည်လင်စေပါတယ်ဗျာ။
အင်ပြင်များ ထွက်လာပါက:
အင်ရွက်ကို ပြုတ်ပြီး ရရှိလာတဲ့ ပြုတ်ရည်နဲ့ ရေချိုးပေးရပါတယ်။ ဒါ့အပြင် အင်သား (အပင်၏အတွင်းသား) ကို သွေးပြီး လိမ်းပေးရင်လည်း အင်ပြင်တွေ ချက်ချင်း ငြိမ်သက်သွားစေပါတယ်ဗျာ။
ဆီးပူ၊ ညောင်းကျ ရောဂါများအတွက်:
အင်ပင်ကရတဲ့ အဆီကို နံ့သာဖြူဆီနဲ့ ဆတူရောပြီး တစ်ခွက်စာမှာ အစက် ၃၀ ခန့် ထည့်သွင်းသောက်ရင် ဆီးလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်ဗျာ။
ဒီလို အဖိုးတန်လှတဲ့ မြန်မာ့ဆေးဖက်ဝင် အင်ပင်အကြောင်းကို အများသူငါ သိရှိစေဖို့ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ လူသားအားလုံး အနာရောဂါကင်းဝေးပြီး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

image

အလုပ်​ရောက်ရင် ပထမဆုံးလုပ်တယ့်အလုပ်က???🤔🤔🫣

image

"သီးမွှေး" စားသုံးခြင်း၏ အကျိုးကျေးဇူး အချက်(၂၀)
(မစားတဲ့သူတိုင်း နောင်တရစေမယ့် အချက်များ… )
၁။ လျင်မြန်စွာ အားအင်တိုးပွားခြင်း - သဘာဝသကြားဓာတ်များ ကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကို ချက်ချင်းရရှိစေပါတယ်။
၂။ သွေးတိုးရောဂါကို ထိန်းညှိပေးခြင်း - ပိုတက်စီယမ်ဓာတ် ပေါကြွယ်ဝလို့ သွေးတိုးကျစေရန် များစွာကူညီပေးပါတယ်။
၃။ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း - အမျှင်ဓာတ် (Fiber) ကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။
၄။ ရင်ပူဝေဒနာ သက်သာစေခြင်း - ငှက်ပျောသီးအသားက အစာအိမ်နံရံကို ကာကွယ်ပေးပြီး အက်စစ်ပြန်တက်ခြင်းကို လျှော့ချပေးပါတယ်။
၅။ ဉာဏ်ရည်နှင့် အာရုံစူးစိုက်မှု အားကောင်းခြင်း - ပိုတက်စီယမ်က အာရုံကြောများကို လှုံ့ဆော်ပြီး မှတ်ဉာဏ်စွမ်းအားကို မြှင့်တင်ပေးပါတယ်။
၆။ ဝမ်းပျက်ဝမ်းလျှောခြင်းကို သက်သာစေခြင်း - ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသော သတ္တုဓာတ်များကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးပါတယ်။
၇။ ကြွက်သားနာကျင်မှုကို ကာကွယ်ခြင်း - ပိုတက်စီယမ်ဓာတ်က ကြွက်သားများ ရုတ်တရက် ကျုံ့ခြင်းကို သက်သာစေပါတယ်။
၈။ ရောဂါပိုးမွှားဒဏ်ကို ကြံ့ကြံ့ခံနိုင်ခြင်း - ဗီတာမင် C ပါဝင်လို့ ကိုယ်ခံအားစနစ်ကို ပိုမိုခိုင်မာစေပါတယ်။
၉။ စိတ်ဖိစီးမှုများကို ပြေလျော့စေခြင်း - Tryptophan ဓာတ်က စိတ်ကိုပျော်ရွှင်စေသော Serotonin ထွက်ရှိမှုကို အားပေးပါတယ်။
၁၀။ နုံးချည့်ခြင်းကို ကင်းဝေးစေခြင်း - သဘာဝသကြားဓာတ်များက ပင်ပန်းနွမ်းနယ်မှုကို ပျောက်ကင်းစေပြီး လန်းဆန်းစေပါတယ်။
၁၁။ အရိုးအဆစ်များ ခိုင်မာစေခြင်း - မဂ္ဂနီစီယမ်နှင့် ပိုတက်စီယမ်တို့က အရိုးကျန်းမာရေးအတွက် အထူးအထောက်အကူပြုပါတယ်။
၁၂။ ကိုယ်ခန္ဓာရောင်ရမ်းမှုကို လျှော့ချပေးခြင်း - ခန္ဓာကိုယ်အတွင်း ပိုလျှံနေသော အရည်များကို စွန့်ထုတ်ရာတွင် ကူညီပေးပါတယ်။
၁၃။ ဆီးချိုရောဂါရှိသူများအတွက် သင့်တင့်ခြင်း - အသင့်အတင့်မှည့်သော သီးမွှေးသည် GI တန်ဖိုးနည်းသဖြင့် အတိုင်းအတာတစ်ခုအထိ စားသုံးနိုင်ပါတယ်။
၁၄။ အစာအိမ်အနာကို ကျက်စေခြင်း - အစာအိမ်ရှိ အချွဲမြှေးထုတ်လုပ်မှုကို လှုံ့ဆော်ပေးလို့ အနာများကို သက်သာစေပါတယ်။
၁၅။ လေဖြတ်ခြင်းအန္တရာယ်မှ လျှော့ချပေးခြင်း - သွေးပေါင်ချိန်ကို မှန်ကန်စေသဖြင့် ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ပေးပါတယ်။
၁၆။ စိတ်ခံစားမှုကို တည်ငြိမ်စေခြင်း - စိတ်ဓာတ်ကျခြင်းနှင့် စိတ်မကြည်မလင်ဖြစ်ခြင်းတို့ကို လျော့ပါးသက်သာစေပါတယ်။
၁၇။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း - အမျှင်ဓာတ်ကြောင့် ဗိုက်ပြည့်လွယ်စေပြီး ခဏခဏစားချင်စိတ်ကို ဟန့်တားပေးပါတယ်။
၁၈။ လေ့ကျင့်ခန်းလုပ်ရာတွင် အင်အားဖြစ်စေခြင်း - ခန္ဓာကိုယ်က အလွယ်တကူစုပ်ယူနိုင်သော သဘာဝအားဖြည့်ဓာတ်စာ ဖြစ်ပါတယ်။
၁၉။ အသားအရေကို စိုပြေဝင်းပစေခြင်း - ဗီတာမင်များက အသားအရေကို ကြည်လင်စေပြီး အရေးအကြောင်းဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။
၂၀။ အရက်နာကျခြင်းကို ပြေပျောက်စေခြင်း - အမူးလွန်ခြင်းကြောင့် ဆုံးရှုံးသွားသော သကြားနှင့် သတ္တုဓာတ်များကို ပြန်လည်ဖြည့်တင်းပေးပါတယ်။
အချုပ်အားဖြင့်ဆိုရသော် သီးမွှေးငှက်ပျောသီးသည် ကျန်းမာရေးနှင့် ခန္ဓာကိုယ်အတွက် ဘက်ပေါင်းစုံမှ အကျိုးပြုသည့် အဖိုးတန်အသီးအနှံဖြစ်ပါသည်။

image

image

ရာသီသိမ်းပွဲ ၂ ပွဲတွင် ရာသီသစ်တွင် ဝတ်ဆင်မဲ့ အိမ်ကွင်းဝတ်စုံကို ဝတ်ဆင်ကစားလာမဲ့ ယူနိုက်တက်
====================

မန်ချက်စတာယူနိုက်တက်ဟာ နော်တင်ဟမ်ဖောရက်စ်၊ ဘရိုက်တန်တို့နှင့် ပရီးမီးယားလိဂ်ရာသီသိမ်းပွဲ ၂ ပွဲတွင် လာမဲ့ရာသီသစ်တွင် ဝတ်ဆင်လာမဲ့ အိမ်ကွင်းဝတ်စုံသစ်အား ဝတ်ဆင်ကစားလာမှာ ဖြစ်ကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်ကလပ်များဟာ ပြီးခဲ့တဲ့ရာသီများအတွင်းတွင် နွေရာသီမှာ ရာသီသစ်ဝတ်စုံအား စတင် မရောင်းချမီ ရာသီသိမ်းပွဲစဉ်များတွင် ဝတ်စုံသစ်များအား ဝတ်ဆင်ကစားကာ ပရိုမိုးရှင်းလုပ်လာခဲ့ကြပါတယ်။
ယူနိုက်တက်ရဲ့ ၂၀၂၆-၂၇ ရာသီဝတ်စုံကို Adidas က ထုတ်လုပ်ထားတာ ဖြစ်ပြီး ၁၉၇၀ ခုနှစ်များတုန်းက ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံဒီဇိုင်းကို အခြေခံထားကာ အစင်းလိုင်းပါ ကော်လံအသုံးပြုထားသလို ကျောတွင် United ဆိုတဲ့စာသားကိုလည်း ထည့်သွင်းထားပါတယ်။
ယူနိုက်တက်ဟာ ယခုရာသီတွင် ဝတ်ဆင်တဲ့ အိမ်ကွင်းဝတ်စုံကို ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းတုန်းက ဝတ်ဆင်ခဲ့ခြင်း မရှိပါဘူး။
ဒါပေမဲ့ ယူနိုက်တက်ဟာ လာမဲ့ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားမှုနှင့်အတူ အင်္ကျီများစွာ ရောင်းချနိုင်ရေးအတွက် ယခုရာသီနှောင်းပိုင်းမှ စတင်ကာ ပရိုမိုးရှင်းလုပ်လာမှာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာလည်း ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းတုန်းက နယူးကာဆယ်နှင့်ပွဲတွင် ရာသီသစ်ဝတ်စုံအား ဝတ်ဆင်ကစားခဲ့ဖူးပါတယ်။
ဘိုင်ယန်မြူးနစ်ဟာလည်း မနေ့ညတုန်းက ပီအက်စ်ဂျီနှင့် တစ်ဂိုးစီသရေကျတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် ၂၀၂၆-၂၇ ရာသီ အိမ်ကွင်းဝတ်စုံသစ်ဖြင့် ကစားသွားခဲ့ပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ လာမဲ့ရာသီ လေ့ကျင့်ရေးကွင်းဝတ်စုံ အင်္ကျီရင်ဘတ်စပွန်ဆာအတွက် လောင်းကစားကုမ္ပဏီ Betway နှင့် တစ်နှစ်ပေါင် ၁၈ သန်းတန် စာချုပ်ချုပ်ဆိုရေး ဆွေးနွေးနေပြီး သဘောတူညီမှု ရရှိရန် အခြေအနေကောင်းနေပါတယ်။
ပရီးမီးယားလိဂ်ကလပ်များဟာ ပွဲအတွင်း ကစားတဲ့ ဝတ်စုံများတွင် လောင်းကစားကုမ္ပဏီကြော်ငြာ ဝတ်ဆင်ခွင့် မရှိတော့ပေမဲ့လည်း လေ့ကျင့်ရေးကွင်းဝတ်စုံတွင်မူ အသုံးပြုနိုင်ဆဲ ဖြစ်ပါတယ်။
Betway ဟာ ယခင်တုန်းက ဝက်စ်ဟမ်းအသင်းရဲ့ အင်္ကျီရင်ဘတ်စပွန်ဆာပေးခဲ့ဖူးတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

image

အမိုးဖွင့်ဘတ်စ်ကားဖြင့် ပရီးမီးယားလိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလားချန်ပီယံ အောင်ပွဲခံလှည့်လည်ရန် အာဆင်နယ် စီစဉ်လာ
=======================

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ ဆွတ်ခူးလာပါက မေလ ၃၁ ရက်နေ့ တနင်္ဂနွေနေ့တွင် အမိုးဖွင့်ဘတ်စ်ကားဖြင့် လှည့်လည်အောင်ပွဲခံရန် စီစဉ်လာပြီ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပီအက်စ်ဂျီနှင့် ရင်ဆိုင်ကစားပြီးနောက် ၂၄ နာရီအတွင်းတွင် အမိုးဖွင့်ဘတ်စ်ကားဖြင့် လှည့်လည်အောင်ပွဲခံရန် စီစဉ်ထားပါတယ်။
မြောက်လန်ဒန်ကလပ် အာဆင်နယ်ဟာ မေလ ၂၄ ရက်နေ့ ခရစ္စတယ်ပဲလေ့စ်နှင့် ရာသီသိမ်းပွဲတွင် ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်နိုင်ပါက ပရိသတ်များအနေဖြင့် တစ်ပတ်အကြာတွင် အမိုးဖွင့်ဘတ်စ်ကားဖြင့် အောင်ပွဲခံလာတာ မြင်တွေ့ရပါမယ်။
အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပီအက်စ်ဂျီကို အရေးနိမ့်လာပါကလည်း ပရီးမီးယားလိဂ်ချန်ပီယံအောင်ပွဲခံရန် ကြိုတင်စီစဉ်ထားတာပါ။
အာဆင်နယ်ဟာ အမိုးဖွင့်ဘတ်စ်ကားဖြင့် လှည့်လည်အောင်ပွဲခံရေး အစီအစဉ်အား မနက်ပိုင်း (သို့မဟုတ်) နေ့လည်ပိုင်းတွင် ပြုလုပ်သွားမှာ ဖြစ်ပြီး အစ်စလင်တန်တောင်းဟေးလ်တွင် အဆုံးသတ်လာပါမယ်။
အာဆင်နယ်ဟာ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကလည်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာပါက အမိုးဖွင့်ဘတ်စ်ကားဖြင့် ဒရေးတန်ပါ့ခ်၊ အူဘတ်ပါ့ခ်၊ ဟိုက်ဘူရီဂရော့ဗ်၊ စိန်ပေါလ်လမ်း၊ အပ်ပါးလမ်းတို့ကို လှည့်လည်ပြီးနောက် အမ်းမရိတ်ကွင်းတွင် အဆုံးသတ်ရန် စီစဉ်ထားခဲ့ဖူးပါတယ်။
လက်ရှိအချိန်တွင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ ဆွတ်ခူးပါက အမိုးဖွင့်ဘတ်စ်ကားဖြင့် ဆုဖလားလှည့်လည်အောင်ပွဲခံမှုအား ဘယ်လမ်းကြောင်းဖြင့် သွားမယ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး။
မီခေးလ်အာတီတာရဲ့ အာဆင်နယ်ဟာ ဘာဒါပတ်စ်တွင် ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ဖလားဗိုလ်လုပွဲကစားပြီးနောက် မေလ ၃၁ ရက်နေ့ နံနက်ပိုင်းအထိ လန်ဒန်သို့ ရောက်လာဦးမှာ မဟုတ်ပါဘူး။
တဖက်တွင် အာဆင်နယ်ကစားသမားအမြောက်အမြားတို့မှာ ကမ္ဘာ့ဖလားအတွက် နိုင်ငံအသင်းများနှင့် ပူးပေါင်းရမှာ ဖြစ်လို့ ကလပ်အနေဖြင့် အချိန်နည်းပါးစွာ ရရှိနေပါတယ်။
အာဆင်နယ်မှ ဒီကလန်ရိုက်၊ ဘူကာယိုဆာကာ၊ အီဘီရီချီအီးဇီး၊ နိုနီမာဒူကီ၊ ဘင်ဝှိုက်တို့ဟာ ဇွန်လ ၁ ရက်နေ့ တနင်္လာနေ့တွင် သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းနှင့် တွေ့ဆုံပွဲ ရှိနေပါတယ်။

image

လေ့ကျင့်ရေးကွင်းတွင် ရော်ဘင်ဟိုဂျူနီယာကို ပါးရိုက်ခဲ့မှုအတွက် တောင်းပန်လာတဲ့ နေမာ
====================

နေမာက လေ့ကျင့်ရေးကွင်းအစီအစဉ်တွင် ဆန်းတို့စ်ဆယ်ကျော်သက်ကစားသမားရော်ဘင်ဟိုဂျူနီယာအား ပါးရိုက်ခဲ့မှုအတွက် တောင်းပန်လာပါတယ်။
အသက် ၁၈ နှစ်ရှိ ရော်ဘင်ဟိုဂျူနီယာဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက လေ့ကျင့်ခန်းအစီအစဉ်တွင် အသက် ၃၄ နှစ်ရှိ နေမာအား လိမ်ခေါက်ကျော်ဖြတ်ပြီးနောက် စူပါစတားကစားသမားရဲ့ မျက်နှာကို အနိုင်ကျင့်ပါးရိုက်ခြင်းခံခဲ့ရကြောင်း စွပ်စွဲခဲ့ပါတယ်။
ဆန်းတို့စ်ဟာ အထက်ပါအဖြစ်အပျက်အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာခဲ့ပါတယ်။
ယခုအခါ ဆန်းတို့စ်ရဲ့ Rei Pele Training Centre တွင် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်နှင့်ပတ်သက်ပြီး အားလုံး ရှင်းရှင်းလင်းလင်း လုပ်ဆောင်လာပြီ ဖြစ်ပါတယ်။
ဘရာဇီးအတွက် ၇၉ ဂိုးသွင်းကာ ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေတဲ့ နေမာက "မီဒီယာတွေရဲ့ရှေ့မှောက်မှာ တောင်းပန်စေချင်တယ်ဆိုရင် အခု ကျွန်တော် ရောက်ရှိလာပါပြီ။ ကျွန်တော် အလွန်အကျွံလုပ်ခဲ့မိတယ်။ ဟုတ်ပါတယ်။ ကျွန်တော် လုပ်ခဲ့မိတယ်။ တကယ်လို့ ကွဲပြားပြီး လုပ်ခဲ့သင့်တယ်။ အသိလွတ်သွားတယ်။ လူတိုင်း အမှားတွေ လုပ်တတ်ကြပါတယ်။ ဒါက ကျွန်တော့်အမှားကြောင့်ပါ။ ကျွန်တော့်အမှားပါ။ ကျွန်တော် နည်းနည်းကြီးတဲ့အမှားလုပ်ခဲ့မိတယ်။ သူက ကလေးပဲ ရှိပါသေးတယ်။ သူ့ကိုလည်း အရမ်းသဘောကျပါတယ်။ အရမ်းလည်း ချစ်ခင်ပါတယ်။ ဘောလုံးမှာ ဒါမျိုးက ဖြစ်နေကြပါ။ သူငယ်ချင်း၊ ညီအစ်ကိုအရင်းတွေတောင် အငြင်းအခုန်ဖြစ်တတ်ပါတယ်။ ဒါက ဘောလုံးရဲ့အစိတ်အပိုင်းဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးနှင့် အေစီမီလန်စူပါစတားဟောင်းရော်ဘင်ဟိုရဲ့သားဖြစ်သူကလည်း နေမာမှာ ယင်းရန်ပွဲအတွက် သူ့ကို အကြိမ်ကြိမ် တောင်းပန်ပြီး ဖြစ်ကြောင်းလည်း ဆိုသွားပါတယ်။
ရော်ဘင်ဟိုဂျူနီယာက "နေမာက ကျွန်တော်ငယ်စဉ်ကတည်းက လေးစားအားကျလာခဲ့ရတဲ့သူဆိုတော့ အံ့ဩသွားမိတယ်။ ကျွန်တော်တို့နဲ့ပတ်သက်ပြီး လူတွေ ပြောနေကြတာတွေ မမှန်ပါဘူး။ ဒီလိုအဆင့်မျိုးအထိ ဖြစ်သွားတာ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော် သူ့ကို အများကြီး သဘောကျပါတယ်။ ကျွန်တော်တို့ စကားတွေပြောပြီး ပြေလည်အောင် လုပ်ထားပြီးပါပြီ"လို့ ပြောကြားသွားပါတယ်။

image

ရာသီကြိုခြေစမ်းပွဲအဖြစ် ဘာစီလိုနာကို ဧည့်ခံကစားလာမဲ့ ဘာမင်ဂမ်
=====================

ဘာမင်ဂမ်စီးတီးဟာ ဘာစီလိုနာရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ခြေစမ်းပွဲကစားလာပါမယ်။
ဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာဟာ အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ရေးစခန်း St George's Park သို့ ဇူလိုင်လ ၂၇ ရက်နေ့တွင် ရောက်ရှိလာကာ နှစ်ပတ်ကြာ ရာသီကြိုလေ့ကျင့်ခန်းဆင်းမှု ပြုလုပ်သွားပါမယ်။
ဘာစီလိုနာဟာ အင်္ဂလန်မှ ထွက်ခွာပြီးပါက ကန်ညာနိုင်ငံရဲ့ မြို့တော် နိုင်ရိုဘီနှင့် မော်ရိုကိုတို့တွင် ခြေစမ်းပွဲ တစ်ပွဲစီ ကစားလာမယ်လို့ ယူဆရပါတယ်။
ဘာစီလိုနာဟာ အင်္ဂလန်သို့ ရောက်ရှိနေစဉ်အတွင်း ဘာမင်ဂမ်နှင့် ကစားမဲ့ ရာသီကြို ခြေစမ်းပွဲရက်ကို မကြေညာသေးပါဘူး။
ဘာစီလိုနာဟာ နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ကစားသမားအမြောက်အမြားစေလွှတ်လာရဖို့ ရှိနေတာ ဖြစ်ပြီး အင်္ဂလန်တွင် လာရောက် ရာသီကြိုလေ့ကျင့်ခန်းဆင်းချိန်တွင် ကစားသမားအပြည့်အစုံ ပါဝင်လာဖို့ မရှိပါဘူး။

image

ဘင်ဖီကာရဲ့ပရက်စတီယန်နီကို ကမ္ဘာတလွှား ပွဲပယ်ပြစ်ဒဏ်တိုးမြှင့်လာတဲ့ ဖီဖာ
=====================

ဘင်ဖီကာတောင်ပံကစားသမားဂျီယန်လူကာပရက်စတီယန်နီဟာ ဗီနီရှပ်စ်ဂျူနီယာအား ဆဲဆိုပြောကြားမှုအတွက် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရမှုအား ဖီဖာက ကမ္ဘာတလွှား အကျုံးဝင်ရန် ချမှတ်လာမှုနှင့်အတူ အာဂျင်တီးနားအသင်းတွင် ရွေးချယ်ခြင်းခံလာရပါက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား အဖွင့်ပွဲ ၂ ပွဲကို လွဲချော်လာတော့မှာ ဖြစ်ပါတယ်။
အသက် ၂၀ နှစ်ရှိ ပရက်စတီယန်နီဟာ ဖေဖော်ဝါရီလတုန်းက ချန်ပီယံလိဂ်ပလေးအော့ဖ်ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်စူပါစတားဗီနီရှပ်စ်ကို လိင်တူဆန့်ကျင်တဲ့အသုံးအနှုန်းဖြင့် ပြောဆိုမှုအတွက် ယူအီးအက်ဖ်အေရဲ့ ၆ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။
သူဟာ ၁ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီးဖြစ်ပြီး ကျန် ၂ ပွဲအား ကျခံလာရမည်ဖြစ်ကာ ကျန် ၃ ပွဲအား လာမယ့် ၂ နှစ်အတွင်း ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ကျခံလာရပါမယ်။
ယူအီးအက်ဖ်အေဟာ ပရက်စတီယန်ရဲ့ပြစ်ဒဏ်အား တစ်ကမ္ဘာလုံးတွင် အကျုံးဝင်လာစေရေး တင်ပြလာမှုအား ဖီဖာက လက်ခံလိုက်ပြီ ဖြစ်ပါတယ်။
ပရက်စတီယန်နီဟာ အာဂျင်တီးနားအတွက် ၁ ပွဲကစားခွင့်ရထားသူ ဖြစ်ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလတုန်းက အန်ဂိုလာနှင့်ပွဲတွင် အရန်အဖြစ် ဝင်ရောက်ကစားခဲ့တာပါ။
သူဟာ မတ်လတုန်းက အာဂျင်တီးနားရဲ့ ခြေစွမ်းပွဲစဉ်များတွင်လည်း ရွေးချယ်ခြင်းခံခဲ့ရပေမဲ့ ကစားခွင့်မရခဲ့ပါဘူး။
သူဟာ အစောပိုင်းတုန်းက ဗီနီရှပ်စ်ကို လူမျိုးရေးခွဲခြားမှု ပြုလုပ်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတာဖြစ်ပြီး ယင်းအမှုဖြင့် အရေးယူခံရပါက အနည်းဆုံး ၁၀ ပွဲပယ်ပြစ်ဒဏ်ကျခံရမဲ့အရေးနှင့် ရင်ဆိုင်ခဲ့ရတာပါ။
သူဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းတွင် ရွေးချယ်ခြင်းမခံရပါက လာမဲ့ရာသီ ဘင်ဖီကာရဲ့ ဥရောပပြိုင်ပွဲများတွင် ပွဲပယ်ပြစ်ဒဏ်ကျခံလာရပါမယ်။

image