မန်စီးတီးအသင်းက ဆာဗင်ညိုကို ခေါ်ယူဖို့ စပါးအသင်း သဘောတူညီမှု ရရှိ
စပါးအသင်းဟာ မန်စီးတီးအသင်းက ဘရာဇီးလ်တောင်ပံကစားသမား ဆာဗင်ညိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။
စပါးအသင်းဟာ ဆာဗင်ညိုအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းအထိ ပေးချေရမှာပါ။
ဆာဗင်ညို(၂၂ နှစ်)ရဲ့အပြောင်းအရွှေ့မှာ Add-ons ကြေးက ပေါင် ၁၀ သန်းအထိ ရှိမယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
၎င်းဟာ စပါးအသင်းနဲ့ ကာလရှည်စာချုပ် ချုပ်ဆိုသွားဖို့လည်း ရှိနေပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့နှစ်နွေရာသီကတည်းက ဆာဗင်ညိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
ဆာဗင်ညိုအနေနဲ့ ၂၀၂၄ ခုနှစ် နွေရာသီမှာ မန်စီးတီးအသင်းကို ရောက်ရှိလာပြီး ပြိုင်ပွဲစုံ ၈၄ ပွဲကစားကာ ခုနစ်ဂိုး သွင်းယူခဲ့ပါတယ်။