မြန်မာ-အိန္ဒိယ ရေတပ်ဆက်ဆံရေးကို ထင်ဟပ်စေသည့် ချစ်ကြည်ရေးခရီးစဉ်

မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM နှင့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်(၂)စီးတို့သည် ယနေ့ မေ ၆ ရက်က မြန်မာနိုင်ငံမှသီးခြားစီပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

အိန္ဒိယရေတပ်ဦးစီးချုပ်သည် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ပြန်လည်ထွက်ခွာရာ တပ်မ တော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများကပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Satpura (F-48) နှင့် INS Sunayna(P-57)တို့သည်လည်း ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားမှပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများကပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

အိန္ဒိယရေတပ်ဦးစီးချုပ်သည် သန်လျင်တပ်နယ်ရှိနယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်တွင် နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ သန်လျင်တပ်နယ်ရှိ နယ်မြေခံရေတပ်လေ့ကျင့်ရေးဌာနချုပ်ရှိ Small Arm Simulator အားဖွင့်လှစ်ပေးခြင်း၊ သမိုင်းဝင်စစ်ရေယာဉ်(မေယု) ကိုကြည့်ရှုလေ့လာကာ အမှတ်တရသစ်ပင်စိုက်ပျိုးခြင်း၊ အင်းလေးဒေသရှိ ဖောင်တော်ဦးဘုရားကိုဖူးမြော်လေ့လာခြင်း၊ ရိုးရာယက်ကန်း ရက်လုပ်နေမှုများအားလေ့လာခြင်း၊ အင်းလေးကန်၌ လှည့်လည်ကြည့်ရှုလေ့လာခြင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုဖူးမြော်ကြည်ညိုခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သူရဲကောင်းဗိမာန်(နေပြည်တော်)တွင် နိုင်ငံ တော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ကြသည့် တပ်မတော်သားများအတွက်ဂုဏ်ပြုပန်းခြင်းချအလေးပြုခြင်း ဘုရင့်နောင်ရိပ်သာ၌ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ တပ်မတော်စစ်သမိုင်းပြတိုက်ကိုလေ့လာခြင်းကာကွယ်ရေးဦးစီးချုပ်(ရေ)ကတည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခြင်းတို့ကိုလည်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အတူ အိန္ဒိယရေတပ်မှ စစ်ရေယာဥ်(၂)စီးနှင့်အတူလိုက်ပါလာသည့် အရာရှိ၊ စစ်သည်များသည်လည်း ရန်ကုန်မြို့ရှိအထင်ကရနေရာများကိုလေ့လာရေးခရီး လည်ပတ်ခြင်း၊ နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေးအားကစားပြိုင်ပွဲယှဉ်ပြိုင်ကစားခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

image

လျှပ်စစ်ဓာတ်အားဖူလုံစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

ဒေသအလိုက် လျှပ်စစ်ဓာတ်အားဖူလုံစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၆ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ မှာကြားခဲ့ခြင်းဖြစ်သည်။

" လျှပ်စစ်ဓာတ်အားကို ဒေသအလိုက်ဖူလုံစေရေးအ တွက် လက်ရှိအချိန်မှာ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းတွေက်ု မိမိတို့ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရပါမယ်"ဟု နိုင်ငံတော်သမ္မတက မှာကြားသည်။

ထို့ပြင် အပူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကိုလည်းဆောင်ရွက်ရမည်ဖြစ်ကာ လျှပ်စစ်ဓာတ်အားများ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် စိစစ်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့အတူ စက်သုံးဆီများအား တတ်နိုင်သမျှထိန်းသိမ်းဆောင်ရွက်ထားနိုင်ကာ ဆီသိုလှောင်မှုများနှင့် ဖြန့်ခွဲမှုများစနစ်တကျဖြစ်စေရေးအတွက်လည်းဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတကမှာကြားခဲ့သည်။

ထို့ပြင် တာဝန်ရှိသူများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ သ ဘာဝဓာတ်ငွေ့များဖြန့်ဖြူးရာတွင်လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေးဆောင်ရွက်ရန်လိုအပ်မှု၊ ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် သန်လျင်ရေနံချက်စက် ရုံအားပြန်လည်တည်ဆောက်အဆင့်မြှင့်တင်လျက်ရှိမှု၊ ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ စက်သုံးဆီများသယ်ဆောင်ဖြန့်ဖြူးရာတွင် စနစ်တကျရယူသုံးစွဲနိုင်ရန် Digital စနစ်ဖြင့်ဆောင်ရွက်ပေးလျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့အတူ လျှပ်စစ်ဓာတ်အားများရရှိရေး သဘာဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ်ထုတ်လုပ်မှုတို့အား အဓိကထားထုတ်လုပ်လျက်ရှိပြီး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ်ဓာတ်အားများလုံလောက်စွာရရှိစေရေး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများတိုးတက်စေရေး လျာထားဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ်ဓာတ်အားဖြန့်ဝေရာတွင် လေ့လွင့်ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးဆောင်ရွက်လျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

image

ဝယ်လိုအားရှိသည့် မြန်မာ့ပေါ်ဆန်းနှင့် မြန်မာ့ကော်ဖီကို ဈေးကွက်လိုအပ်ချက်အတိုင်းပြည့်မီအောင်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

ဝယ်လိုအားရှိသည့် မြန်မာ့ပေါ်ဆန်းနှင့် မြန်မာ့ကော်ဖီကို ဈေးကွက်လိုအပ်ချက်အတိုင်းပြည့်မီအောင်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၆ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ပေါ်ဆန်းမွှေးဆန်သည် နိုင်ငံတကာဈေးကွက်တွင်နာမည်ရပြီးဖြစ်၍ ဈေးကွက်လို အပ်ချက်ရှိသည့်ပို့ကုန်တစ်ခုဖြစ်ရာ မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည့်နည်းတူ မြန်မာနိုင်ငံမှထွက်ရှိသည့် ကော်ဖီသီးနှံသည်လည်းဝယ်လိုအားရှိပြီးဖြစ် သည်ဟု ပြောသည်။

"ဒါ့ကြောင့် ဈေးကွက်လိုအပ်ချက်ရှိပြီး ဝယ်လိုအားရှိတဲ့ မြန်မာ့ပေါ်ဆန်းနဲ့ မြန်မာ့ကော်ဖီကို အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်ဖို့နဲ့ ဈေးကွက်လိုအပ်ချက်အတိုင်း ပြည့်မီအောင်တင်ပို့နိုင်ဖို့ကြိုးပမ်းဆောင်ရွက်ရပါမယ်"ဟု နိုင်ငံတော်သမ္မတက မှာကြားသည်။

ထို့ပြင် နိုင်ငံတော်၏ စီးပွားရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ ပြည်တွင်းကုန်ထုတ်လုပ်မှုများကိုအား ပေးပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ကုန် ထုတ်လုပ်မှုသည်မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းရပ်ဖြစ်သည်ဟု ပြောသည်။

ကုန်သွယ်မှုတွင်အဓိကကျသည့် ပို့ကုန်၊ သွင်းကုန်များကို လေ့လာဆန်းစစ်ချက်များအရ မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်းထုတ်ကုန်များ၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ပြည်ပသို့တင်ပို့လျက်ရှိပြီး ပြည်ပမှ လောင်စာဆီများ၊ စားသုံးဆီများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများကို တင်သွင်းနေရပြီး ကုန်သွယ်မှုလိုငွေရှိနေဆဲဖြစ်၍ နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်ပါက မိမိတို့အနေဖြင့် ယခုထက်ပိုမိုကြိုးပမ်းလုပ်ဆောင်ကြရမည်ဟု ပြောသည်။

ထို့ကြောင့် ပို့ကုန်များတိုးမြှင့်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ထုတ်ကုန်တိုးမြင့်လာစေရေး၊ အရည်အသွေးကောင်းမွန်စေရေး၊ ဈေးကွက်ရရှိရေးတို့နှင့်ပတ်သက်၍ စဉ်ဆက်မပြတ်သုတေသနပြုဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။

image

မြန်မာ-နီပေါ နှစ်နိုင်ငံ ပညာရေးမူဝါဒနှင့် သုတေသနကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် နီပေါနိုင်ငံ၏ ထိပ်သီး Think Tank အဖွဲ့အစည်းတစ်ခုဖြစ်သည့် Nepal Development Research Insti tute (NDRI)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ နှစ်နိုင်ငံပညာရေးမူဝါဒဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယမန်နေ့က ကတ္တမန္ဒူးမြို့ရှိ မြန်မာသံရုံး၌ ပြုလုပ်သည့် အဆိုပါတွေ့ဆုံပွဲတွင် NDRI ဥက္ကဋ္ဌ Dr. Jaya Kumar Gurung က ၎င်းတို့အဖွဲ့အစည်း၏ သုတေသနနှင့် ပညာရပ်ဆိုင်ရာ ဆောင် ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ဆွေးနွေးချက်အတွင်း အနာဂတ်တွင် မြန်မာနှင့် နီပေါ နှစ်နိုင်ငံအကြား ပညာရေးမူဝါဒဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ကျင်းပနိုင်ရေး၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် NDRI တို့အကြား အသိပညာဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ မေလအတွင်း ကျင်းပမည့် NDRI ၏ (၂၃) ကြိမ်မြောက် နှစ် ပတ်လည်နေ့ အခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက်ရန် ဖိတ်ကြားခြင်းစသည်တို့ကို ပါဝင်ကြောင်း သိရသည်။

ယခု တွေ့ဆုံမှုကြောင့် မြန်မာနှင့် နီပေါနိုင်ငံအကြား သံတမန်ရေးရုံသာမက ပညာရေးနှင့် မူဝါဒရေးရာ သုတေသနကဏ္ဍများတွင်ပါ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

image

(၂၀) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလပြိုင်ပွဲ ကျင်းပမည့်နေရာအား ဒု-ဝန်ကြီး ဦးညီညီ ကြည့်ရှုစစ်ဆေး

အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ်၊ လူငယ်နှင့်အားကစားဆိုင်ရာ အရှေ့တောင်အာရှဝန်ကြီးများအဆင့် အစည်း အဝေးသို့ တက်ရောက်ခဲ့ပြီးနောက် ယနေ့နံနက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကာ မကြာမီကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ကာယဗလပြိုင်ပွဲအတွက် ပြင်ဆင်မှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ယခုလ မေ ၃ ရက်မှ ၅ ရက်အထိ ကျင်းပသည့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီးနှင့်အတူ ဝန်ကြီးရုံးလက်ထောက်အတွင်းဝန် ဦးထွန်းသန့်တို့သည် ယနေ့ နံနက် (၉) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာ ကာယဗလပြိုင်ပွဲအတွက် ပြင်ဆင်မှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗေးရှင်းစင်တာ (MCC) သို့ သွားရောက်၍ မေလ (၁၄) ရက် မှ ၁၈ ရက်အထိ ကျင်းပမည့် (၂၀) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားမှုများကို စစ်ဆေးခဲ့သည်။

ဒုတိယဝန်ကြီးမှ ပြိုင်ပွဲကျင်းပရာတွင် နိုင်ငံတကာအဆင့်အတန်းနှင့်အညီ သပ်ရပ်ကောင်းမွန်စေရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအားအသေးစိတ်မှာကြားခဲ့ကြောင်း သိရပသည်။

image

မြင်းခြံမြို့နယ်က စစ်ရှောင်တွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အစိုးရ ပူးပေါင်းတပ်တွေရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေမှုတွေကြောင့် သောင်းနဲ့ချီတဲ့ ‌ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီ များစွာ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

အစိုးရတပ်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကစပြီး မြင်းခြံမြို့ (အနောက်ခြမ်း) ရှိ ကျေးရွာတွေကနေ စတင်ကာ ဧရာဝတီမြစ်ရိုးတလျှောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတာဖြစ်ပြီး အိမ်ခြေ ထောင်နဲ့ချီ မီးလောင် ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“မြင်းခြံနယ်မှာ အစိုးရတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းထားတဲ့တပ်တွေ နယ်မြေရှင်းလင်းရေး လုပ်နေကြတာ။ မြို့နယ် အရှေ့ခြမ်းကနေ အနောက်ခြမ်းအထိပဲ။ လက်ရှိ မြင်းခြံနဲ့ နွားထိုးကြီးနယ်ကြားမှာ နယ်မြေရှင်းနေကြတာ ရှိတယ်။ အိမ်ခြေ တော်တော်များများလည်း မီးလောင်ကုန်ပြီ။ ဆိုတော့ စစ်ရှောင်တွေအနေနဲ့ ကိုယ့်နေရပ်ကိုယ် ပြန်လို့ရပြီဆိုရင်တောင် နေစရာအိမ် မရှိတော့တဲ့ အခြေအနေပါ” လို့ ကူညီပေးနေသူက ပြောပါတယ်။

ဒါကြောင့် လက်ရှိမှာ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ သန့်ရှင်းတဲ့ သောက်သုံးရေအပြင် ယာယီတဲတွေ ဆောက်လုပ်နိုင်ဖို့အတွက် အမိုးအကာတွေလည်း လိုအပ်နေသလို အထူးသဖြင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ စစ်ရှောင်နေကြ‌တဲ့ ကျေးရွာပေါင်း ၁၆ ရွာကနေ ၂၀ ကျော်အထိ ရှိနေပြီး မြင်းခြံနယ်ထဲက စစ်ကြောင်းမရောက်သေးတဲ့ အနီးအနား ကျေးရွာတွေကို တိမ်းရှောင်နေကြသူတွေ ရှိသလို တချို့ကတော့ ဧရာဝတီမြစ်ကိုဖြတ်ကူးကာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ဘက်ကို တိမ်းရှောင်သွားကြတဲ့ သူတွေလည်းရှိတယ်လို့ သူက ပြောပါတယ်။

မြင်းခြံမြို့နယ် (အရှေ့ပိုင်း) က မြို့ကြီးကုန်း၊ ရဲတိုင်၊ ယုန်တိုးစွယ်၊ ယုန်တိုး၊ ဆင်ချောင်း စတဲ့ ကျေးရွာတွေအနီးက ဒေသခံတွေကတော့ ရွာအနီးအနားရှိ ဘုန်းကြီးကျောင်းတွေနဲ့ တောတောင်တွေထဲမှာ ပုန်းရှောင်နေကြရတယ်လို့ သူက ပြောပါတယ်။

“အခုဆို စစ်ကြောင်းက ရွာစဉ်ပတ်နေတော့ ဒေသခံတွေက ရွာတရွာပြီးတရွာ လှည့်ပတ်ပြီး စစ်ရှောင်ကြဖို့က တဖြည်းဖြည်း နယ်ကျဉ်းလာပြီ။ တောတောင်တွေထဲကိုပဲ အများဆုံး သွားနေကြရတာ။ ဒါကြောင့် စစ်ရှောင်တဲတွေဆောက်ဖို့ အကူအညီတွေ လိုအပ်နေတာပါ။ စစ်ရှောင်တွေထဲမှာ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ပြီးတော့ ကျန်းမာရေး မကောင်းတဲ့သူတွေလည်း ပါနေတော့ ဆေးဝါး အကူအညီတွေလည်း အရေးတကြီး လိုပါတယ်” လို့ သူက ပြောပါတယ်။

စစ်ကြောင်းတွေကြောင့် ဧရာဝတီမြစ်ရိုးတလျှောက်က ကျေးရွာ ၁၃ ရွာကျော်မှာ နေရပ်စွန့်ခွာရမှု ပိုမိုများပြားနေပြီး အကူအညီတွေ အချိန်မီမရပါက လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုမို ဆိုးရွားလာနိုင်တယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ အစိုးရတပ်တွေဟာ မြင်းခြံ - ညောင်ဦးလမ်းနဲ့ မြင်းခြံ - တလုပ် လမ်းပိုင်းတွေမှာ စစ်အင်အား ရာနဲ့ချီ ဖြန့်ကျက်ထားတာကြောင့် စစ်ရှောင်တွေအနေနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

image

လားရှိူးမှာ မိုးကြီး လေပြင်းတိုက်လို့ ရပ်ကွက်တချို့ ထိခိုက်မှုရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ မေလ ၆ ရက်နေ့ မွန်းလွဲပိုင်းက မိုးကြီးပြီး လေပြင်း တိုက်ခတ်လို့ ရပ်ကွက် ၁၊ ရပ်ကွက် ၈ နဲ့ ရပ်ကွက် ၁၂ တို့မှာ ထိခုက်မှုတွေ ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မိုးသည်း လေပြင်းတိုက်ခတ်လို့ သစ်ပင်‌တွေ၊ ၊ဓါတ်တိုင်တွေ ကျိုးကျ၊ အုတ်တံတိုင်းပြိုတာတွေ ဖြစ်ပြီး တချို့နေရာ လမ်းပိတ်ဆို့သွားတယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

"လေပြင်းတိုက်ခတ်လို့ လားရှိုးမြို့ ရပ်ကွက် ၁ ကံံ့ကော်လမ်းက နှစ်တရာ ကံ့ကော်ပင်ကြီးလည်းပြိုလဲသွားတယ်။ ရပ်ကွက်ကွက် ၁ မှာ ဖြစ်တာ ပိုများတယ်။ လူထိခိုက်မှုတော့ မရှိဘူး" လို့ သူက ပြောပါတယ်။

ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်ခန့်က ဖြစ်ပွားတာ ဖြစ်ပြီး ရပ်ကွက် ၁ မှာတော့ ကံ့ကော်လမ်း၊ ခရေလမ်း၊ တရားရုံးလမ်းကြား၊ ရုံးကြီးရှေ့ တွေမှာ ပိုဖဖြစ်တယ်လို့ သူက ပြောပါတယ်။ ကြံ့ခိုင်ရေးရုံးရှေ့မှာ ထရန်စဖော်မာ ပျက်စီးသွားပြီး အဝိုင်းပတ်နားက ကြော်ငြာ ဆိုင်းဘုတ် တချို့လည်း ပြိုသွားတယ်လို့ဆိုပါတယ်။

"လေပြင်း တိုက်ခတ်လို့ သစ်ပင်ကြီးတချို့ပြိုလဲကာ နေအိမ် ဆိုလာပြားတွေပါ ပြုတ်ထွက် ပျက်စီး သွားတာတွေရှိတယ်။" လို့ နောက်ထပ် ဒေသခံ တယောက်ကလည်း ပြောပါတယ်။

တချို့ သွပ်အမိုးတွေပါ ပြုတ်ကျကုန်ပြီး သစ်ပင်ကျိုးကျ ပြိုလဲလို့ လမ်းတွေပါ ပိတ်ဆို့ ကုန်တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ မေလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ခွဲကျော်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် ၁ ရပ်ကွက်၊ အမှတ် ၈ ရပ်ကွက်၊ အမှတ် ၁၂ ရပ်ကွက် တို့မှာ ဓါတ်တိုင်တွေပြိုလဲ၊ သစ်ပင်‌ေတွပြိုလဲပြီး အဆောက်အဦးတွေပေါ် ပိမိတာတွေ၊ လမ်းပိတ်ဆို့တာတွေ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

လေပြင်း တိုက်ခတ်မှုကြောင့် လမ်းပိတ်ဆို့၊ နေအိမ် ပိမိ နေရာတွေကို လားရှိုးခရိုင်နဲ့ မြို့နယ်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်‌ေတွ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

image

ကော်ဖီအမည်း (Black Coffee) ကို ဘယ်အချိန်မှာ သောက်ရင် အကောင်းဆုံးလဲ? ☕
⏰ အကောင်းဆုံးအချိန်
(မနက် ၀၈:၃၀ – ၁၀:၃၀ နာရီ)
• နိုးကြားတက်ကြွစေခြင်း - ခန္ဓာကိုယ်ရဲ့ နိုးကြားမှုစနစ် အပြည့်အဝ လည်ပတ်ချိန် နဲ့ အကိုက်ညီဆုံးပါ။
• ဟော်မုန်းမျှတစေခြင်း - ခန္ဓာကိုယ်က သဘာဝအတိုင်းထွက်တဲ့ ကော်တီစော (Cortisol) ကို အနှောင့်အယှက်မပေးဘဲ ကူညီပေးပါတယ်။
• လန်းဆန်းစေခြင်း - တကယ်ကို စိတ်ကြည်လင် စေပြီး ရင်တုန်တာမျိုး မဖြစ်စေပါဘူး။
⏰ မွန်းလွဲပိုင်း (လိုအပ်ပါက)
(နေ့လယ် ၀၁:၀၀ – ၀၃:၀၀ နာရီ)
• နေ့လယ်စာစားပြီး ငိုက်ခြင်း - ထမင်းစားပြီးနောက် ဖြစ်တတ်တဲ့ ငိုက်မျဉ်းမှု ကို ပြေပျောက်စေပါတယ်။
• အကြံပြုချက် - ခွက်အသေး ဖြင့် သောက်သင့်ပြီး အလွန်အမင်း ပြင်းပြင်းထန်ထန် မဖြစ်စေရန် သတိပြုပါ။
⛔ ရှောင်ကြဉ်ရမည့်အချိန်
• ဗိုက်အလွတ်နဲ့ မသောက်ပါနဲ့ - အစာအိမ် အချဉ်ပေါက်တာ ဒါမှမဟုတ် အစာအိမ်နံရံ ထိခိုက်တာမျိုး ဖြစ်နိုင်ပါတယ်။
• ညနေ ၄ နာရီကျော်ရင် ရှောင်ပါ - ကဖိန်းဓာတ်ကြောင့် ညဘက် အိပ်စက်မှု ကို အနှောင့်အယှက် ဖြစ်တတ်ပါတယ်။
• အလွန်အကျွံ မသောက်ပါနဲ့ - တစ်ခွက်ပြီးတစ်ခွက် ဆက်တိုက်သောက်တာက နှလုံးတုန်ခြင်း ကို ဖြစ်စေပါတယ်။
✨ ကျန်းမာရေးနှင့်ညီညွတ်စွာ သောက်သုံးနည်း
• ကော်ဖီမသောက်မီ ရေတစ်ဖန်ခွက် အရင်သောက်ပါ။
• သကြား၊ နို့ သို့မဟုတ် ခရမ်မာ (Creamer) များ ထည့်မသောက်ပါနှင့်။
• တစ်နေ့လျှင် ၁ ခွက်မှ ၂ ခွက်ထက် မပိုသင့်ပါ။
အချိန်မှန်သောက်လျှင် = စွမ်းအင်ရရှိစေသည်
အချိန်မရွေးသောက်လျှင် = ရင်တုန်ခြင်း၊ အိပ်မပျော်ခြင်း ဖြစ်စေသည်

image

ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံးအသင်း ဂုဏ်ပုဒ်ကြီးအား ချဲလ်ဆီး တရားဝင် ရယူလာ
====================
ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံးအသင်း ဂုဏ်ပုဒ်ကြီးကို တရားဝင် ရယူလာပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် စပါးစ်က သောမတ်စ်တူချယ်ကို ထုတ်ပယ်လိုက်ပြီးနောက်ပိုင်းတွင် ပရီးမီးယားလိဂ်တွင် ရမှတ်အနည်းဆုံးရယူနိုင်တဲ့အသင်းဖြစ်ကာ ယင်းကာလအတွင်း အချက်အလက်များသာ အခြေခံမည်ဆိုပါက ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ဆုံးတွင် ရပ်တည်နေရပါတယ်။

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်တွင် ၆ ပွဲဆက် ရှုံးနိမ့်ထားသလို လာမယ့်ပွဲအဖြစ် အန်ဖီးလ်သို့ သွားရောက်ကာ လီဗာပူးအား ရင်ဆိုင်လာရပါဦးမယ်။

ချဲလ်ဆီးဟာ ကွင်းတွင်း ကွင်းပြင် အဆိုးရွားဆုံးကြုံနေရသလို တိုက်စစ်မှ ခံစစ်အထိ အဆိုးဆုံးဖြစ်နေတာပါ။

ကွင်းပြင်ပတွင် ပရိသတ်များဟာ အပတ်စဉ်အပတ်တိုင်း အသင်းပိုင်ရှင်အား ဆန့်ကျင်သပိတ်မှောက်နေကြပြီး ပွဲအများစုတွင် တိတ်တဆိတ်အားပေးလာကြသလို အပတ်တိုင်း ပထမပိုင်းပြီးဆုံးချိန်နှင့် ပွဲပြီးချိန်တို့တွင် ကစားသမားများကို လှောင်ပြောင်မှုများ ပြုလုပ်နေကြပါတယ်။

ကွင်းထဲမှာလည်း လက်ခံနိုင်စရာ အခြေအနေ မရှိပါဘူး။

တန်းမဆင်းရရေး တိုက်ပွဲဝင်နေရတဲ့ နော်တင်ဟမ်ဖောရက်စ်ကို ၃-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် အသင်းတွင် အကောင်းဆုံးကစားနေတဲ့ အသက် ၁၈ နှစ်အရွယ်ရှိ တောင်ပံကစားသမားဂျက်စီဒါရီ ပထမပိုင်းအတွင်းမှာ ခေါင်းချင်းဆောင့်ပြီး လူစားလဲကာ ဆေးရုံတက်ခဲ့ရပါတယ်။

ဂျာအိုပီဒရိုက အမှတ်ရစရာကောင်းတဲ့ဂိုးအား သွင်းယူနိုင်ခဲ့ပေမဲ့ တစ်သင်းလုံးခြေစွမ်းက ကျေနပ်စရာမရှိပါဘူး။

ဖောရက်စ်ပွဲအပြီးတွင် ပီဒရိုက ချဲလ်ဆီးစတားများအနေဖြင့် ယာယီနည်းပြကာလမ်မက်ဖာလိန်းကို အပြစ်မတင်ဘဲ ကိုယ့်ကိုယ်ကို ဝေဖန်ဆန်းစစ်ကြရန် ပြောကြားသွားပါတယ်။

ကိုယ့်ကိုယ်ကို မှန်မှာကြည့်ပြီး ဆန်းစစ်ရမယ့် ကစားသမားတွေထဲက တစ်ဦးက ကိုးလ်ပါလ်မာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်ရှိ ပါလ်မာဟာ ချဲလ်ဆီးရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပေမဲ့လည်း ယခုရာသီ ခြေစွမ်းက ပိုချက်တီနို၊ အန်ဇိုမာရက်စ်ကာတို့လက်ထက်တုန်းက ခြေစွမ်းမျိုး မဟုတ်ပါဘူး။

ရာသီအစတုန်းက ဒဏ်ရာပြဿနာများနှင့် ကြုံရမှုရဲ့ နောက်ဆက်တွဲအဖြစ် ခြေစွမ်းကလည်း အနုတ်လက္ခဏာပြနေပါတယ်။

ဒဏ်ရာကင်းကင်းနှင့် ကစားနိုင်ကြပြန်တော့လည်း ခြေစွမ်းက အားရစရာ မရှိပါဘူး။

လက်ရှိအနေအထားအရ ကိုးလ်ပါလ်မာဟာ လာမယ့်နွေရာသီတွင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ပါဝင်ဖို့တောင် မရေမရာ ဖြစ်လာနေပါတယ်။

သူဟာ ချဲလ်ဆီးအတွက် ပထမဆုံးကစားတဲ့ ၆၆ ပွဲတွင် ၃၇ ဂိုးအထိ သွင်းကာ ၂၁ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပေမဲ့ ယင်းနောက်ပိုင်း ၆၁ ပွဲတွင် ၁၆ ဂိုးသာ သွင်းနိုင်ကာ ၁၀ ကြိမ်တည်းသာ ဖန်တီးထားနိုင်ပါတယ်။

ချဲလ်ဆီးရဲ့ တိုက်စစ်ပိုင်းက အားရစရာ မရှိသလို ခံစစ်ပိုင်းကလည်း နောက်ဆုံး ပရီးမီးယားလိဂ် ၄ ပွဲတွင် ၃ ပွဲမှာ ၃ ဂိုးစီပေးထားခဲ့ရပါတယ်။

ချဲလ်ဆီးဟာ နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၉ အထိ ဆင်းလာရကာ လာမယ့်ရာသီ ကွန်ဖရင့်လိဂ်ဝင်ဖို့တောင် မရေမရာ ဖြစ်နေတဲ့ အနေအထားမှာ ကြုံနေရပါတယ်။ ချဲလ်ဆီးရဲ့ အခြေအနေက လာမယ့်ရက်သတ္တပတ်တွေမှာ ပိုတောင် ဆိုးလာနိုင်ပါသေးတယ်။

image

ပရီးမီးယားလိဂ် ၃ ရာသီဆက် ရွှေလက်အိတ်ဆု ဆွတ်ခူးရန် သေချာသွားခဲ့ပြီဖြစ်တဲ့ အာဆင်နယ်ဂိုးသမားရာယာ
===================
ဒေးဗစ်ရာယာဟာ ၂၀၂၅-၂၆ ရာသီအတွက် ပရီးမီးယားလိဂ်ရဲ့ ရွှေလက်အိတ်ဆုအား ဆွတ်ခူးရန် သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်ဂိုးသမားဟာ ပရီးမီးယားလိဂ်တွင် ဂိုးမပေးရတဲ့ပွဲအများဆုံး ပိုင်ဆိုင်လာရန် သေချာသွားမှုနှင့်အတူ ရွှေလက်အိတ်ဆုအား ၃ ကြိမ်ဆက် ဆွတ်ခူးရန် သေချာလာတာလည်း ဖြစ်ပါတယ်။

ရာယာဟာ တနင်္လာနေ့တုန်းက အနီးဆုံးပြိုင်ဘက် မန်စီးတီးဂိုးသမားဒွန်နာရူမာမှာ အဲဗာတန်နှင့် ၃ ဂိုးစီသရေကျသွားမှုနှင့်အတူ ပရီးမီးယားလိဂ်ရဲ့ ဂိုးမပေးရတဲ့ပွဲအများဆုံးပိုင်ဆိုင်တဲ့ ဂိုးသမားအဖြစ် ရပ်တည်ရန် သေချာလာတာပါ။

စပိန်ဂိုးသမားဟာ ပြီးခဲ့တဲ့အပတ် ဖူလ်ဟမ်နှင့်ပွဲတွင် ဂိုးမပေးခဲ့ရပြီးနောက် ပရီးမီးယားလိဂ်ပွဲ ၁၇ ပွဲ ဂိုးမပေးရတဲ့ မှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။ ဒွန်နာရမ်မာက ပရီးမီးယားလိဂ် ၄ ပွဲကစားရန် ကျန်နေသေးတဲ့အချိန်တွင် ဂိုးမပေးရတဲ့ပွဲ ၁၃ ပွဲပိုင်ဆိုင်ထားပါတယ်။

ဒါကြောင့်လည်း ရာယာအနေဖြင့် လက်ကျန်ပွဲများတွင် ဂိုးပေးလာရပြီး ဒွန်နာရူမာက လက်ကျန်ပွဲများတွင် ဂိုးမပေးလာရပါကလည်း ပရီးမီးယားလိဂ်ရွှေ့လက်အိတ်ဆုကို ပူးတွဲဆွတ်ခူးရန် သေချာလာတာလည်း ဖြစ်ပါတယ်။

ရာယာဟာ ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကို ၃ ကြိမ်ဆက် ဆွတ်ခူးနိုင်တဲ့ စတုတ္ထမြောက်ဂိုးသမားအဖြစ်လည်း သမိုင်းမှတ်တိုင်စိုက်ထူလာနိုင်ပါမယ်။

ရာယာမတိုင်မီ သုံးကြိမ်ဆက် ရွှေလက်အိတ်ဆု ဆွတ်ခူးနိုင်သူများအဖြစ် ပီပီရေနာ၊ ဂျိုးဟတ်နှင့် အီဒါဆင်တို့ ရပ်တည်ခဲ့ကြပါတယ်။

တဖက်တွင် ရာယာဟာ အာဆင်နယ်နှင့် ပရီးမီးယားလိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့အတွက် ဆက်တိုက် တိုက်ပွဲဝင်နေပြီး ရာသီသိမ်းချိန်တွင် တကိုယ်တော်ဆုတံဆိပ်သာမက အသင်းလိုက် ဆုဖလားလည်း ဆွတ်ခူးနိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်နေပါတယ်။

အမှတ်ပေးဇယားအား ၅ မှတ်ဖြတ်ကာ ဦးဆောင်ထားတဲ့ အာဆင်နယ်ဟာလည်း ပရီးမီးယားလိဂ်တွင် ပေးဂိုး ၂၆ ဂိုးဖြင့် ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။

image