တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးအောင်မြင်စွာပြီးစီး ဥပဒေ(၁)ခု၊ အဆို (၁)ခုနှင့် ကြယ်ပွင့်ပြမေးခွန်း(၈၈)ခုဆောင်ရွက်ခဲ့
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ယနေ့ သြဂုတ် ၂၀ ရက်တွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ကာ အစည်းအဝေးကာလအတွင်း ဥ ပဒေ(၁)ခုပြင်ဆင်ပြဋ္ဌာန်းခြင်း၊ အဆို(၁)ခုဆွေးနွေးအတည်ပြုခြင်းနှင့် ကြယ်ပွင့်ပြမေးခွန်း(၈၈)ခုတို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးနောက်ဆုံးနေ့ဖြစ်သော (ဆဋ္ဌမနေ့)တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၄)ဦးက ကြယ်ပွင့်ပြမေးခွန်း(၁၈)ခုကိုမေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအ ဝေးဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများအား လွှတ်တော်သို့ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ရပ်နားကြောင်းနှင့် တတိယအကြိမ် ရှမ်း ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပပြီးမြောက်ကြောင်းကြေညာခဲ့သည်။