#တရုတ်နိုင်ငံ #မြန်မာ #ပြည်ထောင်စုမြန်မ
လန်းမဲ့–မီးချောင်း (Lancang–Mekong) ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ၂၀၁၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးမွေးမြူရေးနှင့် သီးနှံသိုလှောင်ရေး စီမံကိန်း ၄၂ ခု အကောင်အထည်ဖော်ခဲ့ပြီး ၂၀၂၅ ဩဂုတ်တွင် စီမံကိန်းအသစ် ၁၄ ခု ထပ်မံလက်မှတ်ရေးထိုးခဲ့သည်။ ယူနန်နှင့် ကွမ်ရှီ (Guangxi) ပြည်နယ်တို့မှ စပါးမျိုး ၂ မျိုး၊ ပြောင်းမျိုး ၂ မျိုး မြန်မာစိုက်ပျိုးခွင့် ရရှိပြီးဖြစ်ကာ နယ်စပ်ဒေသ ကြံ၊ စပါး၊ ဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် တရုတ်စံနှုန်း (GAP) အတိုင်း စမ်းသပ်စိုက်ပျိုးမှုများ တိုးချဲ့နေသည်။
မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်ဘက်မှ သုတေသနဌာနများ ပူးပေါင်း၍ ရာသီဥတုဒဏ်ခံ စိုက်ပျိုးရေး (Climate-smart agriculture)၊ သီးနှံအရည်အသွေး စစ်ဆေးရေးနှင့် စိုက်ပျိုးရေးစံနှုန်း ချိတ်ဆက်ရေးကို နောက်ထပ်နှစ်များတွင် ဦးစားပေး ဆောင်ရွက်မည်ဟု သိရသည်။