မူဆယ်မြို့တွင်အခြေပြု၍ အွန်လိုင်းလိမ်လည်လောင်း ကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁)ဦးအပါအ ဝင် (၂၀)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင်အခြေပြုပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် (၂ဝ)ဦးကို သြဂုတ် ၂၃ ရက်ညနေ ၄ နာရီခွဲခန့်က လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ကောင်းမူးလွယ် နယ်မြေရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ် လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား (၁)ဦးနှင့် မြန်မာနိုင်ငံသား(၁၉)ဦးတို့အားလုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား စစ်ဆေးမှုများပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီထိရောက်စွာအရေး ယူသွားမည်ဖြစ်ပြီး သိမ်းဆည်းရမိခဲ့သည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။