UFC ချန်ပီယံ ချင်းလူမျိုး Joshua Van ၏ သမိုင်းဝင်ရွှေခါးပတ်ကာကွယ်ပွဲ ကျင်းပမည်၊ ဂျပန်ဖိုက်တာ တတ်ဆူရိုတိုင်ရာနှင့် ယှဉ်ပြိုင်ရမည်

မြန်မာပြည်ဖွား ပထမဆုံး UFC Flyweight ကမ္ဘာ့ချန်ပီယံ ဂျော့ရှုအာဗန် (Joshua Van) ၏ ပထမဆုံးအကြိမ် ရွှေခါးပတ်ကာကွယ်ပွဲကို လာမည့် မေလ (၁၀) ရက်နေ့တွင် ကျင်းပမည့် UFC-328 ပြိုင်ပွဲ၌ စိန်ခေါ်သူ ဂျပန်ဖိုက်တာ တတ်ဆူရိုတိုင်ရာ (Tatsuro Taira) နှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။
သမိုင်းမှတ်တမ်းသစ်နှင့် Joshua Van
ချင်းတိုင်းရင်းသား ဖိုက်တာ ဂျော့ရှုအာဗန်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် UFC Flyweight World Champion ဆုကို ဆွတ်ခူးခဲ့ပြီး မြန်မာနိုင်ငံအတွက် ပထမဆုံးသော UFC ကမ္ဘာ့ချန်ပီယံအဖြစ် သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သူဖြစ်သည်။ ၎င်းသည် အာရှတိုက်ရှိ (၄၈) နိုင်ငံအတွင်း ပထမဆုံးသော UFC ချန်ပီယံအဖြစ် စာရင်းဝင်ခဲ့ခြင်းကြောင့် တစ်ကမ္ဘာလုံးက စောင့်ကြည့်ရမည့် ထိပ်တန်းဖိုက်တာတစ်ဦး ဖြစ်လာခဲ့သည်။
စိန်ခေါ်သူနှင့် ပွဲစဉ်အခြေအနေ
ယခုပွဲစဉ်သည် Flyweight တန်း၏ အလားအလာအရှိဆုံး လူငယ်ကြယ်ပွင့်နှစ်ဦး ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး -
Joshua Van: မြန်မာ့အကျော်အမော် ချန်ပီယံ။
Tatsuro Taira: နည်းစနစ်ပိုင်း အလွန်ကျွမ်းကျင်သည့် ဂျပန်ထိပ်တန်းဖိုက်တာ။
နှစ်ဦးစလုံးမှာ MMA လောက၏ ထူးချွန်သော လူငယ်များဖြစ်ကြသဖြင့် ကမ္ဘာ့ MMA ပရိသတ်များအကြား အထူးရေပန်းစားနေသည့် ပွဲစဉ်တစ်ပွဲလည်း ဖြစ်သည်။
ပရိသတ်များ၏ မျှော်လင့်ချက်
Joshua Van အနေဖြင့် ၎င်း၏ ပထမဆုံး ခါးပတ်ကာကွယ်ပွဲတွင် မည်ကဲ့သို့သော Game Plan များဖြင့် ရင်ဆိုင်သွားမည်ဆိုသည်ကို ပရိသတ်များအကြား စိတ်ဝင်စားမှု မြင့်တက်နေသည်။ မြန်မာပရိသတ်များ၏ အချစ်တော် Joshua Van သည် ယခုပွဲစဉ်တွင် အနိုင်ရရှိခဲ့ပါက ၎င်း၏ ချန်ပီယံဂုဏ်ပုဒ်ကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး မြန်မာ့အားကစားလောကအတွက် ထပ်မံရရှိမည့် ဂုဏ်ယူစရာ အောင်မြင်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။

image

ညောင်ရွှေမြို့နယ်၌ အာဆီယံ AHA Centre အစီအစဉ်ဖြင့် လှူဒါန်းသည့် အသင့်တပ်ဆင်စာသင်ဆောင်များ ဆောက်လုပ်ပြီးစီး

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ငလျင်ဒ-ဏ်သင့်ခဲ့သည့် စာသင်ကျောင်းများတွင် အာဆီယံနိုင်ငံများက AHA Centre မှတစ်ဆင့် လှူဒါန်းထားသည့် အသင့်တပ်ဆင်စာသင်ဆောင် (Prefabricated Classrooms) များ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ပြီးစီးမှု အခြေအနေ ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရန်အတွက် အောက်ပါကျောင်းများတွင် အလျား ပေ ၉၀၊ အနံ ပေ ၃၀ ရှိ စာသင်ဆောင်များကို တည်ဆောက်ခဲ့သည် -
အ.ထ.က (ခွဲ) (အင်းတိန်ကုန်း)
ကျောင်းသား (၁၂၀) ဦးခန့် သင်ကြားနိုင်သည်။
အ.ထ.က (ခွဲ) (သန်းတောင်) အသင့်တပ်ဆင် စာသင်ဆောင် (၁) ဆောင်။
အ.မ.က (ရေဦးတောင်)အသင့်တပ်ဆင် စာသင်ဆောင် (၁) ဆောင်။
အဆိုပါ ဆောက်လုပ်ပြီးစီးမှုများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မေလ ၆ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
စီမံကိန်းနောက်ခံနှင့် အာဆီယံ-မြန်မာ ဆက်ဆံရေး
ယခုလှူဒါန်းမှုသည် အာဆီယံနိုင်ငံများ၏ စုပေါင်းအလှူငွေ အမေရိကန်ဒေါ်လာ (၁.၅) သန်းနီးပါးဖြင့် အကောင်အထည်ဖော်နေသည့် စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
AHA Centre ၏ အခန်းကဏ္ဍ
အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဗဟိုဌာန (AHA Centre) သည် မြန်မာနိုင်ငံနှင့် အာဆီယံအကြား လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းကူးတံတားတစ်ခုအဖြစ် ရပ်တည်နေသည်။
လွှမ်းခြုံမှု
ဤအစီအစဉ်ဖြင့် ငလျင်ဒ-ဏ်သင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသင့်တပ်ဆင်စာသင်ဆောင်ပေါင်း (၃၀) ကျော်ကို ဆောက်လုပ်လှူဒါန်းခဲ့ပြီးဖြစ်သည်။
ဆက်ဆံရေးအမြင်
အာဆီယံသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများအပေါ် သဘောထားကွဲလွဲမှုအချို့ ရှိနေသေးသော်လည်း "လူသားချင်းစာနာထောက်ထားမှု" ကဏ္ဍတွင်မူ မြန်မာပြည်သူများအတွက် တိုက်ရိုက်အကျိုးရှိမည့် အကူအညီများကို AHA Centre မှတစ်ဆင့် ဆက်လက်ပံ့ပိုးပေးနေခြင်းမှာ နှစ်ဖက်ဆက်ဆံရေး၏ အရေးပါသော အပြုသဘောဆောင်သည့် လက္ခဏာတစ်ရပ် ဖြစ်သည်။

image

မကွေးမြို့တွင်ဆိုင်ခန်းပေါင်း (၂၄၉) ခန်းပါဝင်သည့် "အောင်သစ်လွင်" ဈေးသစ်ဖွင့်လှစ်

မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်ရှိ ပြည်သူများနှင့် ပတ်ဝန်းကျင်ရပ်ကွက်နေသူများ သန့်ရှင်းသပ်ရပ်စွာ ဈေးဝယ်ယူနိုင်ရန်နှင့် ပျံကျဈေးသည်များ စနစ်တကျ ရောင်းချနိုင်ရန် ရည်ရွယ်၍ "အောင်သစ်လွင်" ဈေးသစ်ကို ယနေ့ (မေလ ၈ ရက်) နံနက်ပိုင်းက သစ်တောလမ်း၌ ခမ်းနားစွာ ဖွင့်လှစ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားနှင့် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်
အဆိုပါ ဈေးသစ်ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဝန်ကြီးချုပ်က တိုင်းအစိုးရအဖွဲ့အနေဖြင့် ပြည်သူ့အသံကို နားထောင်ကာ အခြေခံလိုအပ်ချက်များကို အစဉ်တစိုက် ဖော်ဆောင်ပေးလျက်ရှိကြောင်းနှင့် ယခုဈေးသစ်သည် ဒေသခံပြည်သူများအတွက် အဓိကကျသော အဆောက်အအုံတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဈေးတည်ဆောက်မှုနှင့် ပါဝင်သည့် အင်္ဂါရပ်များ
အလျားပေ ၇၂၀၊ အနံပေ ၁၀၀ ရှိသော မြေနေရာပေါ်တွင် တည်ဆောက်ထားသည့် ဤဈေးသစ်တွင် -
ဆိုင်ခန်းစုစုပေါင်း: ၂၄၉ ခန်း (ပုံမှန်ဆိုင်ခန်း ၁၅၃ ခန်း၊ သားငါးဆိုင်ခန်း ၁၂ ခန်းနှင့် ပျံကျဆိုင်ခန်း ၈၄ ခန်း)။
မီးဘေးအန္တရာယ်: မီးသတ်ကားများ လွယ်ကူစွာ ဝင်ထွက်နိုင်ရန် ကွန်ကရစ်လမ်းများ ခင်းကျင်းထားသည်။
ရေနှင့် မိလ္လာစနစ်: စက်ရေတွင်း၊ စင်မြင့်ရေစင်၊ ရေလှောင်ကန်များအပြင် ရေစီးရေလာ ကောင်းမွန်စေရန် Drain & Apron လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားသည်။
အများသုံးဝန်ဆောင်မှု: အများသုံးသန့်စင်ခန်းများကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထည့်သွင်း တည်ဆောက်ထားသည်ဟုသိရသည်။

image

အင်ဒိုနီးရှားနိုင်ငံ မြန်မာသံရုံးယာယီတာဝန်ခံ ဦးမန်ဟောက်ထန်မှ အင်ဒိုနီးရှား တရားသူကြီးချုပ် Dr. Sunarto, SH, MH နှင့်တွေ့ဆုံ

အင်ဒိုနီးရှားနိုင်ငံ၌ ပြစ်ဒ-ဏ်ကျခံနေသည့် မြန်မာနိုင်ငံသားများ အရေးနှင့် ပတ်သက်ပြီးဆွေးနွေး
အင်ဒိုနီးရှားဆိုင်ရာ မြန်မာသံအမတ်/သံရုံးယာယီတာဝန်ခံ ဦးမန်ဟောက်ထန်သည် အင်ဒိုနီးရှား တရားသူကြီးချုပ် Dr. Sunarto, SH, MH နှင့် ယနေ့တွင်အင်ဒိုနီးရှားနိုင်ငံတော်တရားသူကြီးချုပ်ရုံးခန်း၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာ၌ အင်ဒိုနီးရှားနိုင်ငံ၌ ပြစ်ဒဏ်ကျခံနေသည့် မြန်မာနိုင်ငံသားများ အရေးနှင့် ပတ်သက်၍ အင်ဒိုနီးရှားတရားစီရင်ရေးဆိုင်ရာယန္တရားမူဘောင်အတွင်း နှစ်နိုင်ငံအကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ၏ ‌ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
တရားသူကြီးချုပ် Dr. Sunarto, SH, MH က မြန်မာနိုင်ငံသားများအရေးကို သေချာစွာစဉ်းစား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာနှင့် အင်ဒိုနီးရှားနှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အလေးထားပါကြောင်းနှင့် ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

image

တက္ကသိုလ်များတွင် အပန်းဖြေရိပ်သာနှင့် အားကစားအဆောက်အအုံများ အဆင့်မြှင့်တင်တည်ဆောက်မည်

ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်များတွင် အပန်းဖြေရိပ်သာများနှင့် ဘွဲ့နှင်းသဘင်အဆောက်အအုံများ တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ မေလ ၂ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ သွားရောက်ကာ လျာထားသည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် အင်ဂျင်နီယာမှူးများက အဆောက်အအုံဆောက်လုပ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်ဝင်းအတွင်းရှိ ဘောလုံးကွင်း၊ အားကစားရုံနှင့် ကန်တင်းတို့ကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်တို့တွင်လည်း အပန်းဖြေရိပ်သာများ တည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပြီး တက္ကသိုလ်ဘောလုံးကွင်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် အားကစားကွင်းများ တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးက မေလ ၁ ရက်နေ့တွင် လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

image

စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများကို နည်းပညာဖြင့်စောင့်ကြည့်နေ၊ လူ‌ေ-သဆုံးမှုဖြစ်ပါက ရာသက်ပန်ထုတ်ပယ်မည်

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်မောင်းများအကြားစည်းကမ်းဖောက်ဖျက်မှုများပြားလာသည့်အတွက် နည်းပညာသုံးစောင့်ကြည့်စစ်ဆေးမှုများကို တင်းကြပ်စွာ လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံက သိရသည်။
YRTC အနေဖြင့် ယာဉ်မောင်းများ၏ မောင်းနှင်မှုပုံစံကို လူကိုယ်တိုင်လိုက်လံစစ်ဆေးခြင်းအပြင် Traffic Control Center မှတစ်ဆင့် ယာဉ်များ၏ မောင်းနှင်မှုအမြန်နှုန်းနှင့် တည်နေရာကို သိရှိနိုင်သော နည်းပညာမြင့် စက်ပစ္စည်းများ၊ လမ်းဆုံလမ်းခွများနှင့် ယာဉ်ပေါ်ရှိ CCTV မှတ်တမ်းများကို ကြည့်ရှုစစ်ဆေးခြင်း၊ ယာဉ်မောင်းများ မူးယစ်ဆေးသုံးစွဲခြင်း ရှိ၊ မရှိသက်သေခိုင်လုံစွာဖြင့် စစ်ဆေးကြပ်မတ်ခြင်းစသည့်စနစ်များဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။
စည်းကမ်းဖောက်ဖျက်သည့် မှတ်တမ်းများကို အပတ်စဉ် အင်္ဂါနေ့တိုင်း စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် စိစစ်ပြီးအရေးယူမှုများပြုလုပ်လျက်ရှိကြောင်း ဆိုသည်။
ထို့အပြင် လမ်းပြောင်းပြန်မောင်းခြင်း၊ မီးနီဖြတ်ခြင်း၊ သတ်မှတ်ကီလိုထက် ပိုမောင်းခြင်းကြောင့် ယာဉ်တို-က်မှုဖြစ်ပွားပြီး လူ‌ေ-သဆုံးပါက အဆိုပါ ယာဉ်မောင်းကို YRTC မှ ရာသက်ပန်ထုတ်ပယ် (Blacklist)သတ်မှတ်ကာ လက်တွဲဖြုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်းများ များပြားလာသောကြောင့် တစ်လလျှင် (၂) ကြိမ်နှုန်းဖြင့် အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်နေရကြောင်း YRTC ကအသိပေးထားသည်။
ယမန်နေ့ မေလ (၇) ရက်က ပြုလုပ်ခဲ့သည့် (၅/၂၀၂၆) သင် တန်းတွင် စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်း (၁၀၀) ဦးကို ခေါ်ယူပညာပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် နေ့စဉ် ခရီးသွားပြည်သူ (၁.၇) သန်းခန့်ကို ယာဉ်စီးရေ (၃၇၀၀) ကျော်ဖြင့် ပို့ဆောင်ပေးနေရပြီး ယာဉ်အန္တရာယ် ကင်းရှင်းရေးသည် အဓိက အရေးကြီးဆုံးဖြစ်သောကြောင့် ယခုကဲ့သို့ စောင့်ကြည့်အရေးယူမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

image

စစ်ကိုင်းမြို့ရှိ မန္တလေးငလျင်ကြီးဒ-ဏ်သင့်လေးကျွန်းမာန်အောင်စေတီတော်မြတ်ကြီးကို ပြန်လည်ပြုပြင်နေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် လေးကျွန်းမာန်အောင်စေတီတော်မြတ်ကြီးပြန်လည်ပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိသည်။
ထိုသို့ ပြန်လည်ပြုပြင်မွမ်းမံနေမှုများအား စစ်ကိုင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသက်ပုံက ယနေ့ မေ ၈ ရက်တွင်ကြည့်ရှုခဲ့ပြီး လိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ဧရာ၀တီမြစ်မြေထိန်းနံရံ တည်ဆောက်နေမှုကိုလည်းကြည့်ရှုခဲ့သည်။

image

မေလ ဒုတိယပတ်တွင် စားအုန်းဆီစျေးနှုန်းမြင့်တက်လာ ရန်ကုန်အထိုင်စျေးတစ်ပိဿာ(၇,၄၉၉)ကျပ်ဖြစ်

ယခု မေလ ဒုတိယပတ်တွင် စားအုန်းဆီစျေးနှုန်းအလနည်းငယ်မြင့်တက်လာကာ ယနေ့ မေ ၈ ရက်မှ မေ ၁၄ ရက်အထိ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းစျေးအရ ရန်ကုန်အထိုင်စျေးတစ်ပိဿာလျင်(၇,၄၉၉) ကျပ်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၁ ရက်မှ မေ ၇ ရက်အထိ စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးမှာတစ်ပိဿာလျင် ရန်ကုန်အထိုင်စျေး(၇,၃၈၀)ကျပ်ဖြစ်၍ တစ်ပိဿာလျင် (၁၁၉)ကျပ်မြင့်တက်လာခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီး ကြပ်ရေးကော်မတီက စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ ဈေးနှုန်းအတက်/အကျပေါ်မူတည်၍ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

ဥရောပအစိုးရများ WhatsApp နှင့် Signal အသုံးပြုမှုကို ရပ်ဆိုင်းမည်

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံအချို့သည် အစိုးရအတွင်း ဆက်သွယ်ပြောဆိုမှုများအတွက် ၎င်းတို့ကိုယ်ပိုင် Messaging App များသို့ ပြောင်းလဲအသုံးပြုနေကြသည်။ နိုင်ငံအသီးသီးမှ မြို့တော်များသည် ဝန်ကြီးများနှင့် အစိုးရဝန်ထမ်းများအကြား အရေးကြီးသော ဆက်သွယ်မှုများအတွက် အမေရိကန် နည်းပညာကုမ္ပဏီများအပေါ် မှီခိုနေရခြင်းကို မလိုလားတော့ပေ။
နေတိုး (NATO) အဖွဲ့သည်လည်း ယခုအခါ ကိုယ်ပိုင်ဆက်သွယ်ရေးစနစ် တစ်ခုရှိနေပြီဖြစ်ပြီး၊ ဥရောပကော်မရှင်ကလည်း ယခုနှစ်ကုန်ပိုင်းတွင် အလားတူ ပြောင်းလဲမှုမျိုး ပြုလုပ်ရန် ရည်မှန်းထားသည်။
Politico သတင်းဌာန၏ ဖော်ပြချက်အရ ပြင်သစ်၊ ဂျာမနီ၊ ပိုလန်၊ နယ်သာလန်၊ လူဇင်ဘတ်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့သည် WhatsApp နှင့် Signal အသုံးပြုမှုကို အဆင့်ဆင့်ရပ်ဆိုင်းရန် တက်ကြွစွာ စီစဉ်နေကြသည်။
ဘယ်လ်ဂျီယံနိုင်ငံက Belgian Secure Communications မှ ထုတ်လုပ်သည့် BEAM ကို အသုံးပြုမည်ဖြစ်ပြီး၊ ဂျာမနီကမူ Wire ကုမ္ပဏီမှ ထုတ်လုပ်သည့် Chat နည်းပညာကို အသုံးပြုမည်ဖြစ်ကာ အခြားနိုင်ငံများကလည်း Element ကုမ္ပဏီမှ နည်းပညာများကို လေ့လာနေကြသည်။
ပြင်သစ်နိုင်ငံသည် ဗီဒီယိုဖြင့် အစည်းအဝေးပြုလုပ်ခြင်းအတွက် အမေရိကန်ထုတ် Microsoft Teams နှင့် Zoom တို့ကို ၂၀၂၇ ခုနှစ်ကုန်တွင် ရပ်ဆိုင်းမည်ဖြစ်ပြီး၊ ၎င်းတို့ကိုယ်တိုင် ဖန်တီးထားသော Visio စနစ်သို့ ပြောင်းလဲမည်ဖြစ်သည်။ နယ်သာလန်နိုင်ငံသည်လည်း လက်ရှိတွင် အဆိုပါစနစ်ကို စမ်းသပ်လျက်ရှိသည်။
အမေရိကန် App များကို အသုံးပြုခြင်းမှ ဖယ်ခွာရန် ကြိုးပမ်းမှုသည် မကြာသေးမီ သီတင်းပတ်များအတွင်း ပိုမိုအရှိန်အဟုန် မြင့်တက်လာခဲ့သည်။
ယင်းအခြေအနေသည် ဆက်သွယ်ရေး App ပြောင်းလဲရုံသာမကဘဲ ဥရောပသည် အမေရိကန် နည်းပညာကုမ္ပဏီများအပေါ် မှီခိုခြင်းကင်းသည့် ကိုယ်ပိုင် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ ယန္တရားကြီးတစ်ခုလုံးကို တဖြည်းဖြည်း တည်ဆောက်နေခြင်းပင် ဖြစ်သည်။

image

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ရှိ မြန်မာနိုင်ငံသားများ ဘေးကင်းရာသို့ အချိန်မီရွှေ့ပြောင်းကြရန် မော်စကိုမြို့ရှိ မြန်မာသံရုံး အရေးပေါ်သတိပေး

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တွင် ရောက်ရှိနေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် လုံခြုံရေးအခြေအနေအရ ဘေးကင်းရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ရေးအတွက် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး (မော်စကိုမြို့) က ယနေ့ (မေလ ၈ ရက်) တွင် အရေးပေါ် အသိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။
အရေးပေါ်သတိပေးရခြင်း အကြောင်းရင်း
မေလ (၉) ရက်နေ့တွင် ကျရောက်မည့် ရုရှားနိုင်ငံ၏ Victory Day (စစ်နိုင်ခြင်းအထိမ်းအမှတ်နေ့) အခမ်းအနားကာလအတွင်း ယူကရိန်းနိုင်ငံဘက်မှ ရုရှားနိုင်ငံအား တိုက်ခိုက်ရန် ခြိမ်းခြောက်မှုများ ရှိနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ ခြိမ်းခြောက်မှုများအပေါ် ရုရှားဘက်မှလည်း ပြင်းထန်စွာ တန်ပြန်ဆောင်ရွက်သွားမည်ဟု သိရှိရသဖြင့် နှစ်ဖက်စစ်ရေးတင်းမာမှုများ မြင့်တက်လာနိုင်သည့် အခြေအနေရှိနေသည်။
မြန်မာနိုင်ငံသားများအတွက် ညွှန်ကြားချက်
ထို့ကြောင့် ကိယက်ဗ်မြို့ရှိ မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ ဘေးကင်းလုံခြုံရေးကို အထူးဂရုပြုရန်နှင့် ဖြစ်နိုင်ပါက ဘေးကင်းရာသို့ အချိန်မီ ထွက်ခွာနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် သံရုံးက တိုက်တွန်းထားသည်။
အကူအညီတောင်းခံရန် ဆက်သွယ်ရန် အခက်အခဲ တစ်စုံတစ်ရာ ရှိပါက သို့မဟုတ် အရေးပေါ် အကူအညီ လိုအပ်ပါက မော်စကိုမြို့ရှိ မြန်မာသံရုံး၏ အောက်ပါ Hot Line ဖုန်းနှင့် အီးမေးလ်တို့သို့ အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်

image