Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မင်းဘူးခရိုင်တွင် ဝါဧက ၄၃,၀၀၀ ကျော်ဖြင့် "ဝါ" အထူးဇုန် အကောင်အထည်ဖော်မည်၊ ချည်ချောအဆင့်အထိ ထုတ်လုပ်နိုင်ရေး ရည်မှန်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီတွင် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်အတွက် "ဝါ" အထူးဇုန် (Cotton Special Zone) တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စီမံကိန်းအသေးစိတ်
စိုက်ပျိုးမည့်ဧရိယာ
မင်းဘူးခရိုင်အတွင်းရှိ မြို့နယ် (၅) ခုတွင် ဝါသီးနှံမျိုးစုံ စုစုပေါင်း ၄၃,၂၇၉ ဧက စိုက်ပျိုးသွားမည်ဖြစ်သည်။
ရည်ရွယ်ချက်
ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဝါအရည်အသွေး ကောင်းမွန်ပြီး ချည်ချောအဆင့်အထိ ထုတ်လုပ်နိုင်ရေးနှင့် ဝါစိုက်ကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့နိုင်ရေးတို့အတွက် အထူးဇုန်အဖြစ် သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်သည်။
ပံ့ပိုးမှု
ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒေသခံတောင်သူများကို ဝါမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကာ စိုက်ပျိုးရေးဦးစီးဌာနမှလည်း နည်းပညာပိုင်းဆိုင်ရာများကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်သည်။
"ဝါ" သီးနှံ၏ စီးပွားရေးအလားအလာ
ဝါသီးနှံသည် မြန်မာနိုင်ငံ၏ စက်မှုကုန်ကြမ်းသီးနှံများအနက် အလားအလာအကောင်းဆုံး သီးနှံတစ်ခုဖြစ်ပြီး အောက်ပါအကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည် -
၁။ သွင်းကုန်အစားထိုးခြင်း
ပြည်တွင်းအထည်အလိပ်နှင့် ချည်မျှင်စက်ရုံများအတွက် လိုအပ်သော ကုန်ကြမ်းများကို ကိုယ်တိုင်ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပမှ ချည်ထည်နှင့် ကုန်ကြမ်းတင်သွင်းရမှုကို လျှော့ချနိုင်ကာ နိုင်ငံခြားငွေ သုံးစွဲမှုကို သက်သာစေပါသည်။
၂။ တန်ဖိုးမြှင့်ထုတ်ကုန်ကွင်းဆက်
ဝါသီးနှံသည် ဝါဂွမ်းရရှိရုံသာမက ဝါစေ့မှ စားသုံးဆီ (Cottonseed Oil) ထုတ်လုပ်နိုင်ခြင်း၊ ဝါစေ့ဖတ်ကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ခြင်းတို့ကြောင့် "ဘက်စုံသုံး" သီးနှံတစ်ခု ဖြစ်ပါသည်။
၃။ အလုပ်အကိုင် အခွင့်အလမ်း
စိုက်ပျိုးရေးမှသည် ဝါကြိတ်စက်ရုံများ၊ ချည်မျှင်နှင့် အထည်အလိပ်စက်ရုံများအထိ ကွင်းဆက်တစ်ခုလုံးတွင် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ပါသည်
မြန်မာနှင့် ထိုင်းနိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ကမ်းလွန်စီမံကိန်းသစ်များ ဆွေးနွေး
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန်နှင့် ကမ်းလွန်လုပ်ကွက်များတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးမှု၏ အဓိကအချက်များ
ယမန်နေ့က ပြုလုပ်သည့် တွေ့ဆုံပွဲတွင် အောက်ပါကိစ္စရပ်များကို အလေးထား ဆွေးနွေးခဲ့ကြသည် -
ရှာဖွေထုတ်လုပ်မှု မြှင့်တင်ရေး
မြန်မာ့ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်နိုင်ရန် တွင်းသစ်များ ဖြည့်စွက်တူးဖော်ရေးနှင့် နည်းပညာဆိုင်ရာ ဖြေရှင်းဆောင်ရွက်မှုများ။
အောင်သိင်္ခစီမံကိန်း (M3)
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရန် ရည်ရွယ်သည့် ကမ်းလွန်လုပ်ကွက် M3 (အောင်သိင်္ခစီမံကိန်း) ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ။
ရေနက်ကမ်းလွန် ရင်းနှီးမြှုပ်နှံမှု
မြန်မာ့ရေနက်ကမ်းလွန် စီမံကိန်းများတွင် PTTEP မှ ထပ်မံရင်းနှီးမြှုပ်နှံလိုသည့် အခြေအနေများ။
စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
မြန်မာ-ထိုင်း စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ထားမှုများ
မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် စွမ်းအင်ကဏ္ဍတွင် ဆယ်စုနှစ်ပေါင်းများစွာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန် မှီခိုအားထားနေကြသည့် မဟာဗျူဟာမြောက် မိတ်ဖက်များ ဖြစ်ကြသည် -
၁။ သဘာဝဓာတ်ငွေ့ ပို့လွှတ်မှု
မြန်မာနိုင်ငံ၏ ရတနာ၊ ဇောတိက နှင့် ရေတံခွန် ကမ်းလွန်စီမံကိန်းများမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ပိုက်လိုင်းများမှတစ်ဆင့် ထိုင်းနိုင်ငံသို့ နှစ်ရှည်စာချုပ်များဖြင့် တင်ပို့နေခြင်းသည် ထိုင်းနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်ရေးအတွက် အလွန်အရေးပါသော အရင်းအမြစ်တစ်ခု ဖြစ်သည်။
၂။ လျှပ်စစ်ဓာတ်အား အပြန်အလှန် ဝယ်ယူရေး
နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းများ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား အပြန်အလှန် ဝယ်ယူနိုင်ရေးအတွက် စီမံကိန်းများစွာကို ဆွေးနွေးလျက်ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ် အလားအလာများကို ပူးပေါင်းဖော်ဆောင်ပြီး ထိုင်းနိုင်ငံသို့ ပိုလျှံလျှပ်စစ် တင်ပို့နိုင်ရေးမှာ အဓိက ရည်မှန်းချက်တစ်ခု ဖြစ်သည်။
၃။ နည်းပညာနှင့် ကျွမ်းကျင်မှုဖလှယ်ခြင်း
PTTEP ကဲ့သို့သော ထိုင်းအစိုးရပိုင် စွမ်းအင်ကုမ္ပဏီများသည် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူများအဖြစ် ရပ်တည်နေပြီး၊ နည်းပညာပိုင်းဆိုင်ရာ သင်တန်းများနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်လည်း မြန်မာနိုင်ငံနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ဟန်တာဗိုင်းရပ်စ်အရေး ထိုင်းရောဂါစစ်ဆေးရေးဌာနများကို တင်းကြပ်ထား
အာဂျင်တီးနားနှင့် ကိတ်ဗာဒီအကြား သွားလာနေသော အပျော်စီးသင်္ဘောတစ်စီးပေါ်တွင် အသက်ေ-သဆုံးနိုင်ပြီး ကူးစက်တတ်သော ဟန်တာဗိုင်းရပ်စ် ကူးစက်မှုများနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗ္ဗလျူအိတ်ခ်ျအို) က သတိပေးချက်ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံရှိ နိုင်ငံတကာ ကူးစက်ရောဂါစစ်ဆေးရေးဂိတ်များတွင် စောင့်ကြည့်ရေးအစီအမံများကို ပိုမိုတင်းကျပ်ခဲ့သည်။
ထိုင်းနိုင်ငံတွင် ကူးစက်မှုတစ်စုံတရာ မတွေ့ရှိရသေးကြောင်းကို အလေးပေးပြောကြားသော်လည်း ခရီးသွားများကို စေ့စေ့စပ်စပ် စစ်ဆေးရန်နှင့် ဆိုက်ရောက်လာသော ယာဉ်များနှင့် သင်္ဘောများကို စောင့်ကြည့်ရန် နိုင်ငံတစ်ဝန်းရှိ စစ်ဆေးရေးဂိတ်အရာရှိများကို ရောဂါထိန်းချုပ်ရေးဌာနက ညွှန်ကြားထားကြောင်း ဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မွန်တီယန် ကနာဆာဝပ်က စနေနေ့တွင် ပြောကြားခဲ့သည်။
ေ-သဆုံးခဲ့သူ သုံးဦးအပါအဝင် သောကြာနေ့အထိ အပျော်စီးသင်္ဘောနှင့် ဆက်စပ်သော ဗိုင်းရပ်စ်ကူးစက်ခံရသူ ရှစ်ဦးရှိပြီဖြစ်ကြောင်း ဒဗ္ဗလျူအိတ်ခ်ျအို က အစီရင်ခံသည်။ ခြောက်ဦးကို ဟန်တာဗိုင်းရပ်စ်ကူးစက်မှုအဖြစ် ဓာတ်ခွဲခန်းအတည်ပြုချက်ရထားပြီး ၎င်းတို့အားလုံးသည် တောင်အမေရိကတွင် တွေ့ရှိခဲ့ပြီး အဓိကအားဖြင့် ပိုးကူးစက်ထားသော ကြွက်များနှင့် ထိတွေ့ခြင်းမှတဆင့် လူသားများထံ ကူးစက်သော အန်ဒီးစ်ဗိုင်းရပ်စ်(ANDV) ကူးစက်ခံရမှုအဖြစ် သတ်မှတ်ခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်ကို ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအန္တရာယ်ရှိနိုင်ခြေ အနိမ့်ဆုံးအဆင့်အဖြစ် ဒဗ္ဗလျူအိတ်ခ်ျအို က အကဲဖြတ်ထားပြီး ကူးစက်ရောဂါဗေဒဆိုင်ရာ အခြေအနေကို ဆက်လက်စောင့်ကြည့်၍ အန္တရာယ်အကဲဖြတ်ချက်ကို အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားမည်ဖြစ်သည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် စာသင်ကျော င်းကို ကျောင်းဖွင့်ချိန်အမီ ပြုပြင်နိုင်ရေး ဆောင်ရွက်မည်
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ကာ မပြုပြင်နိုင်သေးသည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကို ကျောင်းဖွင့်ချိန်အမီ ပြုပြင်နိုင်ရေး ဆောင်ရွက်မည်ဟု သိရသည်။
ယင်းကျောင်းခွဲရှိရာကို စစ်ကိုင်းမြို့ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးသက်ပုံက သွားရောက်ခဲ့ပြီး ကျောင်းဖွင့်ရာသီအမှီ ပြုပြင်ဆောင်ရွက်နိုင်ရေး လု ပ်ငန်းများလုပ်ဆောင်နိုင်ရန် ဆောင်ရွက်ပေးခဲ့သည်ဟုလည်း သိရသည်။
ဝါးချက်ကျေးရွာသည် စစ်ကိုင်း- မင်းကွန်းသွားရာ လမ်းမကြီးပေါ်၌ တည်ရှိသော ကျေးရွာတရွာလည်း ဖြစ်သည်။ See less
ရွှေလင်ဗန်းစက်မှုဇုန်၌ ဘေးတွဲဆိုင်ကယ်ကိုရှောင်သည့်ကားက လျှပ်စစ်ဓာတ်တိုင်(၂)တိုင်ကိုဝင်တိုက်မိ၍ ဓာတ်တိုင်(၂)တိုင်ကျိုးကျ အစားထိုးလဲလှယ်နိုင်ရန်ဆောင်ရွက်နေ
ရန်ကုန်တိုင်းရှိ ရွှေလင်ဗန်းစက်မှုဇုန်၌ ဘေးတွဲဆိုင်ကယ်ကိုရှောင်သည့်ကားက လျှပ်စစ်ဓာတ်တိုင်(၂)တိုင်ကိုဝင်တိုက်မိ၍ ဓာတ်တိုင်(၂)တိုင်ကျိုးကျခဲ့မှု ယနေ့ မေ ၉ ရက်နေ့လည် ၃ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ထံမှ သိရသည်။
ဘေးတွဲဆိုင်ကယ်အားတိမ်းရှောင်သည့် KIA BONGO III PICKUP ကားက ရွှေလင်ပန်းစက်မှုဇုန်၊ ကနောင်မင်း သားကြီးလမ်းရှိ 33kV ကနောင်-ဇုန်(၇)နှင့် 33kV ကနောင်-FMI Double Circuit Line ၏ 12M (H) Pole လျှပ်စစ်ကွန်ကရစ်ဓာတ်တိုင်(၂)တိုင်အားဝင်တိုက်မိသဖြင့် ယင်း လျှပ်စစ်ဓာတ်တိုင်(၂)တိုင်လုံးကျိုးကာ လျှပ် စစ်ဓာတ်အားပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဓာတ်အားပြတ်တောက်မှုဧရိယာလျော့နည်းစေရန် လိုင်း section ဖြတ်၍ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)ဘက်သို့ ပုံမှန်အတိုင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားကာပျက်စီးသွားသော လျှပ်စစ်ဓာတ်တိုင် (၂)တိုင်အားအစားထိုးလဲလှယ်ရန် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများကဆောင်ရွက်လျှက်ရှိပါကြောင်း သိရသည်။
လက်ရှိအချိန်၌ ယာဉ်တိုက်မှု့ကြောင့် ရွှေလင်ပန်းစက်မှုဇုန်ရှိ အချို့နေရာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်လျှက်ရှိသည်ဟု YESC ကအသိပေးထားကြောင်း သိရသည်
G-2 မှ G-12 အထိ ကျောင်းသား၊ ကျောင်းသူများကို ကျောပိုးအိတ်အလုံး(၅၀၀)လှူဒါန်းမည်
လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်တက်ရောက်ပညာသင်ကြားမည့် G-2 မှ G-12 အထိ ကျောင်းသား၊ ကျောင်းသူများကို ကျောပိုးအိတ်အလုံး(၅၀၀)ကို "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မေ ၃၀ ရက်(နယုန်လပြည့်နေ့)တွင်လှူဒါန်းပေးသွားမည်ဖြစ် ကြောင်း သိရသည်။
" ကျောင်းသားမိဘတွေအနေနဲ့ ကလေးတွေအတွက် ကျောပိုးအိတ်ဝယ်ရင်ကုန်ကျမယ့်ငွေကြေးတွေကို တစ်ခြားလိုအပ်တဲ့နေရာတွေမှာအသုံးပြုလို့ရအောင် အခုလို ကျောင်းသားတွေအတွက် ကျောပိုးအိတ်အလုံး (၅၀၀)လှူဒါန်းပေးဖို့စီစဥ်တာပါ။ နှစ်တိုင်းကျောင်းဖွင့်ချိန်ရောက်ခါနီးရင်အခုလိုလှူဖြစ်တာက အာဟာရဒါနစကျွေးတဲ့အချိန်ထဲကပါဘဲ (၅)ကြိမ်ရှိပါပြီ"ဟု ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၏ပဲ့ကိုင်ရှင်ဦးစိုးလှမြင့်က ပြော သည်။
ကျောပိုးအိတ်အလှူခံမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မေ ၂၃ ရက်မှ မေ ၂၇ ရက်အထိ နံနက် စာအာဟာရဒါနအလှူအပြီး နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်းနှင့် ညနေစာအာဟာရဒါနမလှူခင် နေ့လည် ၃ နာရီခွဲမှ ညနေ ၅ နာရီအတွင်း ကျောပိုးအိတ်အလှူခံရန် အမည်စာရင်းပေးပြီး တုံကင်ယူရမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ ကျောပိုးအိတ်များကို မေ ၃၀ ရက်(နယုန်လပြည့်နေ့)ညနေ ၄ နာရီမှ ညနေ ၅ နာရီအတွင်း ညနေစာအာဟာရဒါနအလှူမစတင်မီအချိန်တွင်လှူဒါန်းပေးသွားမည်ဖြစ်ရာ အလှူခံမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းဝတ်စုံဖြင့်အလှူခံရယူရမည်ဖြစ် ကြောင်း သိရသည်။
လပွတ္တာမြို့နယ်အတွင်း ကုန်စည်စီးဆင်းမှုမြန်ဆန်စေမည့် " ရွေးနဒီ"ရေပေါ်စျေးဆိပ်ခံတံတားဖွင့်လှစ်
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင် ကုန်စည်စီးဆင်းမှုမြန်ဆန်စေမည့် "ရွေးနဒီ"ရေပေါ်စျေးဆိပ်ခံတံ တားကို လပွတ္တာမြို့၊ အမှတ်(၆)ရပ်ကွက်၌ ယနေ့ မေ ၉ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ တံတားအား လပွတ္တာမြို့နယ်ရှိ စားသုံးဆီလုပ်ငန်းရှင်(၂၄)ဦးကမတည်၍ ဈေးသူဈေးသားများ၊ အလှူရှင်များမှစုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ကာ အလျား(၉၅) ပေ၊ အနံ(၃၅)ပေရှိပြီး မြို့၏အချက်အချာကျသောနေရာတွင်တည်ရှိသည်။
ထို့ကြောင့် လပွတ္တာမြို့နယ်ရှိ ကျေးရွာများမှ လိုင်းသင်္ဘောများဆိုက်ကပ်ခြင်းဖြင့် ကုန်စည်စီးဆင်းမှုပိုမိုမြန် ဆန်ခြင်း၊ ဒေသခံများအတွက်သွားလာရေးအဆင်ပြေစေခြင်းအကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။
ဥသျှစ်ပင်မြို့တွင် စလက်အမိုးဝရံတာပြိုကျ၍ အမျိုး သမီး(၁)ဦးပိမိသေဆုံး
ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့တွင် ယနေ့ မေ ၉ ရက်နံနက် ၁၁ နာရီခန့်က နှစ်ထပ်နေအိမ်တစ်လုံး၏ စလက်အမိုးဝရံတာပြိုကျမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်၊ အမှတ်(၆)၊ ရွာပုလဲကျေးရွာရှိ အုပ်ညှပ်(၂)ထပ်နေအိမ်တစ်လုံး၏ စလက်အမိုးဝရံတာပြိုကျ၍ အမျိုးသမီး(၁)ဦးစလက်ပြားပိမိနေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသော်လည်း အမျိုးသမီးမှာသေဆုံးသွားသဖြင့် အေးသုခပရဟိတအသင်းမှ ဥသျှစ်ပင်တိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။