အင်ဖန်တီနိုရဲ့ အငြင်းပွားဖွယ် ရှယ်ယာအစီအစဉ်ကို အီတူး ထောက်ခံ
နာမည်ကျော်တိုက်စစ်မှူးဟောင်း အီတူးက FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုရဲ့ အငြင်းပွားဖွယ်ရှယ်ယာအစီအစဉ်ကို ထောက်ခံအားပေးခဲ့ပါတယ်။
၎င်းက ကမ္ဘာ့ဖလားအပါအဝင် မေဂျာပြိုင်ပွဲတွေရဲ့ ရှယ်ယာကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေ ရောင်းချမယ့်အစီအစဉ်ဟာ မှားယွင်းတယ်လို့ မယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
အင်ဖန်တီနိုဟာ ရှယ်ယာရောင်းချမယ့် အဆိုပြုချက် ပျက်ပြယ်ပြီးနောက် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း ရာထူးကနုတ်ထွက်ဖို့ ကြီးမားစွာ ဖိအားပေးခံခဲ့ရတာပါ။
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)၊ ကွန်ကာကပ်ဖ်ဘောလုံးအဖွဲ့ချုပ်(CONCACAF)၊ အာရှဘောလုံးအဖွဲ့ချုပ်(AFC)တို့ဟာ အင်ဖန်တီနိုအပေါ် အယုံအကြည်မရှိအဆို တင်သွင်းပြီး မဲခွဲဆုံးဖြတ်ဖို့ စဉ်းစားနေပါတယ်။
အီတူးဟာ အာဖရိကဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး လက်ရှိ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တာဝန်ယူထားပါတယ်။
၎င်းက ဝေဖန်တိုက်ခိုက်မှုတွေဟာ သင့်လျော်မှုမရှိကြောင်းလည်း မှတ်ချက်ပြုခဲ့ပါတယ်။