အနောက်က တကောက်ကောက်
လိုက်နေမှ အချစ်မဟုတ်ပါဘူး
အဝေးကြီး ပြေးထွက်ပေးရဲတာလည်း အချစ်ပါပဲ။
#ဆန်းကျော်စွာဝင်း
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အနောက်က တကောက်ကောက်
လိုက်နေမှ အချစ်မဟုတ်ပါဘူး
အဝေးကြီး ပြေးထွက်ပေးရဲတာလည်း အချစ်ပါပဲ။
#ဆန်းကျော်စွာဝင်း
လွန်ခဲ့တဲ့ ၁၇ နှစ်က ဒီလိုနေ့မျိုးမှာ ဘာကာနဲ့ ယူနိုက်တက်တို့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲကစားခဲ့ပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ခဲ့ကာ အဲဒီအချိန်ကစလို့ သူတို့က ဆယ်စုနှစ်တခုကျော်ကြာ မဟာပြိုင်ဘက်တွေအဖြစ် ရှိလာခဲ့ပါတော့တယ်။ ဘောလုံးလောကကို နှစ်ဦးစလုံးက ခါးစောင်းတင်ခဲ့ပြီး အောင်မြင်မှုချင်းပြိုင်ဆိုင်ခဲ့ကြတာပါ။
အသင်းလိုက်အောင်မြင်မှု၊ တဦးချင်းအောင်မြင်မှုတွေမှာ သူတို့နှစ်ယောက်က အကြီးအကျယ်ကို အားပြိုင်ခဲ့ကြတာပါ။ လာလီဂါကို ရော်နယ်ဒိုရောက်သွားချိန်မှာတော့ ပိုပြင်းထန်ခဲ့ပြီး ပြိုင်ဘက်တွေအဖြစ် သူတို့ အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပါတော့တယ်။ နှစ်ဖက်ပရိသတ်တွေကြား စကားနိုင်လုပွဲတွေကလည်း အတောမသတ်နိုင်အောင်ပါပဲ။
သူတို့က ရန်သူတွေမဖြစ်ခဲ့ပေမယ့် မိတ်ဆွေတွေလည်း မဟုတ်ခဲ့ပါဘူး။ တဦးနဲ့တဦး မျက်နှာမပျက်ရလေအောင်သာ ထိန်းခဲ့ပြီး ကိုယ်စီအားပြိုင်ချင်စိတ်တွေလည်း ရှိခဲ့မှာ အမှန်ပါ။ ဒဲ့ထုတ်မပြောတာပဲ ရှိပါတယ်။ ဘောလုံးလောကကို အကောင်းဆုံးဖျော်ဖြေပေးခဲ့တဲ့ ဂုတ်ကြီးနှစ်ဦးရဲ့ ပထမဆုံးတွေ့ဆုံမှုဟာ ဒီနေ့ဆို ၁၇ နှစ် ပြည့်ခဲ့ပါပြီ။
#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မန္တလေးမှ မူဆယ်သို့ ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ရန် ဆွေးနွေး
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နှစ်ဖက်ဆွေးနွေးမှုများပြုလုပ်နေပြီး မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နေကြောင်းသိရသည်။
တိုက်ပွဲများကြောင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ခဲ့ရပြီး လက်ရှိတွင် တရုတ်သို့ပို့ကုန်များကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှတစ်ဆင့် တင်ပို့နေရလျက်ရှိသည်။
လက်ရှိတွင် မူဆယ်ဒေသခံများ အဆင်ပြေစေရန် ဆင်ဖြူဂိတ်ကို ကုန်များ တစ်နိုင်တစ်ပိုင်သယ်ရန် ဆိုင်ကယ်နှင့် စက်ဘီးများအတွက် ဖွင့်ပေးထားပြီး နန်းတော်ဂိတ်ကို လူအဝင်အထွက်အတွက် ဖွင့်ပေးထားကြောင်း သိရသည်။
အိမ်ကလေးကနေ
ကိုယ်ထွက်လာပြီးထဲက
ကိုယ်ဟာသူစိမ်း။
ကိုယ်ကျင်လည်ခဲ့တဲ့ပတ်ဝန်ကျင်းကလူတွေက
ကိုယ့်ကိုမသိ၊
ကိုယ်ကလဲသူတို့ကိုမသိနဲ့
သူတို့အမြင်မှာတော့ ကိုယ်ဟာလူစိမ်းပေါ့လေ။
အပေါင်းအဖော်တွေလဲမရှိသလောက်ပါပဲ
တကွဲတပြားနဲ့ နေရာအသီးသီးကျသွားကြပြီ။
အရင်လို
ဆိုးပေတေစရာ နေ့ရက်တွေမှာလဲ
ကိုယ်ဟာကိုယ်နဲ့သာ အဖော်ပေါ့။
သွားနေကျ လမ်းတွေပါပဲ
မျက်နှာတွေကအသစ်တွေ
ဒီတစ်ခေါက် အိမ်ပြန်ရောက်ရင်
ကိုယ့်ကိုကိုယ် အရင်ဆုံးပြန်ရှာရမယ်။
#ငြိမ်းကို
“ကျွန်တော့်ကို ထုတ်ပယ်လိုက်တာနဲ့ ပတ်သက်ပြီးတော့ စပါးအသင်းကို မှားယွင်းကြောင်းပြသမယ့် နည်းပြတစ်ယောက် မဟုတ်ပါဘူးဗျာ။ စပါးအသင်းကို ကျွန်တော်က ရိုးရိုးသားသားနဲ့ပဲ ကိုင်တွယ် ခဲ့တာပါ။
တကယ့်ကို နွေးထွေးမှုအပြည့်ရှိတဲ့ ကလပ်အသင်းကြီးတစ်သင်းပါ။ အခုအချိန်မှာတော့ အရာအားလုံး အဆင်ပြေပါစေလို့ပဲ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။”
-နူနိုဆန်းတို့စ်
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ကျောင်းသားဗီဇာ ခွင့်ပြုထားသည့် သက်တမ်းကို ပြန်လည် သတ်မှတ်ရန် ထိုင်းစီစဉ်
ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာဖြင့် နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်ကိုင်ခြင်းကိုတားဆီးနိုင်ရန်အတွက် ရည်ရွယ်ပြီး သင်တန်းကာလအပေါ် ကျောင်းသားဗီဇာ မူတည်ကာ ခွင့်ပြုထားသည့် သက်တမ်းများကို ပြန်လည်ပြင်ဆင်သတ်မှတ်ရန် စီစဉ်နေ ကြောင်း သိရသည်။
အဆိုပါ ကျောင်းသားဗီဇာခွင့်ပြုထားသည့် သက်တမ်းများကို ပြန်လည် ပြင်ဆင်သတ်မှတ်ရန်စီစဉ်နေခြင်းကို ထိုင်းနိုင်ငံ အဆင့်မြင့်ပညာ၊ သိပ္ပံ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန (MHESI)နှင့်လူဝင်မှုကြီးကြပ်ရေးဌာနတို့ ပူးပေါင်းပြီး လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ThaiEnquirer သတင်းဌာနက ဧပြီ ၂၄ ရက်တွင် ရေးသားဖော်ပြထားသည်။
နိုင်ငံတကာမှလာရောက်သည့် ကျောင်းသားများသည် ထိုင်းလူဝင်မှု ကြီးကြပ်ရေးဥပဒေအရတစ်ကြိမ်လျှင် ရက်ပေါင်း ၉ဝ အထိသာ ဗီဇာရရှိခြင်းဖြစ်ပြီး ကျောင်းသားများတက်ရောက်သည့် သင်တန်းအပေါ်မူတည်၍ စုစုပေါင်း တစ်နှစ်ထက်မပိုသောကာလအထိ နေထိုင်ခွင့်ကိုထိုင်းအစိုးရက ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
စည်းကမ်းသတ်မှတ်ချက်အသစ်တွင် တက္ကသိုလ်များသည် လူဝင်မှု ကြီးကြပ်ရေးဌာနသို့သတင်းအချက်အလက်များ မပေးပို့မီ MHESI က ဦးစွာ အကဲဖြတ်ရန်နှင့်ကျောင်းများတွင် ဖွင့်လှစ်သည့် သင်တန်းကာလနှင့် သင်ယူမှုပုံစံအပါအဝင် အသေးစိတ်အချက်အလက်များကို တင်ပြရမည်ဖြစ်သည်။ ထို့ပြင် ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်အကိုင်များ စောင့်ကြည့်ကာကွယ်ရန် အတွက် ကျောင်းသားဗီဇာအချက်အလက်များကိုလည်း ပေးပို့ရန် MHESI က အဆိုပြုထားသည်။
လက်ရှိဆောင်ရွက်နေသည့်ကိစ္စနှင့် ပတ်သက်ပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက မူအားဖြင့် သဘောတူထားပြီး သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တစ်ရပ် သတ်မှတ်ရန်အတွက် နားလည်မှုစာချွန်လွှာကို မကြာမီကာလအတွင်း လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
Source; Thai Enquirer