မုဒုံမြို့နယ်၌ စက်မှုဇုန်မြေနေရာဖော်ထုတ်ရန် ရင်းနှီး မြှုပ်နှံမှုများဖိတ်ခေါ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာအုပ်စု၊ ခပ်ရခပ်ယူထိုင်တော်မူဘုရားကြီးနောက်ကျောဘက်ရှိ မြေဧက(၃၆၈ ဒသမ ၂၇)ပေါ်တွင် စက်မှုဇုန်မြေနေရာဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖော်ထုတ်ရာ၌ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်ရန် စိတ်ပါဝင်စားသည့်မြန်မာနိုင်ငံသားလုပ်ငန်းရှင်ကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာတင်သွင်းနိုင်ကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

အဆိုပြုလျှောက်လွှာများအား မတ် ၁၃ ရက်မှ မတ် ၂၅ ရက်အထိ တစ်စောင်လျင်(၅၀,၀၀၀)ကျပ်ဖြင့် ရုံးချိန်အတွင်း၌ ရောင်းချပေးသွားမည်ဖြစ်ကာ အဆိုပြုလျှောက်လွှာများကို ပြည်နယ်စည်ပင်ရုံးသို့ မတ် ၂၆ ရက်ညနေ ၄ နာရီခွဲနောက်ဆုံးထားကာတင်သွင်းရမည်ဖြစ်ပြီး အဆိုပြုလွှာဖွင့်လှစ်မည့်ရက်ကို ထပ်မံအကြောင်းကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပြုလျှောက်လွှာဝယ်ယူရာတွင် ယှဉ်ပြိုင်သည့်ကုမ္ပဏီသာသိစေအပ်သော အသေးစိတ်အချက်အလက်များကို အခြားလူပုဂ္ဂိုလ်(သို့)အဖွဲ့အစည်းသို့ထုတ်ဖော်ပြောဆိုခြင်းမပြုပါကြောင်း သဘောတူညီချက်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

image

ကန်နှင့် တရုတ် စီးပွားရေးအရာရှိကြီးများ ပါရီတွင် တွေ့မည်


အမေရိကနှင့် တရုတ် ထိပ်တန်းစီးပွားရေးအရာရှိများသည် ၎င်းတို့၏ ကုန်သွယ်ရေးယာယီပြေငြိမ်းမှုတွင် ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းရန်နှင့် မတ်လကုန်တွင် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ပေကျင်းခရီးစဉ်လမ်းကြောင်း အဆင်ပြေချောမွေ့စေရေးဆောင်ရွက်ရန် တနင်္ဂနွေနေ့တွင် ပါရီ၌ ဆွေးနွေးပွဲအသစ်တစ်ခု စတင်ရန် စီစဉ်ထားသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်နှင့် တရုတ် ဒုတိယဝန်ကြီးချုပ် ဟေလီဖန်တို့ ဦးဆောင်သော ဆွေးနွေးပွဲများသည် အမေရိကန်အခွန်ပြောင်းလဲခြင်း၊ တရုတ်ထုတ် မြေရှားသတ္ထု့များနှင့် သံလိုက်များ အမေရိကန်ဝယ်လက်များထံ စီးဆင်းရေး၊ အမေရိက၏ အဆင့်မြင့်နည်းပညာပို့ကုန်ထိန်းချုပ်မှုများနှင့် အမေရိကန်စိုက်ပျိုးရေးထုတ်ကုန်များကို တရုတ်ဝယ်ယူရေးတို့ကို အဓိကထားမည်ဟု မျှော်လင့်ရသည်။

နှစ်ဖက်စလုံးသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း၏ ပါရီဌာနချုပ်တွင် တွေ့ဆုံကြမည်ဖြစ်ကြောင်း ၎င်းတို့၏ အစီအစဉ်ကို သိရှိသော သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ချမ်းသာကြွယ်ဝသော ဒီမိုကရေစီနိုင်ငံ ၃၈ နိုင်ငံ၏ အဖွဲ့ဝင်မဟုတ်ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအဖြစ် ၎င်းကိုယ်တိုင်သတ်မှတ်သည်။

ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနှစ်နိုင်ငံအကြား ကုန်သွယ်ရေးပြိုလဲလုနီးပါး ခြိမ်းခြောက်မှုဖြစ်စေခဲ့သော တင်းမာမှုများကို လျှော့ချရန် ရည်ရွယ်သည့် ဆွေးနွေးပွဲများတွင် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဂျာမီဆွန် ဂါရီယာလည်း ပါဝင်မည်ဖြစ်သည်။

အမေရိက-တရုတ် ကုန်သွယ်ရေးလေ့လာသုံးသပ်သူများကမူ ပြင်ဆင်ရန် အချိန်အနည်းငယ်သာရှိမှုနှင့် ဝါရှင်တန်သည် အမေရိက-အီရန်စစ်ပွဲအပေါ် အာရုံစိုက်နေရမှုကြောင့် ပါရီ သို့မဟုတ် ပေကျင်းထိပ်သီးအစည်းအဝေးတွင် အဓိကကုန်သွယ်ရေးတိုးတက်မှုအတွက် အလားအလာမှာ အကန့်အသတ်ရှိသည်ဟု သုံးသပ်ခဲ့ကြသည်။

Ref: စီအင်န်အေ

image

CNG သုံး Taxi များ ငှားရမ်းခတိုးမြှင့်တောင်းခံပါက CNG သုံးစွဲခွင့်စာရင်းမှ ပယ်ဖျက်မည်

CNG အသုံးပြုနေသည့် မော်တော်ယာဉ်များတွင် Metering စနစ်တပ်ဆင်မည်

စက်သုံးဆီအခက်အခဲဖြစ်ပေါ်နေချိန်၌ CNG သုံး Taxi များ ငှားရမ်းခတိုးမြှင့်တောင်းခံ၍ တိုင်ကြားခံရပြီး စိစစ်သိရှိပါက CNG သုံးစွဲခွင့်စာရင်းမှပယ်ဖျက်မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်၏ ပြောကြားချက်အရ သိရသည်။

၎င်းမှ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အ ဆင်ပြေချောမွေ့စေရေးအတွက် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)အရောင်းဆိုင်များမှ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့များ ရောင်းချပေးလျက်ရှိရာ ပြည်သူများ အမှန်တကယ်အကျိုးခံစားခွင့်ရရှိစေရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာနသည် အများပြည်သူသယ်ယူပို့ ဆောင်ရေးကဏ္ဍအတွက်အရေးပါသည့် YBS ယာဉ်များနှင့် Taxi ယာဉ်များသို့ သဘာဝဓာတ်ငွေ့(CNG) များကို မပြောင်းလဲသောဈေးနှုန်းဖြစ်သည့် (၁)ကီလိုဂ ရမ်လျှင် (၂၇၃ ကျပ် ၂၅ ပြား)နှုန်းဖြင့် ၂၀၀၇ ခုနှစ်မှစ၍ရောင်းချပေးနေသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ယင်းဈေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့်သက်သာကာ စက်စွမ်းအားတူညီသည့် မော်တော်ယာဉ်များတွင် ဓာတ်ဆီ၊ ဒီဇယ်နှင့် CNG တို့အား တူညီခရီးအကွာအဝေးအတွက် လောင် စာဆီကုန်ကျစရိတ်နှိုင်းယှဉ်ပါက CNG သည် သုံးပုံတစ်ပုံခန့်သာကုန်ကျမည်ဖြစ်ပြီး CNG သုံး Taxi ယာဉ်များအနေဖြင့် နိုင်ငံတော်မှ စိုက်ထုတ်ပေးထားသည့် အ ခွင့်အရေးကို ပြည်သူများခံစားခွင့်ရရှိစေရန် ပူးပေါင်းဆောင်ရွက်ကြစေလိုသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

" CNG သုံး Taxi တွေစီးနင်းကြတဲ့ ပြည်သူတွေအနေနဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းကြီးမြင့်တာကို အခွင့်အရေးယူပြီး ငှားရမ်းခတိုးမြှင့်တောင်းခံတာတွေကြုံတွေ့ရလို့ တိုင်ကြားလာရင် CNG သုံးစွဲခွင့်စာရင်းကပယ်ဖျက်၍ သုံးစွဲခွင့်တောင်းခံထားတဲ့ တခြားမော်တော်ယာဉ်တွေကိုခွင့်ပြုပေးသွားမှာပါ"ဟု ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောကြားခဲ့သည်။

YBS ယာဉ်များအနေဖြင့် အများပြည်သူသယ်ယူပို့ ဆောင်ရေးအတွက်ခွင့်ပြုထားသည့် လမ်းကြောင်းများအတွင်း၌သာမောင်းနှင်ဝန်ဆောင်မှုပေးရမည်ဖြစ်ပြီး မကြာမီအချိန်အတွင်း၌ CNG အသုံးပြုနေသည့် မော် တော်ယာဉ်များတွင် Metering စနစ်တပ်ဆင်ခြင်း၊ နည်းပညာအသုံးပြု၍ ထိန်းချုပ်ဖြန့်ဖြူးခြင်းတို့ကိုဆောင်ရွက်သွားမည်ဖြစ်ကာ CNG သုံးယာဉ်များနှင့်ပတ်သက်၍ အများပြည်သူအနေဖြင့် ကျေနပ်မှုမရှိပါကတိုင်ကြားနိုင်ကြောင်း သိရသည်။

image

တတိယအကြိမ် လွှတ်တော် ယနေ့စတင်နေ

တပ်မတော်သားကိုယ်စားလှယ်များ လွှတ်တော်တက်လာသည့်မြင်ကွင်း

ယနေ့ မတ်လ (၁၆) ရက် နံနက်ပိုင်းတွင် နေပြည်တော်တွင် တတိယအကြိမ် လွှတ်တော် စတင်ကျင်းပနေပြီဖြစ်သည်။

အဆိုပါ လွှတ်တော်စတင်ကျင်းပရာ လွှတ်တော်အဆောက်အအုံသို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များရောက်ရှိနေရာယူလျက်ရှိပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များလည်း ရောက်ရှိ‌နေရာယူနေကြပြီဖြစ်သည်။

image

တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး စတင်၊ သဘာပတိအဖြစ် ဒေါက်တာနန္ဒကျော်စွာက တာဝန်ယူပြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ ရွေးချယ်မည်

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ (၁၆) ရက်၊ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံ၌ စတင်ကျင်းပနေပြီဖြစ်သည်။

‌‎တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမနေ့တွင် သဘာပတိအဖြစ် ဒေါက်တာနန္ဒကျော်စွာက တာဝန်ယူမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌတို့ကို ရွေးချယ်တင်မြှောက်ကာ သဘာပတိက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကို တာဝန်လွှဲအပ်ကာပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားသွားမည်ဖြစ်သည်။

‎တတိယအကြိမ် ပြည်သူ့လွှတ်တော်မှာတော့ ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် (၂၆၃) ယောက်နှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အယောက် (၁၁၀) စုစုပေါင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၃၇၃) ယောက် ရှိမည်ဖြစ်သည်။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၂၆၃)နေရာတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၂၃၁) ယောက်နှင့် ကိုယ်စားလှယ်အရေအတွက် အများဆုံးရွေးကောက်တင်မြှောက်ခံထားရပြီး ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က (၇) ယောက်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီနှင့် မွန်ညီညွတ်ရေးပါတီက (၅) ယောက်စီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် နာဂအမျိုးသားပါတီက (၄) ယောက်စီ၊ ကရင်အမျိုးသားဒီမိုက ရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများပါတီ၊ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီတို့က တစ်ယောက်စီနှင့် တစ်သီးပုဂ္ဂလတစ်ယောက်တို့ ရွေးကောက်တင်မြှောက်ခံထားရခြင်း ဖြစ်သည်။

image

ဦးခင်ရီ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာ

ယနေ့ မတ်လ ၁၆ ရက်၊ မနက် ၁၀ နာရီတွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်း အဝေး ပထမနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရီကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြောက်လိုက်ပြီဖြစ်သည်။

လွှတ်တော်သဘာပတိအဖြစ် ဒေါက်တာနန္ဒကျော်စွာက တာဝန်ယူပြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများကို ရွေးချယ်တင်မြှောက်ကြရာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာခြင်း ဖြစ်သည်။

ထို့ပြင် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်အုန်းကို ရွေးချယ်တင်‌မြှောက်ခဲ့ကြ‌ကြောင်းလည်း သိရသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် ပြည်သူရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ် (၂၆၃) ယောက်နှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အယောက် (၁၁၀) စုစုပေါင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (၃၇၃) ယောက် ရှိသည်။

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် (၂၆၃) ယောက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက (၂၃၁) ယောက်ဖြင့် အများဆုံး အနိုင်ရထားခြင်းလည်း ဖြစ်သည်။

image

ဆိုးရွားတဲ့ ရာသီကြုံရပြီးနောက် ၄၅ မိနစ်တိုင်တိုင် တိတ်ဆိတ်စွာနေပြီး သပိတ်မှောက်လာကြတဲ့ မာဆေးပရိသတ်များ
======================
မာဆေးပရိသတ်များဟာ ဆိုးရွားတဲ့ ရာသီတစ်ခု ကြုံရပြီးနောက် အော်ဇေးနှင့်ပွဲတွင် ၄၅ မိနစ် တိတ်ဆိတ်စွာ နေပြီး အသင်းကို သပိတ်မှောက်လာကြပါတယ်။

Stade Velodrome တွင် ကစားတဲ့ အိမ်ကွင်းပွဲစဉ်များက ဆူညံသံများဖြင့် ပြည့်နှက်နေခဲ့ပေမယ့်လည်း ပရိသတ်များဟာ အော်ဇေးနှင့်ပွဲ ပထမပိုင်းမှာတော့ သီချင်းဆိုခြင်း မပြုသလို အားပေးမှုလည်း မပြုလုပ်ခဲ့ကြပါဘူး။

ယင်းကဲ့သို့ ပရိသတ်များက ကွင်းအား ပုံမှန်အနေအထားမျိုး မဖြစ်အောင် ပြုလုပ်မှုနှင့်အတူ ကစားသမားများဟာ အကောင်းဆုံးပုံစံ ရရှိရေး ရုန်းကန်ခဲ့ရပါတယ်။

တဖက်တွင် ပရိသတ်များဟာ "45 minutes of silence for a season of humiliations." ဆိုတဲ့စာသားပါ နဖူးစည်းအား ချိတ်ဆွဲထားကြပါတယ်။

ဒါပေမယ့် ပထမပိုင်းအပြီးမှာတော့ စိတ်ပျက်စရာ ခြေစွမ်းမျိုး မြင်တွေ့ခဲ့ရတဲ့ ပရိသတ်များဟာ ကစားသမားများကို ဝီစီမှုတ်ခြင်း၊ လှောင်ပြောင်ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

တဖက်တွင် ဒုတိယပိုင်းမှာတော့ မာဆေးပရိသတ်များဟာ အသင်းကို အားပေးမှုများ ပြုလုပ်လာခဲ့ကြပြီး ၇၉ မိနစ်တွင် အေမင်းဂူရီရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

မာဆေးဟာ အော်ဇေးနိုင်ပွဲကြောင့် ပွဲစဉ် ၂၆ အပြီးတွင် ရမှတ် ၄၉ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

image

ကာရစ်မှာ အလုပ်ကို အကောင်းဆုံးလုပ်ဆောင်နေကြောင်း ပြောဆိုခဲ့ပေမယ့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရေး ပြောဆိုလာခြင်း မရှိတဲ့ ဆာဂျမ်ရက်ကလစ်ဖ်
=====================
ယူနိုက်တက်ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်က မိုက်ကယ်ကာရစ်မှာ အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နေကြောင်း ပြောကြားသွားခဲ့ပေမယ့်လည်း ယာယီနည်းပြအား အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရေးနှင့်ပတ်သက်ပြီး တစုံတရာ ပြောဆိုသွားခဲ့ခြင်း မရှိပါဘူး။

အသက် ၄၄ နှစ်ရှိ အလယ်တန်းကစားသမားဟောင်းဟာ ဇန်နဝါရီလတွင် ရူဘင်အမိုရမ် ထုတ်ပယ်ခြင်းခံရပြီးနောက် ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံလာရပါတယ်။

သူဟာ ယူနိုက်တက်အား ၈ ပွဲ ကိုင်တွယ်ထားရာတွင် ၆ ပွဲ နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ထားကာ ယင်းကာလအတွင်းတွင် အာဆင်နယ်ထက်ပင် ရမှတ်ပိုမို ရယူထားနိုင်ပါတယ်။

ဆာဂျမ်ရက်ကလစ်ဖ်က "သူ အကောင်းဆုံးလုပ်နေတယ်။ ဟုတ်တယ်။ လုံးဝ လုပ်ပြနေတယ်"လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ပရိသတ်များက ကာရစ်အား ရလဒ်ကောင်း ရယူထားနိုင်မှုနှင့်အတူ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် တောင်းဆိုနေကြပါတယ်။

ဒါပေမယ့် ရက်ကလစ်ဖ်ကတော့ "မစဉ်းစားသေးပါဘူး။ အဲဒီအနေအထားသို့ မရောက်သေးဘူး"လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ ရာသီလက်ကျန် ၉ ပွဲတည်းသာ ကစားရန် ကျန်တော့တဲ့အချိန်တွင် အဆင့် ၃ နေရာမှာ ရပ်တည်ကာ ချန်ပီယံလိဂ်ဝင်ခွင့် ရရေး အခြေအနေကောင်းနေပါတယ်။

ဆက်လက်ပြီး ရက်ကလစ်ဖ်က "အခု ဒါနဲ့(ချန်ပီယံလိဂ်ဝင်ခွင့်)ပတ်သက်ပြီးတော့ တွေးနေတယ်။ ဒါပေမယ့် ရာသီကုန်ဖို့ ၇ ပွဲ ၈ ပွဲကစားရဦးမယ်။ ဒီတော့ လိုသေးတယ်"လို့ ပြောကြားသွားပါတယ်။

image

ပရီးမီးယားလိဂ်သမိုင်းတွင် အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် အာဆင်နယ်ပါရမီရှင်ဒေါ်မန်း မှတ်တိုင်စိုက်ထူလာ
=====================
မက်စ်ဒေါ်မန်းဟာ ယခုရာသီမှာ အာဆင်နယ်အင်္ကျီဝတ်ဆင်ပြီး ကစားတဲ့ ပွဲတိုင်း သမိုင်းမှတ်တိုင်စိုက်ထူလာခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဒီရာသီမှာ အာဆင်နယ်အတွက် ချန်ပီယံလိဂ်ကစားခွင့်ရ အသက်အငယ်ဆုံးကစားသမား၊ ပွဲထွက်ကစားခွင့်ရတဲ့ အသက်အငယ်ဆုံးကစားသမား၊ အက်ဖ်အေဖလားပွဲ ကစားခွင့်ရတဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် သမိုင်းမှတ်တိုင် စိုက်ထူခဲ့ပြီး ဖြစ်ပါတယ်။

အခု သူဟာ အဲဗာတန်ကို ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းယူပြီးတဲ့နောက် ပရီးမီးယားလိဂ်သမိုင်းတွင် အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် အသက် ၁၆ နှစ်နှင့် ၇၃ ရက်ဖြင့် သမိုင်းမှတ်တိုင် ထပ်မံ စိုက်ထူလာခဲ့ပြန်ပါတယ်။

ဒါ့အပြင် ဒေါ်မန်းဟာ အာဆင်နယ်အတွက် ကစားခွင့်ရတဲ့ ဒုတိယအသက်အငယ်ဆုံးကစားသမား၊ ပရီးမီးယားလိဂ်ပွဲ ကစားခွင့်ရတဲ့ ဒုတိယအသက်အငယ်ဆုံးကစားသမားအဖြစ်လည်း အာဆင်နယ်အကယ်ဒမီထွက် အီသန်နဝမ်နရီရဲ့အောက်မှာ မှတ်တမ်းရေးထိုးထားသူ ဖြစ်ပါတယ်။

ဒေါ်မန်းဟာ ကာလတိုအတွက် စိတ်လှုပ်ရှားစရာ ကစားသမားဘဝ၊ အောင်မြင်မှုနှင့် ဂိုးသွင်းလာနိုင်မှုတွေက အံ့ဩစရာတော့ ဖြစ်မနေပါဘူး။

သူဟာ အသက် ၁၄ နှစ်အရွယ်ကတည်းက အာဆင်နယ်ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့် ရလာခဲ့သူ ဖြစ်ပြီး မီခေးလ်အာတီတာရဲ့ လီယွန်နယ်မက်ဆီနှင့်တောင် ခိုင်းနှိုင်းချီးကျူးခြင်း ခံလာခဲ့ရသူ ဖြစ်ပါတယ်။

သူဟာ နွေရာသီတုန်းက အာဆင်နယ်ပထမအသင်းနှင့်အတူ အာရှခရီးစဉ်သို့ လိုက်ပါခွင့်ရတဲ့ အသက် ၁၅ နှစ်အရွယ် ကစားသမား ၂ ဦးထဲမှ တစ်ဦး ဖြစ်ခဲ့ပြီး ကလပ်ရဲ့ အန္တရာယ်အရှိဆုံးကစားသမားတွေထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။

သူဟာ ရာသီကြိုခြေစမ်းပွဲတွေဖြစ်တဲ့ နယူးကာဆယ်၊ ဗီလာရီးရဲလ်တို့နှင့် ပွဲတွေမှာ ပင်နယ်တီ ရရှိခဲ့သလို လိဒ်နှင့် ယခုရာသီ ပရီးမီးယားလိဂ်ပထမဆုံးအိမ်ကွင်းပွဲမှာလည်း ပင်နယ်တီ ရရှိခဲ့ပါသေးတယ်။

မက်စ်ဒေါ်မန်းဟာ အာဆင်နယ်မှာ ထိပ်တန်းခြေစွမ်းဖြင့် ကစားနိုင်မှုနှင့်အတူ ဇန်နဝါရီလမှာတော့ အကြိုစာချုပ်ချုပ်ဆိုခြင်းခံခဲ့ရပါတယ်။

ယင်းသဘောတူညီချက်ကြောင့် သူဟာ အသက် ၁၇ နှစ်ပြည့်မယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခြင်းခံရဖို့ သေချာနေပြီလည်း ဖြစ်ပါတယ်။

စနေနေ့တုန်းက အဲဗာတန်နှင့်ပွဲမှာ အာဆင်နယ်ဟာ တိုက်စစ်ပိုင်း ထင်သလို ဖြစ်မလာမှုနှင့်အတူ သရေကျမယ်လို့တောင် ယူဆထားခဲ့ရတာပါ။

ဒါပေမယ့် ဒုတိယပိုင်းမှာတော့ အာတီတာဟာ အသက် ၁၆ နှစ်အရွယ်ရှိ မက်စ်ဒေါ်မန်းနဲ့ ပေါင် ၆၄ သန်းတန် တိုက်စစ်မှူးဗစ်တာယိုကီရေးစ်တို့ကို ထည့်သွင်းပြီး အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။

ယင်းနောက်မှာတော့ ပွဲချိန် ၈၉ မိနစ်မှာ ဗစ်တာယိုကီရေးစ်က ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ ဒီဂိုးရရှိရာမှာလည်း မက်စ်ဒေါ်မန်းက ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။

ဒါ့အပြင် မက်စ်ဒေါ်မန်းဟာ အချိန်ပို ၉၇ မိနစ်မှာ အဲဗာတန်နောက်ခံလူများကို ကျော်ဖြတ်ပြီး အကာအကွယ်မဲ့နေတဲ့ ဂိုးပေါက်ကို ကန်သွင်းပြီး အနိုင်သေချာစေမယ့် ဒုတိယဂိုးအား သွင်းယူခဲ့ပါတယ်။

အာဆင်နယ်ဟာ အဲဗာတန်နိုင်ပွဲကြောင့် ဒုတိယနေရာမှ မန်စီးတီးကို ရမှတ် ၉ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

image

ကိုယ့်ကွင်းလယ်တစ်ဝက်ခန့်မှ အံ့ဩစရာကောင်းတဲ့ဂိုးသွင်းယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အာဒါဂူလာ
=====================
အာဒါဂူလာဟာ စနေနေ့ညတုန်းက အယ်ချီအား ရီးရဲလ်မက်ဒရစ်တို့ ၄-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် ကိုယ့်ကွင်းလယ် တစ်ဝက်ခန့်မှ အံ့ဩစရာကောင်းတဲ့ဂိုးအား သွင်းယူခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အယ်ချီနိုင်ပွဲကြောင့် ထိပ်ဆုံးမှ ဘာစီလိုနာနှင့် တစ်မှတ်အကွာ အနေအထားသို့ ရောက်လာပါတယ်။

အယ်ချီနှင့်ပွဲတွင် ရူဒီဂါက အဖွင့်ဂိုးသွင်းပြီးနောက် ဗယ်ဗာဒီက ပထမပိုင်းပြီးခါနီးမှာ ဧရိယာအစပ်မှ လှပတဲ့ ကန်ချက်ဖြင့် ဒုတိယဂိုးသွင်းခဲ့လို့ ပထမပိုင်းမှာ ရီးရဲလ်မက်ဒရစ်တို့ ၂-၀ ဖြင့် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ယင်းနောက် ၆၆ မိနစ်မှာ ယာနက်ဇ်ရဲ့ ဖြတ်တင်ဘောကနေ ဒိန်းဟူဆင်က ခေါင်းတိုက်ကာ တတိယဂိုးသွင်းခဲ့ပြီး မန်နူရယ်အိန်ဂျယ်ရဲ့ OG ဂိုးဖြင့် အယ်ချီတို့ ချေပဂိုးတစ်ဂိုးရခဲ့ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ တူရကီပါရမီရှင်အာဒါဂူလာဟာ ကိုယ့်ကွင်းဘက်ခြမ်း တစ်ဝက်လောက်ကနေ ရှေ့သို့ တက်နေတဲ့ အယ်ချီဂိုးသမားကို ကျော်ပြီး ရီးရဲလ်မက်ဒရစ်အတွက် စတုတ္ထဂိုးအား သွင်းယူခဲ့ပါတယ်။

ပွဲအပြီးတွင် ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာက "ဒါက ဘောင်ခတ်သိမ်းထားရမယ်။ အရမ်း ထူးကဲတဲ့ ဂိုးပါ။ အံ့ဩစရာကောင်းတယ်။ ကျုပ်အပါအဝင် လူတိုင်း အံ့ဩမင်သက်နေခဲ့ကြတယ်။ သူလုပ်ခဲ့တာ ကြည့်ဖို့ လက်မှတ် တစ်စောင် နှစ်စောင် သုံးစောင် ဝယ်ကြည့်ရဆိုရင်တောင် တန်တယ်"လို့ ပြောကြားသွားပါတယ်။

ဘာစီလိုနာဟာ ယနေ့ညတွင် ဆီဗီလာနှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး အနိုင်ရရှိပါက ရီးရဲလ်မက်ဒရစ်အား ၄ မှတ် ထပ်မံ ဖြတ်ထားနိုင်ပါမယ်။

image