ပန်းတာရေဝင်ပေါက်မှ ရေစီးနှုန်းလျော့ကျလာ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ငဝန်တာအောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူး‌ပေါက်၍ ရေဖြတ်သန်းစီးဆင်းမှု‌ကြောင့် တာတမံနိမ့်ကျမှုအတွက်ပြင်ဆင်မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက နေ့/ညမပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက Geo textile အိတ်ကြီးများ၊ Jumbo အိတ်များ၊ သဲအိတ်ပိုက်ကွန်များဖြင့် နေ့စဉ် ချထားလျက်ရှိ၍ ယနေ့ သြဂုတ် ၂၆ ရက်တွင် ရေစီးနှုန်းလျော့ကျလာခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေဘေးယာယီကယ်ဆယ်ရေးစခန်းများ၊ ရေဝင်ရောက်သည့် ကျေးရွာများသို့ စားရေရိက္ခာ၊ သောက်သုံးရေများပို့ဆောင်ပေးခြင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊အဖွဲ့အစည်းများ၊ အလှူရှင်များအား ရေ‌ဘေးရှောင်စ ခန်းများ၊ ရေဝင်ရောက်သည့် ကျေးရွာများနှင့် တာတမံနိမ့်ကျသည့်နေရာသို့ ပို့ဆောင်ပေးခြင်း၊ ဒေသခံများ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများဖြင့်သွားရောက်လိုပါက ကူညီပို့ဆောင်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

image