အမေရိကန်က အီရန်ကို ထပ်မံတို-က်ခိုက်ဖို့ အစီအစဉ်မရှိဘဲ တခြားနည်းလမ်းတွေနဲ့သာ ဖိအားပေးရန်ရှိဟုဆို
Axios သတင်းဌာနရဲ့ ဖော်ပြချက်အရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က အခြားနိုင်ငံတွေက ထိပ်တန်းသံတမန်တွေကို ပြောကြားခဲ့ရာမှာတော့ အမေရိကန်အနေနဲ့ လောလောဆယ် အီရန်ကို အသစ်ထပ်မံ တို-က်ခိုက်ဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ အဲဒီအစား ပိတ်ဆို့အရေးယူမှုတွေ အပါအဝင် တခြားနည်းလမ်းတွေနဲ့ ဖိအားပေးဖို့ကိုပဲ အဓိကထား လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
"အမေရိကန်အနေနဲ့ အကြီးစားစစ်ဆင်ရေးတွေ ပြန်စဖို့ အစီအစဉ်မရှိဘူးဆိုတာကို ရူဘီယိုက ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် အီရန်ဘက်ကသာ စတင်တို-က်ခိုက်လာရင်တော့ ပြန်လည်တို-က်ခိုက်ဖို့ကိုလည်း ချန်လှပ်ထားမှာ မဟုတ်ပါဘူး" လို့ အင်္ဂါနေ့က သတင်းဖော်ပြချက်မှာ ပါရှိပါတယ်။ ဒီလို တို-က်ခိုက်မယ့်အစား ဝါရှင်တန်အနေနဲ့ ပိ-တ်ဆို့အရေးယူမှုတွေနဲ့ ရေကြောင်းပိ-တ်ဆို့မှုတွေကနေတဆင့် အီရန်အပေါ် စီးပွားရေးအရ ပိုပြီးဖိအားပေးသွားမှာဖြစ်သလို၊ ဟော်မုဇ်ရေလက်ကြားကနေ ရေနံတွေကို အရင်ကထက် ပိုမိုတင်ပို့နိုင်အောင် အဓိကထား လုပ်ဆောင်သွားမယ်လို့ အမေရိကန် တာဝန်ရှိသူတွေက Axios ကို ပြောပြခဲ့ပါတယ်။
ဒါဟာ အနည်းဆုံးတော့ နိုဝင်ဘာလ ၃ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲပြီးဆုံးတဲ့အထိ ထရမ့်အစိုးရရဲ့ မူဝါဒဖြစ်လာလိမ့်မယ်လို့ အမေရိကန် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ လက်ရှိမှာတော့ အမေရိကန်က အီရန်နဲ့ စေ့စပ်ဆွေးနွေးနေတာမျိုး မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ "ဒီလို ဖိအားပေးမှုတွေက အီရန်ကို စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းဆီ ပြန်လာဖို့ တွန်းအားပေးနိုင်တယ်" လို့ အမေရိကန်ဘက်က ယုံကြည်ထားကြောင်း တာဝန်ရှိသူတစ်ဦးရဲ့ စကားကို ကိုးကားပြီး Axios က ဖော်ပြထားပါတယ်။