၇ နှစ်နီးပါး ရပ်တန့်နေသည့် ကော့ကရိတ်-ရန်ကုန် အဆွေတော်အဝေးပြေးယာဉ်လိုင်း ယနေ့ပြန်လည်စတင်ပြေးဆွဲ

ကရင်ပြည်နယ် ကော့ကရိတ်မှ ရန်ကုန်မြို့သို့ ၇ နှစ်နီးပါး ရပ်တန့်နေသည့် အဝေးပြေးယာဉ်လိုင်းပြေးဆွဲမှုကို ယနေ့ ဩဂုတ် ၂၆ ရက်မှ စတင်ပြီး ပြန်လည်ပြေးဆွဲပေးနေကြောင်း ကော့ကရိတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်က ပေါ်ပြူလာနယူးစ်သို့ ပြောကြားခဲ့သည်။
ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးကာလတွင် (၇)နှစ်နီးပါးခန့် ကော့ကရိတ်-ရန်ကုန် အဝေးပြေးယာဉ်လိုင်းမပြေးဆွဲပဲ ရပ်တန့်နေခဲ့ရာကနေ ယနေ့ ကော့ကရိတ် -ရန်ကုန် အဆွေတော်ယာဉ်လိုင်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်က ဆိုသည်။
ယနေ့ နံနက်တွင် ကော့ကရိတ် -ရန်ကုန် အဆွေတော်ယာဉ်လိုင်းကို ဖွင့်လှစ်ပေးခဲ့ပြီး ကော့ကရိတ်မြို့မှ ရန်ကုန်မြို့သို့ နံနက် ၇နာရီ၄၅ မိနစ်တွင် ကားစတင်ထွက်ခွာသွားပြီဖြစ်ကြောင်းလည်း သိရသည်။
ယနေ့စတင်ဖွင့်လှစ်သည့်နေ့ ၂၆-၈-၂၀၂၆နေ့မှ ၃၀-၈-၂၀၂၆နေ့ထိ ၅ရက်တာ အခမဲ့လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။
အဆိုပါ စတင်ပြေးဆွဲခြင်းကို ကော့ကရိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဥက္ကာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်နီနီအောင်၊ ခရိုင်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကျော်ကျော်ဦးနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကော်မတီမှအဖွဲ့များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ပြည်သူများ တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

image