ယူအက်စ်အက်စ်အေဘရာဟမ်လင်းကန်းလေယာဉ်တင်သင်္ဘောအုပ်စု ထိုင်းတွင် ဆိုက်ကပ်ရပ်နားမည်
အရာရှိများနှင့် ရေတပ်သား ၅,၀၀၀ ခန့်ပါဝင်သော ယူအက်စ်အက်စ် အေဘရာဟမ်လင်းကန်း တို-က်ခိုက်ရေးလေယာဉ်တင်သင်္ဘောအုပ်စုသည် အရှေ့အလယ်ပိုင်းတွင် ရက်ပေါင်း ၂၀၀ ကျော်ကြာ တပ်ဖြန့်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်ရပ်နားမည်ဖြစ်သည်။
တို-က်ခိုက်ရေးသင်္ဘောအုပ်စုနှင့် အခြားသင်္ဘောနှစ်စင်းသည် သင်္ဘောသားများ အနားယူ အပန်းဖြေရန်နှင့် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်ရန်အတွက် ထိုင်းနိုင်ငံ အရှေ့ပိုင်းကမ်းရိုးတန်းတွင် ဆိုက်ကပ်မည်ဖြစ်ကြောင်း သတင်းရရှိသော ထိုင်းရေတပ်သတင်းရင်းမြစ်များက ပြောဆိုပြီး ယခုတစ်ကြိမ်တွင် ထိုင်းရေတပ်နှင့် ပူးတွဲလေ့ကျင့်မှုလုပ်မည်မဟုတ်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
နျူကလီးယားစွမ်းအင်သုံး နီမစ်ဇ်အတန်းအစား ဧရာမလေယာဉ်တင်သင်္ဘောကြီး ယူအက်စ်အက်စ် အေဘရာဟမ်လင်းကန်းသည် နိုဝင်ဘာလအတွင်းက ကာလီဖိုးနီးယားရှိ ဒိုင်ယာဂိုရေတပ်စခန်းမှ ထွက်ခွာလာခဲ့ပြီးနောက် အမေရိကနှင့် အစ္စရေးတို့၏ အီရန်စစ်ပွဲတွင် ပါဝင်ရန် တိုက်ခိုက်ရေးလေယာဉ်တင်သင်္ဘောအုပ်စုတစ်ခုလုံးကို အရှေ့အလယ်ပိုင်းသို့ တပ်ဖြန့်ခဲ့သည်။
တပ်ဖြန့်ချထားမှုကာလ ကြာမြင့်လာသည်နှင့်အမျှ သင်္ဘောသားများတွသည် စိတ်ဓာတ်ကျနေသည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ထိုသတင်းများသည် သင်္ဘောပေါ်ရှိ အခြေအနေများကို လုံးဝမှားယွင်းစွာဖော်ပြနေခြင်းဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပက်တီ ဟက်ဆက်က ပြောကြားခဲ့သည်။