အလွန်ဆိုကို ခန့်အပ်ရေး ရီးရဲလ်မက်ဒရစ်အား လီဗာပူး ဆက်သွယ်မှု ပြုလုပ်
====================

လီဗာပူးဟာ ကစားသမားဟောင်းဇာဘီးအလွန်ဆိုအား နည်းပြသစ်အဖြစ် ခန့်အပ်ရေး ရီးရဲလ်မက်ဒရစ်အား ဆက်သွယ်မေးမြန်းမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
စပိန်သတင်းစာ AS ရဲ့ ဖော်ပြလာမှုအရ လီဗာပူးဟာ အလွန်ဆိုရဲ့ ဘာနေဗျူးတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်တဲ့ ကာလအတွင်း လုပ်ဆောင်ခဲ့မှုများနှင့်ပတ်သက်ပြီး သိရှိလိုမှုနှင့်အတူ ရီးရဲလ်မက်ဒရစ်ထံမှ အကြံဉာဏ်များ ရယူခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
လီဗာပူးဟာ အလွန်ဆိုမှာ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်တုန်းက ဘာကြောင့် ကျရှုံးမှု ကြုံရသလဲဆိုတာ သိရှိလိုနေမှုနှင့်အတူ ယခုကဲ့သို့ ဆက်သွယ်မှုပြုလုပ်ခဲ့တာပါ။
လက်ရှိ လီဗာပူးနည်းပြအန်းဆလော့ဟာ ပထမဆုံးရာသီတွင် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးပြီးနောက် ပေါင်သန်း ၄၀၀ ကျော် အသုံးပြုကာ ကစားသမားများ ခေါ်ယူအားဖြည့်မှုများ ပြုလုပ်ခဲ့ပေမဲ့ ဆုဖလားလက်မဲ့ ရာသီတစ်ခု ကြုံရပြီးနောက် ဖိအားများနှင့် ကြုံနေရပါတယ်။
တဖက်တွင် ဆလော့ဟာ ပြီးခဲ့တဲ့လများအတွင်း အသုံးပြုခဲ့တဲ့ ကစားဟန်နှင့်ပတ်သက်ပြီး ဝေဖန်မှုများ ကြုံလာရတာလည်း ဖြစ်ပါတယ်။
အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်စဉ်တုန်းက နည်းဗျူဟာပိုင်း အသုံးပြုမှု၊ နာမည်ကျော် ကစားသမားများကို ထိန်းချုပ်နိုင်ခြင်း မရှိဘဲ အဝတ်အစားလဲခန်းအတွင်း နှစ်ခြမ်းကွဲမှု ဖြစ်ရာကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။
အဓိကကစားသမားများဖြစ်ကြတဲ့ ဗယ်ဗာဒီ၊ ဗီနီရှပ်စ်တို့ဟာ အလွန်ဆိုရဲ့ ဗျူဟာများကို လူသိရှင်ကြား ဝေဖန်မှုများ ပြုလုပ်ခဲ့ကြပါတယ်။
တဖက်တွင် ဗီနီရှပ်စ်အပါအဝင် မလိုလားတဲ့ ကစားသမားများဟာ နည်းစနစ်ပိုင်း ရှင်းပြချိန်တွင် အခန်းထဲမှာ အိပ်ပျော်နေခြင်း၊ အချင်းချင်းစကားပြောဆိုမှုများ ပြုလုပ်ကာ မလိုလားဟန်ပြသခဲ့ကြပါတယ်။
ယင်းနောက် အလွန်ဆိုဟာ ယခုနှစ်အစောပိုင်းတုန်းက ဘာစီလိုနာအား ရှုံးနိမ့်တဲ့ စူပါစူပါဖလားဗိုလ်လုပွဲအပြီးမှာတော့ ရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံလာရပါတော့တယ်။

image

အာဆင်နယ်နှင့်ပွဲစဉ်မှ ဝက်စ်ဟမ်းရဲ့ ချေပဂိုးအား ဘာကြောင့် မပေးခဲ့ရသလဲ ပရီးမီးယားလိဂ် ရှင်းလင်းလာ
====================

ပရီးမီးယားလိဂ်ဟာ အာဆင်နယ်နှင့်ပွဲစဉ်မှ ဝက်စ်ဟမ်းရဲ့ ချေပဂိုးအား VAR က ငြင်းပယ်ချခဲ့မှုနှင့်ပတ်သက်ပြီး ရှင်းလင်းမှု ပြုလုပ်လာပါတယ်။
ပရီးမီးယားလိဂ်မှ တန်းမဆင်းရရေး တိုက်ပွဲဝင်နေတဲ့ ဝက်စ်ဟမ်းဟာ ၉၅ မိနစ်တွင် ကယ်လမ်ဝီလ်ဆင်ရဲ့ ဂိုးဖြင့် ချေပဂိုး ရရှိခဲ့ကာ အဖိုးတန်ရမှတ်တစ်မှတ် ရယူခဲ့ပါတယ်။
ဒါပေမဲ့ ယင်းဂိုးအား VAR က စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှာ အာဆင်နယ်ဂိုးသမားရာယာကို ဝက်စ်ဟမ်းတိုက်စစ်မှူးပါဘလိုက ပြစ်ဒဏ်ကျူးလွန်ကြောင်း တွေ့ရပြီးနောက် ငြင်းပယ်ခဲ့ပါတယ်။
VAR ဒိုင်ဒါရင်းအင်္ဂလန်က ယင်းအဖြစ်အပျက်ကို တွေ့ရှိပြီးနောက် ကွင်းအတွင်း ဒိုင်လူကြီးခရစ်ကာဗာနစ်ချ်အား အသိပေးပြီးနောက် ကွင်းဘေးမော်နီတာတွင် ပြန်လည်စစ်ဆေးစေခဲ့ပါတယ်။
ကာဗာနစ်ချ်ဟာ အထက်ပါအဖြစ်အပျက်အား ရှုထောင့် ၁၇ မျိုးမှ ရိုက်ကူးထားတဲ့ ဗီဒီယိုအား အချိန်ယူ စစ်ဆေး ကြည့်ရှုပြီးနောက် ဂိုးအား ငြင်းပယ်ခဲ့ပါတယ်။
ယင်းသို့ ငြင်းပယ်လာမှုနှင့်အတူ အာဆင်နယ်တို့ ၁-၀ ဖြင့် အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရေး အခြေအနေကောင်းလာခဲ့ပါတယ်။
ယခုအခါ ပရီးမီးယားလိဂ်က "VAR ပြန်စစ်ဆေးပြီးတဲ့နောက် ဒိုင်လူကြီးက ဝက်စ်ဟမ်းဘက်သို့ ဂိုးအဖြစ် ခွင့်ပြုထားတဲ့ နဂိုဆုံးဖြတ်ချက်ကို ပြန်ပြောင်းလဲခဲ့ပါတယ်။ ဒိုင်လူကြီးက "ပြန်လည်စစ်ဆေးကြည့်တဲ့အခါ ဝက်စ်ဟမ်းရဲ့ ကျောနံပါတ် ၁၉ က ဂိုးသမားကို ပြစ်ဒဏ်ကျူးလွန်ကြောင်း တွေ့ရတယ်။ နောက်ဆုံးဆုံးဖြတ်ချက်က တိုက်ရိုက်ခရီးကစ်"လို့ ကြေညာခဲ့တယ်"လို့ ထုတ်ပြန်သွားပါတယ်။
ကာဗာနစ်ချ်ရဲ့ ဆုံးဖြတ်ချက်ကို Sky Sports ဘောလုံးဝေဖန်ရေးသမား ဂယ်ရီနဗီးလ်ကလည်း ထောက်ခံပြောကြားသွားခဲ့ပါတယ်။
ဂယ်ရီနဗီးလ်က "ဒါက ပြစ်ဒဏ်ဘောပါ။ သူက ရာယာကို ဆွဲထားတယ်။ VAR က ဒီဆုံးဖြတ်ချက်ချဖို့ သတ္တိရှိနေတာလား။ ဒီနိုင်ငံက ဒိုင်လူကြီးအတွက် တကယ့်ကို ကြီးမားတဲ့ ဆုံးဖြတ်ချက်ပါ။ အာဆင်နယ်တို့ ဆုဖလားမှာ သူတို့အမည်ရေးထိုးထားပြီလို့ ယူဆစေတဲ့ အခိုက်အတန့်တွေထဲက တစ်ခု ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။

image

ရီးရဲလ်မက်ဒရစ်နည်းပြရာထူးအတွက် ဆွေးနွေးနေတယ်ဆိုတဲ့သတင်းနောက်ကွယ်မှ အမှန်တရားကို မော်ရင်ဟို ဖွင့်ဟလာ
====================

ဟိုဆေးမော်ရင်ဟိုက ယခုနွေရာသီတွင် အသင်းဟောင်းရီးရဲလ်မက်ဒရစ်အား ကိုင်တွယ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေတယ်လို့ သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေမှုအား ငြင်းဆိုလာပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ နူးကမ့်တွင် ဘာစီလိုနာအား ၂-၀ ဂိုးဖြင့် အရေးနိမ့်ကာ လာလီဂါဖလားအား ဆက်လက်လက်လွှတ်လိုက်ရကာ ဆုဖလားလက်မဲ့ရာသီပိုင်ဆိုင်ပြိးနောက် နည်းပြသစ်ရှာဖွေနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ အသင်းအတွင်း ကစားသမားများအကြား ပြဿနာများ တက်နေမှုနှင့်အတူ အဆိုးရွားဆုံး အခြေအနေ ကြုံနေရတာ ဖြစ်ပြီး နွေရာသီတွင် နည်းပြသစ်ခန့်အပ်ရန် ရှာဖွေနေပါတယ်။
လတ်တလေတွင် ရီးရဲလ်မက်ဒရစ်နည်းပြရာထူးအတွက် နည်းပြဟောင်းဟိုဆေးမော်ရင်ဟိုက ထိပ်ဆုံးမှ ရေပန်းစားနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ဟာ မော်ရင်ဟိုအား ဆက်သွယ်မှု ပြုလုပ်ကာ ဆွေးနွေးမှုများ ပြုလုပ်ထားပြီးပြီလို့ပင် သတင်းထွက်နေပါတယ်။
ဒါပေမဲ့ အသက် ၆၃ နှစ်ရှိ ဘင်ဖီကာနည်းပြမော်ရင်ဟိုက "ရီးရဲလ်မက်ဒရစ်နဲ့ပတ်သက်ပြီး လူတွေ ပြောနေကြတုန်းပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ ဂရုမစိုက်ပါဘူး။ အရိုးသားဆုံးပဲ ပြောပါမယ်။ ဘာဆက်သွယ်မှုမှ မရပါဘူး။ ဥက္ကဌ သို့မဟုတ် ဒီအဖွဲ့အစည်းက ဘယ်အရေးပါတဲ့သူနဲ့မှ အဆက်အသွယ်မရှိပါဘူး။ ကျွန်တော့်နည်းပြဘဝတစ်လျှောက် ဒါမျိုး အခြေအနေအကြိမ်ကြိမ် ကြုံဖူးပါတယ်။ အခုလို ရာသီသိမ်းခါနီးအချိန်မျိုးမှာ ပိုကြုံရတယ်။ ဘယ်သူနဲ့မျှ စကားမပြောထားပါဘူး။ ရီးရဲလ်မက်ဒရစ်နဲ့လည်း အဆက်အသွယ်မရှိပါဘူး။ ဘယ်သူနဲ့မျှ မရှိပါဘူး။ ရာသီသိမ်းပွဲ အက်စ်တိုရဲလ်နဲ့ပွဲအထိ ရှိနေမှာ မဟုတ်ပါဘူး။ ရာသီသိမ်းပြီးလို့ တစ်ပတ်ကြာတဲ့အချိန်မှာတော့ ကျွန်တော့်အနေနဲ့ ဘယ်သူနဲ့မဆို လွတ်လပ်စွာ စကားပြောခွင့် ရှိပါတယ်။ ဒါပေမဲ့ အခုထွက်ပေါ်နေတဲ့ တောင်းဆိုမှုတွေ၊ ဆွေးနွေးမှုတွေ ဆိုတာတွေ အားလုံးက ကောလာဟလတွေသာ ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။

image

El Clasico ပွဲတွင် ဖရီးကစ်ဂိုးသွင်းကာ မက်ဆီရဲ့ခြေရာကို နင်းလာတဲ့ ရက်ဖို့ဒ်
==================

မားကပ်စ်ရက်ဖို့ဒ်ဟာ တနင်္ဂနွေနေ့ညတုန်းက နူးကမ့်တွင် ရီးရဲလ်မက်ဒရစ်အား အနိုင်ရတဲ့ El Clasico ပွဲစဉ်တွင် ဖရီးကစ်မှ တဆင့် တိုက်ရိုက်ဂိုးသွင်းယူပြီးနောက် လီယွန်နယ်မက်ဆီရဲ့‌ခြေရာကို နင်းလာနိုင်ခဲ့ပါတယ်။
ယူနိုက်တက်စတားဟောင်းဟာ ပွဲအစ ၉ မိနစ်တွင် ဖရီးကစ်မှ တဆင့် ထောင့်ကျဉ်းထဲသို့ ကန်သွင်းကာ ဂိုးသွင်းယူပြီးနောက် ၂၀၁၂ ခုနှစ်တုန်းက မက်ဆီနောက်ပိုင်းတွင် El Clasico ပွဲတွင် ဖရီးကစ်မှ တဆင့် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။
ဘာစီလိုနာဟာ El Clasico ပွဲတွင် ရက်ဖို့ဒ်၊ ဖာရန်တောရက်စ်တို့ရဲ့ဂိုးဖြင့် ၂-၀ ဖြင့် အနိုင်ရရှိကာ လာလီဂါချန်ပီယံဘွဲ့အား ကာကွယ်လာနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ရက်ဖို့ဒ်ဟာ ၂၁ ရာစုအတွင်းတွင် ရီးရဲလ်မက်ဒရစ်နှင့် El Clasico ပွဲတွင် ဖရီးကစ်မှတဆင့် ဂိုးသွင်းယူနိုင်တဲ့ တတိယမြောက်ကစားသမားအဖြစ်လည်း သမိုင်းမှတ်တိုင်စိုက်ထူလာပါတယ်။
ရက်ဖို့ဒ်ဟာ ယခုရာသီတွင် ဘာစီလိုနာသို့ အငှားဖြင့် လာရောက်ကစားစဉ်အတွင်း ပြိုင်ပွဲအရပ်ရပ် ၄၇ ပွဲကစားထားရာမှာ ၁၄ ဂိုးသွင်းပြီး ၁၄ ကြိမ် ဖန်တီးထားနိုင်ပါတယ်။
အသက် ၂၈ နှစ်ရှိ ရက်ဖို့ဒ်ဟာ ခြေစွမ်းပြကစားနိုင်မှုနှင့်အတူ နူးကမ့်သို့ အပြီးသတ်ပြောင်းရေး အခြေအနေကောင်းနေပါတယ်။
ဘာစီလိုနာဟာ ရက်ဖို့ဒ်ရဲ့ အငှားစာချုပ်တွင် နွေရာသီမှာ ယူရိုသန်း ၃၀ ဖြင့် အပြီးသတ်ခေါ်ယူရေးစာချုပ်ပါဝင်ပေမဲ့ ဘဏ္ဍာရေးပြဿနာကြောင့် အငှားဖြင့် နောက်ထပ်တစ်ရာသီခေါ်ယူရေး ဆွေးနွေးနေပါတယ်။
ဒါပေမဲ့ ယူနိုက်တက်ဘက်ကတော့ အငှားဆက်ချထားလိုခြင်း မရှိဘဲ ရက်ဖို့ဒ်ကို အပြီးသတ်သာ ရောင်းချလိုနေပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - မေ ၁၃ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၆၉၈ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၅၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၄၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၁၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၆၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၃၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၃၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၉၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၄၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၄၀ ကျပ်
ဝယ်ဈေး - ၄၁၃၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၁၀ ကျပ်
ဝယ်ဈေး - ၃၂၂၇ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၂၃ ကျပ်
ဝယ်ဈေး - ၄၈၉၃ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅ ကျပ်
ဝယ်ဈေး - ၁၂၈.၅၂ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၅၁ ကျပ်
ဝယ်ဈေး - ၁၀၂၇ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၂၃ ကျပ်
ဝယ်ဈေး - ၆၀၉ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၀၄ ကျပ်
ဝယ်ဈေး - ၂၆.၄၂ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၇၉ ကျပ်
ဝယ်ဈေး - ၄၃.၆၄ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၉ ကျပ်
ဝယ်ဈေး - ၂.၈၃ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၆၅၁ ကျပ်
ဝယ်ဈေး - ၅၅၂၃ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၈၃ ကျပ်
ဝယ်ဈေး - ၂၉၁၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၂၈ ကျပ်
ဝယ်ဈေး - ၃၀၄၇ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၁ ကျပ်
ဝယ်ဈေး - ၅၂၉ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၅၄ ကျပ်
ဝယ်ဈေး - ၁၁၂၈ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image
14 w - Translate

နတ်ရွာစံပြီးနောက် နတ်သားဖြစ်သွားတဲ့ ဘုရင်ငယ်လေး🤣🤣

image

ဒီနည်းအတိုင်းသာ ကြော်ကြည့်လိုက်ပါ! ဆီမအီစေဘဲ ကြွပ်ရွမှု ကြာကြာခံတဲ့ အကြော်စုံလေး ရကို ရတယ်!
အိမ်မှာ အကြော်ကြော်တဲ့အခါ ခဏလေးအတွင်းမှာပဲ ပျော့သွားတာမျိုး ဒါမှမဟုတ် ဆီတွေ အများကြီးစုပ်ပြီး အီနေတာမျိုးတွေကြောင့် စားမကောင်းဘဲ စိတ်အနှောင့်အယှက် ဖြစ်နေရပြီလားရှင်?
ဘယ်လို အသီးအရွက်မျိုးပဲဖြစ်ဖြစ်၊ အသားငါးတွေကိုပဲ ကြော်ကြော် ဆိုင်က ဝယ်စားရသလိုမျိုး တစ်နေကုန် တကျွတ်ကျွတ်မြည်အောင် ကြွပ်နေစေဖို့ကတော့ 'မုန့်နှစ်စပ်နည်း' နဲ့ 'ကြော်လှော်တဲ့စနစ်' မှန်ကန်ဖို့က အဓိက လိုအပ်ချက်ပါပဲရှင်။
မိသားစုဝင်တွေအတွက် သန့်ရှင်းလတ်ဆတ်ပြီး အကောင်းဆုံး အရသာကို ပေးစွမ်းနိုင်မယ့် အကြော်စုံကြော်နည်း လျှို့ဝှက်ချက်တွေကို အခုပဲ အသေးစိတ် မျှဝေပေးလိုက်ပါတယ်နော်။" ✨🍳🧤
✨ လိုအပ်သော ပါဝင်ပစ္စည်းများ (နို့ဆီဘူးဖြင့် ချိန်ဆနည်း)
အကြော်မှုန့်ကို စပ်တဲ့အခါ အချိုးအစား မှန်ကန်နေဖို့က အင်မတန် အရေးကြီးတာမို့ အောက်ပါအတိုင်း တိတိကျကျ ချိန်ဆပေးဖို့ လိုပါတယ်ရှင် -
• ဆန်မှုန့် - ၃ ဘူး (အကြော်ကို ကြွပ်ရွစေမည့် အဓိက ပါဝင်ပစ္စည်းဖြစ်ပါတယ်)
• ကောက်ညှင်းမှုန့် - ၁ ဘူး (အကြော်သားလေး စေးပိုင်နေစေဖို့အတွက်ပါ)
• ကော်မှုန့် (သို့မဟုတ်) ပြောင်းကော်မှုန့် - နို့ဆီဘူး တစ်ဝက်ခန့် (အကြော်ကို ပိုပြီး ပွပွရွရွလေး ဖြစ်သွားစေပါတယ်)
• မုန့်ဖုတ်ဆိုဒါ - လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ (ဆီစုပ်တတ်တာကြောင့် အများကြီးမထည့်မိဖို့ သတိပြုပေးပါရှင်)
• အရသာအတွက် - ဆား၊ ဟင်းခတ်မှုန့် နဲ့ နနွင်းမှုန့် (အနည်းငယ်စီ လိုအပ်ပါမယ်)
• ရေခဲရေ (နို့ဆီဘူး ၂ ဘူးခွဲ မှ ၃ ဘူးခန့်)
👩‍🍳 ပြုလုပ်ပုံ အဆင့်ဆင့်
၁။ မုန့်နှစ်ဖျော်နည်း လျှို့ဝှက်ချက်
ပထမဦးဆုံး အမှုန့်အားလုံးကို ဇလုံတစ်ခုထဲမှာ သမအောင် အရင်မွှေလိုက်ပါ။ ထို့နောက် ပြင်ဆင်ထားတဲ့ ရေခဲရေကို တစ်ခါတည်း အကုန်လောင်းမထည့်ဘဲ ဖြည်းဖြည်းချင်းစီ ထည့်ပြီး ဖျော်ပေးရပါမယ်။
ရေခဲရေကို အသုံးပြုခြင်းက အကြော်ကို တစ်နေကုန် ကြွပ်ရွနေစေမယ့် အဓိက လျှို့ဝှက်ချက်ပဲ ဖြစ်ပါတယ်ရှင်။
ရေခဲရည် အစား ထုံးရေကြည်ကိုလည်း အသုံးပြုနိုင်ပါတယ်ရှင်။
• မုန့်နှစ်အပျစ်အကျဲ ချိန်ဆခြင်း:
o ဘူးသီး၊ အာလူး၊ ကြက်သွန် - မုန့်နှစ်ကို ခပ်ပျစ်ပျစ်လေးဖြစ်အောင် စပ်ပေးပါရှင်။
o မြင်းခွာရွက်၊ ဆူးပုတ်ရွက် - အရွက်ကြော်တွေအတွက်တော့ မုန့်နှစ်ကို ခပ်ကျဲကျဲလေး စပ်မှသာ အရွက်ပုံစံမပျက်ဘဲ ကြွပ်ရွမှာဖြစ်ပါတယ်ရှင်။
၂။ ဆီမစုပ်စေမည့် ကြော်နည်းစနစ်
• ဆီပူအောင်ထားခြင်း- ဆီအိုးထဲကနေ မီးခိုးငွေ့ပါးပါးလေး ထွက်လာတဲ့အထိ ဆီပူလာမှ အကြော်ကို စတင်ထည့်ပါ။ ဆီမပူဘဲ ထည့်လိုက်ရင် မုန့်နှစ်က ဆီကို စုပ်ယူသွားပြီး အီသွားတတ်လို့ပါရှင်။
• မီးအပူချိန် ထိန်းညှိခြင်း- အကြော်ထည့်ပြီးရင် မီးကို အလယ်အလတ်မှာပဲ ထားပေးပါ။ မီးအရမ်းများရင် အပြင်ကျွမ်းပြီး အတွင်းမကျက် ဖြစ်တတ်သလို၊ မီးအေးလွန်းရင်လည်း ဆီစုပ်တတ်လို့ သတိထားရပါမယ်ရှင်။
• ဆီစစ်ခြင်းနှင့် အအေးခံခြင်း- ကြော်ပြီးသား အကြော်တွေကို ဇကာနဲ့ 6သချာဆီစစ်ပေးပါ။ တစ်ခုပေါ်တစ်ခု ထပ်မတင်ပါနဲ့ဦးနော်။ အချင်းချင်း ဖိမိနေရင် အပူငွေ့ကြောင့် ချွေးပြန်ပြီး ပျော့သွားတတ်လို့ ဖြစ်ပါတယ်ရှင်။
၃။ ပိုပြီး ကြွပ်ရွစေမယ့် နည်းလမ်းကောင်းများ
• အိုးမကျပ်ပါစေနဲ့- အိုးထဲကို တစ်ခါတည်း အများကြီး ပြုံမထည့်လိုက်ပါနဲ့။ ဆီအပူချိန် ချက်ချင်းကျသွားပြီး အကြော်တွေ ပျော့သွားတတ်လို့ပါရှင်။
• နှစ်ခါပြန်ကြော်နည်း- ပိုပြီး ကြွပ်ကြွပ်ရွရွ ဖြစ်ချင်ရင်တော့ ပထမတစ်ခါ ရွှေရောင်သန်းရုံလေး ကြော်ပြီး ဆယ်ထားလိုက်ပါ။ အေးသွားမှ ဆီပူပူမှာ (၁) မိနစ်လောက် နောက်တစ်ခေါက် ထပ်ကြော်လိုက်ရင် မယုံနိုင်လောက်အောင် ကြွပ်ရွသွားပါလိမ့်မယ်ရှင်။
ဒီနည်းလမ်းလေးက ဘူးသီးကြော်၊ ပဲကပ်ကြော်ကနေ ပုဇွန်ကြော်အထိ ဘယ်အကြော်မျိုးမဆို အဆင်ပြေစေမှာပါရှင်။
အိမ်မှာ ကိုယ်တိုင်စမ်းလုပ်ကြည့်ပြီး ဆိုင်ကထက်တောင် ပိုသန့်ရှင်းပြီး အရသာရှိတဲ့ အကြော်လေးတွေကို မိသားစုနဲ့အတူ မြိန်မြိန်ယှက်ယှက် သုံးဆောင်နိုင်ကြပါစေရှင်။
ဒီနည်းလမ်းလေးက အသုံးဝင်တယ်ဆိုရင် နောက်တစ်ခါ ပြန်ကြည့်ဖို့ သိမ်းထား (Save) ထားဖို့နဲ့ သူငယ်ချင်းတွေပါ သိရအောင် မျှဝေ (Share) ပေးဖို့ မမေ့နဲ့ဦးရှင်။

image
14 w - Translate

ပန်းတွေပဲ အမြဲတင်နေတော့ တစ်ခါတစ်ရံ ဘယ်ပန်းလေးတွေ တင်ရမလဲတောင် မစဉ်းစားနိုင်တော့ဘူး။ အခုလို ရိုးရိုးလေးနဲ့ အနီးကပ်အလှလေးဆိုရင်ရော ကြိုက်ကြလား ပန်းချစ်သူတို့ရေ။ 💚💚🌿

image