#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အရှေ့အလယ်ပိုင်း ဝေဟင်များကို လေကြောင်းလိုင်းများ ရှောင်ရှားနေရဆဲဖြစ်
အီရန် နျူကလီးယားအဆောက်အအုံများကို အမေရိကန် ပြည်ထောင်စုက တိုက်ခိုက်ခဲ့ပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းများအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ ဝေဟင်ပိုင်နက်တော်တော်များများကို ရှောင်ရှားပျံသန်းနေရကြောင်း လေကြောင်းခရီးစဉ်စောင့်ကြည့်ရေး ဝက်ဘ်ဆိုက်များ၏ အဆိုအရသိရ သည်။
အီရန် နျူကလီးယား အဆောက်အအုံများကို အမေရိကန် ပြည်ထောင်စုက တိုက်ခိုက်ခဲ့ပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းများအနေဖြင့် အရှေ့အလယ်ပိုင်းဝေဟင်ပိုင်နက်များအား ဆက်လက်ရှောင်ရှားနေကြရဆဲဖြစ်ကြောင်း ဖလိုက်ရေဒါ-၂၄ ဝက်ဘ်ဆိုက်က ဇွန် ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် လေကြောင်းလိုင်းများအနေဖြင့် အီရန်၊ အီရတ်၊ ဆီးရီးယားနှင့် အစ္စရေးလေပိုင်နက်များ အသုံးပြုပျံသန်းမှုများကို ရပ်တန့်ထားကြောင်း သိရသည်။
အထက်ပါဝေဟင်ပိုင်နက်များ ကိုဖြတ်သန်းရမည့် လေကြောင်းလမ်းများအစား ကက်စပီယန်ပင်လယ်လေကြောင်းလမ်း၊ အီဂျစ်နှင့် ဆော်ဒီအာရေဗျ ဝေဟင်ပိုင်နက်များကို ဖြတ်သန်းရသော လေကြောင်းလမ်းများကို ရွေးချယ်အသုံးပြုနေကြကြောင်း သိရသည်။
နိုင်ငံတကာလေကြောင်းလိုင်းများသည် အီရန်နှင့် အစ္စရေးစစ်ပွဲ စတင်ခဲ့သော ဇွန် ၁၃ ရက်မှစ၍ အီရန်နှင့် အစ္စရေးလေပိုင်နက်များ အသုံးပြုမှုကိုစတင်ရပ်ဆိုင်းခဲ့သည်။ နောက်ပိုင်းတွင် စစ်ရေးအရှိန် ပြင်းထန်လာမှုကြောင့် လေကြောင်းလိုင်းများအနေဖြင့် ဆီးရီးယားနှင့် အီရတ်ဝေဟင်ပိုင်နက်များ အသုံးပြုပျံသန်းမှုများကိုလည်း ရပ်တန့်ခဲ့ရသည်။
ရိုက်တာ

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ထိုင်းဝန်ကြီးချုပ် ပေတွန်သန်ရှင်နာဝပ် ရာထူးမှနုတ်ထွက်မည်မဟုတ်ကြောင်း ပွေထိုင်းပါတီပြောကြား
နိုင်ငံရေးဖိအားများနှင့်ရင်ဆိုင်နေရသော ထိုင်းဝန်ကြီးချုပ် ပေတွန်သန်ရှင်နာဝပ် အနေဖြင့် ရာထူးမှနုတ်ထွက်ပေးမည်မဟုတ်သလို လွှတ်တော်ကိုလည်းဖျက်သိမ်းမည်မဟုတ်ကြောင်း လက်ရှိအာဏာရပွေထိုင်းပါတီမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားလိုက်သည်။
ထိုင်းဝန်ကြီးချုပ် ပေတွန်သန်ရှင်နာဝပ်သည် ၎င်းနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့အကြား ဖုန်းခေါ်ဆိုဆွေးနွေးမှုအသံဖိုင် ပေါက်ကြားခဲ့ပြီးနောက်ပိုင်းရာထူးမှနုတ်ထွက် ပေးရန်တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနှင့် ဖုန်းခေါ်ဆိုဆွေးနွေးရာတွင် ပေတွန်သန်ရှင်နာဝပ်အနေဖြင့် ရိုကျိုးမှုပြခဲ့ပုံရပြီး ထိုင်းစစ်ဘက်ထိပ်တန်းတာဝန်ရှိသူတစ်ဦးကိုလည်း ၎င်း၏ပြိုင်ဘက်အဖြစ် ဝေဖန်ပြောကြားခဲ့ရာ ထိုင်းစစ်ဘက်ကိုလိုလားသူ ကွန်ဆာဗေးတစ်နိုင်ငံရေးပါတီများ အကြီးအကျယ်အမျက်ထွက်ခဲ့သည်။
အထက်ပါ အသံဖိုင်ပေါက်ကြားခဲ့ပြီးနောက် ပွေထိုင်းပါတီဦးဆောင်သော ညွန့်ပေါင်းအုပ်စု၏ ဒုတိယအကြီးဆုံးပါတီဖြစ်သော ဘမ်ဂျိုင်ထိုင်းပါတီသည် ညွန့်ပေါင်းအစိုးရအဖွဲ့မှ နုတ်ထွက်ခဲ့ပြီး ကျန်မိတ်ဖက်ပါတီများကလည်း ပေတွန်သန်ရှင်နာဝပ်ရာထူးမှ နုတ်ထွက်ပေးရန်တောင်းဆိုထားသည်။
သို့ရာတွင် ပေတွန်သန်ရှင်နာဝပ်အနေဖြင့် ရာထူးမှနုတ်ထွက်ပေးမည် မဟုတ်သလို လွှတ်တော်ကိုလည်း ဖျက်သိမ်းမည်မဟုတ်ကြောင်း ပွေထိုင်းပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ထိုင်းခရီးသွားဝန်ကြီးဌာနဝန်ကြီး ဆိုရာဝေါင်သီအန်သွန်က ထုတ်ဖော်ပြောကြားထားသည်။
ဝန်ကြီးချုပ်ရာထူးမှ ပေတွန်သန်ရှင်နာဝပ် နုတ်ထွက်ခြင်းမရှိခဲ့ပါက ထိုင်းနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကာလရှည်ကြာသွားနိုင်ကြောင်း လေ့လာသူများကသုံးသပ်ထားသည်။
ရိုက်တာ

image

仰光

image

仰光

image

仰光

image

仰光

image

仰光

image

仰光

image

仰光

image

仰光

image