တရားစွဲဆိုမှုအတွက် ဒေါ်လာ ၁၈ ဘီလီယံ ပေးဆောင်ရန် Meta သဘောတူ
--------------------------------

ကလေးတွေကို စွဲလမ်းစေဖို့ ရည်ရွယ်ပြီး Facebook နဲ့ Instagram လူမှုကွန်ရက်တွေကို Meta Platforms က ဒီဇိုင်းရေးဆွဲခဲ့တယ်လို့ စွပ်စွဲထားတဲ့အမှုနဲ့ ပတ်သက်လို့ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံအထိ ပေးဆောင်သွားဖို့ Meta ကုမ္ပဏီဘက်က သဘောတူလိုက်ပြီဖြစ်ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ဩဂုတ် ၂၆ ရက်မှာ ကြေညာခဲ့တဲ့ သဘောတူညီချက်တွေအရ Meta ရဲ့ ထုတ်ကုန်တွေက ကလေးတွေကို ထိခိုက် စေခဲ့ပြီး သူတို့ရဲ့ လုံခြုံမှုနဲ့ပတ်သက်လို့ ကုမ္ပဏီက ပြည်သူတွေကို လမ်းလွဲရောက်စေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ စွဲဆိုထားတဲ့ ဖက်ဒရယ်တရားခွင်အမှုကို အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား၊ ကော်လိုရာဒို၊ ကင်တပ်ကီနဲ့ နယူးဂျာစီ စတဲ့ ပြည်နယ် ၄ ခုကတော့ ဒဏ်ကြေးအဖြစ် ဒေါ်လာ ဘီလီယံ ၂၀၀ နီးပါး တောင်းဆိုဖို့ ရည်မှန်းထားခဲ့ကြပါတယ်။
Meta အနေနဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းပုံစံကို အခြေခံကျကျ ပြောင်းလဲရမှာမဟုတ်ပေမယ့် အဲဒီသဘောတူညီချက်တွေ အရ လူငယ်အသုံးပြုသူတွေအတွက် ဝန်ဆောင်မှုပေးတဲ့နည်းလမ်းကို ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ပေးရေးက အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ရပ် ဖြစ်လာပါတယ်။ ဒါ့အပြင် လူမှုကွန်ရက် ကုမ္ပဏီတွေကို တရားစွဲဆိုထားတဲ့ တခြားအမှု ထောင်ပေါင်းများစွာကို ဖြေရှင်းရာမှာလည်း စံနမူနာတစ်ရပ် ဖြစ်လာနိုင်ပါတယ်။

image