နီပေါ-တရုတ်နယ်စပ် ရေကြီးမှုကြောင့် လူ ၁,၃၀၀ ထက်မနည်း ပျောက်ဆုံးနေ
--------------------
နီပေါ- တရုတ်နယ်စပ်မှာ ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ရပြီး နီပေါနဲ့တရုတ်နိုင်ငံတို့က နိုင်ငံခြားသား အယောက် ၇၀၀ အပါအဝင် ပျောက်ဆုံးနေသူ ၁,၃၀၀ ထက်မနည်း ရှိတယ်လို့ CNN သတင်းကဖော်ပြပါတယ်။
ဗုဒ္ဓဟူးနေ့က တရုတ်နဲ့ နီပေါနိုင်ငံတွေမှာ ရုတ်တရက်ရေကြီးမှုဖြစ်ခဲ့ပြီးနောက် အနည်းဆုံး လူ အယောက် ၂၇၀ သေဆုံးကြောင်း အတည်ပြုထားပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တောင်တန်းဒေသကို ရိုက်ခတ်ခဲ့တဲ့ ရေလှိုင်းကြီးတွေကြောင့် ကျေးရွာတွေ ရေနစ်မြုပ်ခဲ့ရတယ်လို့ ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့ (USGS) ကတော့ အခုဖြစ်စဉ်ဟာ ရေခဲမြစ်ပြိုကျမှုကြောင့် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ လာမယ့် ၃ ရက်ဆက်တိုက် မိုးဆက်လက်ရွာသွန်းမယ့် အနေအထား ရှိပြီး မြေပြိုမှု၊ ရုတ်တရက် ရေကြီးမှုအန္တရာယ်တွေနဲ့ ဆက်လက် ရင်ဆိုင်ရနိုင်တယ်လို့လည်း အစိုးရပိုင် မီဒီယာတွေက ဖော်ပြထားပါတယ်။