တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဇွန် ၂ ရက်တွင် ကျင်းပမည်

၂၀၁၃ ခုနှစ် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၀၊ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ် (၁) တို့အရ တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက် (တနင်္လာနေ့) တွင် လွှတ်တော်ရုံးသို့ ကြိုတင်သတင်းပို့ရန် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် သတင်းထုတ်ပြန်ရေးအဖွဲ့က ထည့်သွင်းထုတ်ပြန်ထားသည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဒုတိယပုံမှန်အစည်းအဝေးမှစတင်၍ ဌာနဆိုင်ရာများအနေဖြင့် လွှတ်တော်အစည်းအဝေးပြီးဆုံးချိန်တွင် ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။

image

ဧရာဝတီတိုင်းအတွင်း Football For School Program လုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် Football For School Program လုပ်ငန်းများကို အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက လူငယ်များ၏ ကိုယ်လက်ကြံ့ခိုင်မှုနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အခြေခံပညာကျောင်းများတွင် ကိုယ်လက်လှုပ်ရှားမှုနှင့် အားကစားလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးရန် လိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ကျောင်းများတွင် အားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လည်း မှာကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုးသိန်းအားကစားကွင်းအတွင်း တည်ဆောက်မည့် ဘက်စုံသုံး မိုးလုံလေလုံအားကစားရုံ မြေနေရာနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)ရှိ တည်ဆောက်ရေးလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image

ဇေယျာသီရိမြို့နယ်မှာ ယာဥ် သုံးစီး ဆင့်တိုက်မှုဖြစ်ပြီး ၁၆ ယောက် ဒဏ်ရာရ

နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်မှာ ဒီကနေ့ မေ ၁၂ ရက်၊ မနက်ပိုင်းက ယာဥ် သုံးစီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး ၁၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အဲဒီဖြစ်စဉ်ဟာ ဇေယျာသီရိမြို့နယ်၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ နန်းသြရွာရှေ့မှာ ဒီနေ့မနက် ၁၀ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသား နှစ်ယောက်၊ အမျိုးသမီး ၁၄ ယောက် ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။
“လိုက်ထရပ်၊ ဖောကားနဲ့ ဟိုက်ဂျက် သုံးစီးဆင့်တိုက်တာ။ အမျိုးသားနှစ်ယောက်က ခြေကျိုးဒဏ်ရာရတယ်။ အမျိုးသမီးတွေကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲ ရတာ။ ဒဏ်ရာရတဲ့သူတွေက ဟိုက်ဂျက်ပေါ်ကလူတွေ။ စိုးရိမ်ရတဲ့သူတော့ မရှိဘူး” လို့ ကရုဏာရှင် လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို ဥတ္တရသီရိမြို့နယ်ရှိ ပြည်သူ့ဆေးရုံ ခုတင် (၁၀၀၀) နဲ့ ပုဗ္ဗသီရိမြို့နယ်ရှိ ပြည်သူဆေးရုံ ခုတင် (၃၀၀) ကို ပို့ဆောင်ထားတယ်လို့ သူက ပြောပါတယ်။
​မေလ ၂ရက်​နေကလည်း ဥတ္တရသီရိမြို့နယ် ​တောင်ညိုလမ်းမှာ ဝါးခုတ်ပြန်လာတဲ့ကား​မှောက်လို့ ၁၇ ​ယောက်​​သေဆုံးပြီး ၃၁ ​ယောက် ဒါဏ်ရာရခဲ့ပါ​သေးတယ်။
ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်းမှာ အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကနေ မေလအထိ သုံးလတာကာလအတွင်း ယာဉ်မတော်တဆမှု စုစုပေါင်း ၈၈၈ မှု ဖြစ်ပွားခဲ့ပြီး ၄၈၆ ယောက် သေဆုံးခဲ့ကာ ၁,၂၀၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
သုံးလတာကာလအတွင်း ရန်ကုန်တိုင်းက ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၁၉၉ မှု ရှိခဲ့ကာ ၉၆ ယောက် သေဆုံးပြီး ၂၇၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒုတိယအများဆုံးကတော့ ဧရာဝတီတိုင်းဖြစ်ပြီး ယာဉ်မတော်တဆမှုဖြစ်စဉ် ၁၃၅ ခုမှာ ၆၄ ယောက် သေဆုံးခဲ့ကာ ၁၉၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ကာလတူအတွင်း မြန်မာနိုင်ငံတဝန်း ယာဉ်မတော်တဆမှုပေါင်း ၈၅၆ မှုဖြစ်ပွားခဲ့ပြီး ၄၅၃ ယောက် သေဆုံးခဲ့ကာ ၁,၂၆၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

image

နည်းပြရာထူးအတွက် စတင် ဆက်သွယ်မှုများ ပြုလုပ်လာတဲ့ ချဲလ်ဆီး
====================

ချဲလ်ဆီးဟာ နည်းပြသစ်ခန့်အပ်ရေးအတွက် လျာထားခံရတဲ့ နည်းပြများအား စတင် ဆက်သွယ်မှုများ ပြုလုပ်လာပြီ ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့လတုန်းက ထုတ်ပယ်လိုက်တဲ့ လီယမ်ရိုဆင်နီယာနေရာတွင် အစားထိုးရန် လျာထားစာရင်းတွင် အန်ဒိုနီအိုင်ရာအိုလာ၊ ဇာဘီးအလွန်ဆို၊ မာကိုဆေးလ်ဗားတို့အား ဦးစားပေးအဖြစ် ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ချဲလ်ဆီးရဲ့ ပစ်မှတ်ထဲတွင် နွေရာသီတွင် ပဲလေ့စ်မှ ထွက်ခွာမဲ့ ဩစတြီးယားနိုင်ငံသားနည်းပြအိုလီဗာဂလပ်စ်နာလည်း ပါဝင်နေပါတယ်။
ဒါ့အပြင် ချဲလ်ဆီးရဲ့ ပစ်မှတ်ထဲတွင် ကစားသမားဟောင်းများဖြစ်ကြတဲ့ ဖလာမင်ဂိုနည်းပြဟောင်းဖီးလစ်ပီလူးဝစ်၊ ကိုမိုနည်းပြဖာဘရီဂက်စ်တို့လည်း ပါဝင်ပါတယ်။
ချဲလ်ဆီးဟာ နည်းပြသစ်အား ဇူလိုင်လ အစောပိုင်း ရာသီကြိုလေ့ကျင့်ခန်း မဆင်းမီ ခန့်အပ်ရန် ရည်မှန်းထားပါတယ်။
အိုင်ရာအိုလာ၊ အလွန်ဆို၊ ဆေးလ်ဗားနှင့် ဂလပ်စ်နာတို့မှာ လက်ရှိကလပ် လက်မဲ့ (သို့မဟုတ်) နွေရာသီတွင် ကလပ်လက်မဲ့ဖြစ်လာကြမဲ့သူများဖြစ်ကြရာ ချဲလ်ဆီးအနေဖြင့် နစ်နာကြေးတစုံတရာမပေးဘဲ ခန့်အပ်လာနိုင်ပါမယ်။
လီဗာပူးအလယ်တန်းကစားသမားဟောင်းအလွန်ဆိုမှာ ဇန်နဝါရီလတုန်းက ရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှ ထွက်ခွာလာပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသူ ဖြစ်ပြီး အသင်းဟောင်းလီဗာပူးရဲ့ စိတ်ဝင်စားခြင်းလည်း ခံနေရပါတယ်။
ရာသီအကုန်တွင် ပဲလေ့စ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာလာမဲ့ ဂလပ်စ်နာမှာလည်း ပရီးမီးယားလိဂ်တွင် ဆက်လက် ကျင်လည်ရန် တံခါးဖွင့်ထားပါတယ်။
အလားတူ အိုင်ရာအိုလာမှာလည်း နွေရာသီတွင် ဘုန်းမောက်မှ ထွက်ခွာလာပါမယ်။
အသက် ၄၃ နှစ်ရှိ နည်းပြကို ချဲလ်ဆီးအပြင် ခရစ္စတယ်ပဲလေ့စ်ကလည်း ခန့်အပ်လိုနေပါတယ်။
တဖက်တွင် စပိန်လူမျိုးနည်းပြဟာ နွေရာသီတွင် မည်သည့်ကလပ်ကိုမျှ မကိုင်တွယ်ဘဲ လာမယ့်ရာသီဝက်တွင်မှ လစ်လပ်လာမဲ့ ကလပ်အား ကိုင်တွယ်ရန်လည်း တံခါးဖွင့်ပေးထားပါတယ်။
ဆေးလ်ဗားမှာ နွေရာသီတွင် ဖူလ်ဟမ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးလာမှာ ဖြစ်ပေမဲ့ သုံးနှစ်စာချုပ်သစ်ကမ်းလှမ်းခြင်းခံထားရပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြကို ဆော်ဒီကလပ်များကလည်း စိတ်ဝင်စားနေပါတယ်။

image

တူချယ်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်ပဏာမလူစာရင်းတွင် ၈ နှစ်ကြာ ဝေးကွာနေတဲ့ ဝါရင့်ပရီးမီးယားလိဂ်စတားတစ်ဦး ပါဝင်နေ
===================

သောမတ်စ်တူချယ်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင် အင်္ဂလန်ပဏာမလူစာရင်း ၅၅ ဦးစာရင်းကို ကြေညာလာတော့မှာ ဖြစ်ပါတယ်။ ယင်းပဏာမလူစာရင်းတွင် ပါဝင်လာမဲ့ ကစားသမား ၃ ဦး ပေါက်ကြားလာခဲ့ပြီ ဖြစ်ပါတယ်။
ပေါက်ကြားလာတဲ့ ၃ ဦးတွင် ပါဝင်တဲ့ ကစားသမားတစ်ဦးမှာ လွန်ခဲ့တဲ့ ရှစ်နှစ်ခန့်တုန်းက King Power Stadium တွင် ဆွစ်ဇာလန်ကို ၁-၀ ဖြင့် အနိုင်ရတဲ့ပွဲတွင် အင်္ဂလန်အတွက် နောက်ဆုံးကစားခဲ့သူ ဖြစ်ပါတယ်။
ယင်းကစားသမားက ဘရိုက်တန်ဝါရင့်တိုက်စစ်မှူးဒန်နီဝဲလ်ဘက် ဖြစ်ပါတယ်။ သူဟာ ယခုရာသီ ပြိုင်ပွဲရပ်ရပ်တွင် ၁၄ ဂိုးသွင်းထားပြီး တစ်ရာသီအတွင်း ကစားသမားဘဝ အကောင်းဆုံးဂိုးသွင်းခြေ ရရှိထားသူပါ။
အင်္ဂလန်ရဲ့ပဏာမလူစာရင်းတွင် ပါဝင်တဲ့ ကျန်ကစားသမား ၂ ဦးက လုခ်ရှောနှင့် ဂျာရက်ဘရန့်ဝှိုက် ဖြစ်ပါတယ်။
အထက်ပါသတင်းကို ဖွင့်ချလာတာကတော့ The Telegraph တွင် ဘောလုံးဂျာနယ်လစ်အဖြစ် အလုပ်လုပ်နေတဲ့ မိုက်မက်ဂရတ်က X တွင် ဖွင့်ချလာတာ ဖြစ်ပါတယ်။
တူချယ်ဟာ ယနေ့တွင် ဖီဖာထံသို့ ပဏာမလူစာရင်း ၅၅ ဦးကို ပေးပို့ရမှာ ဖြစ်ပြီး မေလ ၂၂ ရက်နေ့တွင် အပြီးသတ် ၂၆ ဦးစာရင်းကို ထုတ်ပြန်လာပါမယ်။
အသက် ၃၅ နှစ်ရှိ ဝဲလ်ဘက်ဟာ ဖေဘီယန်ဟူဇီလာရဲ့ ဘရိုက်တန်တွင် ခြေစွမ်းပြနေသူဖြစ်ပါတယ်။ ဘရိုက်တန်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေပြီး ရာသီသိမ်းရန် ၂ ပွဲတည်းသာ လိုတော့တဲ့အချိန်တွင် အဆင့် ၆ နေရာမှ ဘုန်းမောက်နှင့် ၂ မှတ်တည်းသာ ကွာဟနေပါတယ်။
တကယ်လို့များ ဗီလာသာ ယူရိုပါလိဂ်ချန်ပီယံ ဖြစ်လာပါက အဆင့် ၆ နေရာမှ အသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရလာပါမယ်။

image

ကြက်ဆီထမင်း မွှေးမွှေးလေးကို အချဉ်ရည်စပ်စပ်လေးနဲ့ တို့စားရတဲ့ အရသာကိုတော့ လူတိုင်း စွဲလန်းကြမှာပါရှင်။
အခုဆိုရင် ဆိုင်သွားစရာမလိုဘဲ အနံ့ရော အရသာပါ ဆိုင်ကအတိုင်း တစ်ထေရာတည်းတူတဲ့ ကြက်ဆီထမင်းကို အိမ်မှာတင် လွယ်လွယ်ကူကူ ဖန်တီးလို့ ရပါပြီ!" ✨🍗🍚
အခုပြောပြပေးမယ့် နည်းလမ်းလေးမှာတော့ အသားသားကလည်း နူးအိ၊ ထမင်းကလည်း ဆီမွှေးနံ့သင်းသင်းနဲ့ ရှယ်စပ်တဲ့ အချဉ်ရည်စပ်နည်းတွေအထိ တစ်ဆင့်ချင်းစီ အသေးစိတ် ပါဝင်ပါတယ်။
ဧည့်သည်ပဲ လာလာ၊ မိသားစုကိုပဲ ကျွေးကျွေး အားလုံးက လက်ဖျားခါပြီး ချီးကျူးသွားစေမယ့် နည်းလမ်းကောင်းလေးမို့ အခုပဲ အတူတူ ကြည့်လိုက်ရအောင်လားရှင်။
✨ လိုအပ်သော ပါဝင်ပစ္စည်းများ
၁။ ကြက်သားပြုတ်နှင့် ဟင်းချိုအတွက်
• ကြက်သား - ရင်အုံနှင့် ပေါင်သားတွဲလျက် ၄ ခု
• ကြက်ရိုး - ၁ ခု (ဟင်းရည် အချိုဓာတ်ရဖို့အတွက်ပါ)
• နံနံပင်မြစ် - ၃ မြစ်
• ကြက်သွန်ဖြူ - ၃ မွှာ (ဓားပြားရိုက်ထားပေးပါ)
• ငရုတ်ကောင်းစေ့ - အနည်းငယ် (ညက်နေအောင် ထောင်းထားပါ)
• ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၂ ဇွန်းခွဲ
• အသားမှုန့် နှင့် သကြားခဲ (သို့မဟုတ် သကြား) - အနည်းငယ်စီ
• ကျောက်ဖရုံသီး နှင့် ပဲသွေး - မိမိနှစ်သက်သလောက်
၂။ ဆီမွှေးထမင်းချက်ရန်အတွက်
• ကြက်ရေခွံ - အနည်းငယ် (ကြက်ရိုးမှ ခွာထုတ်ထားသည်များ)
• ဂျင်း - ၃ ပြား (ပါးပါးလေးတွေဖြစ်အောင် လှီ:ထားပါ)
• နံနံပင်မြစ် - ၃ မြစ်
• ဆန် - နို့ဆီဘူး ၁ ဘူးခွဲ
• ဆား နှင့် သကြား - အနည်းငယ်စီ
၃။ ရှယ်အချဉ်ရည်အတွက်
• ဂျင်း - ၄ ပြား
• ကြက်သွန်ဖြူ - ၅ မွှာ
• နံနံပင်မြစ် - ၂ မြစ်
• ငရုတ်သီးနီ - ၁၀ တောင့် (မိမိအစပ်စားနိုင်သည့်အပေါ် မူတည်၍ ချိန်ညှိပါ)
• ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၂ ဇွန်း
• ပဲပုပ်အနှစ်ရည် - ထမင်းစားဇွန်း ၁ ဇွန်းခွဲ
• ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဝက်
• သံပရာရည် - မိမိနှစ်သက်သလောက်
• ဆား၊ သကြား နှင့် ရေ - အနည်းငယ်စီ
👩‍🍳 ပြုလုပ်ပုံ အဆင့်ဆင့်
အဆင့် (၁) - ကြက်သားပြုတ်ခြင်းနှင့် ဟင်းချိုတည်ခြင်း
• ပထမဆုံး အိုးထဲမှာ ကြက်သားတွေ မြုပ်သွားတဲ့အထိ ရေထည့်ပြီး သန့်စင်ထားတဲ့ ကြက်သားနဲ့ ကြက်ရိုးတွေကို ထည့်လိုက်ပါရှင်။ နံနံပင်မြစ်၊ ထုထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ အသားမှုန့်၊ ပဲငံပြာရည်အကြည်နဲ့ သကြားခဲတို့ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးရပါမယ်။
• ရေတွေ ပွက်ပွက်ဆူလာပြီဆိုရင်တော့ အပေါ်ကတက်လာတဲ့ အမြှုပ်တွေကို အိတ်သွန်ဖတ်တင် ဖယ်ထုတ်ပေးပါရှင်။ အဲဒီနောက်မှာတော့ အပေါ်ယံမှာ ဝေ့နေတဲ့ ကြက်ဆီအရည်တွေကို သီးသန့်ခပ်ထုတ်ထားပေးပါ၊
• ဒီအဆီကို ထမင်းချက်တဲ့အခါ သုံးမှာဖြစ်လို့ပါရှင်။ ပြီးရင်တော့ မီးအေးအေးလေးနဲ့ မိနစ် (၃၀) ကြာအောင် ဆက်ပြီး ပြုတ်ထားလိုက်ပါရှင်။
အဆင့် (၂) - ဆီမွှေးထမင်းချက်ခြင်း
• ဒယ်အိုးထဲမှာ ကြက်ရေခွံတွေကို ဆီထွက်လာတဲ့အထိ အရင်ဆုံး ကြော်ပေးရပါမယ်။ ဆီထွက်လာပြီဆိုရင် ဂျင်းနဲ့ နံနံပင်မြစ်ကို ထည့်ပြီး အနံ့မွှေးလာအောင် ဆီသဝာ်လိုက်ပါရှင်။
• ပြီးရင်တော့ ဆေးကြောထားတဲ့ ဆန်တွေကို ထည့်ပြီး အနံ့လေးတွေ သင်းလာတဲ့အထိ အတူတူ လှော်ပေးရပါမယ်။
• ဆန်လှော်ပြီးသွားရင်တော့ လျှပ်စစ်ထမင်းအိုးထဲ ပြောင်းထည့်ပြီး စောစောက ခပ်ထုတ်ထားတဲ့ ကြက်ဆီအရည်တွေနဲ့ ကြက်ပြုတ်ရည် (၂၄၀ မီလီလီတာဝင် ခွက်ဖြင့် ၃ ခွက်ခန့်) ကို ထည့်လိုက်ပါရှင်။
• ရေပမာဏကိုတော့ ပုံမှန်ထမင်းချက်နေကျအတိုင်း ချိန်ဆပြီး ဆား၊ သကြား အနည်းငယ်ထည့်ကာ သမအောင်မွှေပြီး ချက်လိုက်ရုံပါပဲရှင်။
အဆင့် (၃) - ကြက်သားဆယ်ခြင်းနှင့် ဟင်းချိုပြင်ဆင်ခြင်း
ကြက်သားပြုတ်တာ မိနစ် (၃၀) ပြည့်လို့ အသားတွေ နူးအိသွားပြီဆိုရင်တော့ ကြက်သားတွေကို ဆယ်ထုတ်ပြီး အအေးခံထားလိုက်ပါရှင်။ ကျန်နေတဲ့ ကြက်ရိုးဟင်းချိုအိုးထဲကိုတော့ လှီ:ထားတဲ့ ကျောက်ဖရုံသီးနဲ့ ပဲသွေးတွေကို ထည့်ပြီး နောက်ထပ် (၁၅) မိနစ်လောက် ထပ်မံတည်ပေးလိုက်ပါရှင်။
အဆင့် (၄) - ရှယ်အချဉ်ရည်စပ်ခြင်း
ကြိတ်စက်ထဲကို ဂျင်း၊ ကြက်သွန်ဖြူ၊ နံနံပင်မြစ်နဲ့ ငရုတ်သီးတွေထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါရှင်။ ရလာတဲ့ အနှစ်ထဲကို ပဲငံပြာရည်အကြည်၊ ပဲပုပ်အနှစ်ရည်၊ ပဲငံပြာရည်အနောက်၊ သံပရာရည်၊ ဆား၊ သကြားနဲ့ ရေအနည်းငယ်တို့ထည့်ပြီး မိမိစိတ်ကြိုက် အရသာရအောင် စပ်ယူလိုက်ရုံပါပဲရှင်။
အခုဆိုရင်တော့ နူးအိနေတဲ့ ကြက်သားကို အနေတော်လှီ:၊ မွှေးကြိုင်နေတဲ့ ထမင်းလေးနဲ့အတူ အချဉ်ရည်လေးဆမ်းပြီး ဟင်းချိုပူပူလေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီရှင်။
လုပ်နည်းက ရိုးရှင်းပေမဲ့ အရသာကတော့ ဆိုင်ကချက်တဲ့အတိုင်း ရှယ်ကောင်းတာမို့ အခုပဲ အိမ်မှာ စမ်းချက်ကြည့်ဖို့ တိုက်တွန်းပါရစေရှင်။
ဒီချက်နည်းလေးက အသုံးဝင်တယ်ဆိုရင် နောက်တစ်ခါ ပြန်ကြည့်ဖို့ Save ထားဖို့နဲ့ သူငယ်ချင်းတွေပါ သိရအောင် Share ပေးဖို့ မမေ့နဲ့ဦးရှင်! 🥰✨🧤

image

ယခုရာသီတွင် ဒိုင်အမှား ၃ ခုကြောင့် ချန်ပီယံဖြစ်လုနီးပါး ဖြစ်နေကြောင်း ပရီးမီးယားလိဂ်ဝန်ခံလာ
===================

ကျွမ်းကျင်သူ သမာဓိအဖွဲ့က အာဆင်နယ်မှာ ယခုရာသီတွင် ဒိုင်လူကြီး အမှား ၃ ခုမှ အကျိုးကျေးဇူး ရရှိခဲ့ကြောင်း ဆုံးဖြတ်လာခဲ့ပါတယ်။
အထက်ပါ အဖြစ်အပျက်အားလုံးမှာ အာဆင်နယ်တို့ ၁-ဂိုးအသာဖြင့် အနိုင်ရတဲ့ပွဲများတွင်သာ ဖြစ်ပြီး ယင်းပွဲများမှ အမှား ၃ ခုက ပရီးမီးယားလိဂ်ဖလားအတွက် ဆုံးဖြတ်ဖြစ်နေမှာ သေချာနေပါတယ်။
အာဆင်နယ်ဟာ တနင်္ဂနွေနေ့တုန်းက ဝက်စ်ဟမ်းနှင့်ပွဲတွင် ကယ်လမ်ဝီလ်ဆင်ရဲ့ ၉၅ မိနစ်ချေပဂိုးအား VAR ကသာ မှားယွင်း ငြင်းပယ်လာခြင်းဖြစ်လာပါက ယခုရာသီတွင် စတုတ္ထအမှားကြောင့် အကျိုးအမြတ်ရရှိလာမှု ဖြစ်လာပါမယ်။
VAR နှင့် ဒိုင်လူကြီးတို့ဟာ ယင်းပွဲစဉ်တွင် နှစ်ဖက်ကစားသမားများ အပြန်အလှန်လုံးထွေးမှုများ ရှိနေပေမဲ့လည်း ဒေးဗစ်ရာယာကို ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး အာဆင်နယ်ကို မျက်နှာသာပေးခဲ့တာပါ။
တကယ်တော့ အာဆင်နယ်ဟာ ဝက်စ်ဟမ်းနှင့်တစ်ပွဲတည်းမှာသာ ဒိုင်လူကြီးရဲ့ မျက်နှာသာပေးမှု ရရှိခဲ့တာ မဟုတ်ပါဘူး။
ပရီးမီးယားလိဂ်ရဲ့ လွတ်လပ်တဲ့ ခုံဒိုင်အဖွဲ့က ယခုရာသီတွင် ဒိုင်လူကြီးအမှားကြောင့် အာဆင်နယ်တို့ အကျိုးကျေးဇူး ရရှိခဲ့ပြီး ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။
ပထမပွဲမှာ ဒီဇင်ဘာလတုန်းက အဲဗာတန်ကို ၁-၀ ဖြင့် အနိုင်ရတဲ့ ပွဲမှာ ဖြစ်ခဲ့တာ ဖြစ်ပြီး ဝီလီယံဆာလီဘာက သီယာနိုဘာရီကို ဘောလုံးမထိဘဲ ကန်ခဲ့ကာ ပြစ်ဒဏ်ကျူးလွန်ခဲ့ပါတယ်။ ဒိုင်လူကြီးဆမ်ဘာရော့နှင့် VAR တို့က ယင်းအဖြစ်အပျက်ကို အရေးယူခဲ့ခြင်း မရှိပါဘူး။ နောက်ပိုင်းမှာ ခုံဒိုင်အဖွဲ့က ၃/၂ ဖြင့် ဒိုင်ဆုံးဖြတ်ချက်မှားယွင်းကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။
ယင်းနောက် ဒုတိယအဖြစ်အပျက်မှာ မတ်လ ၁ ရက်နေ့ ချဲလ်ဆီးအား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် ဖြစ်ခဲ့တာပါ။ ထိုစဉ်တုန်းက ခုံဒိုင် ၅ ဦးလုံးက ချဲလ်ဆီးကို ပင်နယ်တီပေးသင့်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီကလန်ရိုက်က ဟာတိုရဲ့ ထောင့်ကန်ဘောအား လက်ဖြင့် ထိခဲ့တာပါ။
ယင်းအဖြစ်အပျက်ဖြစ်ပြီး ၃ ရက်အကြာ မတ်လ ၄ ရက်နေ့တွင် ဂါဘရီရယ်မာတင်နယ်လီမှာ ဘရိုက်တန်အား ၁-၀ ဖြင့် အနိုင်ရတဲ့ပွဲတွင် မတ်ဝီဖာကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမဲ့ အရေးယူခြင်းမခံခဲ့ရပါဘူး။
ထိုစဉ်တုန်းက ခုံဒိုင်အဖွဲ့က ကွင်းအတွင်း ဆုံးဖြတ်ချက်မှာ မှားယွင်းကြောင်း၊ VAR ပါဝင်သင့်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
တကယ်လို့ အထက်ပါ အဖြစ်အပျက်အားလုံးကိုသာ ဒိုင်လူကြီးနှင့် VAR က မှန်ကန်စွာ ဆုံးဖြတ်လာပါက အာဆင်နယ်တို့ပင်နယ်တီ ပေးလာရမှာ ဖြစ်ပြီး သရေကျလာမှာ ဖြစ်ပြီး ရမှတ် ၆ မှတ်ဆုံးရှုံးလာပါမယ်။
ယင်းသို့ ဖြစ်လာပါက အာဆင်နယ်ဟာ မန်စီးတီးနှင့် တစ်ပွဲပိုကစားပြီး ရမှတ် တစ်မှတ်အကွာသို့ ရောက်သွားပါမယ်။

image

အိမ်ရှင်ပွဲကြည့်စင်တွင် လာကြည့်နေတဲ့ အာဆင်နယ်ပရိသတ်တစ်ဦးအား ဝက်စ်ဟမ်းပရိသတ်များ လှေကားအတိုင်း တွန်းချခဲ့ကြ
=====================

အာဆင်နယ်ပရိသတ်တစ်ဦးဟာ London Stadium ရှိ အိမ်ရှင်ပွဲကြည့်စင်တွင် ထိုင်နေစဉ် ဒေါသထွက်နေတဲ့ ဝက်စ်ဟမ်းပရိသတ်များရဲ့ လှေကားအတိုင်း အောက်သို့ တွန်းချခြင်းခံခဲ့ရပါတယ်။
အာဆင်နယ်ဟာ တနင်္ဂနွေနေ့တုန်းက London Stadium သို့ လာရောက်ကာ လန်ဒန်ပြိင်ဘက်နှင့် ရင်ဆိုင်ခဲ့ရပြီး ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ၂၂ နှစ်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ဖလားဆွတ်ခူးရေး အခြေအနေကောင်းလာပါတယ်။
ထရိုဆတ်ရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်ဟာ လက်ကျန် ဘန်လေ၊ ခရစ္စတယ်ပဲလေ့စ်တို့နှင့် ပွဲစဉ်များတွင် အနိုင်ရရှိလာပါက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာပါမယ်။
အဆိုပါပွဲစဉ်ကို အာဆင်နယ်ပရိသတ် သုံးထောင်ဝန်းကျင်တို့ အဝေးကွင်းပွဲကြည့်စင်တွင် ပျော်ပျော်ကြီး လာကြည့်ခဲ့ကြပါတယ်။
ဒါပေမဲ့ အွန်လိုင်းတွင် ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်များအရ အာဆင်နယ်ပရိသတ်အချို့တို့ဟာ အိမ်ရှင်ဝက်စ်ဟမ်းပွဲကြည့်စင်သို့ ကျူးကျော်လာရောက်ကြည့်ရှုခဲ့ကြတာလည်း တွေ့ရပါတယ်။
တုန်လှုပ်စရာ ဗီဒီယိုဖိုင်တစ်ခုအရ အမျိုးသားပရိသတ်တစ်ဦးဟာ အိမ်ရှင်ပွဲကြည့်စင် လှေကားအပေါ်မှ အောက်သို့ ဒေါသတကြီး တွန်းချခြင်းခံခဲ့ရကြောင်း တွေ့ရပါတယ်။
ဗြိတိန်ရှိ ဘောလုံးကွင်းများတွင် ကွင်းအတွင်း ပရိသတ်များ ခိုက်ရန်ဖြစ်ပွားမှုအား ရှောင်ကျဉ်နိုင်အောင် အခြားပရိသတ်ပွဲကြည့်စင်မှ လက်မှတ်များကို ဝယ်ယူခွင့် မပြုပါဘူး။
Met Police က ဝက်စ်ဟမ်းနှင့် အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ရန်မူ တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ပရိသတ် ၄ ဦးကို ဖမ်းဆီးထိန်းသိမ်းမှု ပြုလုပ်ထားကြောင်း ကြေညာသွားပါတယ်။
နှစ်ဦးမှာ အသက် ၄၈ နှစ်မှ ၃၆ နှစ်တို့ ဖြစ်ပြီး ရန်ပြုတိုက်ခိုက်မှုကြောင့် ဖမ်းဆီးခံခဲ့ရကာ ကျန် ဆယ်ကျော်သက်လူငယ်တစ်ဦးမှာ လူမျိုးရေးခွဲခြားမှုအတွက် သံသယဝင်ကာ ဖမ်းဆီးခံခဲ့ရတာပါ။ အားလုံးကို ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ယခတိုင် အချုပ်ခန်းတွင် ထိန်းသိမ်းထားပါတယ်။
အသက် ၃၁ နှစ်ရှိ အခြားပရိသတ်တစ်ဦးမှာမူ မူးယစ်ဆေးဝါးတွေ့ရှိမှုအတွက် ဖမ်းဆီးခြင်းခံခဲ့ရတာပါ။

image

အာဆင်နယ်နှင့်ပွဲစဉ်မှ ချေပဂိုးအား ခွင့်မပြုမှုအတွက် ဒိုင်အဖွဲ့ချုပ်ထံ ဝက်စ်ဟမ်း ဆက်သွယ် မေးမြန်းလာမည်
=====================

ဝက်စ်ဟမ်းဟာ အာဆင်နယ်နှင့်ပွဲစဉ်မှ ချေပဂိုးအား ခွင့်မပြုမှုအတွက် ဒိုင်အဖွဲ့ချုပ် Professional Game Match Officials (PGMO) ထံ ဆက်သွယ်လာပါမယ်။
တနင်္ဂနွေနေ့ည London Stadium ပွဲစဉ်ရဲ့ ပွဲချိန် ၉၅ မိနစ်တွင် ကယ်လမ်ဝီလ်ဆင်က ဝက်စ်ဟမ်းအတွက် ချေပဂိုး သွင်းယူလာပြီးနောက် ဝက်စ်ဟမ်းရဲ့ ပရီးမီးယားလိဂ်မှ တန်းမဆင်းရရေး တိုက်ပွဲအတွက် မျှော်လင့်ချက်လင်းလက်လာသလို အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးအပေါ် ထိုးနှက်ချက်ကြုံခဲ့ရပါတယ်။
ဒါပေမဲ့ VAR က စစ်ဆေးမှု ပြုလုပ်လာပြီးနောက် ပါဘလိုက အာဆင်နယ်ဂိုးသမားရာယာကို ပြစ်ဒဏ်ကျူးလွန်တယ်လို့ ဆုံးဖြတ်ကာ ဂိုးအား ခွင့်မပြုခဲ့ပါဘူး။
ယခုအခါ ဝက်စ်ဟမ်းဟာ အဆိုပါ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး Professional Game Match Officials (PGMO) ထံမှ ရှင်းလင်းချက် တောင်းဆိုလာတော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဝက်စ်ဟမ်းဟာ ဒိုင်လကြီးခရစ်ကာဗာနစ်ချ်နှင့် VAR ဒိုင် ဒါရင်းအင်္ဂလန်တို့အကြား အပြန်အလှန်စကားပြောဆိုထားတဲ့ အသံဖိုင်ကိုလည်း တောင်းဆိုလာပါမယ်။
အာဆင်နယ်ဟာ ဝက်စ်ဟမ်းနိုင်ပွဲကြောင့် မန်စီးတီးအား ၅ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ်အား ဆက်လက် ဦးဆောင်လာပါတယ်။ ဝက်စ်ဟမ်းက အဆင့် ၁၈ နေရာမှာ ဆက်လက် ရပ်တည်လာရပါတယ်။ တန်းမဆင်းရရေး ပြိုင်ဘက် စပါးစ်က ယနေ့ညတွင် လိဒ်အား ဧည့်ခံကစားလာရမှာ ဖြစ်လို့ ရမှတ် ၄ မှတ်အထိ ကွာဟလာနိုင်ပါတယ်။
တဖက်တွင် ဘောလုံးဝေဖန်ရေးသမားများဖြစ်ကြတဲ့ ဝိန်းရွန်းနီ၊ ဂယ်ရီနဗီးလ်အပါအဝင် ကစားသမားဟောင်းအများစုက VAR ရဲ့ ဆုံးဖြတ်ချက်မှာ မှန်ကန်တယ်လို့ ယုံကြည်နေကြပါတယ်။

image

ဗြိတိန်အာဏာပိုင်များကြောင့် မန်စီးတီးအား ရှိတ်မန်ဆာ ရောင်းချလာရနိုင်
===================

ဗြိတိန်အာဏာပိုင်များဟာ ဆူဒန်ပဋိပက္ခနှင့်ဆက်စပ်ပြီး မန်စီးတီးပိုင်ရှင်ရှိတ်မန်ဆာဘင်ဇာယက်အယ်နာယန်အား ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ရေး တိုက်တွန်းခြင်းခံနေရပါတယ်။
ပရီးမီးယားလိဂ်ကလပ်ဟာ ဘဏ္ဍာရေးမျှတစွာ အသုံးပြုရေး စည်းမျဉ်းစည်းကမ်းပေါင်း ၁၁၅ ခုကို ချိုးဖောက်မှုအတွက် စုံစမ်းစစ်ဆေးခြင်းခံနေရတဲ့အသင်းလည်း ဖြစ်ပါတယ်။
မန်ဆာဟာ ၂၀၀၈ ခုနှစ်တွင် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ထံမှ မန်စီးတီးကို ဝယ်ယူပြီးနောက် အသင်းတွင် ပေါင်သန်းပေါင်းများစွာ ရင်းနှီးမြှပ်နှံကာ ကမ္ဘာ့ထိပ်သီးကလပ်ဖြစ်အောင် တည်ဆောက်ပေးလာသူ ဖြစ်ပြီး သူ့လက်အောက်တွင် ပရီးမီးယားလိဂ်ဖလား ၈ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ်နှင့် လိဂ်ဖလား ၇ ကြိမ် ရရှိထားပါတယ်။
ဒါ့အပြင် ရိတ်မန်ဆာလက်ထက်တွင် မန်စီးတီးဟာ အီတီဟတ်ကွင်းကို အဆင့်မြှင့်တင်ခြင်း၊ မန်ချက်စတာရှိ Co-Op Live အရီနာအပါအဝင် ဧရိယာများကို အဆင့်မြှင်ပေးထားပါတယ်။
အေဂျင်စီများနှင့် အမေရိကန်အာဏာပိုင်တို့ရဲ့ ကြေညာချက်အရ ဆူဒန်တွင် ဖြစ်ပျက်နေတဲ့ ပဋိပက္ခကြောင့် လူပေါင်း ၁၅၀၀၀၀ ကျော်အား ရိုက်ခတ်နေစေကြောင်း သိရပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့ FairSquare က ဆူဒန်ပဋိပက္ခတွင် ပါဝင်တဲ့ ယူအေအီးအာဏာပိုင်အဖွဲ့အစည်းများတွင် ရှိတ်မန်ဆာ ပါဝင်ပတ်သက်မှု ရှိ/မရှိ စုံစမ်းစစ်ဆေးရေး ဗြိတိန်အာဏာပိုင်များကို ဖိအားပေးနေပါတယ်။
တဖက်တွင် ယူအေအီးကမူ ဆူဒန်ပဋိပက္ခတွင် တစုံတရာ ပါဝင်ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။
တကယ်လို့များ FairSquare တောင်းဆိုတဲ့အတိုင်း ဗြိတိန်အစိုးရကသာ မန်ဆာကိ ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်လာပါက ပရီးမီးယားလိဂ်စည်းမျဉ်းအရ မန်စီးတီးအား ပိုင်ဆိုင်ခွင့် မရှိလာမှုနှင့်အတူ ရောင်းချလာရပါမယ်။
ဗြိတိန်အာဏာပိုင်တို့ဟာ ၂၀၂၂ ခုနှစ်တုန်းက ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲလာချိန်တွင် ချဲလ်ဆီးပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ချ် ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့ပါတယ်။ ယင်းဒဏ်ခတ်ပိတ်ဆို့မှုကြောင့် အေဘရာမိုဗစ်ချ်ဟာ ချဲလ်ဆီးကို ပေါင် ၄ ဘီလီယံဖြင့် တော့ဒ်ဘိုလေးနှင့် Clearlake Capital တို့ထံ ရောင်းချခဲ့ရပါတယ်။
တဖက်တွင် အေဘရာမိုဗစ်နှင့် ဗြိတိန်အစိုးရဟာ ချဲလ်ဆီးအား ရောင်းချရငွေအား အသုံးပြုရေးနှင့်ပတ်သက်ပြီး တရားရင်ဆိုင်နေကြတုန်း ဖြစ်ပါတယ်။

image