စာချုပ်ပါအချက်ကို ချိုးဖောက်မှုဖြင့် ဝတ်စုံထောက်ပံ့တဲ့ ကုမ္ပဏီရဲ့ တရားစွဲခြင်းခံလာရတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဟောင်း
=====================
ဘလက်ဘန်းအသင်းဟာ စာချုပ်ပါ အချက်အား ချိုးဖောက်မှုအတွက် အသင်းရဲ့ ဝတ်စုံအား ‌ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီရဲ့ တရားစွဲဆိုခြင်းခံလာရပါတယ်။
အားကစားဝတ်စုံကုမ္ပဏီ Macron ဟာ ချန်ပီယံရှစ်ကလပ်အား တရားရုံးတွင် အမှုဖွင့်လာတာလည်း ဖြစ်ပါတယ်။
The Telegraph ရဲ့ ဖော်ပြလာမှုအရ ဘလက်ဘန်းဟာ Macron နှင့် စာချုပ်ကိစ္စဆွေးနွေးမှု မပြီးပြတ်သေးတဲ့အချိန်ကာလတွင် အခြား ဝတ်စုံထောက်ပံ့ပေးမယ့် ကုမ္ပဏီများနှင့် ဆွေးနွေးလာမှုကြောင့် ယခုကဲ့သို့ တရားစွဲဆိုခြင်းခံလာရခြင်း ဖြစ်ကြောင်း သိရပါတယ်။
ဘလက်ဘန်းဟာ Macron နှင့် ချုပ်ဆိုထားတဲ့ ၅ နှစ်စာချုပ်က ယခုရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
Macron ဟာ ဘလက်ဘန်းဘက်က လာမယ့်ရာသီသစ်မှ စတင်ကာ အင်္ကျီစပွန်ဆာသစ်နှင့် လက်တွဲရန် သဘောတူညီမှု ရရှိထားကြောင့်း သတင်းထွက်လာပြီးနောက် ယခုကဲ့သို့ တရားစွဲလာတာလည်း ဖြစ်ပါတယ်။
ဘလက်ဘန်းဟာ Castore/Umbro နှင့် ပူးပေါင်းရန် သဘောတူညီမှု ရရှိထားကြောင်း သတင်းထွက်နေပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဟောင်းဘလက်ဘန်းဟာ ချန်ပီယံရှစ်နောက်ဆုံး ၁၃ ပွဲတွင် ၁ ပွဲတည်းသာ အနိုင်ရရှိကာ လိဂ် ၁ သို့ တန်းဆင်းရမယ့်ကိန်းဆိုက်နေတဲ့အသင်းလည်း ဖြစ်ပါတယ်။
ဘလက်ဘန်းဟာ ၁၉၉၄-၉၅ ရာသီတုန်းက နည်းပြကန်နီဒဲလ်ကလစ်ရှ်ရဲ့ ဦးဆောင်မှု၊ အလန်ရှီးယားရဲ့ ခြေစွမ်းပြနိုင်မှုတို့ဖြင့် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ အသင်း ဖြစ်ပါတယ်။
ဘလက်ဘန်းဟာ ၂၀၁၂ ခုနှစ်တွင် ပရီးမီးယားလိဂ်မှ ချန်ပီယံရှစ်သို့ တန်းဆင်းသွားခဲ့ရပြီးနောက် ပရီးမီးယားလိဂ်သို့ ပြန်လည်တက်လှမ်းလာနိုင်ခဲ့ခြင်း မရှိပါဘူး။

image

Match for Hope 2026 ရန်ပုံငွေပွဲတွင် ပြိုင်ဘက်ဂိုးသမားအားဒေါ်လာ ၁၀၀၀၀ ပေးပြီး ဘေးထွက်နေစေကာ အကာအကွယ်မဲ့ ဂိုးပေါက်ထဲသို့ ပင်နယ်တီ ကန်သွင်းခဲ့တဲ့ Mr Beast
=================

YouTube မီဂါစတား Mr Beast ဟာ 2026 Match For Hope ရန်ပုံငွေ ဘောလုံးပွဲတွင် ပရိသတ်အားလုံး အံ့ဩသင့်သွားစေမယ့် လုပ်ရပ်တစ်ခု လုပ်ဆောင်လာခဲ့ပါတယ်။
YouTube တွင် subscribed အများဆုံး ရရှိသူအဖြစ် ရပ်တည်နေတဲ့ Mr Beast ဟာ ကာတာတွင် ကစားတဲ့ Team Chunkz နှင့် ပွဲစဉ်တွင် Team Aboflah အတွက် ပါဝင်ကစားခဲ့ပါတယ်။
ယင်းပွဲစဉ်တွင် နှစ်ဖက်သွင်းဂိုး ၁၅ ဂိုးအထိ ရှိခဲ့ပြီး Team Chunkz က ၈-၇ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။
အံ့ဩစရာကောင်းတာက ပွဲချိန် ၇၄ မိနစ်တွင် Team Chunkz က ၇-၅ ဖြင့် ဦးဆောင်နေချိန်မှာ Mr Beast ဟာ ပွဲရလဒ် ၇-၆ ဖြစ်စေမယ့် အခွင့်အရေး အဖြစ် ပင်နယ်တီ ကန်သွင်းနိုင်မယ့် အခွင့်အရေး ရရှိလာခဲ့ပါတယ်။
Mr Beast ဟာ ယခင်တုန်းကလည်း Sidemen Charity Match ပွဲအပါအဝင် ရန်ပုံငွေများမှာ ပါဝင်ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။
သူဟာ ပင်နယ်တီကန်ဖို့ ရှေ့ထွက်ခဲ့ပြီးနောက် အရန်ခုံသို့ တခုခု ယူလာပေးရန် အချက်ပြခဲ့ပါတယ်။
သူ ယူဆောင်လာခိုင်းခဲ့တာက သေတ္တာတစ်လုံး ဖြစ်ပါတယ်။
Mr Beast က ငွေသား ဒေါ်လာ ၁၀၀၀၀ ထည့်ထားတဲ့ သေတ္တာလို့ ဆိုပါတယ်။
သူဟာ ယင်းငွေများကို ပြိုင်ဘက်ဂိုးသမားအား ပေးပြီး အကာအကွယ်မဲ့ ဂိုးပေါက်ထဲသို့ ကန်သွင်းနိုင်ရန် လာဘ်ထိုးခဲ့ပါတယ်။
ဂိုးသမားဟာလည်း ယင်းငွေသေတ္တာအား ယူသွားခဲ့ပြီးနောက် ပရိသတ်များအား ငွေယူသင့်/မယူသင့် မေးမြန်းခဲ့ပါတယ်။
ဂိုးသမားက ပရိသတ်များက ငွေယူဖို့ ပြောကြားလာပေမယ့် မယူဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် Mr Beast ရဲ့ ကစားဖော်တစ်ဦးက ဂိုးသမားကို အခြားတစ်ဖက်သို့ ခေါ်ဆောင်သွားခဲ့ပါတယ်။
ယင်းအချိန်တွင် Mr Beast က အကာအကွယ်မဲနေတဲ့ ဂိုးပေါက်ထဲသို့ ပင်နယ်တီ ကန်သွင်းခဲ့ပါတယ်။
ဘောလုံးပရိသတ်များအား အဆိုပါ အဖြစ်အပျက်အား ဆိုရှယ်မီဒီယာတွင် ဟာသနှော ပြောဆိုမှုများ ပြုလုပ်နေကြပါတယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
***************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

ဒါလေးနဲ့ပဲ ဖြေသိမ့်နေရတာ 🥹

image
14 w - Translate

၁၈၆၄ ခုနှစ်တုန်းက ပရပ်ရှား (Prussia) ရဲ့ သိမ်းပိုက်မှုကို ခံလိုက်ရတဲ့ ဒိန်းမတ်တောင်ပိုင်းဒေသတွေမှာ ဒိန်းမတ်လူမျိုးတို့ရဲ့ အမျိုးသားရေးပြယုဂ်ဖြစ်တဲ့ Dannebrog (အနီရောင်နောက်ခံမှာ အဖြူရောင်လက်ဝါးကပ်တိုင်ပါတဲ့ အလံ) ကို အသုံးမပြုဖို့ တားမြစ်ပိတ်ပင်ခြင်း ခံခဲ့ရပါတယ်
ဒီလိုနဲ့ ဒိန်းမတ်တောင်သူတွေဟာ သူတို့ရဲ့ မျိုးချစ်စိတ်ဓာတ်ကို ဖော်ပြဖို့အတွက်ထူးခြားတဲ့ နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ် သူတို့ဟာ ဝက်တွေကို စနစ်တကျ မျိုးစပ်မွေးမြူခဲ့ကြပြီး ကိုယ်ထည်က အနီရောင် ၊ ဝမ်းဗိုက်ပတ်ပတ်လည်မှာ အဖြူရောင်အစင်းကျယ်ကြီးပါတဲ့ ဝက်မျိုးစိတ်သစ်ကို ဖန်တီးခဲ့ကြပါတယ်
ဒီဝက်ကလေးတွေကို ကြည့်လိုက်ရင် ဒိန်းမတ်အလံရဲ့ အရောင်နဲ့ ပုံသဏ္ဌာန်ကို အမှတ်ရစေပါတယ် အစိုးရက အလံလွှင့်တာကို ပိတ်ပင်နိုင်ပေမဲ့ ဝက်ခြံထဲက ဝက်တွေကိုတော့ နိုင်ငံရေးသင်္ကေတ လို့ သတ်မှတ်ပြီး ဖမ်းဆီးဖို့ ဒါမှမဟုတ် သxတ်ပစ်ဖို့ ဥပဒေအရ လုပ်ဆောင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပါဘူး ဒီဝက်ကလေးတွေဟာ လမ်းပေါ်ထွက် ဆန္ဒပြတာမျိုး မဟုတ်ဘဲ၊ နေ့စဉ်ဘဝရဲ့ စိုက်ပျိုးမွေးမြူရေးကတစ်ဆင့် မိမိတို့ရဲ့ ယဉ်ကျေးမှုကို ဘယ်လို ထိန်းသိမ်းခဲ့ကြသလဲဆိုတာကို ပြသနေပါတယ်
၁၉၂၀ ခုနှစ် ဒိန်းမတ်တောင်ပိုင်းဒေသတွေ မိခင်နိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းသွားတဲ့အခါမှာတော့ ဒီဝက်ကလေးတွေရဲ့ နိုင်ငံရေးအခန်းကဏ္ဍဟာ ပြီးဆုံးသွားခဲ့ပါတယ် စက်မှုလယ်ယာစနစ်တွေကြောင့် ဒီဝက်မျိုးစိတ်ဟာ မျိုးသုဉ်းလုနီးပါး ဖြစ်ခဲ့ပေမဲ့ ယနေ့ခေတ်မှာတော့ သမိုင်းဝင် အထိမ်းအမှတ်အနေနဲ့ သီးသန့် ထိန်းသိမ်းစောင့်ရှောက်ထားကြပါတယ်

image

အသုပ်စုံကြိုက်သူတွေအတွက် ဆိုင်ကဝယ်စားစရာမလိုဘဲ အိမ်မှာတင် လက်ရာကောင်းကောင်းနဲ့ လုပ်စားနိုင်ဖို့ ရန်ကုန်"အသုပ်စုံလုပ်နည်း"
အသုပ်စုံဆိုတာမျိုးက အမယ်စုံလေ၊ စားလို့ကောင်းလေပဲ မဟုတ်လား။ ဆိုင်မှာ ဝယ်စားရတာ အားမရသူတွေအတွက် အိမ်မှာပဲ သန့်သန့်ရှင်းရှင်းနဲ့ တစ်မိသားစုလုံး ဗိုက်ကားအောင် စားလို့ရမယ့် အသုပ်စုံ ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ထည့်သွင်းရမယ့် အမယ်များ
အရသာစုံစုံလင်လင်ဖြစ်အောင် ဒီပစ္စည်းလေးတွေ အရင်ပြင်ထားရအောင် -
ဂျုံခေါက်ဆွဲဖတ်၊ ဆန်ညှပ်ခေါက်ဆွဲဖတ်
ဆန်ကြာဇံ (ပြုတ်ပြီးသားကို ပဲငန်ပြာရည်လေးနဲ့ နယ်ထားပါ)
ငရုတ်ဆီထမင်း (အရောင်တင်မှုန့် ဆီချက်ပြီး ထမင်းနဲ့ နယ်ထားတာနော်)
သခွားသီး၊ သင်္ဘောသီးခြစ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ (ပါးပါးလှီးထားပါ)
ပဲပြားကြော်၊ အာလူးပြုတ်၊ တိုဟူး၊ ပဲပင်ပေါက်လှော်
ငှက်ပျောဖူးနုနု (အစိမ်းဖြစ်ဖြစ်၊ ပြုတ်ပြီးဖြစ်ဖြစ် မိမိကြိုက်နှစ်သက်သလို ထည့်နိုင်ပါတယ်)
အရသာကို ပံ့ပိုးပေးမယ့် အပိုင်း
ဆီချက်: ကြက်သွန်ဖြူဆီချက် နဲ့ ကြက်သွန်နီဆီချက် (အနံ့လေးက မွှေးနေရောပဲ)
အချဉ်: မန်ကျည်းမှည့်ရည် (အပျစ်လေးဆို ပိုကောင်းပါတယ်)
အမွှေးအကြိုင်: နံနံပင်၊ ရှောက်ရွက် (ပါးပါးလှီးထားပါ)
အဓိကပစ္စည်း: ပုစွန်ခြောက်မှုန့်၊ ငံပြာရည်၊ ငရုတ်သီးအလှော်မှုန့်
အရေးကြီးဆုံး: ပဲအကျက်မှုန့် (လတ်လတ်ဆတ်ဆတ်ဆိုရင် ပိုအရသာရှိပါတယ်)
အကြံပြုချက်
အသုပ်သုပ်တဲ့အခါ ဆီချက်ရည် နဲ့ ပဲမှုန့် အချိုးအစားကို မျှတအောင် ဂရုစိုက်ပါ။ ဒါဆိုရင်တော့ ဆိုင်ထက်သာတဲ့ အိမ်ချက် "အသုပ်စုံ" ကို ရရှိမှာပါ။ တစ်မျိုးချင်း သီးသန့်သုပ်စားမလား၊ အကုန်ရောပြီး အစုံသုပ်မလား... ကြိုက်သလို ဖန်တီးလို့ရပြီနော်။
ဒီနည်းလေးကို သိမ်းထားချင်ရင်တော့ Save ထားဖို့ မမေ့နဲ့ဦးနော်။ 😋😋

image
14 w - Translate

ဘဝမှာ ပျော်ချင်ရင် ရှောင် ငါး ရှောင်က်ို မှတ်ထား။
Cancer ရှောင်။
Virgo ရှောင်။
Pisces ရှောင်။
Capricorn ရှောင်။
Libra ရှောင်။
ပျော်ရွှင်ကျန်းမာ အလှတိုးလာပါလိမ့်မယ်နော်။

image
14 w - Translate

🏆

image
14 w - Translate

July လထဲမှာထွက်ရှိဖိုကြေညာသွားတဲ့ CHAINSMOKER CAT Anime အသစ်

image
14 w - Translate

◾️Order Picker Staff - Yangon
Company: Makro Myanmar
Salary Range: Negotiation
https://joimyanmar.com/job/detail/26564

◾️Junior accountant - Yangon
Company: Dreams Express Delivery
Salary Range: MMK 400,000 - 500,000
https://joimyanmar.com/job/detail/26598

◾️Delivery - Yangon
Company: EVERSHINE TRADING COMPANY LIMITED
Salary Range: MMK 200,000 - 300,000
https://joimyanmar.com/job/detail/26610

◾️Junior Accountant - Yangon
Company: SML Business Group Company Limited
Salary Range: MMK 400,000 - 500,000
https://joimyanmar.com/job/detail/26620

image