ကမ္ဘောဇဘဏ် စနစ်များ ထိုးဖောက်ခံရခြင်းမရှိဟု ထုတ်ပြန်၊ ဆိုင်ဘာလုံခြုံရေး အထူးသတိပြုရန် အသိပေး

ကမ္ဘောဇဘဏ်အနေဖြင့် ဆိုင်ဘာလုံခြုံရေး စစ်ဆေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ နောက်ဆုံးစစ်ဆေးတွေ့ရှိချက်များအရ ဘဏ်၏စနစ်များ လုံခြုံရေးကျိုးပေါက်ခြင်း သို့မဟုတ် ထိုးဖောက်ဝင်ရောက်ခံရခြင်း လုံးဝမရှိကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
ဘဏ်၏ ထုတ်ပြန်ချက်တွင် သုံးစွဲသူများ၏ လုံခြုံရေးနှင့် ကိုယ်ရေးအချက်အလက်များကို အစဉ်အမြဲ အလေးထား ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း ဖော်ပြထားပြီး၊ သုံးစွဲသူများနှင့် အများပြည်သူအနေဖြင့် မိမိတို့၏ ဘဏ်အကောင့်နှင့် ကိုယ်ရေးအချက်အလက်များ လုံခြုံရေးအတွက် အောက်ပါအချက်များကို အထူးသတိပြု လိုက်နာကြရန် နှိုးဆော်ထားသည်။
ထို့အပြင် မသင်္ကာဖွယ် လင့်ခ်များ ရှောင်ရှားရန် — မသင်္ကာဖွယ်ရာ သို့မဟုတ် မမျှော်လင့်ဘဲ ရောက်ရှိလာသော လင့်ခ်များကို နှိပ်ခြင်းမှ ရှောင်ကြဉ်ရန်၊အကောင့်လုံခြုံရေး မြှင့်တင်ရန် — မိမိအကောင့်များကို 2FA Verification သို့မဟုတ် Biometric (လက်ဗွေ/မျက်နှာ) စနစ်များဖြင့် လုံခြုံရေး အဆင့်မြှင့်တင်ထားရန်၊Antivirus အသုံးပြုရန် — အသုံးပြုသည့် Laptop နှင့် ကွန်ပျူတာများတွင် Antivirus ဆော့ဖ်ဝဲလ်များ စနစ်တကျ ထည့်သွင်း အသုံးပြုရန်၊လျှို့ဝှက်အချက်အလက်များ မမျှဝေရန် — အီးမေးလ်၊ SMS သို့မဟုတ် ဆိုရှယ်မီဒီယာများမှ ရောက်ရှိလာသော လင့်ခ်များတွင် ဘဏ်အကောင့်ဝင်သည့် အချက်အလက်များ၊ စကားဝှက်များနှင့် OTP များကို မည်သည့်အခါမျှ ရိုက်ထည့်ခြင်း မပြုလုပ်ရန် ထုတ်ပြန်ထားသည်။
သုံးစွဲသူများအနေဖြင့် Phishing လင့်ခ်တစ်ခုကို နှိပ်မိ၍ ဘဏ်အကောင့်ဆိုင်ရာ အချက်အလက်များ ထည့်သွင်းမိသည်ဟု သံသယရှိပါက အကူအညီရယူရန် ကမ္ဘောဇဘဏ်၏ Hotline ဖုန်းနံပါတ် 09951018555 သို့မဟုတ် customer_service@kbzbank.com သို့ အမြန်ဆုံး ဆက်သွယ်နိုင်ကြောင်း သိရသည်။

image