ထားဝယ်မြို့တွင် ကားနှင့် အိုးဝေတို့ပေါ် ဓာတ်တိုင်နှင့် သစ်ပင်ကျိုးကျ
တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ယနေ့ သြဂုတ် ၂၆ ရက်ညနေ ၄ နာရီခန့်က ကားတစ်စီးနှင့် အိုးဝေတစ်စီးတို့ပေါ်သို့ ဓာတ်တိုင်နှင့် သစ်ပင်ကျိုးကျခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်၊ ဆန်းချီစျေးလမ်းတွင် ကားတစ်စီးနှင့် အိုးဝေတစ်စီးတို့ပေါ်သို့ ဓာတ်တိုင်နှင့် သစ်ပင်ကျိုးကျ၍ ပိမိနေသဖြင့် တနင်္သာရီတိုင်းမီးသတ်ဦးစီးမှူးရုံး၊ ထားဝယ်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များပူးပေါင်း၍ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် ကားနှင့် အိုးဝေတို့ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သော်လည်း ထိခိုက်ဒ-ဏ်ရာရသူမရှိခဲ့ကြောင်း သိရသည်။