ဘာလယ်ဘာကို အသင်းကစားသမားသစ်အဖြစ် မန်ယူနိုက်တက် ကြေညာ

မန်ယူနိုက်တက်အသင်းဟာ ဘရိုက်တန်အသင်းက ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဘာလယ်ဘာကို အသင်းကစားသမားသစ်အဖြစ် ကြေညာခဲ့ပါတယ်။
ကင်မရွန်းလက်ရွေးစင် ဘာလယ်ဘာ(၂၂ နှစ်)ဟာ မန်ယူနိုက်တက်အသင်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။
မန်ယူနိုက်တက်အနေနဲ့ ဘာလယ်ဘာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းနဲ့ Add-ons ကြေး ပေါင် ၅ သန်း ပေးချေရဖို့ရှိပါတယ်။
ဘရိုက်တန်အသင်းကတော့ ဘာလယ်ဘာရဲ့အနာဂတ်အပြောင်းအရွှေ့ကနေ အကျိုးခံစားခွင့်ရှိမယ့် sell-on clause ကိုလည်း ထည့်သွင်းထားပါတယ်။
၂၀၂၃ ခုနှစ်မှာ လိုင်လီကနေ ပြောင်းရွှေ့လာတဲ့ ဘာလယ်ဘာဟာ လက်ရှိမှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိနေတာဖြစ်တယ်။
၎င်းဟာ ဘရိုက်တန်အသင်းအတွက် ၁၁၂ ပွဲကစားကာ လေးဂိုးသွင်းခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ၃၁ ပွဲ ကစားပေးခဲ့ပါတယ်။

image