ချယ်လ်ဆီးတိုက်စစ်မှူး ဒီလပ်ကို ပေါင်သန်း(၅၀)နဲ့ ခေါ်ယူဖို့ နော်တင်ဟမ်ဖောရက်စ် သဘောတူညီမှုရရှိ

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဒီလပ်ကို ပေါင်သန်း(၅၀)နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း မီဒီယာများစွာက ဖော်ပြခဲ့ကြပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းက ဒီလပ်အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်(၄၅)သန်းနဲ့ Add-ons ကြေး ပေါင်(၅)သန်း ပေးချေရမှာဖြစ်ကြောင်း ESPN က ဖော်ပြခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် ပြောင်းရွှေ့ကြေးအများဆုံး အသုံးပြုရတဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်မှာဖြစ်ကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက ဒီလပ်(၂၃ နှစ်)ကို ပြီးခဲ့တဲ့နှစ် နွေရာသီကမှ အစ်ဝစ်ချ်အသင်းကနေ ပေါင်သန်း(၃၀)နဲ့ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး (၆)နှစ်စာချုပ် ချုပ်ဆိုထားပေမဲ့ တစ်နှစ်အကြာမှာ ပြန်လည်ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
နော်တင်ဟမ်ဖောရက်စ်ကတော့ ဒီလပ်ကို တိုက်စစ်ပိုင်းအတွက် ပထမဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းက ဒီလပ်ကို ဒီနေ့ ဆေးစစ်မှုပြုလုပ်ဖို့ စီစဉ်ထားပြီး လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အမီ စာချုပ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းက လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၂)မှာ လီဗာပူးလ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာပါ။

image