တိုက်စစ်သုံးယောက်တွဲရဲ့စွမ်းဆောင်ရည်ကို ချယ်လ်ဆီးနည်းပြ ချီးကျူး

ချယ်လ်ဆီးအသင်းနည်းပြ ရှာဘီအလွန်ဆိုက ဖူလ်ဟမ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲအပြီး အသင်းတိုက်စစ်သုံးယောက်တွဲရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပါတယ်။
ချယ်လ်ဆီးရဲ့တိုက်စစ်အတွဲအဖက်သစ်ဖြစ်တဲ့ ဂျော်အိုပတ်ဒရို၊ မော်ဂန်ရော်ဂျာစ်၊ ကိုးလ်ပါလ်မာတို့က အသင်းအတွက် သုံးဂိုးစလုံး သွင်းယူပေးခဲ့ပါတယ်။
ပါလ်မာနဲ့ ဂျော်အိုပတ်ဒရိုတို့ဟာ အသင်းရဲ့ဂိုးတွေမှာ တစ်ဂိုးစီလည်း ဖန်တီးခဲ့ကြပါတယ်။
အလွန်ဆိုက တိုက်စစ်ကစားသမား သုံးယောက်ဟာ ကျန်တဲ့အသင်းဖော်တွေကို လှုံ့ဆော်နိုင်စွမ်းရှိတယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက သူ့ရဲ့ပထမဆုံးပြိုင်ပွဲ ပွဲဦးထွက်မှာ အနိုင်နဲ့ စတင်နိုင်တာဟာ ကောင်းမွန်တဲ့ ပထမဆုံးခြေလှမ်းအစလို့ သုံးသပ်ခဲ့ပါတယ်။
''သူတို့ဟာ အသင်းရဲ့အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတယ်။ သူတို့နဲ့အတူ အသင်းကို တည်ဆောက်ဖို့ပေါ့။ သူတို့အနေနဲ့ တာဝန်ယူဖို့ လိုအပ်တယ်။ ပြီးတော့ ကျန်အသင်းသားတွေကို ဦးဆောင်ရမယ်။ လှုံ့ဆော်ရမယ်။
သူတို့ကောင်းကောင်းလုပ်နိုင်ရင် တခြားသူတွေလည်း ဒီလမ်းကို လိုက်လာကြလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ကို ဖြစ်နိုင်တဲ့ အကောင်းဆုံးအနေအထားရောက်ဖို့ လိုအပ်ပါတယ်။ သူတို့ ချိတ်ဆက်နိုင်ရမယ်။ သူတို့သုံးယောက်
အတွက် ကျွန်တော် ပျော်ပါတယ်။ သူတို့က အသင်းအတွက် ကစားပြီး ဂိုးတွေသွင်းခဲ့ကြတယ်။ ဒါက အရေးကြီးပါတယ်''လို့ အလွန်ဆိုက ပြောခဲ့ပါတယ်။
ချယ်လ်ဆီးတိုက်စစ်သုံးယောက်တွဲအနက် ပါလ်မာနဲ့ ဂျော်အိုပတ်ဒရိုတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် သက်ဆိုင်ရာ မိခင်နိုင်ငံအသင်းတွေဖြစ်တဲ့ အင်္ဂလန်နဲ့ ဘရာဇီးလ် လူစာရင်းတွေမှာ အံ့အားသင်ဖွင့် ရွေးချယ်မခံခဲ့ရတာဖြစ်တယ်။
အခုနွေရာသီမှာ ပေါင် ၁၁၇ သန်းနဲ့ ချယ်လ်ဆီးကို ရောက်လာတဲ့ ရော်ဂျာစ်တစ်ဦးသာ အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ၂၀၂၂-၂၃ ရာသီကတည်းက ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ နိုင်ပွဲပြန်ရခဲ့တာဖြစ်ပါတယ်

image