နယ်စပ်ဖြတ်ကျော်လာတဲ့ မြောက်ကိုရီးယားစစ်သားကို တောင်ကိုရီးယား ဖမ်းဆီးထိန်းသိမ်း
အောက်တိုဘာ ၂၀
ကိုရီးယားနှစ်နိုင်ငံကြား ပိုင်းခြားထားတဲ့ ကုန်းမြေနယ်နိမိတ်ကို ဆန္ဒအလျောက် ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြောက်ကိုရီးယား စစ်သားတယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။
အဲဒီမြောက်ကိုရီးယားစစ်သားဟာ တောင်ကိုရီးယားဘက်ကို ဘက်ပြောင်းခိုလှုံဖို့ ကြိုးပမ်းလာတာဖြစ်တယ်လို့ တောင်ကိုရီးယား စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီနယ်နိမိတ်ဟာ ကမ္ဘာပေါ်မှာ မိုင်းအထူထပ်ဆုံးနေရာများထဲမှ တခုဖြစ်ပြီး စစ်မဲ့ဇုန်ရဲ့ အလယ်မှာ ရှိပါတယ်။
ကျွန်းဆွယ်ကို ပိုင်းခြားထားတဲ့ ကုန်းမြေနယ်နိမိတ်ကိုဖြတ်ကာ ဘက်ပြောင်းလာမှုဟာ ရှားရှားပါးပါးဖြစ်ပြီး ဒီဧရိယာဟာ သစ်တောထူထပ်ကာ မြေမြှုပ်မိုင်းတွေနဲ့ ပြည့်နှက်နေပြီး နှစ်ဖက်တပ်တွေကလည်း အချိန်ပြည့် စောင့်ကြည့်နေကြပါတယ်။
အောက်တိုဘာ ၁၉ ရက်မှာ အဓိက စစ်နယ်နိမိတ်မျဉ်း ကိုဖြတ်ကျော်လာတဲ့ မြောက်ကိုရီးယား စစ်သားတယောက်ကိုတွေ့ရှိပြီးနောက် ခြေရာခံစောင့်ကြည့်ကာ ဖမ်းဆီးခေါ်ဆောင် ထိန်းသိမ်းခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျွန်းဆွယ်နှစ်ခြမ်းကွဲပြီးနောက် ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ သောင်းနဲ့ချီတဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေဏာ တောင်ကိုးရီးယားကို ထွက်ပြေးမှုတွေရှိခဲ့ပြီး အိမ်နီးချင်း တရုတ်နိုင်ငံ ကိုပထမဦးစွာ ဝင်ရောက်ကြပြီး နောက်ပိုင်းမှာတော့ ထိုင်းကဲ့သို့သော တတိယနိုင်ငံတွေကို ရောက်ရှိခဲ့ကြတာတွေလည်း ရှိပါတယ်။

