ဂွါဒီယိုလာ ထွက်ခွာမှုအတွက် မန်စီးတီး ပြင်ဆင်ထား
=====================

မန်စီးတီးဟာ လာမဲ့ တနင်္ဂနွေနေ့ အက်စတွန်ဗီလာနှင့် ပရီးမီးယားလိဂ်ရာသီသိမ်းပွဲစဉ်အပြီးတွင် ပက်ဂွါဒီယိုလာ ထွက်ခွာလာနိုင်မှုအတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
ဂွါဒီယိုလာဟာ ရာသီအကုန်တွင် အီတီဟတ်မှ ထွက်ခွာမယ်လို့ ယုံကြည်ရသူ ဖြစ်ပါတယ်။
မန်စီးတီးကတော့ ဂွါဒီယိုလာမှာ တစ်နှစ်စာချုပ်ကျန်နေသေးမှုနှင့်အတူ လာမဲ့ရာသီအထိ အသင်းအား ဆက်လက် ကိုင်တွယ်ရန် မျှော်လင့်နေပါတယ်။
ဒါပေမဲ့ မန်စီးတီးအသင်းတာဝန်ရှိသူများ၊ နည်းပြအဖွဲ့ဝင်များ၊ ကစားသမားများဟာ ဂွါဒီယိုလာမှာ ကလပ်မှ ထွက်ခွာလာမယ်လို့ ယုံကြည်နေကြပါတယ်။
လက်ရှိအချိန်တွင် အသက် ၅၅ နှစ်ရှိ ဂွါဒီယိုလာရဲ့ နေရာကို ဆက်ခံရန် လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက ထိပ်ဆုံးမှ ရေပန်းစားနေပါတယ်။
ဂွါဒီယိုလာဟာ မန်စီးတီးကို ၁၀ နှစ်ကြာ ကိုင်တွယ်စဉ်အတွင်း ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ်၊ လိဂ်ဖလား ၅ ကြိမ်အပါအဝင် ဆုဖလား ၁၇ လုံး ရယူပေးထားသူ ဖြစ်ပါတယ်။
ဂွါဒီယိုလာရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး ကောလာဟလသတင်းများ ထွက်ပေါ်လာခဲ့တာ လအတန်ကြာပြီလည်း ဖြစ်ပါတယ်။
ဂွါဒီယိုလာဟာ သတင်းစာရှင်းလင်းပွဲများတွင် အနာဂတ်နှင့်ပတ်သက်ပြီး မကြာခဏ မေးမြန်းခံလာရပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့တုန်းက သတင်းစာရှင်းလင်းပွဲတွင် ဂွါဒီယိုလာက မန်စီးတီးနှင့် တစ်နှစ်စာချုပ်ကျန်နေသေးကြောင်း ပြောကြားခဲ့သလို စနေနေ့တုန်းက အက်ဖ်အေဖလားဗိုလ်လုပွဲမတိုင်မီတုန်းကလည်း မန်စီးတီးတွင် ဆက်ရှိနေမလားလို့ မေးမြန်းလာချိန်တွင် 'ဟုတ်တယ်'လို့သာ တိုတိုတုတ်တုတ် ဖြေကြားခဲ့ပါတယ်။

image

ဆော်ဒီပရိုလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းတွင် ခရစ္စတီယာနိုရော်နယ်ဒိုနှင့် အိုင်ဗန်တိုနေးတို့ ပါဝင်နေ
====================

ဆော်ဒီပရိုလိဂ်ဟာ ၂၀၂၅-၂၆ ရာသီအတွက် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်ကစားသမား ၅ ဦးစာရင်းကို ကြေညာလာပါတယ်။
Al-Nassr အသင်းခေါင်းဆောင်ဟာ ကစားဖော်ဂျိုအာဖီးလစ်၊ အိုင်ဗန်တိုနေး၊ ဂျူလီယန်ကွီနိုနက်စ်၊ ရူဘင်နီဗက်စ်တို့နှင့်အတူ ရွေးချယ်ခြင်းခံထားရပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဦးဆောင်တဲ့ Al-Nassr ဟာ လာမဲ့ ကြာသပတေးနေ့မှာ ရာသီသိမ်းပွဲအဖြစ် ဒါမစ်နှင့် ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး ယင်းပွဲတွင် အနိုင်ရရှိလာပါက ချန်ပီယံဖြစ်လာပါမယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယခုရာသီတွင် ၂၆ ဂိုးသွင်းယူထားကာ ချန်ပီယံဖြစ်ရေး အခြေအနေကောင်းအောင် ကူညီထားပါတယ်။
သူဟာ မော်ဒန်ခေတ်တွင် ဆော်ဒီပရိုလိဂ်ဂိုး ၁၀၀ ပြည့်အောင် သွင်းထားတဲ့ တတိယမြောက်ကစားသမားအဖြစ် သမိုင်းမှတ်တမ်းရေးထိုးထားသလို ယခုရာသီတွင် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု ၇ ကြိမ်အထိလည်း ဆွတ်ခူးထားရာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
အလယ်တန်းကစားသမားဂျိုအာဖီးလစ်မှာလည်း ဟက်ထရစ် ၃ ကြိမ် ရရှိထားကာ ၁၂ ကြိမ်ဖန်တီးထားပါတယ်။
အင်္ဂလန်တိုက်စစ်ှမှူးအိုင်ဗန်တိုနေးမှာလည်း Al-Ahli အတွက် လိဂ်ပွဲ ၃၁ ပွဲတွင် ၃၂ ဂိုးအထိ သွင်းထားနိုင်ပါတယ်။ သူဟာ ဟက်ထရစ် ၄ ကြိမ်အထိ သွင်းထားနိုင်သလို ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု ၉ ကြိမ်အထိ ရရှိထားပါတယ်။
ဒါ့အပြင် ဆော်ဒီပရိုလိဂ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုအတွက် ဆန်ကာတင်စာရင်းတွင် Al-Nassr နည်းပြဂျီးဆပ်စ်၊ Al-Ahli နည်းပြမားသီးယပ်စ်ဂျိုင်ဆယ်၊ Al-Hilal နည်းပြဆီမြွန်နီအင်ဇာဂီ၊ Al-Qadiash နည်းပြဘရန်ဒန်ရော်ဂျာ၊ Al Ettifaq နည်းပြဆာဒ်အယ်လ်ရှီးရီတို့က ရွေးချယ်ခြင်းခံထားရပါတယ်။

image

ချန်ပီယံလိဂ်ဗိုလ်လုပွဲအား ပီအက်စ်ဂျီစူပါစတားဒမ်ဘီလီ လွဲချော်လာဖွယ်ရှိနေ
===================

အူစမာနီဒမ်ဘီလီဟာ မြို့ခံပြိုင်ဘက် ပဲရစ်အက်ဖ်စီအား ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ဒဏ်ရာရရှိကာ လူစားလဲလှယ်မှု ပြုလုပ်လိုက်ရပြီးနောက် အာဆင်နယ်နှင့်ကစားရမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပါဝင်ကစားရေး မရေမရာ ဖြစ်လာပါတယ်။
Ballon d'Or ဆုရှင်ဟာ ပဲရစ်အက်ဖ်စီကို ၂-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၂၈ မိနစ်တွင် ဂွန်ကာလိုရာမို့စ်နှင့် လူစားလဲလှယ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
သူဟာ လူစားလဲလှယ်ခြင်းခံခဲ့ရပြီးနောက် ဥမင်လှိုဏ်ခေါင်းသို့ တန်းဆင်းသွားခဲ့ပါတယ်။
ဒမ်ဘီလီဟာ ယခုရာသီတွင် ဒဏ်ရာပြဿနာများကြောင့် လီဂူး ၁ တွင် ၁၁ ပွဲတည်းသာ ပွဲထွက်ကစားထားနိုင်ပေမဲ့လည်း လီဂူး ၁ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအား ဆွတ်ခူးထားနိုင်ပါတယ်။
သူဟာ ပီအက်စ်ဂျီအတွက် လိဂ်ပွဲ ၂၂ ပွဲကစားထားရာမှာ ၁၀ ဂိုးသွင်းကာ ၇ ကြိမ် ဖန်တီးထားပါတယ်။
ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့အပတ်ဗုဒ္ဓဟူးနေ့ကတည်းက လန်းစ်ကို အနိုင်ယူကာ လီဂူး ၁ ဖလား ၅ ကြိမ်ဆက် ဆွတ်ခူးထားနိုင်ပါတယ်။
သူဟာ ယခုရာသီတွင် ချန်ပီယံလိဂ်မှာ ၇ ဂိုးသွင်းထားပြီး ၆ ဂိုးကို ရှုံးထွက်အဆင့်ပွဲစဉ်များမှာ သွင်းယူထားတာပါ။

image

ဘွန်ဒက်စ်လီဂါသို့ တန်းတက်ခွင့်ရလာတဲ့ လူဦးရေ ၁၃၀၀၀ သာရှိတဲ့ မြို့အခြေစိုက်ကလပ်
=================

အယ်ဗာ့စ်ဘတ်ဟာ တန်းဆင်းသွားရပြီဖြစ်တဲ့ ပရူဆင်မန်စတာကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိကာ တန်းတက်ခွင့် ရရှိလာပြီးနောက် ဘွန်ဒက်စ်လီဂါရဲ့ အသေးငယ်ဆုံးကလပ် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
အယ်ဗာ့စ်ဘတ်ဟာ လူဦးရေ ၁၃၀၀၀ သာ တည်ရှိတဲ့ စပီးဆင်အယ်ဗာ့စ်ဘတ်မြို့တွင် အခြေစိုက်တဲ့ကလပ်ဖြစ်ပြီး ဘွန်ဒက်စ်လီဂါရဲ့ အသေးငယ်ဆုံးမြို့ ဖြစ်လာပါမယ်။
ငါးနှစ်အတွင်း တတိယအကြိမ်မြောက် တန်းတက်ခွင့် ရရှိပြီးနောက် အယ်ဗာ့စ်ဘတ်ပရိသတ်များဟာ ပရိသတ် ၁၀၀၀၀ ဆန့် Waldstadion ကွင်းသို့ ဆင်းကာ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။
အယ်ဗာ့စ်ဘတ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဘွန်ဒက်စ်လီဂါသို့ တန်းတက်ရန် နီးစပ်ခဲ့ပေမဲ့လည်း ပလေးအော့ဖ်တွင် ဟိုင်ဒန်ဟိမ်းကို ရှုံးနိမ့်ကာ တန်းတက်နိုင်မဲ့ အခွင့်အရေး လက်လွှတ်ခဲ့ရတာပါ။
အယ်ဗာ့စ်ဘတ်ကို ၁၉၀၇ ခုနှစ်တွင် တည်ထောင်ခဲ့တာ ဖြစ်ပြီး ဂျာမနီအနောက်တောင်ပိုင်း အသေးငယ်ဆုံး ဆားလန်းပြည်နယ်တွင် တည်ရှိပါတယ်။ ၎င်းတို့ဟာ စတုတ္ထတန်းတွင်သာ ကျင်လည်လာခဲ့တဲ့ ကလပ်ဖြစ်ပြီး ၂၀၂၃-၂၄ ရာသီတွင် ပထမဆုံးအကြိမ်အဖြစ် ဒုတိယတန်းသို့ တန်းတက်ခွင့်ရခဲ့ပါတယ်။
အယ်ဗာ့စ်ဘတ်ဟာ ဘွန်ဒက်စ်လီဂါရဲ့ စံချိန်စံညွန်းနှင့် ကိုက်ညီစေရန်အတွက် Waldstadion ကွင်းကို အဆင့်မြှင့်တင်မှု ပြုလုပ်နေပြီး ၂၀၂၇ ခုနှစ်တွင် ပရိသတ် ၁၅၀၀၀ အထိ တိုးမြှင့်တည်ဆောက်ရန် စီစဉ်ထားပါတယ်။
အယ်ဗာ့စ်ဘတ်ဟာ လာမဲ့ရာသီတွင် ရှော်လ်ကေးနဲ့အတူ ဘွန်ဒက်စ်လီဂါသို့ တန်းတက်ခွင့်ရလာတာပါ။
တန်းတက်/တန်းဆင်းပလေးအော့ဖ်တစ်နေရာအတွက် ဝုဖ်ဘတ်နှင့် ပါဒါဘွန်းတို့အပြင် ဒုတိယတန်းမှ အဆင့် ၃ ရရှိတဲ့အသင်းတို့က ယှဉ်ပြိုင်ကစားရပါမယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - မေ ၂၀ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၄၅၈ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၃၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၂၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၉၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၆၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၁၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၇၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၇၄၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၇၀ ကျပ်
ဝယ်ဈေး - ၄၂၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၅၀ ကျပ်
ဝယ်ဈေး - ၃၂၅၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၂၀ ကျပ်
ဝယ်ဈေး - ၄၈၉၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၈၃ ကျပ်
ဝယ်ဈေး - ၁၂၈.၃၄ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၄ ကျပ်
ဝယ်ဈေး - ၁၀၅၆ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၃၅ ကျပ်
ဝယ်ဈေး - ၆၁၉ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၀၉ ကျပ်
ဝယ်ဈေး - ၂၆.၃၇ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၆၁ ကျပ်
ဝယ်ဈေး - ၄၃.၄၃ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၇ ကျပ်
ဝယ်ဈေး - ၂.၇၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၇၃၀ ကျပ်
ဝယ်ဈေး - ၅၅၇၉ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၆၉ ကျပ်
ဝယ်ဈေး - ၂၉၈၈ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၃၁ ကျပ်
ဝယ်ဈေး - ၃၀၅၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၉ ကျပ်
ဝယ်ဈေး - ၅၃၄ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၇၉ ကျပ်
ဝယ်ဈေး - ၁၁၄၈ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
******************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

ကော့သောင်းလေဆိပ်၌ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေး ဆောင်ရွက်နေ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ကော့သောင်းလေဆိပ်၌ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေး ဆောင်ရွက်နေသည်။
လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေးအတွက် လက်ရှိ လေယာဉ်ပြေးလမ်း (အရှည် ၆၀၀၀ ပေ × အကျယ် ၁၅၀ ပေ) မှ (အရှည် ၈၀၀၀ ပေ × အကျယ် ၁၅၀ ပေ) အထိ တိုးချဲ့ဆောင်ရွက်နေခြင်း ဖြစ်သည်။
ထိုသို့ဆောင်ရွက်နေမှုကို တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက ကော့သောင်းလေဆိပ် ကုန်စည်အဆောက်အဦ တည်ဆောက်နေမှုနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

image

အာဆီယံ-ဩစတြေးလျဖိုရမ်နှင့်အာဆီယံ-နယူးဇီလန် ဆွေးနွေးပွဲတွင် မြန်မာတက်ရောက်
ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များဆွေးနွေးခဲ့ဟုဆို

(၃၈) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ ဖိုရမ်နှင့် (၃၃) ကြိမ်မြောက် အာဆီယံ-နယူးဇီလန် ဆွေးနွေးပွဲတို့သို့ မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၂ ရက်ကနေ ၁၃ ရက်နေ့အထိ ဩစတြေးလျနိုင်ငံက အိမ်ရှင်အဖြစ် ဆစ်ဒနီမြို့၌ ကျင်းပခဲ့သည့် (၃၈) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျဖိုရမ်နှင့် နယူးဇီလန်နိုင်ငံက အိမ်ရှင်အဖြစ် ခရိုက်စ်ချာ့ချ်မြို့၌ မေလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့သည့် (၃၃) ကြိမ်မြောက် အာဆီယံ-နယူးဇီလန်ဆွေးနွေးပွဲကို အာဆီယံဆိုင်ရာ မြန်မာအဆင့်မြင့် အရာရှိကြီးကိုယ်စား ကင်ဘာရာမြို၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်းက ပါဝင်တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံ (၁၁) နိုင်ငံ၊ ဩစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့မှ အာဆီယံဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
အာဆီယံ-ဩစတြေးလျဖိုရမ်၌ အာဆီယံအဖွဲ့အစည်းနှင့် ဩစတြေးလျ နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများအပေါ် ဆွေးနွေးခြင်း၊ ပြန်လည် သုံးသပ်ခြင်း၊ အနာဂတ်လုပ်ငန်းစဉ်များအပေါ် ညှိနှိုင်းခြင်း၊ နိုင်ငံတကာနှင့်ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခြင်း၊ လာမည့်အနာဂတ်ကာလများတွင် ကျင်းပရန်ရှိသည့် အစည်းအဝေးများနှင့်စပ်လျဉ်း၍ ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-ဩစတြေးလျ ဘက်စုံမဟာဗျူဟာမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လူမှု-ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကဏ္ဍ အောက်ရှိ ပညာရေး၊ ကျန်းမာရေးပူးပေါင်း ဆောင်ရွက်မှုနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို ဦးဆောင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထိုနောက် အာဆီယံ-နယူးဇီလန်ဆွေးနွေးပွဲ၌ ၂၀၂၆ ခုနှစ်အတွင်း ဒေသတွင်းနှင့် နိုင်ငံတကာ၌ ဖြစ်ပေါ်နေသည့် ပထဝီဝင်မဟာဗျူဟာအခြေအနေများအပေါ် ဆွေးနွေး အမြင်ချင်းဖလှယ်ခြင်း၊ ဒေသတွင်းဦးစားပေးလုပ်ငန်းစဉ်များအပေါ် ဆွေးနွေးခြင်း၊ အာဆီယံ-နယူးဇီလန်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး အကောင်အထည်ဖော်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက်ဆွေးနွေးခြင်းအပါအဝင် ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း ပူးပေါင်းဆောင်ရွက်သွားမည့် အနာဂတ်လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-နယူးဇီလန် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး အကောင် အထည်ဖော်ဆောင်ရွက်မည့်အစီအစဉ် (၂၀၂၆-၂၀၃၀) မူဘောင်အောက်မှ မဏ္ဍိုင်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကဏ္ဍအောက်ရှိ အာဆီယံပေါင်းစည်းရေးဦးဆောင်ဦးရွက်ပြုမှုလုပ်ငန်း အစီအစဉ်(၅)၊ အာဆီယံဆက်သွယ်ချိတ်ဆက်မှုမဟာဗျူဟာအစီအစဉ်နှင့် ဒေသခွဲပူးပေါင်း ဆောင်ရွက်မှုများဖြစ်သည့် ရေအရင်းအမြစ်များ၊ စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အဦးဆိုင်ရာ ကဏ္ဍတွင် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

image

တရုတ်ကယူအက်စ် စိုက်ပျိုးရေးထွက်ကုန်များကို နှစ်စဉ်ဒေါ်လာ ၁၇ ဘီလျံဖိုးဝယ်မည်--အိမ်ဖြူတော်

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံထုတ် စိုက်ပျိုးရေးထွက်ကုန်များကို ၂၀၂၈ ခုနှစ်အထိ တစ်နှစ်လျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၇ ဘီလျံဖိုး ဝယ်ယူရန် သဘောတူညီခဲ့ကြောင်း အိမ်ဖြူတော်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ယခုကတိကဝတ်သည် ပြီးခဲ့သည့် ရက်သတ္တပတ်က ကျင်းပခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့၏ ထိပ်သီးအစည်းအဝေးမှ ထွက်ပေါ်လာသည့် ရလဒ်တစ်ခုဖြစ်ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလက ပြုလုပ်ခဲ့သည့် ပဲတီစိမ်း/ပဲပုပ်ဝယ်ယူရေး ကတိကဝတ်များအပြင် ထပ်ဆောင်းဝယ်ယူမည့်အစီအစဉ်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည့် အချက်အလက်အကျဉ်းချုပ်အရ သိရသည်။
သမ္မတ ထရမ့်ပ်သည် လူအများ စောင့်မျှော်ခဲ့ကြသည့် တရုတ်နိုင်ငံတော်အဆင့် ခရီးစဉ်ကို သောကြာနေ့တွင် အဆုံးသတ်ခဲ့ပြီး ခရီးစဉ်အတွင်း သမ္မတ ရှီနှင့်အတူ ကုန်သွယ်ရေး၊ တိုင်ဝမ်နှင့် အီရန်နိုင်ငံကိစ္စရပ်များ အပါအဝင် အကြောင်းအရာပေါင်းစုံကို ဆွေးနွေးခဲ့ကြသည်။
ထိပ်သီးအစည်းအဝေးအတွင်း တရုတ်အစိုးရနှင့် အမေရိကန်အစိုးရတို့အကြား ရရှိခဲ့သည့် ကုန်သွယ်ရေးဆိုင်ရာ ရလဒ်အချို့ကို တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာခဲ့ပြီးနောက် တစ်ရက်အကြာတွင် အိမ်ဖြူတော်၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
စနေနေ့က ထုတ်ပြန်သည့် တရုတ်ဝန်ကြီးဌာန၏ ကြေညာချက်တွင် အမေရိကနှင့် တရုတ်နိုင်ငံတို့သည် အသစ်ဖွဲ့စည်းလိုက်သည့် ကုန်သွယ်ရေးဘုတ်အဖွဲ့မှတစ်ဆင့် အခွန်နှုန်းထားများ လျှော့ချရေးကို ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် “နှစ်ဦးနှစ်ဖက် အလေးထားဆောင်ရွက်လျက်ရှိသည့် ကုန်ပစ္စည်းများအပေါ် သင့်လျော်မည့် အတိုင်းအတာတစ်ခုအထိ အခွန်နှုန်းထားများ လျှော့ချရန် မူအားဖြင့် သဘောတူညီခဲ့ကြကြောင်း” ဖော်ပြထားသည်။ အဆိုပါ ကုန်ပစ္စည်းများထဲတွင် စိုက်ပျိုးရေးထွက်ကုန်များလည်း ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

image

အထောက်အထားပြည့်စုံစွာတင်ပြသည့်မွေးရာပါနိုင်ငံသားများ မှတ်ပုံတင်လျှောက်ထားပါက နေ့ချင်းပြီးထုတ်ပေး

အထောက်အထားပြည့်စုံစွာတင်ပြသည့်မွေးရာပါနိုင်ငံသားများ မှတ်ပုံတင်လျှောက်ထားပါက နေ့ချင်းပြီးထုတ်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။
အထောက်အထားပြည့်စုံစွာတင်ပြသည့် မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၃ နှင့် ပုဒ်မ ၅ တို့အရအကျုံးဝင်သော မွေးရာပါနိုင်ငံသားများဖြစ်သည့် တိုင်းရင်းသားများ၏ မှတ်ပုံတင်များကို စတင်လျှောက်ထားသည့်နေ့မှစ၍ ဦးစီးအရာရှိအဆင့် မြို့နယ်ဦးစီးမှူးများက နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကာ လိုင်စင်ဓာတ်ပုံ၊ သွေးအုပ်စုစစ်ဆေးချက်မပြည့်စုံသူများကိုမူ (၁၄)ရက်အတွင်း လက်မှတ်ထိုးထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၆နှင့် ပုဒ်မ ၇ တို့အရ အကျုံးဝင်ညီညွတ်သည့် ဥပဒေအရ နိုင်ငံသားများအား မြို့နယ်ဦးစီးမှူးရုံးတွင် စတင်လျှောက်ထားသည့်နေ့မှစ၍ (၇)ရက်အတွင်း ဆောင်ရွက်မှုမှတ်တမ်း(အမှုတွဲ)ပြုလုပ်ပြီး မြို့နယ်ဦးစီးမှူး၏ သဘောထားမှတ်ချက်ဖြင့် ခရိုင်ဦးစီးမှူးထံတင်ပြကာ နိုင်ငံသားအရည်အချင်းပြည့်မီကြောင်း စိစစ်တွေ့ရှိရပါက ဒုတိယ ညွှန်ကြားရေးမှူးအဆင့်ရှိ ခရိုင်ဦးစီးမှူးက နေ့ချင်းပြီး(သို့)အများဆုံး ရက်(၃၀)အတွင်း လက်မှတ်ထိုးထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အတူ အထောက်အထားပြည့်စုံစွာတင်ပြနိုင်ခြင်းမရှိသူများအား အမှုတွဲလက်ခံရရှိသည့်နေ့မှစ၍ အများဆုံး(၇)ရက်အတွင်း ခရိုင်ဦးစီးမှူးမှ သဘောထားမှတ်ချက်ဖြင့် သက်ဆိုင်ရာ တိုင်း/ ပြည်နယ်/ပြည်ထောင်စုနယ်မြေဦးစီးမှူးများထံတင်ပြ၍ နိုင်ငံသားအရည်အချင်းပြည့်မီသဖြင့် မှတ်ပုံတင်ထုတ်ပေးခွင့်ပြုပါက ခွင့်ပြုကြောင်းအကြောင်းကြားစာရရှိသည့်နေ့မှစ၍ (၇) ရက်အတွင်း ခရိုင်ဦးစီးမှူးမှလက်မှတ်ထိုးပြီး မြို့နယ်ဦးစီးမှူးကိုယ်တိုင် ကာယကံရှင်သို့ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံသား ဟုတ်/မဟုတ် ဗဟိုအဖွဲ့၏ အဆုံးအဖြတ်ခံယူရမည့်သူများကို ခရိုင်/တိုင်း/ပြည်နယ်/ပြည် ထောင်စုနယ်မြေဦးစီးမှူးရုံးများမှ တစ်ဆင့် ဦးစီး(ရုံးချုပ်)သို့တင်ပြပြီး မြန်မာနိုင်ငံသားဥပဒေဆိုင်ရာဗဟိုအဖွဲ့မှ နိုင်ငံသားအဖြစ်ဆုံးဖြတ်ပါက မှတ်ပုံတင်အား ခရိုင်ဦးစီးမှူးမှ အမြန်ဆုံးလက်မှတ်ထိုး၍ မြို့နယ်ဦးစီးမှူးကိုယ်တိုင် ကာယကံရှင်ထံထုတ်ပေးလျက်ရှိကြောင်း သိရသည်။

image