ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - မေ ၂၁ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၅၃၇ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၃၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၃၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၉၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၄၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၂၆၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၂၂၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၈၆၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၂၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၉၀ ကျပ်
ဝယ်ဈေး - ၄၁၉၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၃၀ ကျပ်
ဝယ်ဈေး - ၃၂၃၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၉၈၈ ကျပ်
ဝယ်ဈေး - ၄၈၆၁ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၆ ကျပ်
ဝယ်ဈေး - ၁၂၈.၂၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၆ ကျပ်
ဝယ်ဈေး - ၁၀၅၈ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၃၂ ကျပ်
ဝယ်ဈေး - ၆၁၆ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၀၆ ကျပ်
ဝယ်ဈေး - ၂၆.၃၇ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၅၃ ကျပ်
ဝယ်ဈေး - ၄၃.၃၈ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၆ ကျပ်
ဝယ်ဈေး - ၂.၇၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၇၅၉ ကျပ်
ဝယ်ဈေး - ၅၆၁၃ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၄၉ ကျပ်
ဝယ်ဈေး - ၂၉၇၂ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၄၀ ကျပ်
ဝယ်ဈေး - ၃၀၅၉ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၅၃ ကျပ်
ဝယ်ဈေး - ၅၃၉ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၇၂ ကျပ်
ဝယ်ဈေး - ၁၁၄၂ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*******************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image

image

မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာအခက်အခဲများ တိုးမြင့်လာနေမှုကို တုံ့ပြန်နိုင်ရန် EU က ယူရို ၈ သန်း ထောက်ပံ့

မြန်မာနိုင်ငံအတွင်း ဆာလောင်မွတ်သိပ်မှုနှင့် စားနပ်ရိက္ခာအခက်အခဲများ တိုးမြင့်လာနေမှုကို တုံ့ပြန်နိုင်ရန် ဥရောပသမဂ္ဂ(EU)က ယူရို ၈ သန်း ထောက်ပံ့ပေးလိုက်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က မေ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းများ၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာအခက်အခဲများ ပိုမိုဆိုးရွားလာနေပြီး အရေးပေါ် လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေသဖြင့် ယခုကဲ့သို့ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
EU နှင့် WFP တို့သည် မြန်မာနိုင်ငံရှိ ပဋိပက္ခဒဏ်သင့်ဒေသများနှင့် အရေးပေါ်လိုအပ်နေသည့် ပြည်သူများထံ စားနပ်ရိက္ခာနှင့် အာဟာရဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရန် ရည်ရွယ်ထားကြောင်း WFP က ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာနေပြီး မိသားစုများစွာမှာ စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရသလို လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များလည်း ပိုမိုများပြားလာနေကြောင်း သိရသည်။
WFP ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လူဦးရေ ၁၂.၄ သန်းခန့်သည် ဆာလောင်မွတ်သိပ်မှုဒ-ဏ်ကို ရင်ဆိုင်နေရပြီး လူဦးရေ ၃.၇ သန်းမှာလည်း ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။
ထို့ပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်နေပြီး မကွေးတိုင်းဒေသကြီးတွင် ၃၈ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင် ၃၂ ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်တွင် ၃၁ ရာခိုင်နှုန်းအထိ အသီးသီး မြင့်တက်နေကြောင်း သိရသည်။
EU ၏ ထောက်ပံ့ငွေဖြင့် WFP က ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှုနှင့် စီးပွားရေးအခက်အခဲများကြောင့် ထိခိုက်ခံစားနေရသည့် မိသားစုများကို အရေးပေါ်စားနပ်ရိက္ခာအကူအညီများ ပေးအပ်သွားမည်ဖြစ်သည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များအတွက် အထူးအာဟာရအထောက်အပံ့များ ပေးအပ်သွားမည့်အပြင် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း WFP က ထုတ်ပြန်ထားသည်။

image

မြဝတီမြို့တွင်း ကားဂိတ်များ စိမ်းလဲ့မြိုင်ကားဝင်းသို့ ပြောင်းရွှေ့ရမည်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင်း၌ ဖွင့်လှစ်ထားသည့် အဝေးပြေးကားဂိတ်များသည် မြဝတီမြို့အဝင် စိမ်းလဲ့မြိုင်ကားဝင်းသို့ ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း သိရသည်။
ဇွန်(၆)ရက်နေ့ နောက်ဆုံးထားပြောင်းရွှေ့ရမည် ဖြစ်ကာ နှစ်နှစ်ကျော် ပိတ်ထားခဲ့ရသည့် အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်ပြီးနောက် ပြန်လည်နေရာချထားခြင်းလည်း ဖြစ်သည်။
မူလက ဇွန်(၁)ရက်နေ့ကို နောက်ဆုံးထားပြောင်းရွှေရန် သတ်မှတ်သော်လည်း အချိန်လုံလောက်မှု ရရှိစေရန် ရက်အနည်းငယ်တိုးမြှင့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
မြဝတီမြို့တွင်း၌ အဝေး ပြေးကားဂိတ် ၂၁ ဂိတ်ရှိပြီး ၁၅ ဂိတ်လောက်သည် စိမ်းလဲ့မြိုင် အဝေးပြေးကားဂိတ်ထဲ ရွှေ့ပြောင်းပြီး ဖြစ်ကြောင်းလည်း သိရသည်။

image

ပြည်သူ့လိုအပ်ချက်များညှိနှိုင်းဖြေ‌ရှင်းပေးနိုင်ရန် မအူပင်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်လှစ်

ပြည်သူများ၏ လိုအပ်ချက်များ တင်ပြနိုင်ရန်နှင့် အခက်အခဲရှိပါက ညှိနှိုင်းဖြေ‌ရှင်းပေးနိုင်ရန် ဧရာဝတီတိုင်း‌ဒေသကြီး မအူပင်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခြံဝန်းအတွင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်များရုံးကိုမေလ (၁၉)ရက်၊နံနက်(၉)နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
"ပြည်သူတွေက ဒီရုံးမှာလာပြီးတော့ သူတို့ရဲ့အခက်အခဲတွေ၊ လိုအပ်ချက်တွေကိုလာရောက်တင်ပြလို့ရပါတယ်၊ ကျွန်တော်တို့ကိုယ်စားလှယ်တွေက တင်ပြတဲ့အခက်အခဲတွေကိုဖြေရှင်းပေးမယ် ၊ ညှိနှိုင်းပေးမယ်´´ဟု မအူပင်မြို့နယ် တိုင်းဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် ဦးစောသောင်းဒန်က ပြောသည်။
အဆိုပါလွှတ်တော်ကိုယ်စားလှယ်ရုံးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးတို့ ရုံးထိုင်မည်ဖြစ်ကြောင်း သိရသည်။
``ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ ဒီနေ့ကစပြီး ရုံးထိုင်နေပါပြီ ။ ပြည်သူတွေအနေနဲ့သိချင်တာရှိရင် လာရောက်မေးမြန်းလို့ရပါတယ် ၊ လိုအပ်တာရှိရင်လည်း လာရောက်တင်ပြလို့ရပါတယ် " ဟု မအူပင်မြို့နယ် တိုင်းဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် ဦးစောသောင်းဒန်က ပြောသည်။
အဆိုပါအခမ်းအနားသို့ မအူပင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးအောင်ကျော်မင်း (အမျိုးသားလွှတ်တော်ကိုယ်စား လှယ်)၊ ဦးစောသောင်းဒန် (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်- FPTP)၊ ဒေါ်သူဇာသန်းမြင့်(တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်-PR)၊ နှင့်ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ယာယီဥက္ကဌ ဦးနိုင်ကိုကိုနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့မိမြို့ဖများ စုစုပေါင်းအင်အား(၂၅)ဦးခန့် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

image

တရုတ်သို့ မြန်မာ့ဒူးရင်းသီး တင်ပို့နိုင်ရေး GACC တွင် မှတ်ပုံတင်မည်

မြန်မာ့ဒူးရင်းသီးမှာ ပြည်တွင်းစားသုံးမှုအပေါ် အဓိကမှီခိုနေရသော်လည်း ယခုနှစ်အတွင်း ပြည်ပဈေးကွက်သို့ အများအပြား တင်ပို့နိုင်ရန် ကြိုးပမ်းနေ
ကမ္ဘာ့ဒူးရင်းသီး ဝယ်လိုအားအမြင့်ဆုံးရှိသည့် တရုတ်နိုင်ငံသို့ မြန်မာ့ဒူးရင်းသီးများ တင်ပို့နိုင်ရေးအတွက် တရုတ်အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မေလ ၁၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာ့ဒူးရင်းသီးပွဲတော် ၂၀၂၆” အခမ်းအနား၌ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာ-တရုတ် ချစ်ကြည်ရေးလမ်းကြောင်းများ ပိုမိုဖွံ့ဖြိုးလာမှုနှင့်အတူ တရုတ်ဒူးရင်းသီးဈေးကွက်တွင် ဝေစုရရှိနိုင်ရေး ရည်မှန်း၍ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာ့ဒူးရင်းသီးဈေးကွက်မှာ ပြည်တွင်းစားသုံးမှုအပေါ် အဓိကမှီခိုနေရသော်လည်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ပြည်ပဈေးကွက်သို့ အများအပြား တင်ပို့နိုင်ရန် ကြိုးပမ်းနေကြောင်းလည်း သိရသည်။
အာဆီယံဒေသတွင်းတွင် ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံများက ဒူးရင်းသီးစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်ဦးဆောင်မှုများ ရရှိထားပြီး မြန်မာနိုင်ငံအနေဖြင့်လည်း စိုက်ပျိုးထုတ်လုပ်မှု တိုးချဲ့ခြင်းနှင့် ဈေးကွက်သစ် ဖော်ဆောင်ခြင်းများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာ့ဒူးရင်းသီးများကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီဒေသများတွင် အဓိက စိုက်ပျိုးကြပြီး မေ၊ ဇွန်နှင့် ဇူလိုင်လများသည် ဒူးရင်းသီး အများဆုံးထွက်ရှိသည့် ကာလများဖြစ်သည်။
ယခုနှစ်တွင် ဒူးရင်းသီးတစ်ကီလိုလျှင် ကျပ် ၄၀,၀၀၀ အထိ ဈေးနှုန်းရရှိနေပြီး အလုံးကြီးများမှာ တစ်လုံးလျှင် ကျပ်နှစ်သိန်းကျော်အထိ ရောင်းချနိုင်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

image

မလေးရှားက နော်ဝေထံမှ လျော်ကြေး ဒေါ်လာသန်း ၂၅၀ ကျော် တောင်း

မလေးရှားတို-က်ခိုက်ရေးသင်္ဘောများအတွက် ရည်ရွယ်ထားသော ရေတပ်တို-က်ခိုက်ရေးဒုံးကျည်စနစ်အတွက် ပို့ကုန် သဘောတူ အတည်ပြုချက်များကို အော်စလိုက ရုတ်တရက် ဖျ-က်သိမ်းခဲ့ပြီးနောက် ရင်းဂစ် ၁ ဘီလျံ(ဒေါ်လာ ၂၅၁ ဒဿမ ၇၆ သန်း) ကျော် လျော်ကြေးပေးရန် နော်ဝေသို့ အကြောင်းကြားစာနို့တစ် ပေးပို့ခဲ့ကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
အော်စလို၏ ပို့ကုန်ထိန်းချုပ်မှုစည်းမျဉ်း စည်းကမ်းများတွင် အပြောင်းအလဲတစ်ခုကြောင့် မလေးရှားသို့ သီးခြားကာကွယ်ရေးနည်းပညာတင်ပို့မှု လိုင်စင်အချို့ကို ရုပ်သိမ်းခဲ့ကြောင်း နော်ဝေက ပြောကြားခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် မလေးရှားကို အံ့အားသင့်စေခဲ့ပြီး သံတမန်ရေးအငြင်းပွားမှုကို ဖြစ်စေခဲ့ကာ အဆိုပါလုပ်ရပ်သည် တစ်ဖက်သတ်ဆန်သော လက်မခံနိုင်စရာလုပ်ရပ်ဟု ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မှတ်ချက်ပြုခဲ့သည်။
အစိုးရအနေဖြင့် တို-က်ရို-က်နှင့် သွယ်ဝိုက် ကုန်ကျစရိတ်နှစ်မျိုးစလုံးအတွက် လျော်ကြေးတောင်းခံမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး မိုဟာမက် ခါလက်နော်ဒင်က ပြောကြားခဲ့ပြီး မလေးရှားသည် ဒုံးကျည်စနစ်များအတွက် စာချုပ်တန်ဖိုး၏ ၉၅ ရာခိုင်နှုန်း သို့မဟုတ် ဒေါ်လာ ၁၄၆ ဒဿမ ၆၆ သန်းခန့်ကို ပေးချေပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့အပြင် မလေးရှားသည် နော်ဝေလုပ်ဒုံးကျည်များ ကိုထားရှိရန်အတွက် သင်္ဘောများပေါ်ရှိ ပစ္စည်းကိရိယာများ ဖြုတ်တပ်ခြင်းနှင့် အစားထိုးခြင်း ကုန်ကျစရိတ်အပြင် ပြန်လည်လေ့ကျင့်ပေးသည့် ဝန်ထမ်းများအတွက် ကုန်ကျစရိတ်များကိုပါ ကာမိစေရန်အတွက် ထပ်တိုးပျ-က်စီးဆုံးရှုံးမှုများကိုလည်း တောင်းဆိုမည်ဖြစ်ကြောင်း ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
နော်ဝေ၏ ဆုံးဖြတ်ချက်သည် နိုင်ငံတကာ ကာကွယ်ရေးမိတ်ဖက်များ၊ အထူးသဖြင့် အနောက်နိုင်ငံများ သို့မဟုတ် နေတိုးနိုင်ငံများအနေဖြင့် ၎င်းတို့၏ ယုံကြည်စိတ်ချရမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများ ဖြစ်ပေါ်စေခဲ့သည်ဟု မိုဟာမက်ခါလက်က ပြောကြားခဲ့သည်။
မိမိတို့နှင့် ဖြစ်ပျက်ခဲ့သည်မှာ ကာကွယ်ရေး အရောင်းအဝယ်ပြဿနာတစ်ခုမျှသာမဟုတ်ဘဲ ၎င်းသည် ပိုမိုကြီးမားသော ပြဿနာတစ်ခုကို ထင်ဟပ်ကြောင်း၊ ဆိုလိုသည်မှာ နိုင်ငံတကာဆက်ဆံရေးတွင် ယုံကြည်မှု ယိုယွင်းလာခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မလေးရှား၏ လျော်ကြေးတောင်းဆိုမှုအပေါ် မှတ်ချက်ပေးရန် တောင်းဆိုချက်ကို နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက လတ်တလောတွင် တုန့်ပြန်ဖြေကြားခဲ့ခြင်း မရှိပေ။

image

မောင်မောင်လွင်ကို မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ နိုင်ငံတကာ ပြိုင်ပွဲများတွင် ကစားခွင့် MFF ပြန်ခွင့်ပြု

လက်ရွေးစင်ကစားသမားအဖြစ်မှ အနားယူပြီးနောက်မြန်မာအသင်းအတွက် ပြန်လည်ကိုယ်စားပြုကစားလိုကြောင်း မောင်မောင်လွင်က ဘောလုံးအဖွဲ့ချုပ်ထံ မေတ္တာရပ်ခံစာတင်ပြမှုကို ခွင့်ပြုခဲ့ကြောင်း သိရသည်။
MFF ထုတ်ပြန်ချက်၌ မောင်မောင်လွင်ကို လက်ရွေးစင်အသင်းတွင် ဆက်လက်ကစားခွင့်ပြုခဲ့ပြီး စည်းကမ်း ထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ (၆) လကြာ ကွင်းပိတ်ပြစ်ဒ-ဏ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁)ရက်တွင် ရုတ်သိမ်းပေးမည်ဟု ဆိုသည်။
မောင်မောင်လွင်သည် အသက်(၁၉)နှစ်အောက် အမျိုးသားလက်ရွေးစင်အသင်းမှစတင်၍ မြန်မာ့လက်ရွေးစင် အသင်းအတွက် နိုင်ငံတကာပြိုင်ပွဲများ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် ကြိုးစားအားထုတ်ခဲ့ခြင်း၊ လက်ရွေးစင်အသင်းခေါ်ယူမှုများတွင် ပျက်ကွက်ခြင်းမရှိဘဲ ပြည်တွင်း/ပြည်ပ နိုင်ငံတ ကာပွဲပေါင်း (၇၆) ပွဲ စွမ်းစွမ်းတမံ ပါဝင်ကစားပေးခဲ့ခြင်း၊ လက်ရှိတွင်လည်း မြန်မာ့လက်ရွေးစင်အသင်း၏ အ သင်းခေါင်းဆောင်အဖြစ် တာဝန်ယူကာ မျိုးဆက်သစ်ကစားသမားများနှင့်အတူ အောင်မြင်မှုရရန် ကြိုးပမ်းနေခြင်းနှင့် ကစားသမားကိုယ်တိုင် အမှားကိုသိရှိပြီး တောင်းပန်ခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသ ည်။
သို့သော် အလားတူ ဖြစ်စဉ်မျိုး နောက်ထပ်တစ်ကြိမ် ထပ်မံကျူးလွန်ပါက ယခုထက် ပိုမိုပြင်းထန်သော ပြစ်ဒဏ်များဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ပြောင်းလဲသတ်မှတ်လိုက်သည်ဟု ဆိုသည်။
အဆိုပါ ဆုံးဖြတ်ချက်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အယူခံကော်မတီမှ မေလ (၁၅) ရက်စွဲဖြင့် ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ်ထံသို့ တရားဝင် အကြောင်းကြားစာ ပေးပို့ထားပြီးဖြစ်သည်ဟုလည်း သိရသည်။

image