ကစားသမားများ ခေါ်ယူရန်အတွက် ငွေကြေးအပူတပြင်းလိုအပ်ချက်ရှိနေမှုကြောင့် တစ်သင်းကို အရောင်းစာရင်းတင်လာတဲ့ ဆာဂျမ်ရက်ကလစ်ဖ်
=====================

ဆာဂျမ်ရက်ကလစ်ဖ်ဟာ ယခုနွေရာသီတွင် ကစားသမားများ ခေါ်ယူအားဖြည့်ရေးအတွက် ငွေကြေးလိုအပ်ချက်များစွာ ရှိနေမှုကြောင့် တစ်သင်းလုံးကို အရောင်းစာရင်းတင်လာကြောင်း သိရပါတယ်။
INEOS ပိုင်ဆိုင်တဲ့ နိုက်စ်ဟာ လီဂူး ၁ တွင် ဆိုးရွားတဲ့ရာသီကြုံခဲ့ရပြီးနောက် အသင်းတွင် ရှိတဲ့ ကစားသမားတိုင်းအတွက် ကမ်းလှမ်းမှုများအား တံခါးဖွင့်ပေးလာပါတယ်။
ပြင်သစ်ကလပ်ဟာ လီဂူး ၁ မှ ဒုတိယတန်းသို့ တန်းဆင်းရလုနီးပါး ဖြစ်ခဲ့ပြီး နွေရာသီတွင် အသင်းကို အပြောင်းအလဲများ ပြုလုပ်လာပါမယ်။
L'Equipe ရဲ့ဖော်ပြမှုအရ နိုက်စ်ဟာ ယခုနွေရာသီတွင် ကစားသမားဝယ်ယူဖြည့်တင်းရန်အတွက် ကစားသမားရောင်းချမှုမှ ပေါင် ၃၄ သန်း ရရှိရန် လိုအပ်နေပါတယ်။
ယင်းသို့ ငွေကြေးလိုအပ်ချက်ရှိနေမှုနှင့်အတူ ဇူလိုင်လ ၁ ရက်နေ့ကမှ ပူပူနွေးနွေး ခန့်အပ်ခြင်းခံခဲ့ရတဲ့ အားကစားဒါရိုက်တာသစ်ရိုဂျာရီကော့မှာ ကစားသမားရောင်းချရေး ခေါင်းခြောက်အောင် စဉ်းစားလုပ်ဆောင်နေရပါတယ်။
နိုက်စ်ဟာ ယခုနွေရာသီတွင် တစ်ဦးတည်းသော ခေါ်ယူမှုအဖြစ် လောရင့်အေဘာဂျယ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ နိုက်စ်ရဲ့ လတ်တလော အဓိက လုပ်ဆောင်နေတဲ့အရာက ကစားသမားများကို ရောင်းချနိုင်‌ရေး ဖြစ်ပါတယ်။
တဖက်တွင် ဆာဂျမ်ရက်ကလစ်ဖ်ဟာ ကလပ်ကို ရောင်းချရေးလည်း ကြိုးပမ်းနေပါသေးတယ်။
ပြီးခဲ့တဲ့လတုန်းက အမေရိကန်ရင်းနှီးမြှပ်နှံသူများထံ ရောင်းချရေး ဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့ပေမဲ့လည်း နောက်ဆုံးအချိန်တွင်မှ အရောင်းအဝယ်ပျက်ပြယ်သွားခဲ့ပါတယ်။
ရက်ကလစ်ဖ်ဟာ နိုက်စ်ကို ရောင်းချခြင်း (သို့မဟုတ်) ရင်းနှီးမြှပ်နှံမဲ့သူ ခေါ်ယူခြင်း ပြုလုပ်ရေး လုပ်ဆောင်နေချိန်တွင်ပင် အသင်းရှိ ကစားသမားများကို ရောင်းချပြီး ကစားသမားဝယ်ယူအားဖြည့်ရေးအတွက် ငွေရှာနေပါတယ်။

image

ကစားသမား ၅၀ အထိ ပါဝင်ပတ်သက်နေတဲ့ ပြည့်တန်ဆာမှုနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းခြင်းခံလာရတဲ့ အာဆင်နယ်စတား
=========================

အာဆင်နယ်စတားရီကာဒိုကာလာဖီအိုရီဟာ ကစားသမား ၅၀ ဦးအထိ ပါဝင်ပတ်သက်နေတဲ့ ပြည့်တန်ဆာမှုနှင့်ပတ်သက်ပြီး အီတလီရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းခြင်းခံခဲ့ရကြောင်း သိရပါတယ်။
အသက် ၂၄ နှစ်ရှိ အီတလီနောက်ခံလူဟာ မီလန်မှ အစိုးရရှေ့နေက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေတဲ့ ပြည့်တန်ဆာမှုတွင် မျက်မြင်သက်သေအဖြစ် ထွက်ဆိုလာရတာလည်း ဖြစ်ပါတယ်။
အီတလီရဲတပ်ဖွဲ့ဟာ အေစီမီလန်ဂန္ထဝင်ပေါ်လိုမာလ်ဒီနီရဲ့သား လာဇီယိုအလယ်တန်းကစားသမားဒါနီရယ်မာလ်ဒီနီ၊ ဘိုလော့ဂ်နာနောက်ခံလူဟောင်းကီဗင်ဘိုနီဖာဇီတို့ကိုလည်း စစ်ဆေးမေးမြန်းမှု ပြုလုပ်ခဲ့ကြောင်း အီတလီမီဒီယာများရဲ့ဖော်ပြမှုအရ သိရပါတယ်။
ယင်းကစားသမား ၃ ဦးတို့ဟာ စုံစစ်ဆေးမှုအောက်တွင် မရှိဘဲ မျက်မြင်သက်သေများအဖြစ်သာ မေးမြန်းခံခဲ့ရတာပါ။
၎င်းတို့ကို အစိုးရရှေ့နေ ရိုဆာရီယာစတာဂနာရိုနှင့် လက်ထောက်ဘရူနာအယ်ဘာတီနီတို့က မေးမြန်းမှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းစုံစမ်းစစ်ဆေးမှုတွင် အင်တာမီလန်စတားအလက်ဆန္ဒရိုဘာစတိုနီလည်း ပါဝင်နေပြီး သက်ငယ်ပြည့်တန်ဆာမှုဖြင့် စစ်ဆေးခံနေရတာပါ။
ဒါပေမဲ့ ဘာစတိုနီဘက်က ထိုစဉ်တုန်းက အသက် ၁၇ နှစ်အရွယ်သာ ရှိနေသေးတဲ့ အမျိုးသမီးငယ်နှင့် လိင်ပိုင်းဆိုင်ရာ ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားပြီး ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်မှုကို မတက်ရောက်ဘဲ ငြင်းဆိုထားပါတယ်။
ထိုစဉ်တုန်းက အသက် ၁၇ နှစ်နှင့် ၈ လအရွယ်ရှိ အမျိုးသမီးငယ်ဟာ ၂၀၂၀ ခုနှစ်တုန်းက ထိုစဉ်တုန်းက အသက် ၂၁ နှစ်အရွယ်ရှိ ဘာစတိုနီနှင့် အတူအိပ်ခဲ့ကြောင်း သတင်းထွက်ထားပါတယ်။
အီတလီအာဏာပိုင်များဟာ ရေမီးစုံ အပြီးအစီး ပါဝင်တဲ့ ပါတီပွဲများ ကျင်းပပေးတဲ့ မီလန်မှ ဖျော်ဖြေရေးအေဂျင်စီတစ်ခုကို ဝင်ရောက် စီးနင်း စစ်ဆေးရာတွင် အီတလီကစားသမားအမြောက်အမြားပါဝင်တဲ့ ကွန်ယက်တစ်ခုကို တွေ့ရှိရာမှ အမှုကို ဆက်လက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

image

ဖီနာဘာချီသို့‌ ပေါင် ၇ သန်းဖြင့် ပြောင်းလာတော့မဲ့ မန်စီးတီးရဲ့အကီ
==================

ဖီနာဘာချီဟာ မန်စီးတီးမှ နယ်သာလန်နောက်ခံလူနာသန်အကီကို ပေါင် ၇ သန်းဖြင့် ခေါ်ယူရေး ဆွေးနွေးနေပါတယ်။
တူရကီကလပ်ဟာ အသက် ၃၁ နှစ်ရှိ နောက်ခံလူနှင့် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပြီးဖြစ်ကာ မန်စီးတီးနှင့် ပြောင်းရွှေ့ကြေးနှင့်ပတ်သက်တဲ့ အချက်အလက်များ အပြီးသတ်ရေး ဆွေးနွေးနေတုန်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဖီနာဘာချီနှင့် မန်စီးတီးတို့အကြားတွင် မကြာမီ သဘောတူညီမှု ရရှိလာမယ်လို့ ယုံကြည်ရပါတယ်။ မန်စီးတီးဘက်က အကီအတွက် ပြောင်းရွှေ့ကြေး ပေါင် ၈.၅ သန်းအပြင် အပိုဆုကြေးများ ရရှိလိုနေတယ်လို့ ယုံကြည်ရပါတယ်။
အကီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၃၂ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရတဲ့ နယ်သာလန်အတွက် ကမ္ဘာ့ဖလားပွဲ ၃ ပွဲကစားခဲ့သူ ဖြစ်ပါတယ်။
အကီဟာ ၂၀၂၀ ခုနှစ်တွင် ဘုန်းမောက်မှ မန်စီးတီးသို့ ပေါင်သန်း ၄၀ ဖြင့် ရောက်လာပြီးနောက် ၁၇၇ ပွဲကစားပေးထားသူ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲအရပ်ရပ်တွင် ၁၇ ပွဲ ပွဲထွက်ကစားခဲ့သူ ဖြစ်ပြီး စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့မှုနှင့်အတူ ယခုနွေရာသီတွင် ရောင်းချခံရမယ်လို့ ယုံကြည်ရသူလည်း ဖြစ်ပါတယ်။

image

ထရပ်ဇွန်စပေါသို့ အငှားဖြင့် အိုနာနာကို ထပ်မံ အငှားချကာ လုပ်ခ အသုံးစရိတ်များစွာ လျှော့ချလာနိုင်တဲ့ ယူနိုက်တက်
=====================

ယူနိုက်တက်ဂိုးသမားအင်ဒရေအိုနာနာဟာ တူရကီကလပ် ထရပ်ဇွန်စပေါသို့ အငှားဖြင့် ထပ်မံ ပြောင်းရွှေ့လာပါတယ်။
ထရပ်ဇွန်စပေါဟာ အိုနာနာရဲ့ အငှားစာချုပ်အတွင်းတွင် အပြီးသတ် ဝယ်ယူရမဲ့အချက်ကို ထည့်သွင်းလာခြင်း မရှိပေမဲ့လည်း လုပ်ခအားလုံးကို ပေးချေလာရပါမယ်။
ဒါ့အပြင် ထရပ်ဇွန်စပေါဟာ အသက် ၃၀ နှစ်ရှိ ဆီနီဂေါဂိုးသမားအတွက် ယူနိုက်တက်ကို ငှားရမ်းခလည်း ပေးလာရပါမယ်။
အိုနာနာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ထရပ်ဇွန်စပေါအတွက် ၂၉ ပွဲကစားကာ တူရကီရှုံးထွက်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
အိုနာနာဟာ ၂၀၂၃ ခုနှစ်တွင် အင်တာမီလန်မှ ပေါင် ၄၇.၂ သန်းဖြင့် ပြောင်းလာသူဖြစ်ပြီး စာချုပ်သက်တမ်း ၂ နှစ်ကျန်ပါသေးတယ်။
ယူနိုက်တက်ဟာ အိုနာနာအား အငှားချထားနိုင်မှုနှင့်အတူ ငှားရမ်းခ ရရှိလာသလို လုပ်ခ အသုံးစရိတ်များကိုလည်း လျှော့ချလာနိုင်ပါတယ်။
အိုနာနာဟာ ယခုရာသီတွင် ယူနိုက်တက် ချန်ပီယံလိဂ်ဝင်ခွင့်ရလာမှုနှင့်အတူ လုပ်ခ ၂၅ ရာခိုင်နှုန်းတိုးမြှင့်ခံစားခွင့် ရရှိကာ တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀၀ ဝန်းကျင်အထိ ရရှိလာသူလည်း ဖြစ်ပါတယ်။
ထရပ်ဇွန်စပေါဟာ အိုနာနာရဲ့ လာမဲ့ ၁၂ လအတွက် လုပ်ခများကို ပေးချေလာရမဲ့အပြင် ငှားရမ်းခ ပေါင် ၁.၃ သန်းကိုလည်း ပေးလာရပါမယ်။
ယူနိုက်တက်ဟာ ကက်စ်မီရိုနှင့် ဂျာဒွန်ဆန်ချိုတို့အား ထွက်ခွာခွင့်ပေးထားကာ တစ်ပတ်လုပ်ခ ပေါင် ၆ သိန်းအထိ လျှော့ထားနိုင်ပါသေးတယ်။

image

ဗင်နီဇွဲလားငလျင်ကြောင့် အားလုံးဆုံးရှုံးခဲ့ရတဲ့ လူငယ်ပရိသတ်လေးအား တွေ့ဆုံခွင့်ပေးလာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို
=======================

ခရစ္စတီယာနိုရော်နယ်ဒိုဟာ မကြာသေးမီတုန်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အရာအားလုံး ဆုံးရှုံးလာတဲ့ ဗင်နီဇွဲလားလူငယ်လေးတစ်ဦးအား အားပေးစကား မက်ဆေ့ချ်ပေးပို့လာပါတယ်။
အသက် ၄၁ နှစ်ရှိ ပေါ်တူဂီစူပါစတားဟာ လူငယ်လေးအင်ဒရေကို အားပေးစကားပြောလာတဲ့အပြင် သူနှင့်ပါ တွေ့ဆုံခွင့်ပေးလာပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုက "ငါ့ရဲ့ဘောလုံးပွဲတစ်ပွဲကို မင်းကို လာကြည့်စေချင်တယ်"လို့ ပြောကြားသွားပါတယ်။
ရော်နယ်ဒိုဟာ ယင်းလူငယ်လေးထံမှ မက်ဆေ့ချ်အချို့ ရရှိပြီးနောက် ယခုကဲ့သို့ ရှေ့ထွက်ကာ အားပေးစကားပြောကြားပြီး ပွဲကြည့်ဖို့ ဖိတ်ခေါ်လာတာလို့ ယုံကြည်ရပါတယ်။
ဇွန်လ ၂၄ ရက်နေ့တုန်းက ဗင်နီဇွဲလားတွင် ပြင်းအားမြင့်ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့ပါတယ်။
ငလျင်ပြင်းအား ၇.၂ နှင့် ၇.၅ အသီးသီးရှိ ငလျင်လှုပ်ခတ်မှုနှင့်အတူ သေဆုံးသူ ၂၆၄၅ ရှိထားပြီး ၁၂၆၀၀ ကျော် ဒဏ်ရာရရှိထားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီကို ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်အောင် ကူညီပေးပြီးနောက် ယခုကဲ့သို့ ယင်းလူငယ်လေးအား အားပေးစကားပြောလာတာပါ။
ယင်းပွဲတွင် ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ၁၄၆ ဂိုးမြောက်ဂိုးအား သွင်းနိုင်ခဲ့သလို ကစားသမားဘဝ သွင်းဂိုး ၉၇၆ ဂိုးအထိ ရှိလာပြီ ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ပေါ်တူဂီဟာ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်တွင် စပိန်နှင့် ရင်ဆိုင်ကစားရပါမယ်။

image

အာဂျင်တီးနားအတွက် ဂိုးသွင်းနိုင်ပြီးနောက် သမီးနှင့်ပတ်သက်ပြီး ကြေကွဲစရာ ကြေညာချက် ထုတ်ပြန်လာတဲ့ ယူနိုက်တက်စတားလီဆန်ဒရိုမာတီနက်ဇ်
====================

လီဆန်ဒရိုမာတီနက်ဇ်က သမီးသာ မွေးဖွားလာခြင်း မရှိပါက မန်ချက်စတာယူနိုက်တက်တွင် ဒဏ်ရာပြဿနာအား ကျော်ဖြတ်လာနိုင်မည်မဟုတ်ကြောင်း ဖွင့်ဟ‌ပြောကြားလာပါတယ်။
အသက် ၂၈ နှစ်ရှိ နောက်ခံလူဟာ ယနေ့ အစောပိုင်းတုန်းက ကိတ်ဗာဒီကို ၃-၂ ဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် အာဂျင်တီးနားအတွက် ဂိုးသွင်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ပွဲအပြီးတွင် မာတီနက်ဇ်က "ဒဏ်ရာကြောင့် ဖြစ်ပျက်ခဲ့တာတွေကို စတွေးမိတယ်။ ငိုချင်လာသလို ခံစားရတယ်။ ဒီနေရာမှာ ရပ်နေနိုင်မလားတောင် မသိခဲ့ဘူး။ ဒဏ်ရာရနေတုန်းက ကျွန်တော့်သမီးလေးသာ မမွေးလာဘူးဆိုရင် ဒီကနေ့မှာ ဒီမှာ ကစားနေနိုင်မလားဆိုတာတောင် မသိဘူး။ ပြီးတော့ ဒီကနေ့ ကမ္ဘာ့ဖလားပွဲမှာ ဂိုးသွင်းနိုင်သလိုမျိုး လုပ်လာနိုင်မလားဆိုတာတောင် မသိဘူး"လို့ ပြောကြားသွားပါတယ်။
မာတီနက်ဇ်ဟာ ဒဏ်ရာပြဿနာကြောင့် ကာလရှည်ကြာ အနားယူရမှုနှင့်အတူ ကစားသမားဘဝမှ အနားယူရန်အထိ စဉ်းစားခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့နှစ်တုန်းက ခရစ္စတယ်ပဲလေ့စ်အား ရှုံးနိမ့်တဲ့ပွဲတွင် ဒူးအရွတ်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ သမီးလေး အော်ရိုရာ မွေးဖွားလာမှုက ယူနိုက်တက်အတွက် ပြန်ကစားရေး တွန်းအားဖြစ်လာစေခဲ့ပါတယ်။
ယခုနှစ်အစောပိုင်းတုန်းက မာတီနက်ဇ်နှင့် ချစ်သူမူရီလိုပက်ဇ်တို့က "မင်း ရောက်လာမှုက ငါတို့ရှင်သန်မှုကို ဘယ်လိုတောင် ပြောင်းလိုက်တာလဲ အော်ရိုရာရေ"လို့ ပို့စ်ရေးသား တင်ခဲ့ပါသေးတယ်။
မာတီနက်ဇ်ဟာ ကိတ်ဗာဒီနှင့်ပွဲစဉ်တွင် ဂိုးသွင်းခဲ့သလို ဖန်တီးမှုလည်း တစ်ကြိမ် ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဘောလုံးပေးပို့မှု ၉၈ ရာခိုင်နှုန်းအောင်မြင်ခဲ့သလို တတိယဇုန်တွင် ဘောလုံးပေးပို့မှု ၂၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

image

ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီးနောက် နာဂျယ်မန်း နုတ်ထွက်လာမှုနှင့်အတူ ဂျာမနီနည်းပြသစ်ဖြစ်လာဖို့ ရှိနေတဲ့ ဂျာဂင်ကလော့ပ်
======================

ဂျာဂင်ကလော့ပ်ဟာ ဂျူလီယန်နာဂျယ်မန်းရဲ့ ဂျာမနီနည်းပြရာထူးကို ဆက်ခံလာဖို့ ရှိနေပြီ ဖြစ်ပါတယ်။
နာဂျယ်မန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် ရာထူးမှ နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။
လီဗာပူးနည်းပြဟောင်းဟာ ဂျာမနီဘောလုံးအဖွဲ့ချုပ်က နည်းပြသစ်အဖြစ် ခန့်အပ်ရေး ဆက်သွယ်လာပါက လက်ခံလာမှာ ဖြစ်ကြောင်း သိရပါတယ်။
ဂျာမနီဟာ ယခုအပတ်အစောပိုင်းတုန်းက ပါရာဂွေးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ကာ ကမ္ဘာဖလား ၃၂ သင်း ရှုံးထွက်အဆင့်မှ ထွက်ခဲ့ရပါတယ်။
ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် ပထမဆုံးအကြိမ်ဖြင် ပင်နယ်တီအဆုံးအဖြတ်တွင် ရှုံးနိမ်ကာ ထွက်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ကြာသပတေးနေ့မှာတော့ ဂျာမနီဘောလုံးအဖွဲ့ချုပ်က နာဂျယ်မန်းအား ရာထူးမှ နုတ်ထွက်ရန် သို့မဟုတ် မနုတ်ထွက်ပါက ထုတ်ပယ်ခံရမယ်လို့ အသိပေးလာပါတယ်။
Bild ရဲ့ဖော်ပြလာမှုအရ ဖရန့်ဖတ်ရှိ ဂျာမနီဘောလုံးအဖွဲ့ချုပ်ရုံးခန်းတွင် သုံးနာရီကြာ လျို့ဝှက် ဆွေးနွေးမှုများ ပြုလုပ်ပြီးချိန်မှာတော့ နာဂျယ်မန်းဘက်က နုတ်ထွက်ရန် ဆုံးဖြတ်လာကြောင်း သိရပါတယ်။
နာဂျယ်မန်းဟာ ဂျာမနီနည်းပြရာထူးမှ နုတ်ထွက်လာခဲ့ခြင်းဖြစ်ပေမဲ့လည်း နစ်နာကြေး ပေါင် ၅ သန်း ဝန်းကျင် ရရှိလာပါမယ်။
ကလော့ပ်ဟာ ၂၀၂၄ ခုနှစ်နွေရာသီတွင် လီဗာပူးနည်းပြရာထူးမှ ထွက်ခွာလာပြီးနောက် ဂျာမနီအသင်းရဲ့ အနာဂတ်နည်းပြအဖြစ် သတ်မှတ်ခြင်းခံလာရသူလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် သူဟာ ရက်ဘူးလ်ရဲ့ ဘောလုံးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသလို ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ဂျာမန်ရုပ်သံလိုင်း Magenta တွင် ဝေဖန်သုံးသပ်သူအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

image

အန်ဇိုဖာနန်ဒက်ဇ်အား ခေါ်ယူရန် အစီအစဉ်မရှိကြောင်း ရီးရဲလ်မက်ဒရစ် ကြေညာချက် ထုတ်ပြန်လာ
=====================

ရီးရဲလ်မက်ဒရစ်ဟာ ယခုနွေရာသီတွင် ချဲလ်ဆီးမှ အာဂျင်တီးနားကွင်းလယ်ကစားသမားအန်ဇိုဖာနန်ဒက်ဇ်အား ခေါ်ယူလိုခြင်း မရှိကြောင်း ကြေညာချက် ထုတ်ပြန်လာပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်တွင် အဆင့် ၁၀ နေရာမှာသာ ရပ်တည်ကာ ဥရောပဝင်ခွင့် မရရှိခဲ့တဲ့ ချဲလ်ဆီးမှ ထွက်ခွာလိုနေပြီး ရီးရဲလ်မက်ဒရစ်သို့ ပြောင်းလိုနေတယ်လို့ ယုံကြည်ရပါတယ်။
စပိန်ထိပ်သီးကလပ်ဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတုန်းက ဘင်ဖီကာမှ ပေါင် ၁၀၇ ဖြင့် ချဲလ်ဆီးသို့ ရောက်လာတဲ့ ဖာနန်ဒက်ဇ်အား ခေါ်ယူလိုနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့ ယခုအခါမှာတော့ ရီးရဲလ်မက်ဒရစ်က အန်ဇိုဖာနန်ဒက်စ်အား ခေါ်ယူရန် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကြိုးပမ်းခြင်း မရှိသလို မည်သည့် လုပ်ဆောင်မှုမျှ ပြုလုပ်ရန် အစီအစဉ်မရှိကြောင်း ကြေညာလာပါတယ်။
တဖက်တွင် ချဲလ်ဆီးကလည်း အန်ဇိုဖာနန်ဒက်ဇ်အတွက် မည်သည့်ကလပ်ရဲ့ ချဉ်းကပ်မှုများ ရရှိထားခြင်း မရှိကြောင်း ဆိုထားပါတယ်။
ချဲလ်ဆီးဟာ အသက် ၂၅ နှစ်ရှိ ကွင်းလယ်ကစားသမားကို ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်း သတ်မှတ်ထားပေမဲ့လည်း ခေါ်ယူလိုတဲ့ကလပ်မရှိပါကလည်း ဆက်ထိန်းထားရန် အသင့်ရှိနေပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇူလိုင် ၆ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၁၆၅ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၇၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၃၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၂၆၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၅၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၁၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၁၄၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၈၀ ကျပ်
ဝယ်ဈေး - ၄၂၈၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၅၀ ကျပ်
ဝယ်ဈေး - ၃၂၅၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၁၄ ကျပ်
ဝယ်ဈေး - ၄၈၉၁ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၃ ကျပ်
ဝယ်ဈေး - ၁၂၉.၁၉ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၇၈ ကျပ်
ဝယ်ဈေး - ၁၀၅၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၄၇ ကျပ်
ဝယ်ဈေး - ၆၃၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၁၅ ကျပ်
ဝယ်ဈေး - ၂၆.၄၅ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၁၇ ကျပ်
ဝယ်ဈေး - ၄၄.၉၈ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၇ ကျပ်
ဝယ်ဈေး - ၂.၈ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၈၀၉ ကျပ်
ဝယ်ဈေး - ၅၆၆၇ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၃၃ ကျပ်
ဝယ်ဈေး - ၂၉၅၉ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၉၀ ကျပ်
ဝယ်ဈေး - ၃၀၁၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၅၉ ကျပ်
ဝယ်ဈေး - ၅၄၅ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၉၇ ကျပ်
ဝယ်ဈေး - ၁၁၆၆ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
******************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image