Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ယောက်ျားရင့်မာကြီး တစ်ယောက်ကိုမျက်ရည်ကျစေခဲ့တဲ့ စာအုပ်လေးကတော့ "လက်ညှိုးထိုး၍ ပန်းဝေသည်" အမည်ရှိ စာအုပ်လေးပဲ ဖြစ်ပါတယ်...
သိုးဆောင်း လို့ကြားလိုက်တာနဲ့ တော်တော်များများ ပြေးမြင်မိမှာက ( အကြင်သူသည် ) ပါ။ တစ်ကယ်လည်း ကောင်းတဲ့ စာအုပ်ပါ ၊ ဒါပေမယ့် ကျွန်တော်ပြောတာကိုယုံပါ ၊ အခု စာအုပ်က ( အကြင်သူသည် )ထက် မသာရင်တောင် သူ့ထက်တော့ မလျော့ဘူးဆိုတာ အာမခံရဲပါတယ် ။
အမှန်တိုင်းပြောရရင် ဆရာသိုးဆောင်းရဲ့ (လက်ညှိုးထိုး ၍ ပန်းဝေသည် ) စာအုပ်ကို နာမည်လေးကြောင့် ဖတ်ဖြစ်ခဲ့တာ စိတ်ထဲမှာတော့ လေးလေးနက်နက် မရှိလှဘူး ၊ လူငယ် type စာအုပ်မျိုးလို့ပဲ ထင်ခဲ့တာ ၊ ဖတ်ပြီးချိန်မှာတော့ အထင်နဲ့အမြင်က တလွဲပါပဲ ။
ဒီစာအုပ်ဖတ်ပြီး နာရီပိုင်းလောက်ထိ ကျွန်တော် ဘာမှလုပ်မရခဲ့ဘူး ရင်ထဲမှာ မွန်းကျပ် နေမိတယ် ။ ကျွန်တော်တွေးနေမိတာက ဘာကြောင့်လဲပေါ့ ။ စာအုပ်ရဲ့ အဓိက ကျောရိုးက ' ယိုးမယ် နဲ့ ကနောင် ' ရဲ့ အချစ်အကြောင်းဆိုပေမယ့် အပေါစား အချစ်စာအုပ်တွေလို ချစ်ကြိုက်လွမ်းဆွေးမျိုး မဟုတ်ပါဘူး ။
ဒီစာအုပ်ဖတ်ရင်း ခင်ဗျားကိုယ်တိုင် မွန်းကျပ်လာမယ် ဝမ်းနည်းလာမယ် နှမြောမိလာမယ် ၊ ထိုင်ရာကမထဘဲ ဖတ်ချင်လာအောင် ဒီစာအုပ်က ဆွဲခေါ်သွားပါလိမ့်မယ် ။ ကျွန်တော့်စာက ဒီစာအုပ် ဘယ်လောက်ကောင်းကြောင်း ဖော်ပြနိုင်မှာ မဟုတ်ပါဘူး ဖတ်ကြည့်လိုက်ပါ ၊ ဆရာ သိုးဆောင်း ရဲ့
ပရိသ,တ်တစ်ယောက်ဆို ဒီစာအုပ်က ခင်ဗျားအတွက်ပါပဲ....