ပဲလေ့စ်မှ နူနော့ဇ်အား ပေါင် ၂၂ သန်းဖြင့် နော်တင်ဟမ်ဖောရက်စ် ခေါ်ယူလာ
=====================
နော်တင်ဟမ်ဖောရက်စ်ဟာ ခရစ္စတယ်ပဲလေ့စ်မှ ဒါနီရယ်မူနော့ဇ်အား ပေါင် ၂၂ သန်းဖြင့် ခေါ်ယူရေး အပြီးသတ်လုပ်ဆောင်လာပါတယ်။
ကိုလံဘီယာလက်ရွေးစင်ညာနောက်ခံလူဟာ လက်ရှိ နော်တင်ဟမ်ဖောရက်စ်နည်းပြအိုလီဗာဂလပ်စ်နာလက်အောက်တွင် ပဲလေ့စ်တွင် အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်းနှင့် ကွန်ဖရင့်လိဂ်ဖလားတို့ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ပဲလေ့စ်တွင် ကစားတဲ့ ၂ နှစ်ခွဲကြာကာလအတွင်းတွင် ၁၀၉ ပွဲကစားခဲ့ရာမှာ ၁၀၉ ပွဲကစားပြီး ၁၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။
ကိုလံဘီယာလက်ရွေးစင်အသင်းအတွက် ၅၅ ပွဲကစားထားတဲ့ မူနော့ဇ်က "ပါရမီရှင်တွေ အများကြီးတွေရလို့ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ဖောရက်စ်က ကြီးကျယ်တဲ့ကစားသမားတွေ၊ ကြီးကျယ်တဲ့အရည်အသွေး၊ ကွင်းထဲမှာ ကြီးကျယ်တဲ့ကျွမ်းကျင်မှု ပိုင်ဆိုင်ထားတဲ့ကလပ်ပါ။ ကစားဖော်တွေကို ကူညီပြီး ကြီးကျယ်တဲ့အရာတွေ လုပ်ဖို့ မစောင့်နိုင်တော့ပါဘူး။ ဒီကလပ်က ပြီးခဲ့တဲ့နှစ်တွေမှာ တိုက်ပွဲဝင်လာတဲ့ကလပ်ပါ။ ပြိုင်ဆိုင်မှုပြင်းထန်တယ်။ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အထိ တက်ခဲ့တယ်။ အနာဂတ်မှာ ပိုပြီးတော့ ကြီးကျယ်တာတွေ ဖြစ်လာမှာပါ။ ဒါက ဖောရက်စ်ကို အရမ်းသဘောကျတဲ့အရာပါ။ ဒီအတွက်ပဲ ဖောရက်စ်သို့ ပြောင်းလာတာပါ"လို့ ပြောကြားသွားပါတယ်။