အလွန်ဆိုအား နည်းပြသစ်အဖြစ် ခန့်အပ်ရန် သဘောတူညီမှု ရရှိလာတဲ့ ချဲလ်ဆီး
======================

စပိန်လူမျိုးနည်းပြဇာဘီးအလွန်ဆိုဟာ ချဲလ်ဆီးအား ၄ နှစ်စာချုပ်ဖြင့် ကိုင်တွယ်ရန် သဘောတူညီမှု ရရှိလာပါတယ်။
အသက် ၄၄ နှစ်ရှိ လေဗာကူဆင်နှင့် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းနှင့် ချဲလ်ဆီးတို့အကြားမှာ အကြမ်းဖျင်း သဘောတူညီမှု ရရှိလာတာ ဖြစ်ပြီး လာမဲ့ ရက်များအတွင်းတွင် အပြီးသတ် စာချုပ်ချုပ်ဆိုရေး ဆက်လက် ဆွေးနွေးလာပါမယ်။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့လတုန်းက ထုတ်ပယ်ခဲ့တဲ့ လီယမ်ရိုဆင်နီယာနေရာမှာ နည်းပြသစ် ခန့်အပ်ရေး ရှာဖွေလာခဲ့တာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ယခုအပတ်အစောပိုင်းမှ စတင်ကာ နည်းပြရာထူးအတွက် လျာထားတဲ့ အလွန်ဆို၊ ဘုန်းမောက်နည်းပြအိုင်ရာအိုလာ၊ ဖူလ်ဟမ်နည်းပြမာကိုဆေးလ်ဗား၊ ပဲလေ့စ်နည်းပြအိုလီဗာဂလပ်စ်နာတို့ရဲ့ အေးဂျင့်များနှင့် ဆက်သွယ် ဆွေးနွေးမှုများ ပြုလုပ်လာခဲ့ပါတယ်။
ယခုအခါမှာတော့ ချဲလ်ဆီးဟာ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အလွန်ဆိုအား ခန့်အပ်ရေး ဆုံးဖြတ်လာခဲ့ပါတယ်။
အက်ဖ်အေဖလားဗိုလ်လုပွဲတွင် မန်စီးတီးကို ရှုံးနိမ့်ကာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရတဲ့ ချဲလ်ဆီးဟာ ရာသီသိမ်းချိန်တွင်မှ အလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာလာဖို့ ရှိပါတယ်။
အလွန်ဆိုဟာ ကစားသမားဘဝတုန်းက ၅ ရာသီတိုင်တိုင် ကစားခဲ့တဲ့ အသင်းဟောင်းလီဗာပူးရဲ့ ပစ်မှတ်ထားခြင်းလည်း ခံခဲ့ရသူပါ။
ဒါပေမဲ့ လီဗာပူးဟာ စိတ်ပျက်စရာ ရာသီတစ်ခု ကြုံခဲ့ပေမဲ့လည်း အန်းဆလော့နှင့် ဆက်လက် လက်တွဲရန် ဆုံးဖြတ်လာမှုနှင့်အတူ အလွန်ဆိုအား ဆက်သွယ်မှု ပြုလုပ်လာခြင်း မရှိခဲ့ပါဘူး။
ဒါကြောင့်လည်း အလွန်ဆိုဟာ ချဲလ်ဆီးအသင်းဘက်က ကမ်းလှမ်းလာချိန်မှာ လက်ခံခဲ့တာလည်း ဖြစ်ပါတယ်။
အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်တဲ့ ၈ လအတွင်း အောင်မြင်မှု မရခဲ့ပေမဲ့လည်း လေဗာကူဆင်အား ရာသီပြည့်ကိုင်တွယ်စဉ်တုန်းက ပြည်တွင်းဖလား ၂ လုံးအား ရှုံးပွဲမရှိဘဲ ရယူပေးနိုင်ခဲ့ဖူးပါတယ်

image

မော်ရင်ဟိုသာ ရီးရဲလ်မက်ဒရစ်သို့ ရောက်လာပါက အာဘီလိုအာ ဝမ်းသာကျေနပ်လာမည်
======================

ရီးရဲလ်မက်ဒရစ်နည်းပြအယ်ဗာရိုအာဘီလိုအာက လာမဲ့ရာသီတွင် သူ့နေရာတွင် ဆရာဟောင်းဟိုဆေးမော်ရင်ဟိုကိုသာ အစားထိုးခန့်အပ်လာမည်ဆိုပါက ဝမ်းသာကျေနပ်ရလိမ့်မည်ဖြစ်ကြောင်း ပြောကြားလာပါတယ်။
မော်ရင်ဟိုဟာ လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းက ရီးရဲလ်မက်ဒရစ်ကို ပထမအကြိမ် ကိုင်တွယ်ပြီးနောက် ဒုတိယအကြိမ် ကိုင်တွယ်ရေး ဆွေးနွေးမှုများ ပြုလုပ်နေပြီး ဆွေးနွေးမှု နောက်ဆုံးအဆင့်သို့ ရောက်နေပြီ ဖြစ်ပါတယ်။
အသက် ၆၂ နှစ်ရှိ ပေါ်တူဂီလူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဘင်ဖီကာသို့ ၂ နှစ်စာချုပ်ဖြင့် ရောက်လာခဲ့ပေမဲ့ ရီးရဲလ်မက်ဒရစ်ဥက္ကဌပီရက်ဇ်ရဲ့ အလိုရှိခြင်းခံနေရပါတယ်။
အာဘီလိုအာက "ကျွန်တော့်အတွက်တော့ ကစားသမားဟောင်းတစ်ယောက်အနေနဲ့ ရော မက်ဒရစ်ပရိသတ်တစ်ယောက်အနေနဲ့ရော မော်ရင်ဟိုက နံပါတ်တစ်ပါ။ သူက ကျွန်တော်တို့ထဲက တစ်ယောက်ပါ။ လာမဲ့နှစ်မှာ သူပြန်လာရင် သူ အိမ်ပြန်လာလို့ ကျွန်တော် ပျော်ရပါလိမ့်မယ်"လို့ ပြောကြားသွားပါတယ်။
အာဘီလိုအာဟာ ဇန်နဝါရီလတုန်းက အလွန်ဆို ထွက်ခွာသွားပြီးနောက် ရီးရဲလ်မက်ဒရစ်အား ကိုင်တွယ်လာပေမဲ့ ဆုဖလားဆွတ်ခူးနိုင်အောင် ဦးဆောင်ထားနိုင်ခြင်း မရှိပါဘူး။

image

ရာသီအကုန်တွင် ဘာစီလိုနာမှ ထွက်ခွာမည်ဟု လီဝန်ဒေါ့စကီး ကြေညာလာ
====================

ရောဘတ်လီဝန်ဒေါ့စကီးက စာချုပ်သက်တမ်းကုန်ဆုံးလာမဲ့ နွေရာသီတွင် ဘာစီလိုနာမှ ထွက်ခွာလာတော့မှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားလာပါတယ်။
အသက် ၃၇ နှစ်ရှိ ပိုလန်အသင်းခေါင်းဆောင်ဟာ ၂၀၂၂ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်မှ ပြောင်းလာပြီးနောက် ဘာစီလိုနာအတွက် ၁၉၁ ပွဲကစားကာ ၁၁၉ ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပြီး လာလီဂါဖလား ၃ လုံးနှင့် ကိုပါဒယ်ရေးတို့ ရရှိအောင် ကူညီပေးခဲ့ပါတယ်။
လီဝန်ဒေါ့စကီးက "စိန်ခေါ်မှုတွေ အလုပ်ကြိုးစားမှုတွေ ပြည့်နှက်နေတဲ့ လေးနှစ်ကုန်ဆုံးပြီးတဲ့နာက် နောက်ထပ် ပြောင်းရမဲ့ ကာလသို့ ရောက်လာခဲ့ပါပြီ။ စစ်ဆေးရေးပြီးဆုံးသွားပြီဆိုတဲ့ ခံစားချက်နဲ့ ထွက်ခွာလာပါမယ်။ လေးရာသီ သုံးကြိမ် ချန်ပီယံရှစ်ရခဲ့တယ်"လို့ အင်စတာဂရမ်မှ ရေးသားသွားပါတယ်။
လီဝန်ဒေါ့စကီးဟာ နောက်ပိုင်းနှစ်များတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်လာရသူ ဖြစ်ပြီး ယခုရာသီတွင် လာလီဂါပွဲ ၁၅ ပွဲတည်းသာ ပွဲထွက်ကစားထားနိုင်ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းက ချီကာဂိုဖိုင်းယားက ရောဘတ်လီဝန်ဒေါ့စကီးအား မေဂျာလိဂ်သို့ ခေါ်ဆောင်ရေး ဆွေးနွေးနေကြောင်း ကြေညာသွားခဲ့ဖူးပါတယ်။
သူဟာ နူးကမ့် နောက်ဆုံးပွဲအဖြစ် တနင်္ဂနွေနေ့တွင် ဘက်တစ်နှင့် လာလီဂါပွဲစဉ်အား ကစားလာပါမယ်။
ဘိုင်ယန်မြူးနစ်တွင်လည်း ရောဘတ်လီဝန်ဒေါ့စကီးနှင့် လက်တွဲခဲ့ဖူးတဲ့ ဘာစီလိုနာနည်းပြဟန်ဆီဖလစ်က ဒေါ့မွန်တိုက်စစ်မှူးဟောင်းမှာ ဘက်တစ်နှင့်ပွဲတွင် ပွဲထွက်လာမယ်လို့ အတည်ပြုထားပါတယ်။

image

ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေါက်ကြားလာပြီးနောက် ရဲတပ်ဖွဲ့ဝင်များ အစောင့်အရှောက်ဖြင့် နေထိုင်နေရတဲ့ ဒိုင်လူကြီး
=================

စကော့တလန်ဘောလုံးအဖွဲ့ချုပ်က ဒိုင်လူကြီးဂျွန်ဘီတန်နှင့်မိသားစုဝင်များမှာ ကိုယ်ရေးကိုယ်တာ အချက်အလက်များ အွန်လိုင်းတွင်‌ ပေါက်ကြားလာပြီးနောက် ရဲတပ်ဖွဲ့ဝင်များရဲ့ အစောင့်အရှောက်ဖြင့် နေထိုင်ခဲ့ရကြောင်း အတည်ပြုလာပါတယ်။
တဖက်တွင် ရဲတပ်ဖွဲ့ဟာ ဂျွန်ဘီတန်ရဲ့ အချက်အလက်များ ပေါက်ကြားမှုအတွက် အသက် ၁၉ နှစ်အရွယ်ရှိ လူငယ်တစ်ဦးကို စွဲချက်တင်ထားပြီး မကြာမီ ရုံးတင် စစ်ဆေးမှု ပြုလုပ်လာပါမယ်။
ဂျွန်ဘီတန်ဟာ ဗုဒ္ဓဟူးနေ့တုန်းက ဆဲလ်တစ်တို့ မားသားဝဲလ်အား ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲရဲ့ အချိန်ပိုတွင် နောက်ကျ ပင်နယ်တီပေးကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်လာခဲ့ရသူလည်း ဖြစ်ပါတယ်။
ဆဲလ်တစ်ဟာ ဂျွန်ဘီတန်ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကြောင့် ပင်နယ်တီ အနိုင်ဂိုး ရရှိကာ စကော့တလန်ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကာကွယ်ရေး မျှော်လင့်ချက် ရှိလာခဲ့ပါတယ်။
ဆဲလ်တစ်ဟာ ယနေ့ညတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ဟတ်စ်အား အနိုင်ရရှိလာပါက ချန်ပီယံဖြစ်ပါမယ်။ ဟတ်စ်မှာမူ ဆဲလ်တစ်အား အနိမ့်ဆုံးသရေကစားနိုင်ပါက ၆၆ နှစ်အတွင်း ပထမဆုံးအမှတ်ပေးဖလား ဆွတ်ခူးလာပါမယ်။

image

ရာသီသစ်တွင် အသုံးစရိတ်စည်းမျဉ်းသစ် အသုံပြုလာမဲ့ ချန်ပီယံရှစ်
====================

ချန်ပီယံရှစ်ကလပ်များဟာ လာမယ့်ရာသီတွင် ဘဏ္ဍာရေးစည်းမျဉ်းသစ် Squad Cost Rules (SCR) ကို အသုံးပြုလာပါမယ်။
ချန်ပီယံရှစ်ဟာ ပရီးမီးယားလိဂ်နှင့် မတူညီတဲ့ Squad Cost Rules (SCR) စနစ်ကို အသုံးပြုရေး နိုဝင်ဘာလကတည်းက ခွင့်ပြုချက် ရရှိခဲ့တာ ဖြစ်ပြီး ယခုအခါ ကလပ်များက ယင်းစနစ်ကို အသုံးပြုရေး ထောက်ခံမဲပေးကာ ဆုံးဖြတ်လာကြပါတယ်။
Squad Cost Rules (SCR) မှာ လက်ရှိ အသုံးပြုနေတဲ့ အမြတ်နှင့် ရေရှည်တည်တန့်ရေး စနစ်နေရာတွင် အစားထိုး အသုံးပြုလာပါမယ်။
လက်ရှိအသုံးပြုနေတဲ့ အမြတ်နှင့် ရေရှည်တည်တန့်ရေး စည်းမျဉ်းအရ ကလပ်များဟာ သုံးနှစ်အတွင်း ပေါင် ၃၉ သန်း အရှုံးပေါ်ခွင့် ရှိပါတယ်။
ဒါပေမဲ့ ယခု စနစ်သစ်အရ ကလပ်များဟာ အမြတ်နှင့် အရှုံးပေါ်တွင် မမူတည်တော့ဘဲ ဘောလုံးမှ ရရှိတဲ့ ဝင်ငွေပေါ် မူတည်ပြီး အသုံးပြုလာနိုင်ပါမယ်။
ချန်ပီယံရှစ်ကလပ် ၂၄ ခုတို့မှ ကလပ် ၁၆ ခုတို့က ယခုစနစ်သစ် Squad Cost Rules (SCR) ကို သုံးရန် မဲပေးခဲ့ကြတာပါ။
၂၀၂၄-၂၅ ရာသီအတွင်းတွင် ချန်ပီယံရှစ်ကလပ် ၃ ခုတည်းသာ အမြတ်ထွက်ခဲ့ပါတယ်။ ယင်းမှ စတုတ်စီးတီးမှာ ချေးငွေ ပေါင်သန်း ၉၀ အား ပိုင်ရှင်သစ်ဂျွန်ကို့တ်စ်က ပေးချေလာမှုကြောင့် အမြတ်ထွက်ခဲ့တာပါ။ တကယ်လို့များ ယင်းချေးငွေကိုပါ ထည့်တွက်လာမည်ဆိုပါက စတုတ်စီးတီးမှာ ပေါင် ၂၉ သန်း အရှုံးပေါ်လာပါမယ်။
ကျန် ချန်ပီယံရှစ်ကလပ် ၂၁ ခုတို့ဟာ စုစုပေါင်း ပေါင် ၃၁၇ သန်းအထိ အရှုံးပေါ်ခဲ့ပါတယ်။
ဘဏ္ဍာရေး စနစ်သစ်အရ ပိုင်ရှင်များအနေဖြင့် သုံးနှစ်တာကာလအတွင်းတွင် ကလပ်အား ပေါင် ၃၃ သန်း ထောက်ပံ့လာနိုင်ပြီး တစ်ရာသီလျှင် ပေါင် ၁၅ သန်းထက်ပိုပြီး မထောက်ပံ့နိုင်ပါဘူး။
စည်းမျဉ်းထဲတွင် ပိုင်ရှင်ဆက်စပ်နေတဲ့ စပွန်ဆာစာချုပ်နှင့်ပတ်သက်ပြီးတော့ ထည့်သွင်းထားပါသေးတယ်။
ယခုအသုံးပြုလာမဲ့ စနစ်သစ်ကြောင့် ကွင်းအကြီးကြီး၊ စပွန်ဆာကြေးများများ ရရှိတဲ့ ကလပ်များက ပိုမို အကျိုးရှိလာမှာ ဖြစ်ပြီး ကစားသမားအသုံးစရိတ် ပိုမို သုံးလာနိုင်တော့မှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် လိဂ် ၁ တွင်လည်း Salary Cost Management Protocol (SCMP) စည်းမျဉ်းကို အသုံးပြုလာကာ လုပ်ခအသုံးစရိတ်အား ၆၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းသို့ လျှော့ချလာပါတယ်။
ချန်ပီယံရှစ်မှ တန်းဆင်းလာတဲ့ လိဂ် ၁ ကလပ်အနေဖြင့် ပထမရာသီတွင် ၆၅ ရာခိုင်နှုန်းအထိ အသုံးပြုခွင့် ရှိပြီး ယခုအသုံးပြုနေတဲ့ ၇၅ ရာခိုင်နှုန်းစနစ်နေရာမှာ အစားထိုးသုံးလာပါမယ်

image

ရာသီအကုန်တွင် ဘုန်းမောက်မှ ထွက်ခွာလာမဲ့ ဆီနီစီ
==================

အာဂျင်တီးနားနောက်ခံလူမားကို့စ်ဆီနီစီဟာ စာချုပ်သက်တမ်းကုန်ဆုံးလာမဲ့ နွေရာသီတွင် ဘုန်းမောက်မှ ထွက်ခွာလာတော့မှာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်ရှိ ဗဟိုနောက်ခံလူဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၄ နေရာတွင် ရပ်တည်နေတဲ့ ဘုန်းမောက်တွင် ၄ နှစ်ကြာ ကစားပြီးနောက် ထွက်ခွာလာမှာလည်း ဖြစ်ပါတယ်။
ဆီနီစီဟာ ဇန်နဝါရီလကတည်းက အခြားဥရောပလိဂ်ကလပ်များနှင့် လွတ်လပ်စွာ ဆွေးနွေးလာခွင့် ရှိနေခဲ့သူ ဖြစ်ပါတယ်။
သူဟာ ဘုန်းမောက်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှု ရရှိခဲ့ပေမဲ့လည်း ပယ်ချကာ နည်းပြအန်ဒိုနီအိုင်ရာအိုလာနှင့်အတူ ထွက်ခွာလာတော့မှာလည်း ဖြစ်ပါတယ်။
ဘုန်းမောက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၆ နေရာတွင် ရပ်တည်နေပြီး ယူရိုပါလိဂ် (သို့မဟုတ်) ကွန်ဖရင့်လိဂ် ဝင်ခွင့် ရရှိလာဖို့ ရှိနေပါတယ်။ တဖက်တွင် ဘုန်းမောက်ဟာ အက်စတွန်ဗီလာသာ ယူရိုပါလိဂ်ချန်ပီယံဖြစ်လာပါက ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရလာနိုင်ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - မေ ၁၉ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၅၅၁ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၃၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၃၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၉၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၄၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၂၆၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၂၂၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၈၆၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၂၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၉၀ ကျပ်
ဝယ်ဈေး - ၄၁၉၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၄၀ ကျပ်
ဝယ်ဈေး - ၃၂၄၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၀၅ ကျပ်
ဝယ်ဈေး - ၄၈၇၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၈၃ ကျပ်
ဝယ်ဈေး - ၁၂၈.၃၄ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၄ ကျပ်
ဝယ်ဈေး - ၁၀၅၆ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၃၁ ကျပ်
ဝယ်ဈေး - ၆၁၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၀၉ ကျပ်
ဝယ်ဈေး - ၂၆.၃၇ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၆၁ ကျပ်
ဝယ်ဈေး - ၄၃.၄၃ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၇ ကျပ်
ဝယ်ဈေး - ၂.၇၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၇၃၀ ကျပ်
ဝယ်ဈေး - ၅၅၇၉ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၆၉ ကျပ်
ဝယ်ဈေး - ၂၉၈၈ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၃၁ ကျပ်
ဝယ်ဈေး - ၃၀၅၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၉ ကျပ်
ဝယ်ဈေး - ၅၃၄ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၇၄ ကျပ်
ဝယ်ဈေး - ၁၁၄၄ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*******************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image

image