12 ပတ် - ဘာသာပြန်ပါ။

အသင်းဟောင်းအာဆင်နယ်ကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် အာတီတာနှင့် လက်ဆွဲနှုတ်ဆက်ခြင်းပင် မပြုလုပ်နိုင်ဘဲ ဥမင်လှိုဏ်ခေါင်းသို့ ဆင်းသွားတဲ့ အမ်မရီ
=====================

အူနိုင်းအမ်မရီဟာ အမ်းမရိတ်ကွင်းတွင် အသင်းဟောင်းအာဆင်နယ်ကို ဂိုးပြတ် ရှုံးနိမ့်ပြီးနောက် ပွဲပြီးခရာမှုတ်ပြီးချိန်တွင် အာဆင်နယ်နည်းပြမီခေးလ်အာတီတာနှင့် လက်ဆွဲနှုတ်ဆက်မှုပင် မပြုလုပ်နိုင်ဘဲ ဥမင်လှိုဏ်ခေါင်းသို့ ဝင်ရောက်သွားပါတယ်။
အာဆင်နယ်ဟာ ဗီလာကို ၄-၁ ဖြင့် အနိုင်ရရှိကာ အမှတ်ပေးဇယားထိပ်တွင် ၅ မှတ်ဖြတ်ပြီး ဦးဆောင်လာနိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ပေါင် ၁၀၅ သန်းတန်ကွင်းလယ်ကစားသမားဒီကလန်ရိုက် မပါဝင်နိုင်ပေမယ့်လည်း ဒုတိယပိုင်းတွင် ဂါဘရီရယ်၊ မာတင်ဇူဘီမန်ဒီ၊ လီယန်ဒရိုထရိုဆတ်၊ ဂါဘရီရယ်ဂျေဆူးတို့ သွင်းယူတဲ့ဂိုးဖြင့် ၄-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။
ဗီလာအတွက် နှစ်သိမ့်ဂိုးကို နာကျင်အချိန်ပိုတွင် အိုလီဝတ်ကင်က သွင်းယူခဲ့ပေမယ့်လည်း ၁၁ ပွဲဆက် နိုင်ပွဲ ရပ်တန့်သွားပြီ ဖြစ်ပါတယ်။
အသက် ၄၃ နှစ်ရှိ အာတီတာဟာ ပွဲပြီးခရာမှုတ်ချိန်တွင် လက်ဆွဲနှုတ်ဆက်ရန်အတွက် ဗီလာနည်းပြအူနိုင်းအမ်မရီကို ရှာဖွေခဲ့ပေမယ့်လည်း ရှာမတွေ့ခဲ့ပါဘူး။ အူနိုင်းအမ်မရီဟာ ပွဲအပြီးတွင် ချက်ချင်းပင် ဥမင်လှိုဏ်ခေါင်းသို့ ဆင်းသွားခဲ့ပါတယ်။
အမ်မရီနှင့် လက်ဆွဲနှုတ်ဆက်ခြင်း မပြုလုပ်မှုနှင့်ပတ်သက်ပြီး မေးမြန်းလာချိန်တွင် မီခေးလ်အာတီတာက ၎င်းတို့အကြား မည်သည့်ပြဿနာမျှ မရှိကြောင်း ပြန်လည်ဖြေကြားသွားပါတယ်။
အာတီတာက "ဘာပြဿနာမှ မရှိပါဘူး။ တခါတလေ ဒီလိုမျိုး ဖြစ်တတ်တယ်။ ကျွန်တော့်အတွက် ပြဿနာမဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
တဖက်တွင် အမ်မရီကလည်း ၎င်းမှာ အာတီတာအား လက်ဆွဲနှုတ်ဆက်ရန် စောင့်ဆိုင်းနေခဲ့ကြောင်း ဆိုသွားပါတယ်။
၎င်းက "အဖြစ်က ရိုးရှိုးလေးပါ။ ကြည့်နေနိုင်တယ်။ ပွဲပြီးတော့ ကျွန်တော့်လုပ်ငန်းစဉ်က မြန်တယ်။ လက်ဆွဲနှုတ်ဆက်မယ်။ နည်းပြတွေ၊ ကစားသမားတွေနဲ့အတူ အဝတ်အစားလဲခန်းဝင်မယ်။ ကျွန်တော် စောင့်နေခဲ့တယ်။ သူ့နည်းပြတွေနဲ့ ပျော်နေတယ်။ ဒီတော့ အတွင်းကို ဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး"လို့ ပြောကြားသွားပါတယ်။

12 ပတ် - ဘာသာပြန်ပါ။

နိုင်ဂျီးရီးယားရှုံးပွဲတွင် ဂိုးသမား ၃ ဦးအထိ အသုံးပြုပြီး အာဖရိကဖလားပြိုင်ပွဲကို လက်ပြနှုတ်ဆက်လာတဲ့ ယုဂန္ဒာ
=====================

ယုဂန္ဒာဟာ နိုင်ဂျီးရီးယားကို ၃-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် တစ်ပွဲတည်း ဂိုးသမား ၃ ဦးအထိ အသုံးပြုခဲ့ပါတယ်။
ယုဂန္ဒာဟာ အုပ်စု(ဂ)နောက်ဆုံးပွဲတွင် အရေးနိမ့်ပြီးနောက် နိုင်ပွဲမရဘဲ အုပ်စုအဆင့်မှပင် အိမ်လှည့်ပြန်လိုက်ရပြီလည်း ဖြစ်ပါတယ်။
နိုင်ဂျီးရီးယားဟာ ပေါလ်အိုနူအာချုရဲ့ အဖွင့်ဂိုး၊ ရာဖေးလ်အွန်ယီဒီကာရဲ့ ၂ ဂိုးဖြင့် ပွဲကို ဂိုးပြတ်အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
ယုဂန္ဒာဟာ ပထမပိုင်း ဂိုးမရှိသရေကျနေချိန်တွင် ထောင့်ကန်ဘောအား တားဆီးရန် ကြိုးပမ်းစဉ် ပွဲထက်ဂိုးသမားဒင်းနစ်အွန်ယန်ဂို ဒဏ်ရာရသွားမှုနှင့် ကြုံခဲ့ပါတယ်။
အသက် ၄၀ နှစ်ရှိ ဂိုးသမားဟာ ပွဲချိန် ၂၈ မိနစ်မှာတော့ အိုနူအာချူရဲ့ အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ အိုနူအာချူဟာ ၄ နှစ်အတွင်း ပထမဆုံးနိုင်ငံတကာဂိုးသွင်းလာနိုင်တာလည်း ဖြစ်ပါတယ်။
အွန်ယန်ဂိုဟာ ပထမပိုင်းမပြီးခင် ဆေးကုသမှု နောက်ထပ်တစ်ကြိမ် ခံယူခဲ့ရပြီးနောက်မှာတော့ ဒုတိယပိုင်းတွင် ဆာလမ်မာဂိုးလာနှင့် လူစားလဲခဲ့ရပါတယ်။
မာဂိုးလာမှာ ကွင်းအတွင်း ၁၁ မိနစ်တည်းသာ ကစားခဲ့ရပြီး ပင်နယ်တီဧရိယာအပြင်သို့ ထွက်ကာ ဗစ်တာအိုဆီမမ်ရဲ့ ကန်ချက်ကို လက်ဖြင့် တားဆီးမှုကြောင့် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။
ဒါကြောင့် ယုန္ဒဟာ တတိယဦးစားပေးဂိုးသမားနာဖီယန်အယ်လီယွန်ဇီကို ထည့်သွင်းခဲ့ရပါတယ်။
၎င်းမှာ ကွင်းအတွင်း ၃ မိနစ်တည်းသာ ကစားပြီးချိန်မှာ ကလပ်ဘရုဂျက်စတားအွန်ယီဒီကာရဲ့ ဂိုးအား ပေးခဲ့ရပါတယ်။ ယင်းနောက် နောက်ထပ် ၅ မိနစ်အကြာမှာ နိုင်ဂျီးရီးယားရဲ့ တတိယဂိုးကို ထပ်ပေးခဲ့ရပါတယ်။
နိုင်ဂျီးရီးယားဟာ အုပ်စု(ဂ) ၃ ပွဲလုံး အနိုင်ရရှိကာ ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။

12 ပတ် - ဘာသာပြန်ပါ။

မန်စီးတီးသို့ ပြောင်းလုနီးပါးဖြစ်နေတဲ့ ဆီမန်ယိုရဲ့ ဘုန်းမောက်အတွက် နောက်ဆုံးပွဲကစားလာခြင်း မဟုတ်ကြောင်း အိုင်ရာအိုလာ ပြောကြားလာ
===================

မန်စီးတီးဟာ အန်တိုနီဆီမန်ယိုကို ပေါင် ၆၅ သန်းဖြင့် ခေါ်ယူရန် ဘုန်းမောက်နှင့် သဘောတူညီမှုရလုနီးပါး ဖြစ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဘုန်းမောက်နည်းပြအန်ဒိုနီအိုင်ရာအိုလာက တောင်ပံတိုက်စစ်သမားမှာ ဘုန်းမောက်အတွက် နောက်ဆုံးပွဲ ကစားလာခြင်း မဟုတ်ကြောင်း ဆိုလာပါတယ်။
မန်စီးတီးဟာ အသက် ၂၅ နှစ်ရှိ ဂါနာတိုက်စစ်သမားအား ခေါ်ယူရေးအတွက် ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း ဆွေးနွေးမှု တိုးတက်မှုများ ရှိနေပြီး အပြောင်းအရွှေ့အပြီးသတ်လုနီးပါး ဖြစ်နေပြီလည်း ဖြစ်ပါတယ်။
မန်စီးတီးဟာ ဆီမန်ယိုကို စာချုပ်အချက်အတိုင်း ပေါင် ၆၅ သန်းပေးရန် အသင့် ရှိနေပြီး ကစားသမားရဲ့ ကိုယ်စားလှယ်များဟာ တနင်္လာနေ့တွင် မန်ချက်စတာသို့ သွားရောက်ကာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။
အင်္ဂါနေ့တွင်လည်း ဆက်လက် ဆွေးနွေးခဲ့ကြပြီး ကြာသပတေးနေ့ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လာချိန်တွင် အပြောင်းအရွှေ့အပြီးသတ်ရေး နီးစပ်လာပြီလည်း ဖြစ်ပါတယ်။
တဖက်တွင် ဆီမန်ယိုဟာ မန်စီးတီးသို့ ပြောင်းလုနီးပါး ဖြစ်နေပေမယ့်လည်း မနေ့ညတုန်းက ချဲလ်ဆီးနှင့် ၂ ဂိုးစီသရေကျတဲ့ပွဲတွင် ပွဲချိန်ပြည့်ကစားသွားပါတယ်။ သူကိုယ်တိုင်ကလည်း ဇန်နဝါရီလ ၁ ရက်နေ့တွင် အပြောင်းအရွှေ့အပြီးသတ်လိုနေပါတယ်။
ဒါပေမယ့် နည်းပြအိုင်ရာအိုလာက ဂါနာတောင်ပံတိုက်စစ်သမားမှာ စနေနေ့ အာဆင်နယ်နှင့်ပွဲစဉ်တွင်လည်း ပါဝင်ကစားလာဦးမှာ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
ဘုန်းမောက်နည်းပြက "သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမားပါ။ ကျွန်တော်တို့နဲ့အတူ ဆက်ရှိနေပါဦးမယ်။ ကျွန်တော်တို့အတွက် ကစားတဲ့ နောက်ဆုံးပွဲ မဟုတ်ပါဘူး။ လုံးဝ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ဘုန်းမောက်ဟာ ဆီမန်ယိုအား ပေါင် ၆၅ သန်းဖြင့် ထွက်ခွာနိုင်တဲ့ စာချုပ်ပါအချက် အကြုံးဝင်တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့မတိုင်မီ အာဆင်နယ်၊ စပါးစ်(ဇန်နဝါရီလ ၇ ရက်)ပွဲတို့တွင် အသုံးပြုလိုနေသေးတာပါ။
ဆီမန်ယိုအား ခေါ်ယူရေး လီဗာပူး၊ ယူနိုက်တက်၊ ချဲလ်ဆီးနှင့် စပါးစ်တို့ကလည်း စိတ်ဝင်စားပေမယ့်လည်း ဆီမန်ယိုကိုယ်တိုင်က မန်စီးတီးသို့ ပြောင်းလိုနေခဲ့တာလည်း ဖြစ်ပါတယ်။
ဆီမန်ယိုဟာ ယခုရာသီတွင် ဘုန်းမောက်အတွက် ၉ ဂိုးသွင်းကာ ၃ ကြိမ် ဖန်တီးထားသူ ဖြစ်ပြီး ကလပ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်လာဖို့ သေချာနေပါတယ်။

12 ပတ် - ဘာသာပြန်ပါ။

New Year 🎊

12 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ်ဘောလုံးသမား ကာဇူ ကစားသမားဘ၀ ရှေ့ဆက်မယ်

ကမ္ဘာ့အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်တဲ့ ဂျပန်တိုက်စစ်မှူး ကာဇူယိုရှီမီအူရာဟာ ကစားသမားဘဝက အနားမယူသေးဘဲ ရှေ့ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အသက် ၅၈ နှစ်ရှိ ကာဇူဟာ ဂျပန်ဒုတိယတန်းကလပ် ယိုကိုဟားမား FC အသင်းမှာ ကစားနေတာပါ။
ယခုအခါ ၎င်းဟာ ဂျပန်တတိယတန်းကလပ် ဖူကူရှီးမားယူနိုက်တက်FCအသင်းကို ပြောင်းရွှေ့ခဲ့ပြီး တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ယိုကိုဟားမား FC အသင်းကို ၂၀၀၅ ခုနှစ်ကတည်းက ရောက်ရှိနေပြီး အငှားလေးကြိမ် ထွက်ကစားခဲ့ရပါတယ်။
ကာဇူဟာ ၁၉၈၆ ခုနှစ်မှာ ဘရာဇီးလ်ထိပ်တန်းကလပ် ဆန်းတို့စ်ကလပ်နဲ့ ပရိုကစားသမားဘ၀ စတင်ခဲ့ပြီး ပါးလ်မီးရပ်စ်၊ ဂျီနိုအာနဲ့ ဒိုင်နမိုဇာဂရက်အသင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ်။
၎င်းအနေနဲ့ ဂျပန်လက်ရွေးစင်အသင်းအတွက် ၈၉ ပွဲကစားကာ ၅၅ ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဖူကူရှီးမားယူနိုက်တက်FC အသင်းနဲ့ ပရိုကစားသမားဘ၀ ၄၁ ရာသီမြောက်ကို ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(ဒီဇင်ဘာ - ၃၁ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၃၅၁ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆၀၀၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၁၀၀၀၀၀ ကျပ်
ဝယ်ဈေး ၉၀၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၇၀၀၀၀၀ ကျပ်
ဝယ်ဈေး ၈၆၆၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၉၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၉၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၅၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၅၄၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၄ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၃၉၈၀ ကျပ်
ဝယ်ဈေး - ၃၈၈၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၀၉၅ ကျပ်
ဝယ်ဈေး - ၃၀၂၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၇၀ ကျပ်
ဝယ်ဈေး - ၄၅၅၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၆.၅၈ ကျပ်
ဝယ်ဈေး - ၁၂၃.၄၆ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၈၁ ကျပ်
ဝယ်ဈေး - ၉၅၇ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၆၉ ကျပ်
ဝယ်ဈေး - ၅၅၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၄၃ ကျပ်
ဝယ်ဈေး - ၂၄.၈ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၃ ကျပ်
ဝယ်ဈေး - ၄၃.၂၁ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၆ ကျပ်
ဝယ်ဈေး - ၂.၆၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၅၀ ကျပ်
ဝယ်ဈေး - ၅၂၂၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၆၃ ကျပ်
ဝယ်ဈေး - ၂၅၉၇ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၀၅ ကျပ်
ဝယ်ဈေး - ၂၈၃၃ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၁ ကျပ်
ဝယ်ဈေး - ၄၉၉ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၈၃ ကျပ်
ဝယ်ဈေး - ၁၀၅၆ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

12 ပတ် - ဘာသာပြန်ပါ။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*******************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

12 ပတ် - ဘာသာပြန်ပါ။

Free

image

ထိုင်းတွင် ဘတ်လျှောက်ထားသည့်မြန်မာ၊ လာအိုနှင့် ဗီယက်နမ်လုပ်သား ခုနစ်သိန်းကျော်ရှိ

ထိုင်းနိုင်ငံတွင် ဘတ်ခေါ် နေထိုင်လုပ်ကိုင်ခွင့်အား “e-Work permit” စနစ်ဖြင့်လျှောက်ထားခဲ့သည့် အလုပ်သမားပေါင်း ၇၂၅၀၀၀ ကျော်ရှိခဲ့ကြောင်းထိုင်းအလုပ်အကိုင် ခန့်ထားရေးဌာန DOE က ထုတ်ပြန်ချက်အရ သိရသည်။
အထောက်အထားမပြည့်စုံသော နိုင်ငံခြားသားအလုပ်သမားများအတွက် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) လျှောက်ထားပေးနိုင်သည့် “e-Work Permit” စနစ်ကို ဒီဇင်ဘာ ၁၂ ရက်မှ ဖွင့်လှစ်ခဲ့ရာ လျှောက်လွှာပိတ်ရန်တစ်ရက်အလို ဒီဇင်ဘာ ၂၅ ရက်အထိ လျှောက်ထားသူဦးရေ ၇၂၅၀၀၀ ကျော်အထိ ရှိခဲ့ ကြောင်း သိရသည်။
အလုပ်အကိုင်ခန့်ထားရေး ဦးစီးဌာနမှ Outsourcing Service နှင့် ပူးပေါင်း၍ တရားမဝင်ဖြစ်နေသော မြန်မာ၊လာအိုနှင့် ဗီယက်နမ်နိုင်ငံသား အလုပ်သမားများအတွက် အလုပ်ရှင် သို့မဟုတ် လွှဲအပ်ခြင်းခံရသော အကျိုးဆောင်ကုမ္ပဏီများမှတစ်ဆင့် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားပေးနိုင်ရန် အွန်လိုင်းစနစ်ဖြင့် စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အလုပ်လုပ်ခွင့်လက်မှတ် (ဘိုင်အနုမတ်စာရွက်) Work Permit များကို ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်၌
နောက်ဆုံးထားထုတ်ပေးမည်ဖြစ်ပြီး လာမည့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ နေထိုင်ခွင့်သက်တမ်း တစ်နှစ်ရရှိမည်ဖြစ်ကြောင်း သိရသည်။

image

ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း(၂)၌ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရုံ ၁၀၀၀ ကျော် ဖွင့် လှစ်ထားမည်

ရွေးကောက်ပွဲအပိုင်း (၂) အားရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရုံ၁၀၀၀ ကျော် ဖွင့်လှစ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲအား ၂၀၂၆ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် အပိုင်း(၂)အဖြစ် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးရှိဗဟန်းမြို့နယ်၊ ဒေါပုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ လှိုင်မြို့နယ်၊ ရွှေပြည်
သာမြို့နယ်၊ ထန်းတပင်မြို့နယ်၊ လှည်းကူးမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်၊ ကော့မှူးမြို့နယ်၊ကွမ်းခြံကုန်းမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊တောင်ဥက္ကလာပမြို့နယ်၊ ကိုကိုးကျွန်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် မဲရုံ ၁၇၁ ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရ သည်။
ထို့ပြင် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည့် ရွေးကောက် ပွဲအပိုင်း (၃) တွင်လည်း ရန်ကုန်တိုင်းဒေသကြီးရှိဒဂုံမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ဆိပ်ကြီး/ခနောင်တိုမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ တာမွေမြို့နယ်၊ ရန်ကင်းမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်၊စမ်းချောင်းမြို့နယ်၊ ဒလမြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတ မြို့နယ်၊ လှိုင်သာယာ (အနောက်ပိုင်း)နှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တို့တွင် မဲရုံ ၁၃၀၀ရုံ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။
လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအပိုင်း (၁) ကို ဒီဇင်ဘာ ၂၈ရက်ကကျင်းပပြီးစီးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်၁၂ ခုတွင် မဲရုံ ၁၃၁၃ ရုံဖွင့်လှစ်ခဲ့ရာ မဲဆန္ဒရှင် များကမြန်မာအီလက်ထရွန်နစ်မဲပေးစက်အသုံးပြုပြီး လွတ်လပ်စွာဖြင့် ဆန္ဒမဲ များပေးခဲ့ကြကြောင်း သိရသည်။
ရွေးကောက်ပွဲအပိုင်း (၁) ကို ရန်ကုန်တိုင်းဒေသကြီးရှိကမာရွတ်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ တွံတေးမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ဗိုလ်တထောင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သန်လျင်မြို့နယ်နှင့် အလုံမြို့နယ်တို့၌ကျင်းပခဲ့ကြောင်း သိရသည်။

image