လဝက ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်ရာ၌ ကျေနပ်မှုမရှိပါကတိုင်ကြားနိုင်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် နိုင်ငံသားဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာ၌ အချိန်ဆွဲခြင်း၊ သတ်မှတ်ရက်ထက်ကြန့်ကြာခြင်း၊ မကြာခဏရက်ချိန်းပေးခြင်း၊ ဆက်ဆံရေးမပြေပြစ်ခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိပါက သက်ဆိုင်ရာသို့တိုင်ကြားနိုင်ကြောင်း ဝန်ကြီးဌာနကအသိပေးထားသည်။
တိုင်ကြားရန်ဖုန်းနံပတ်များကို မြို့နယ်ဦးစီးမှူးရုံးများတွင် မြင်သာထင်ရှားစွာချိတ်ဆွဲကြေညာထားပြီး လဝက၏ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာ န ဖုန်း ဝ၆၇၃၄၃၁၀၄၅ ၊ ဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) Short Code "1111" သို့ SMS ပေးပို့ခြင်း၊ လဝက မြို့နယ်ဦးစီးမှူးရုံးများရှိ အကြံပြုစာတိုက်ပုံးများ၊ တိုင်း/ ပြည်နယ်/ပြည်ထောင် စုနယ်မြေဦးစီးမှူးရုံးများ၌ကြေညာထားသည့် ဖုန်းနံပတ်များသို့ ဆက်သွယ်တိုင်ကြားနိုင်သည်ဟု အသိပေးထားသည်။
ထိုသို့ တိုင်ကြားရာ၌ တာဝန်ရှိသူအဆင့်ဆင့်ထံသို့ စာဖြင့်/ဖုန်းဖြင့် တိုင်ကြားသူ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာအပြည့်အစုံ၊ ဆက်သွယ်ရန် ဖုန်းနံပတ်၊ ဖြစ်စဉ်တို့ကိုဖော်ပြတိုင်ကြားနိုင်ကာ တိုင်ကြားမှုများကို လက်ခံဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်ဟု အသိပေးထားသည်။
လဝက မှ အိမ်ထောင်စုလူဦးရေစာရင်းဆိုင်ရာ၊ နိုင်ငံသားဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန်တင်ပြရမည့်အထောက်အထားများ၊ သတ်မှတ်အခငွေ၊ ထုတ်ပေးရမည့်သတ်မှတ်ရက်တို့ကို လဝက မြို့နယ်ဦးစီးမှူးရုံးများရှိမြင်သာသောနေရာများတွင် ဗီနိုင်းများဖြင့်ချိတ်ဆွဲ၍ ပွင့်လင်းမြင်သာစွာအသိပေးကြေညာထားပြီး လက်ကမ်းစာစောင်များဖြင့်လည်းဖြန့်ဝေအသိပေးလျက်ရှိသည်။

image

ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေဌားဂရမ်ထုတ်ပေးနိုင်ရေး ရွှေဘိုမြို့နယ်၌ကွင်းဆင်းဆောင်ရွက်

ရက်(၁၀၀)စီမံချက်ဖြင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာအုပ်စု၊ မြောင်းကြီးကျေးရွာ၌ ကျေးရွာမြေငှားဂရမ်ထုတ်ပေးနိုင်ရေးအတွက် မြေငှားဂရမ်ဆောင်ရွက်မည့်မြေနေရာများကို ယနေ့ မေ ၁၈ ရက်ကကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

image

အင်းလေးဖောင်တော်ဦးဘုရားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးဖူးမြှော်ကြည်ညို
သာသနိကအဆောက်အဦများကို မူလလက်ရာမပျက်ပြင်ဆင်ထားမှုကိုကြည့်ရှုစစ်ဆေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီးတို့သည် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ရတနာစံကျောင်းတော်ကြီးရှိ အင်းလေးဖောင်တော်ဦးဘုရားရုပ်ပွားတော်မြတ်(၅)ဆူကို ယနေ့ မေ ၁၈ ရက်ကဖူးမြော်ကြည်ညိုခဲ့သည်။
ထိုသို့ ဖူးမြှော်ကြည်ညိုပြီးနောက် ဘက်စုံပြုပြင်မွမ်းမံရန် အလှူငွေများပေးအပ်လှူဒါန်းပြီး အင်းလေးဖောင်တော်ဦးရင်ပြင်တော်ရှိ စိန်နှင့်မြကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ဘုရားရင်ပြင်တော်ရှိ နေပူခံကျောက်ပြားများကွဲအက်ပျက်စီးမှု၊ မုခ်ဦးများ၊ လှေကားများ၊ ကရဝိတ်ဖောင်တော်ထားရှိရာအဆောင်နှင့် အခြားသာသနိကအဆောက်အအုံများ ပြိုကျပျ-က်စီးမှုတို့ကို မူလလက်ရာမပျက်ပြန်လည်ပြု ပြင်ထားရှိမှုများအားကြည့်ရှုခဲ့သည်။
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားကိန်းဝပ်သတင်းသုံးတော်မူရာ ရင်ပြင်တော်ရှိ သာသနိကအဆောက်အအုံအချို့သည် မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ နယ်မြေခံပြည်နယ်အင်ဂျင်နီယာများနှင့် အဖွဲ့များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ပညာရှင်များဖြင့် ဆွေးနွေးတိုင်ပင်ပြီး မူလလက်ယာမပျ-က်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။
ထို့ကြောင့် ရင်ပြင်တော်ရှိ နေပူခံကျောက်ပြားများခင်းခြင်း(၁၀၀)ရာခိုင်နှုန်း၊ ဖောင်တော်ဦးဘုရားမူလကျောင်းဆောင်အောက်ခြေသံကူကွန်ကရစ်ထပ်ပိုးခြင်း (၁၀၀)ရာခိုင်နှုန်း၊ မူလစံကျောင်းတော်အရှေ့ဘက်၊ အနောက်ဘက် မုခ်ဦးစောင်းတန်းလှေကားများ(၁၀၀)ရာ ခိုင်နှုန်း၊ မူလစံကျောင်းတောင်ဘက်မုခ်လှေကားနှင့် မြောက်ဘက်အာရုံခံတန်းစောင်း(၁၀၀)ရာခိုင်နှုန်း၊ ကရဝိတ်အဆောင်(၁၀၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။
လက်ရှိအချိန်၌ မြောက်ဘက်မုခ်ရှိလှေကားမှာ အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွ ချီအပူဇော်ခံရန် ပင်မစံကျောင်းတော်မှပင့်ဆောင်ရာ တွင် အနည်းငယ်မတ်စောက်သဖြင့် လှေကားအသစ်ပြန်လည်တည်ဆောက်မှုမှာ (၈၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

image

ရုရှားနှင့် တရုတ်နိုင်ငံတို့သည် နိုင်ငံအချင်းချင်း ဆက်ဆံရေးနှင့် အိမ်နီးချင်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် စံပြပုံစံတစ်ခုကို ဖော်ဆောင်ပေးထားကြောင်း ရုရှားဆို

ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နိုင်ငံအချင်းချင်း ဆက်ဆံရေးနှင့် အိမ်နီးချင်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုတို့အတွက် ကောင်းမွန်သော စံပြပုံစံတစ်ခုကို ဖော်ဆောင်ပေးထားကြောင်း ခရင်မ်လင်၏ အကြံပေးပုဂ္ဂိုလ် ယူရီ အူရှာကော့ဗ်က တနင်္လာနေ့တွင် မီဒီယာများသို့ ပြောကြားခဲ့သည်။
"ရုရှား-တရုတ် ဆက်ဆံရေးဟာ အရှိန်အဟုန်မပျက် ရှေ့သို့ တစိုက်မတ်မတ် တိုးတက်ဖြစ်ထွန်းနေပြီး မကြုံစဖူး မြင့်မားတဲ့ စံနှုန်းတစ်ခုကို ရောက်ရှိနေပြီ ဖြစ်ပါတယ်" ဟု သူက ဆိုသည်။
"ကျွန်တော်တို့ဟာ အပြန်အလှန် ကူညီဖေးမမှု၊ အပြန်အလှန် ပံ့ပိုးကူညီမှုနဲ့ ချစ်ကြည်ရင်းနှီးမှု အခြေခံမူတွေနဲ့အညီ အမြဲတစေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်" ဟုလည်း အူရှာကော့ဗ်က ပြောကြားသည်။
ရုရှားနှင့် တရုတ်နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် မည်သည့် တတိယအဖွဲ့အစည်း (သို့မဟုတ်) တတိယနိုင်ငံကိုမျှ ရည်ရွယ်တိုက်ခိုက်ခြင်း မဟုတ်ကြောင်း အူရှာကော့ဗ်က အလေးအနက် ပြောကြားခဲ့ပြီး၊ နှစ်နိုင်ငံစလုံးသည် လွတ်လပ်၍ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော နိုင်ငံခြားရေးမူဝါဒများကို လက်ကိုင်စွဲထားကြကြောင်းကိုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

image

ထပ်မံထိန်းသိမ်းနိုင်ခဲ့သည့် မြဝတီမြို့ဝန်းကျင်အတွင်း တရားမဝင်ဝင်ရောက်လာသော တရုတ်နိုင်ငံသား(၁)ဦးကို ပြည်နှင်နိုင်ရေးစစ်ဆေး

လဝက ဥပဒေ၊ မူးယစ်ဥပဒေတို့ဖြင့် အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား(၇၆၆)ဦးရှိ
ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်အတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများလုပ်ကိုင်ရာတွင်ပါဝင်သော တရုတ်နိုင်ငံသား(၁)ဦီးကိုထိန်းသိမ်းနိုင်ခဲ့၍ ပြည်နှင်နိုင်ရေးစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မေ ၁၈ ရက်အထိ မြဝတီမြို့နယ်အတွင်း တရားမဝင်ဝင်ရောက် လာသည့် ပြည်ပနိုင်ငံသား(၁၄,၆၅၈)ဦးကိုထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အနက်(၁၃,၄၂၂)ဦးကို ထိုင်းနိုင်ငံမှတစ် ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံ သား(၁,၂၃၆)ဦးအနက် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး(လတ်တလော)ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအ ရေးယူခဲ့သည့် ပြည်ပနိုင်ငံသား(၇၆၆)ဦးရှိကြောင်း သိရသည်။
ထို့ကြောင့် ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၄၇၀)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်၍ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

image

(၁၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ်နှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

စိုက်ပျိုးမွေးမြူရေးအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများနှင့် MSME ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တာတာစတန်ပြည်နယ် ကာဇန်မြို့၌ မေ ၁၃ ရက်မှ ၁၇ ရက်အထိကျင်းပသည့် (၁၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မေ ၁၃ ရက် မနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Roman Chekushov နှင့် တွေ့ဆုံ၍ အမှတ် (၁) သံမဏိစက်ရုံ (ပင်းပက်) ဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးမွေးမြူရေးအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် MSME ကဏ္ဍများ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။
ထိုပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုခေတ် ကုန်ဆုံးချိန်တွင် စီးပွားရေးလုပ်ငန်း လွတ်လပ်မှုနှင့် နည်းပညာဆိုင်ရာ အချုပ်အခြာအာဏာကို သေချာစေခြင်း (Ensuring Freedom of Economic Activity and Technology Sovereigity in the Context of the end of the era of Globalization) ဆွေးနွေးပွဲသို့လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် အစ္စလာမ်မစ်နိုင်ငံများတွင် ရုရှားထုတ်ကုန်များကို မြှင့်တင်ခြင်း (Promotion of Russian Product in the Countries of the Islamic World) ဆွေးနွေးပွဲသို့လည်းကောင်း တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးများသည် တာတာစတန်ပြည်နယ် အကြီးအကဲ Mr. Rustam Minnikhanov နှင့်တွေ့ဆုံ၍ တာတာစတန်ပြည်နယ်သည် ရေနံဓာတုလုပ်ငန်း၊ Mechanical Engineering IT ၊ စိုက်ပျိုးရေးကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်လျက်ရှိမှု၊ ရုရှားနှင့် မြန်မာကြားရှိ ဆက်ဆံရေးကိုအခြေခံ၍ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင် ရွက်ရေး၊ Dr. Kz Rais ၏ ၂၀၂၂ ခုနှစ်၌ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း စိုက်ပျိုးရေး ထွက်ကုန်များ၊ ကုန်သွယ်ရေးနှင့် Alabuga Sez သို့ လုပ်သားစေလွှတ်ရေး၊ LoI နှစ်စောင် လက်မှတ်ရေးထိုးခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ လုပ်သားများ အချိန်မီစေလွှတ်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးရေး၊ စီးပွားရေးနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရန် စီးပွားရေးဆွေးနွေးပွဲများ အပြန်အလှန် ကျင်းပရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မေ ၁၅ ရက်တွင် အိုမန်နိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပြီး ရေနံထွက်ကုန်များ၊ LNG တင်သွင်းနိုင်ရန် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာလယ်ယာထွက်ကုန် ဆန်၊ သရက်သီး၊ ကော်ဖီ၊ ပဲမျိုးစုံတင်ပို့နိုင်ရေး၊ စီးပွားရေးနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရန် စီးပွားရေးဆွေးနွေးပွဲများ အပြန်အလှန်ကျင်းပရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် Sber Bank ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Gigachal AI တည်ဆောက်ထားသော AI CyberSecurity ကဏ္ဍများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

image

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အခမ်းအနား နေပြည်တော်တွင် ကျင်းပ

ပြတိုက်များသည် လူသားအားလုံးကို ချိတ်ဆက်ပေးနိုင်သည့် တံတားတစ်စင်းအဖြစ် တည်ရှိနေမည်ဖြစ်
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အခမ်းအနားကို ယမန်နေ့က အမျိုးသားပြတိုက် (နေပြည်တော်) Mini Theatre ၌ ကျင်းပသည်။
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပညာရှင်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံပြတိုက်များ ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနလက်အောက်မှ ပြတိုက်တာဝန်ခံများ၊ ဝန်ကြီးဌာနများမှ ပြတိုက်များနှင့် ပုဂ္ဂလိကပြတိုက် ဖွင့်လှစ်မည့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အွန်လိုင်းဖြင့် တက်ရောက်ကြကြောင်း သိရသည်။
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ဆောင်ပုဒ်ကို Museums Uniting a Divided World “ကွဲပြားခြားနားသော ကမ္ဘာကြီးအား ပေါင်းစည်းပေးသောပြတိုက်များ” ဟူသည့် ဆောင်ပုဒ်ကို သတ်မှတ်ပေးခဲ့ကြောင်း၊ ယနေ့ကမ္ဘာတွင် ပြတိုက်များသည် လူသားအားလုံးကို ချိတ်ဆက်ပေးနိုင်သည့် တံတားတစ်စင်းအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ကပြောသည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ပြတိုက်ပညာရှင် ဒေါ်နုမြဇံ ဦးဆောင်၍ စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် အမျိုးသားပြတိုက် (နေပြည်တော်) တို့မှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

image

နိုင်ငံအဆင့် ကွန်ပျူတာတွက်ချက်မှု ကွန်ရက်ကို အရှိန်မြှင့်‌ဖေါ်‌ဆောင်ရန် တရုတ်ဒုဝန်ကြီးချုပ် တိုက်တွန်း

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဒင်းရွှေရှန်း က အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းမောင်းသန် အထောက်အကူပြုနိုင်ရန်အတွက် “နိုင်ငံတော်အဆင့် ပေါင်းစပ်ကွန်ပျူတာ တွက်ချက်မှုစွမ်းရည်ကွန်ရက်” တစ်ခု တည်ဆောက်ရန်နှင့် ယင်းကို စနစ်တကျ ထိရောက်စွာ အသုံးပြုနိုင်ရန် ပိုမိုအားကောင်းသည့် အဆင့်မြင့်စီမံကိန်းရေးဆွဲမှုနှင့် မဟာဗျူဟာမြောက် စီမံခန့်ခွဲမှုများ လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်လည်းဖြစ်သူ ဒုတိယဝန်ကြီးချုပ် ဒင်းသည် မကြာသေးမီက ပေကျင်းမြို့၊ ဟဲပေပြည်နယ်နှင့် အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ သွားရောက်ခဲ့သည့် ကွင်းဆင်းစစ်ဆေးရေးခရီးစဉ်များအတွင်း ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ပေကျင်းမြို့ရှိ အဓိက ကွန်ပျူတာဗဟိုဌာနနှင့် အတွင်းမွန်ဂိုလီးယားရှိ အရင်းအမြစ်စီမံခန့်ခွဲမှု ပလက်ဖောင်းများသို့ သွားရောက်စဉ်အတွင်း ဒင်းက ကွန်ပျူတာတွက်ချက်မှုစွမ်းရည်သည် နိုင်ငံတစ်ခု၏ ဘက်စုံအင်အားကို ပြသသည့် အရေးကြီးသော ညွှန်းကိန်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက တစ်ပြေးညီဖြစ်သော နိုင်ငံတော်အဆင့် ကွန်ပျူတာ တွက်ချက်မှုကွန်ရက်တစ်ခု ကို လျင်မြန်စွာ ပေါ်ထွက်လာစေရန်အတွက် ကွန်ပျူတာတွက်ချက်မှုဆိုင်ရာ ရရှိနိုင်မှုနှင့် လိုအပ်ချက် အကြား ဟန်ချက်ညီစေရန်၊ ထို့ပြင် ကွန်ပျူတာစနစ်နှင့် လျှပ်စစ်စွမ်းအင်စနစ်များ အကြား ဟန်ချက်ညီစေရန် အလေးထားလျက် ပေါင်းစပ်စီမံကိန်းများနှင့် စနစ်တကျ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန် တောင်းဆိုခဲ့သည်။
ထို့ပြင် ပြန့်ကျဲနေသော အရင်းအမြစ်များကို စုစည်းကာ မတူကွဲပြားသည့် လိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကွန်ပျူတာစနစ် အသုံးပြုနိုင်မှုနှင့် တိကျစွာ ချိတ်ဆက်နိုင်မှုကို မြှင့်တင်ရန်၊ စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီမံခန့်ခွဲခြင်းစွမ်းရည်များကို အားကောင်းမောင်းသန် လုပ်ဆောင်ရန် ၎င်းက အလေးအနက် ပြောကြားခဲ့သည်။ လအစဉ်အလာအန္တရာယ်များနှင့် ပေါ်ထွက်လာသည့် အန္တရာယ် အသစ်များ ရောယှက်နေသည့် ရှုပ်ထွေးသော အခင်းအကျင်းတွင် အခြေခံအဆောက်အဦ၊ မိုဒယ်များ၊ ဒေတာများနှင့် ကွန်ရက်များတစ်လျှောက် လုံခြုံရေးကို မြှင့်တင်ရန် လိုအပ်ပြီး ယင်းမှတစ်ဆင့် ကွန်ပျူတာစနစ်တစ်ခုလုံး၏ ကြံ့ကြံ့ခံနိုင်ရည်ကို မြှင့်တင်ရန် အရေးကြီးကြောင်း မီးမောင်းထိုးပြခဲ့သည်။
ဟဲပေပြည်နယ်နှင့် အတွင်းမွန်ဂိုလီးယားတို့ရှိ ထိပ်တန်းဆက်သွယ်ရေးနှင့် နည်းပညာကုမ္ပဏီကြီးများ လည်ပတ်နေသည့် အဓိက ဒေတာစင်တာတစ်ခုနှင့် စမတ်ကွန်ပျူတာစနစ် အဆောက်အအုံ နှစ်ခုသို့ သွားရောက်စဉ် ဒင်းက တရုတ်နိုင်ငံတွင် ကြွယ်ဝသော ဒေတာအရင်းအမြစ်များနှင့် ကျယ်ပြန့်သော အသုံးချမှုကဏ္ဍများ ရှိနေကြောင်း ပြောကြားခဲ့သည်။ ၎င်းက ဒစ်ဂျစ်တယ်နှင့် စမတ်ကျသော တိုးတက်မှု ၏ အခြေခံအုတ်မြစ်ကို ခိုင်မာစေရန်အတွက် ကွန်ပျူတာအခြေခံအဆောက်အဦး၊ မိုဒယ်အယ်လ်ဂိုရီသမ်များနှင့် ဒေတာပံ့ပိုးမှုတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် ယင်းအားသာချက်များကို အသုံးချရန် တောင်းဆိုခဲ့သည်။

image

မြန်မာ့ဒူးရင်းပွဲတော်(၂၀၂၆) ရန်ကုန်မြို့တွင် ကျင်းပ

ဒူးရင်းသီးနှံဈေးကွက် ချဲ့ထွင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကွန်ရက်များ ချိတ်ဆက်နိုင်ရေး ရည်မှန်းထား
ယနေ့ မေလ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ မြေပဒေသာကျွန်းတွင် “မြန်မာ့ဒူးရင်းပွဲတော် (၂၀၂၆)” ကို ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသည့် ဧည့်သည်စုစုပေါင်း ၂၅၂ ဦး တတ်ရောက်ခဲ့သည်။
ယင်းမြန်မာ့ဒူးရင်းပွဲတော်(၂၀၂၆)ပြပွဲတွင် မြန်မာဒေသထွက် ဒူးရင်းမျိုးရင်းများကို အဓိကထား ပြသပြီး မြန်မာ့ဒူးရင်းများ၏ ပြည်ပဈေးကွက် တိုးချဲ့နိုင်ရေး၊ “မြန်မာ့ဒူးရင်း” အမည်ဖြင့် နိုင်ငံတကာဈေးကွက်ထိုးဖောက်နိုင်ရေး၊ ခေတ်မီစိုက်ပျိုးရေးစနစ်များနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများအား ဆွေးနွေးဖလှယ်နိုင်ရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
" မြန်မာနိုင်ငံတောင်ပိုင်းကို ထိုင်း သို့မဟုတ် မလေးရှားနိုင်ငံ နယ်စပ်က တဆင့်လည်းကောင်း၊ ယဉ်ကျေးမှု ဖလှယ်ခြင်းဖြင့်လည်းကောင်း ရောက်ရှိလာတယ်လို့ ယုံကြည်ထားပါတယ်။ ဒါကြောင့် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးမှာ နှစ်ရာချီတဲ့ သက်တမ်းရင့် ဒူးရင်းပင်တွေကို ယနေ့အထိတွေ့နေရဆဲဖြစ်ပြီး ဒေသမျိုးကွဲပေါင်းများစွာကိုလည်း အမည်မျိုးစုံနဲ့ တွေ့ရှိရပါ တယ်။ ဒူရင်းသီးအမျိုးအမည်နဲ့ ပတ်သက်ရင် စိုက်ပျိုးတဲ့ဒေသကို လိုက်ပြီး သံတောင်သီး၊ ရေးသီး၊ ကျောက်ကြီးသီး အမည်တွင်ကြသလို အသီးရဲ့ ပုံပန်းသဏ္ဍာန်နဲ့ ထူးခြားမှုကိုလိုက်ပြီး ပုံးမဆန့်သီး၊ ဆူးကြဲသီး၊ ဆူးပိတ်သီး၊ မိချောင်းခေါင်း၊ နို့ဆီသီး၊ ရွှေဒင်္ဂါးသီးစသည်ဖြင့်လည်း အမည်ပေးထားတာ တွေ့ရပါတယ်" ဟုပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့ပြင် ဒူးရင်းသီးနှံဈေးကွက် ချဲ့ထွင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကွန်ရက်များ ချိတ်ဆက်နိုင်ရေး၊ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် အရည်အသွေးမြင့် ဒူးရင်းမျိုးများ ရွေးချယ်ဖော်ထုတ်နိုင်ရေးတို့ကိုလည်း ရည်မှန်းထားကြောင်း သိရသည်။

image

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် နော်ဝေ သံရုံးယာယီတာဝန်ခံအဖွဲ့ တို့ တွေ့ဆုံ

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ ဆွေးနွေး
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး နှင့် နော်ဝေနိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန်ခံ Ms.Elisabeth Schwabe Hansen နှင့် ပထမအတွင်းဝန် Mr.Mratin Nygaard တို့ကို ယမန်နေ့က ရခိုင်ပြည်နယ် အစိုးရရုံး ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်နေမှု ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထိုပြင် ယာယီနေရပ်စွန့်ခွာစုရပ်များတွင် နေထိုင်ကြညသ်ည့ ဒေသခံပြည်သူများ နှင့် စစ်ရှောင်စခန်းများတွင် နေထိုင်ကြသူများကို ထောက်ပံ့ပေးနေမှု ဆက်လက်ထောက်ပံ့မည် အစီအစဉ်များ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများ ဖော်ဆောင်ပေးရေး ခရီးသွားလာခွင့်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်

image