ဝံပုလွေဧရာ (dire wolf) - ဝံပုလွေ ဟုတ်သလား
-----
မျိုးသုဉ်းသွားတဲ့ ခွေးအနွယ်ဝင် သားရဲတိရစ္ဆာန် တစ်မျိုးဖြစ်တဲ့ “dire wolf” ကို သေရွာပြန် ခေါ်နိုင်ပြီဆိုတဲ့ သတင်းတွေ တက်လာလို့ ဖတ်ကြည့်ဖြစ်ပါတယ်။
Dire wolf ခေါ် “ဝံပုလွေဧရာ" ဟာ ဝံပုလွေ ကိုယ်လုံးကိုယ်ပေါက်ရှိပြီး ယနေ့ခေတ် ဝံပုလွေထက် အရွယ် ပိုကြီးပါတယ်။ အင်္ဂလိပ်နာမည်အတိုင်းဆိုရင် "ကြောက်စရာ့ဝံပုလွေ" လို့ အဓိပ္ပာယ်ရပါမယ်။ ဒိုင်နိုဆောဆိုတာ "ကြောက်စရာ့ ပုတ်သင်"လို့ အဓိပ္ပာယ် ရသလိုမျိုးပေါ့။
ပထမဆုံး ပြောချင်တာက ဝံပုလွေဧရာက ဝံပုလွေ မဟုတ်ဘူး ဆိုတာပါ။ သုတေသီတွေက အစောပိုင်းမှာတော့ ဝံပုလွေ တစ်မျိုးလို့ ထင်ခဲ့လို့၊ ကန်နစ် ဒိုင်ရတ် (Canis dirus) လို့ သိပ္ပံနာမည်ပေးခဲ့တယ်။ ၂၀၂၁ခုနှစ်က သုတေသနတစ်ခုမှာ ဝံပုလွေဧရာ အရိုးထဲက ဒီအန်အေကို ယနေ့ခေတ် ခွေးမျိုးနွယ်တွေနဲ့ မျိုးဗီဇနှိုင်းယှဉ်တဲ့ အခါမှ ဝံပုလွေဧရာ က ယနေ့ခေတ် ဝံပုလွေနဲ့ အမျိုးမနီးကြောင်း တွေ့ရှိရပါတယ်။ အရိုးအဆစ် ဆင်တူလို့သာ ဝံပုလွေပုံ ကျွန်တော်တို့ စိတ်ကူး ကြည့်မိနေတာ ဖြစ်ပါတယ်။ မြင်လွယ်အောင် ပြောရရင်၊ နီယန်ဒါတယ် (Neanderthal) လူက ကျွန်တော်တို့နဲ့ အမျိုးအနီးဆုံး လူမျိုးစိတ် ဖြစ်သလို၊ ဝံပုလွေဧရာကိုလည်း ယနေ့ခေတ် ဝံပုလွေနဲ့ အမျိုးအနီးဆုံးဖြစ်မယ်လို့ ထင်နေကြတာပါ။ ဒါပေမယ့် ယနေ့ခေတ် ဝံပုလွေတွေက ဝံပုလွေဧရာ ထက်စာရင်၊ အာဖရိက ခွေးရိုင်း (African wild dog) တို့ ခွေးအ (jackal) နဲ့ ပိုအမျိုးနီးပါတယ်။ ဒါကြောင့် ဝံပုလွေ ဧရာကို ကန်နစ် (Canis) ထဲမှာ မထားတော့ဘဲ၊ အေနိုဆိုင်ယွန် (Aenocyon) ဆိုပြီး မျိုးစု သက်သက် ခွဲထုတ် လိုက်ပါပြီ။
အခုသုတေသနကနေ မွေးလိုက်တဲ့ ဝံပုလွေဧရာက ၃ကောင်ပါ။ အထီးနှစ်ကောင်ကို Remus နဲ့ Romulus လို့ နာမည်ပေးထားတယ်။ ဝံပုလွေမ နို့စို့ ကြီးပြင်းခဲ့ပြီး ရောမမြို့ကိုတည်ထောင်တယ်လို့ ပြောစမှတ်ရှိတဲ့ ညီအကို နှစ်ယောက်ကို အစွဲပြုထားတာပါ။ အမတစ်ကောင်ကိုတော့ Game of Thrones ဇာတ်လမ်းတွဲထဲက ဇာတ်ကောင် နာမည် Khalessi လို့ ပေးထားတယ်။ အဲဒီ့ဇာတ်လမ်းမှာ Stark မိသားစုရဲ့ ဝံပုလွေတွေကိုလည်း “dire wolf” လို့ သုံးထားတာကိုး။
အခု “သေရွာပြန်” ခေါ်လိုက်နိုင်ပြီဆိုတဲ့ ဝံပုလွေဧရာတွေက အစစ်တော့ မဟုတ်ပါဘူး။ ဝံပုလွေဧရာ ဒီအန်အေ ထဲကနေ သားမွေးဖြူဖြူ ထူထူရှိမယ့်၊ ကိုယ်လုံးထွားမယ့်၊ ခေါင်း နည်းနည်းပြားမယ့် ဂျင်းန်တွေ စုစုပေါင်း (၁၄) ခုကို မှီငြမ်းပြီး ဝံပုလွေရဲ့ ဒီအန်အေမှာ ပြုပြင်လိုက်တယ်။ ပြီးတော့ ခွေးရဲ့ သားဥဆဲလ်ထဲမှာ ထည့်မွေး လိုက်တာပါ။
ဝံပုလွေဧရာက အမေရိကတိုက်မှာ နေထိုင်ခဲ့ပြီး မျိုးသုဉ်းသွားတာ လွန်ခဲ့တဲ့ နှစ်တစ်သောင်းကမှပါ။ ဝံပုလွေဧရာ နဲ့ ဝံပုလွေက လမ်းခွဲခဲ့တာ နှစ် ၅.၇ သန်းရှိပြီ ဆိုပါတယ်။ ဥရောပသားတွေ အမေရိကတိုက်ကို နယ်ချဲ့တဲ့အခါ အဲဒီ့မှာ ခွေးတစ်မျိုးကို တွေ့တယ်။ ကိုင်ယိုတီ (coyote) လို့ ခေါ်ကြတယ်။ အခုထိလည်း ရှိနေ ပါတယ်။ အဲဒီ့ ကိုင်ယိုတီ ခွေးကမှ ဝံပုလွေနဲ့ အနီးစပ်ဆုံးပါ။ ကိုင်ယိုတီက ရေခဲခေတ်တုန်းက မြောက် အမေရိက တိုက်ကို ကူးလာတဲ့ ဝံပုလွေ အနွယ်တွေပါ။ သူတို့ ဝင်လာတဲ့အချိန်မှာ ဝံပုလွေဧရာက ရှိနှင့် နေပါပြီ။ မျိုးစု တောင်မှ မတူတဲ့ သူတွေမို့လို့ မျိုးစပ်ယှက်စရာလည်း မရှိခဲ့ပါဘူး။
အဲဒီ့ သုတေသနက ဝံပုလွေဧရာရဲ့ ဒီအန်အေ နမူနာဟာ ဝံပုလွေနဲ့ ဂျင်းန်ပေါင်း (၈၀) ကွဲလွဲတယ်လို့ ဆိုတယ်။ ဝံပုလွေဧရာရဲ့ ဒီအန်အေ နမူနာက အပြည့်အစုံ မဟုတ်တာကြောင့် "အနည်းဆုံး" (၈၀) ကွဲလွဲမယ်လို့ ဆိုလို ပါတယ်။ (၈၀)ပဲ ကွဲလွဲတာ မဟုတ်ပါဘူး။ သူတို့ ပြင်တာက အဲဒီ့ထဲက အပြင်ပန်းရုပ်သွင်အတွက် အရေး အကြီးဆုံးလို့ သူတို့ ယူဆတဲ့ (၁၄)ခုပါ။ ပြင်တာကလည်း ဝံပုလွေဧရာရဲ့ ဒီအန်အေကို တိုက်ရိုက်ယူတာ မဟုတ်ဘူးနော်။ အဲဒီ့ ဒီအန်အေက အကျိုးအပျက်တွေ ဖြစ်တယ်။ အဲဒါကို အပေါက်ဖာပြီး ခန့်မှန်း ဖော်ထုတ် ထားတာ ဖြစ်တယ်။ ဝံပုလွေဧရာ ဒီအန်အေ အကျိုးအပျက်ကို ခန့်မှန်းထားတဲ့ဟာကိုမှ ဝံပုလွေရဲ့ ဒီအန်အေမှာ ပုံစံတူ ဖြစ်အောင် တနေရာစီ လိုက်ပြင်ထားတာဖြစ်ပါတယ်။ အဲဒီ့လို မျိုးဗီဇ ပြင်ထားတဲ့ ဝံပုလွေရဲ့ ဆဲလ်ဝတ်ဆံ (nucleus) ကို ယူပြီး ဆဲလ်ဝတ်ဆံ ထုတ်ထားတဲ့ သားဥဆဲလ်ထဲမှာ ထည့်လိုက်တယ်။ ပြီးတော့မှ အဲဒီ့ သားဥဆဲလ်ကို ခွေးအမမှာ ထည့်မွေးတာ ဖြစ်ပါတယ်။ (သူတို့ ထုတ်ပြန်တာကို ဖတ်ကြည့်ရသလောက်၊ သုံးထားတဲ့ သားဥဆဲလ်က ဝံပုလွေရဲ့ သားဥဆဲလ်ပဲလား၊ ခွေးရဲ့ သားဥဆဲလ်လားတော့ မသေချာပါ။)
သတင်းတွေမှာတော့ ဝံပုလွေဧရာကို သေရွာက ပြန်ခေါ်နိုင်ပြီလို့ ခေါင်းစဉ်ကြီးတွေ တပ်ရေးကြတော့ နားလည် လွဲသွားနိုင်ပါတယ်။ တကယ်တော့ ဝံပုလွေဧရာက ဝံပုလွေထက် ဂျင်းန် (၈၀) မကလည်း ပိုကွဲပြားနိုင် ပါသေးတယ်။ ကွဲပြားတဲ့ ဂျင်းန် ဘယ်လောက် ရှိဦးမလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ သက်ရှိရဲ့ ဗီဇစနစ်တွေက ဂျင်းန်တွေသာမက၊ ဂျင်းန်ကို ထိန်းညှိတဲ့ ဒီအန်အေ အစိတ်အပိုင်းတွေ (regulatory region) လည်း ကွဲပြား နိုင်ပါသေးတယ်။ ဂျင်းန် အပိတ်အဖွင့်ကို ဆက်ခံခြင်း (epigenetic imprinting) မှာလည်း ကွဲပြားနိုင်ပါတယ်။ အဲဒီ့ဟာကျတော့ ဝံပုလွေဧရာရဲ့ ဒီအန်အေ တစ်ခုလုံးကို ဖော်ထုတ်နိုင်ရင်တောင်မှ သိဖို့ မဖြစ်နိုင်ပါ။
အဲဒီ့ သတင်း ခေါင်းစဉ် အတိုင်းသာဆိုရင် ချင်ပန်ဇီရဲ့ အရေးအပါဆုံး ဂျင်းန် (၁၄)ခုကို လူသန္ဓေသားမှာ ပြုပြင် ထည့်သွင်းပြီး မွေးလိုက်ရင် ချင်ပန်ဇီကို သေရွာပြန်တယ် ခေါ်နိုင်ပါ့မလား။ အခု မွေးလာတဲ့ အကောင်လေးတွေ က ဇီဝနည်းပညာ ကုမ္ပဏီတစ်ခုကနေ ဂျင်းန် (၁၄)ခု စိတ်ကြိုက်ပြင်ထားတဲ့ ဖန်စီ ဝံပုလွေလေးတွေသာ ဖြစ်ပါတယ်။
လူနဲ့ ချင်ပန်ဇီက ဆင့်ကဲဖြစ်စဉ်မှာ လမ်းခွဲခဲ့တာလည်း လွန်ခဲ့တဲ့ နှစ် (၅)သန်းလောက်က ဖြစ်လို့ ဝံပုလွေဧရာနဲ့ ဝံပုလွေထက်တောင် နှစ် တစ်သန်းလောက် နောက်ကျပါတယ်။ မျိုးဗီဇ (၁.၂) ရာခိုင်နှုန်းပဲ ကွာတယ်ဆိုတဲ့ ကျွန်တော်တို့နဲ့ ချင်ပန်ဇီတောင်မှ ဒီအန်အေ အက္ခရာပေါင်း (၃၅)သန်း ကွဲလွဲပါတယ်။ အဲဒါတွေက ဒီအန်အေ တခုလုံးမှာ ပျံ့နှံ့ပြီး ကွဲပြားနေတာ ဖြစ်လို့၊ ဂျင်းန်များစွာမှာ နည်းနည်းလေးစီ ကွဲပြားပါတယ်။ ဒီတော့ ဂျင်းန် (၁၄) ခုပဲ ပြင်ထားတဲ့ လူက ချင်ပန်ဇီ ဖြစ်လာမှာ မဟုတ်ပါဘူး။

image

imageimage

#ကြံကြံဖန်ဖန်

1 w - Translate

တစ်နာရီ ၁၆,၇၇၇ မိုင် အမြန်နှုန်းရှိတဲ့ ဒုံးပျံတွေကို တီထွင်နေတဲ့ အမေရိကန် နဲ့ ဗြိတိန်
================================================
Rocket Lab က အမေရိကန်နဲ့ ဗြိတိန်အတွက် အသံထက်မြန်တဲ့ ဒုံးပျံတွေကို တည်ဆောက်ပေးဖို့ သဘောတူစာချုပ်ချုပ်ဆိုလိုက်ပါတယ်။
အမေရိကန် လေတပ်ရဲ့ ဒေါ်လာ ၄၆ ဘီလီယမ် EWAAC စာချုပ်နဲ့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စတာလင်ပေါင် ၁ ဘီလီယမ် HTCDF Program အောက်မှာ Rocket Lab ဟာ အသံထက်မြန်တဲ့ ဒုံးပျံတွေကို တီထွင်မှာ ဖြစ်ပါတယ်။
Rocket Lab ဟာ အသံထက် ၂၂ ဆ (တစ်နာရီ ၁၆,၇၇၇ မိုင်)ပိုမြန်တဲ့ Electron ဒုံးပျံကို တည်ဆောက်ထားပါတယ်။ အခုဆိုရင် အဲဒီ ဒုံးပျံကို လက်တွေ့ကမ္ဘာမှာ စမ်းသပ်တော့မှာ ဖြစ်ပါတယ်။ စမ်းသပ်မှုအောင်မြင်ရင် အဲဒီ ဒုံးပျံဟာ အမေရိကန် နဲ့ ဗြိတိန် အတွက် အလွန် အသုံးဝင်လာမှာ ဖြစ်ပါတယ်။
Rocket Lab ဟာ ဒုံးပျံ စမ်းသပ်လွှတ်တင်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

image
1 w - Translate

Despite negotiations to end the war in Ukraine hitting a wall and a deadly Russian strike on the country's capital city early Thursday, President Donald Trump remained insistent that talks had made "a lot of progress."

https://abcnews.go.com/Politic....s/trump-insists-ukra

image
1 w - Translate

ဂါနာနိုင်ငံမှာ လူတွေကွယ်လွန်သွားတဲ့အခါ ကွယ်လွန်သူရဲ့ ဘဝ၊ကိုယ်ရည်ကိုယ်သွေး၊ အလုပ်အကိုင် (သို့) ရည်မှန်းချက်တွေကိုဖော်ပြတဲ့အနေ နဲ့ အနုစိတ် ပြုလုပ်ကာ သူတို့အတွက် ရည်ရွယ်ပြီး ခေါင်း တွေပြုလုပ်ဖန်တီးပေးတဲ့ ဓလေ့တစ်ခုရှိပါတယ်
ဒီလိုထူးခြားပြီး လူတစ်ဦးချင်းစီအတွက် သီးသန့်ပြုလုပ်ပေးတဲ့ သစ်သားခေါင်းတွေကို ဒေသဘာသာစကားနဲ့ "abebuu adekai" လို့ ခေါ်ကြပါတယ်
သာမန်မြေမြှုပ်သင်္ဂြိုဟ်ရန် ပုံမှန်သစ်သားခေါင်းတွေအစား ဒီလိုထူးထူးဆန်း ခေါင်းတွေကို အသုံးပြုကြပါတယ် သေဆုံးသူရဲ့ အောင်မြင်မှုတွေ၊ စိတ်ဝင်စားမှုတွေ၊အိမ်မက်တွေကို ကိုယ်စားပြုတဲ့ အကြောင်းအရာတွေကို ဖော်ကျူးထားတဲ့ အနေနဲ့ ခေါင်းတွေကိုပြုလုပ်ဖန်တီးပေးကြပါတယ် ဥပမာ - ငါးဖမ်းရတာကို နှစ်သက်သူအတွက် ငါးပုံစံ၊ ကားမောင်းသမားအတွက် ကားပုံစံ စသဖြင့် ဖန်တီးထားတာမျိုးတွေပါ ဒီလိုခေါင်းတွေကိုကြည့်ပြီးတော့ သေဆုံးသူရဲ့ ဖြတ်သန်းခဲ့တဲ့ ဘဝ နဲ့ ရည်မှန်းချက်ကို သိစေနိုင်မှာပါ
ဒီဓလေ့ဟာ ဂါနာလူမျိုးတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်ပြီး သေဆုံးသူကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ဖန်တီးထားတဲ့ ဖန်တီးမှုတစ်ခုပါ။ ဒါဟာ သေဆုံးသူကို အဓိပ္ပာယ်ရှိရှိနဲ့ အနုပညာဆန်ဆန် ဂုဏ်ပြုတဲ့ နည်းလမ်းတစ်ခုဖြစ်သလို ဂါနာနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်နဲ့ တန်ဖိုးထားမှုတွေကိုလည်း ဖော်ပြနေပါတယ်။
#knowledge #ဗဟုသုတ

image
1 w - Translate

Return to Never Land (2002)

ဒီကားလေးကတော့ အားလုံးသိကြတဲ့အတိုင်းပဲ Disney ရဲ့အကောင်းဆုံး Animation ကားတွေထဲကတစ်ကားပဲဖြစ်ပါတယ်…ဖယ်ရီဆိုတဲ့ တင်ကာဘဲလ်နတ်သမီးလေးနဲ့အတူ
ပီတာပန်ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းတင်ဆက်ထားတာပဲဖြစ်ပါတယ်…အပိုင်း ၂ ပိုင်းထွက်ရှိထားတာပဲဖြစ်ပါတယ်…ဒီကားလေးကတော့ ၂ ဖြစ်ပါတယ်…ဒီကားထဲမှာတော့ ဝန်ဒီဟာအသက်ကြီးသွားပြီးတော့ ကလေးလေးတွေတောင်ရနေပြီပဲဖြစ်ပါတယ်…ပျောက်ဆုံးနေပြီဖြစ်တဲ့ ပီတာပန်ဟာလည်း အိပ်ရာဝင်ပုံပြင်အနေနဲ့သာ ယုံတမ်းစကားဖွယ်ရှိပါတော့တယ်…ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင်ကာလအားဖြင့် စစ်ဖြစ်နေသောအချိန်ဖြစ်ပါတယ်…ယောကျာၤးသားများဟာ တိုင်းပြည်ကာကွယ်ဖိုစစ်ထဲဝင်နေရတဲ့အချိန်ဖြစ်တဲ့အတွက်ဝင်ဒီရဲ့ခင်ပွန်းဖြစ်သူလည်း စစ်ထဲဝင်ရပါတယ်…ဒါကြောင့် အစိုးရကနေ ကလေးငယ်များဘေးကင်းဖိုအတွက် စစ်နဲ့လွတ်ကင်းရာနေရာတွေကိုအလှည့်ကျရွေ့ပြောင်းပေးနေရပါတယ်…ဒီထဲတွင် ဝန်ဒီရဲ့သမီးလေး ဂျိမ်းနဲ့သားငယ်လေး ဒန်နီရယ်တိုလည်းပါနေပါတယ်..ဂျိမ်းဟာ အမေဖြစ်သူဝန်ဒီပြောပြာနေကျ အိပ်ရာဝင်ပုံပြင်ဖြစ်တဲ့ ပီတာပန်အကြောင်းကိုမယုံပါဘူး..ဒါကြောင့် အိပ်ရာဝင်ပုံပြင်တွေကိုသူမမုန်းခဲ့ပါတယ်..တစ်ညမှာသူမအိပ်ပျော်သွားတော့ သူမတိုရဲ့အိမ်ကို ကျွန်တော်တိုရဲ့ဇာတ်လိုက်ကျော်ကြီး ကပ္ပတိန်ဟွတ်တိုပင်လယ်ဓားပြအဖွဲရောက်လာပြီးသူမကို NeverLand ကိုဖမ်းဆီးခေါ်သွားပါတော့တယ်…အဲ ကပ္ပတိန်ဟွတ်ဆိုရင် လူတိုင်းသိကြမှာပါ…ကလေးဘဝထဲက အကြိုက်ဆုံးနဲ့အရယ်ရဆုံး ဇာတ်ကောင်ကြီးလေ..အဲတော့  ဂျိမ်းတစ်ယောက် NeverLand လိုခေါ်တဲ့ နိုင်ငံလေးထဲကိုရောက်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ…သူမတကယ်မရှိဘူးလိုထင်နေတဲ့ ပီတာပန့်ကကော တကယ်ပဲ အဲ့နိုင်ငံလေးထဲမှာရှိနေမလား…Disney ရဲ့ကောင်းမွန်လှတဲ့ ရှုခင်းလေးတွေနဲ့အတူ ကြည်နူးဖွယ်ခံစားရမှာပဲဖြစ်ပါတယ်…ဒီကားလေးဟာ ကလေးများအိပ်ရာဝင်တဲ့အချိန်အကောင်းဆုံး အိပ်ရာဝင်ပုံပြင်အဖြစ်သတ်မှတ်ခြင်းခံရတဲ့ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်….

ဇာတ်ကားလင့်
https://t.me/c/2186686827/205

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image

ရှဉ့်လေးတွေကြောင့် နှစ်စဉ်နှစ်တိုင်း အပင်ပေါင်းထောင်ချီ ပေါက်လာလေ့ရှိ
နှစ်စဉ်နှစ်တိုင်း ဆောင်းဦးကာလရောက်ရင် ရှဉ့်လေးတွေက ဆောင်းရာသီမှာ သူတို့စားဖို့အတွက် သစ်စေ့လေးတွေကို မြေကြီးထဲ ဝှက်ထားကြလေ့ ရှိပါတယ်။ ဝှက်ထားတဲ့ သစ်စေ့တွေက များလွန်းလို့ ရှဉ့်လေးတွေက ပြန်ဖော်စားဖို့ မေ့နေတဲ့ သစ်စေ့လေးတွေကနေ အပင်တွေ ပေါက်လာလေ့ရှိပါတယ်။
ဒီဖြစ်စဉ်ဟာ သစ်တောတွေ ပြန်လည်အားကောင်းလာစေဖို့ အထောက်အပံ့ဖြစ်စေပြီး နှစ်စဉ်နှစ်တိုင်း ရှဉ့်လေးတွေကြောင့် ပေါက်လာတဲ့ သစ်ပင်ပေါင်း ထောင်ချီ ရှိနေပါတယ်။ ရှဉ့်နီလေးတွေနဲ့ မီးခိုးရောင်ရှဉ့်လေးတွေက ဒီဖြစ်စဉ်မှာ အဓိက ပါဝင်ပေးနေတာလို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
Ref: Squirrels forget where they hide their snacks... and end up planting whole forests!

image

မကြာခင် Miss Universe Taungoo 2025 ကိုယ်စားပြုအလှမယ်ဖြစ်လာတော့မယ့် Khin A Thada Aung ? #RoadtoMissUniverseMyanmar2025