ဖေဖော်ဝါရီ ၁၆ ရက်သည် တစ်ဆက်စပ်တည်း ရုံးပိတ်ရက်ဖြစ်သဖြင့် ဘဏ်များအားလုံး ပိတ်ထားမည်ဖြစ်ပြီး အစားထိုးရုံးတက်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၂၁ ရက် (စနေနေ့) ၌ ဘဏ်များအားလုံး ပြန်ဖွင့်မည်

ဖေဖော်ဝါရီ ၁၆ ရက်သည် တစ်ဆက်စပ်တည်း ရုံးပိတ်ရက်ဖြစ်သဖြင့် ဘဏ်များအားလုံး ပိတ်ထားမည်ဖြစ်ပြီး အစားထိုးရုံးတက်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၂၁ ရက် (စနေနေ့) ၌ ဘဏ်များအားလုံး ပြန်ဖွင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြေညာချက်အရ သိရသည်။
လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ ၂၀ ၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နှင့် ၁၅ ရက် (စနေ၊ တနင်္ဂနွေနေ့) သည် အစိုးရရုံးပိတ်ရက်များ ဖြစ်ပြီး အများပြည်သူအလုပ်ပိတ်ရက်ဖြစ်သည့် ၁၇ ရက် (တရုတ်နှစ်သစ်ကူးနေ့) ကြားရှိ ဖေဖော်ဝါရီ ၁၆ ရက်ကို တစ်ဆက်စပ်တည်း ရုံးဖိတ်ရက်ဖြစ်သဖြင့် ဘဏ်များအားလုံး ပိတ်ထားလိမ့်မည်ဖြစ်ကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက် (စနေနေ့) သည် အစားထိုးရုံးတက်ရက်ဖြစ်ပါသဖြင့် ဘဏ်များအားလုံး ဖွင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာသည်။

image