(၇၉)နှစ်မြောက် အာဇာနည့်နေ့အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများ အပြီးသတ်အဆင့်ရောက်ရှိ

လာမည့် ဇူလိုင် ၁၉ ရက်တွင်ကျရောက်မည့် (၇၉)နှစ် မြောက် အာဇာနည်နေ့အခမ်းအနားအတွက် ရန်ကုန် တိုင်း၊ ကျောက်တံတားမြို့နယ်ရှိ မြို့တော်ခန်းမ၊ ဗိုလ်တထောင်မြို့နယ်ရှိ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အာဇာနည်ဗိမ္မာန်နေရာများအားကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ အပြီးသတ်အဆင့်ရောက်ရှိနေပြီဖြစ်သည်။
အဆိုပါ ပြင်ဆင်နေမှုများကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၆ ရက်မွန်းလွဲပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

image

ကွာလာလမ်ပူရ်၌ဒူးရင်းသီးအတွေ့ အကြုံမျှဝေရေးစင်တာဖွင့်လှစ်

မလေးရှားနိုင်ငံတွင် ဒူးရင်းသီး ကို နှစ်ခြိုက်မှုသည်အလွန်ရေပန်းစားလာသဖြင့် ဇူလိုင်လ ၄ ရက်က “ကွာလာလမ်ပူရ် ဒူးရင်းသီးအတွေ့ အကြုံမျှဝေရေးစင်တာ” (Kuala Lumpur Durian Experience Centre - KLDEX) ကို တရားဝင် ဖွင့်လှစ်ခဲ့သည်။ စင်တာဖွင့်ပွဲကို စနွေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် ကျင်းပသည့် မလေးရှား ဒူးရင်းသီးပွဲတော် ၂၀၂၆ နှင့်အတူ ပူးတွဲကျင်းပခဲ့ခြင်း ဖြစ်သည်။
ဂျလန်အမ်ပန်း လမ်းမပေါ်တွင် တည်ရှိပြီး အာရှ၏ ပထမဆုံးသော ဘက်စုံသုံး ဒူးရင်းသီး အတွေ့ အကြုံမျှဝေရေးစင်တာဖြစ်သည့် KLDEX ကို မလေးရှား ခရီးသွားလာရေး၊ အနုပညာနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် MyBolehBoleh အဖွဲ့က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မလေးရှားနိုင်ငံ၏ အထင်ကရ ဒူးရင်းသီးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ပေးရန်နှင့် ကမ္ဘာ့အဆင့်မီ အချက်အပြုတ်နှင့် ခရီးသွားလာရေး အချက်အချာနေရာတစ်ခုအဖြစ် နိုင်ငံ၏ ရပ်တည်ချက်ကို ပိုမိုခိုင်မာစေရန် ရည်ရွယ်သည်။
စတုရန်းမီတာ ၁,၉၀၀ ကျယ်ဝန်းသော KLDEX တွင် ဒူးရင်းသီးပြတိုက်၊ အဆင့်မြင့်အာရုံခံစားမှုပြဇာတ်ရုံ၊ အစားအသောက်နှင့် အဖျော်ယမကာဆိုင်များ၊ အပြန်အလှန်အလုပ်ရုံဆွေးနွေးပွဲများနှင့် ယဉ်ကျေးမှုဆိုင်ရာ ပုံပြင်ပြောပြခြင်း အစီအစဉ်များ ပါဝင်သည်။ ဒူးရင်းသီး မြည်းစမ်းမှု အစီအစဉ်များအတွက်မူ ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်သည်။ ယင်းစင်တာသည် ဒူးရင်းသီး၏ သမိုင်းကြောင်း၊ စိုက်ပျိုးမှုပုံစံ၊ သိပ္ပံနည်းကျ တိုးတက်မှုများနှင့် တီထွင်ဆန်းသစ်မှုများကို လေ့လာနိုင်မည့် ခရီးစဉ်တစ်ခုကို ပေးစွမ်းမည်ဖြစ်သည်။ ပြတိုက်ကို နေ့စဉ် နံနက် ၁၀၃၀ နာရီမှ ည ၁၀၃၀ နာရီအထိ ဖွင့်လှစ်ထားပြီး လက်မှတ်စျေးနှုန်းမှာ မလေးရှားရင်းဂစ် RM31 မှ RM49 (စင်ကာပူဒေါ်လာ ၉.၈၀ ဝန်းကျင်) အတွင်း ရှိသည်။
လာရောက်လည်ပတ်သူများသည် သမိုင်းဝင်မော်ကွန်းများနှင့် အပြန်အလှန်ပြသကွက်များကို ကြည့်ရှုပြီးနောက် တစ်ရက်လျှင် ၄ ကြိမ် ပြသပေးမည့် ပြဇာတ်ရုံသို့ သွားရောက်နိုင်သည်။ ယင်းပြဇာတ်သည် ဒူးရင်းသီး ကုန်သည်ပြိုင်ဘက်နှစ်ဦးအကြား အကြိတ်အနယ် ယှဉ်ပြိုင်ရာမှ နောက်ဆုံးတွင် သူငယ်ချင်းများ ဖြစ်သွားကြသည့်အကြောင်းကို ရပ်ပ်သီချင်း၊ ဟာသများနှင့် မလေးရှားနိုင်ငံ၏ နာမည်ကြီး ဒူးရင်းသီးမျိုးစိတ်များကို ထည့်သွင်းကာ သစ်သီးဝလံယဉ်ကျေးမှုအမွေအနှစ်ကို သက်ဝင်လှုပ်ရှားစွာ တင်ဆက်ထားခြင်း ဖြစ်သည်။
KLDEX ကို အန်းကင်းဝီ နှင့် အက်ဒီဆင် အန်းဝေဖန်း တို့က ပူးတွဲတည်ထောင်ခဲ့ပြီး အန်ဇိုဆင် က ပြတိုက်မှူးအဖြစ် စီမံကာ “သစ်သီးဝလံတို့၏ ဘုရင်” ဟု တင်စားကြသည့် မလေးရှားဒူးရင်းသီးကို ဂုဏ်ပြုသည့် မိသားစုအလိုက် လည်ပတ်နိုင်သော နေရာတစ်ခုအဖြစ် ပုံဖော်ထားသည်။

image

စင်ကာပူကတီမောလုပ်သားများကိုလက်ခံမည်--လောရင့်စ်ဝေါင်း

စင်ကာပူနိုင်ငံအနေဖြင့် လာမည့်နှစ်တွင် အရှေ့တီမောနိုင်ငံမှ အလုပ်သမားများအတွက် ရွေးချယ်ထားသည့် လုပ်ငန်းကဏ္ဍများနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းအချို့ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ် လောရင့်စ်ဝေါင်း က သောကြာနေ့တွင် ကြေညာခဲ့သည်။
မြို့တော်ဒီလီ တွင် ပြုလုပ်သည့် အရှေ့တီမောဝန်ကြီးချုပ် ရှာနာနာ ဂတ်စ်မ နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ “အခုလို လုပ်ဆောင်ပေးတာဟာ အရှေ့တီမောနိုင်ငံသားတွေအတွက် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်မှာဖြစ်သလို၊ ကျွန်တော်တို့နိုင်ငံအချင်းချင်း စီးပွားရေးနဲ့ ပြည်သူအချင်းချင်း ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာစေမှာ ဖြစ်ပါတယ်” ဟု ဝေါင်းက ပြောကြားခဲ့သည်။
စင်ကာပူဝန်ကြီးချုပ်တစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် လာရောက်သည့် ယခုခရီးစဉ်သည် အရှေ့တီမောနိုင်ငံအနေဖြင့် အာဆီယံ ၏ တင်းပြည့်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီးနောက် တစ်နှစ်အကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဝန်ကြီးချုပ် လောရင့်စ်ဝေါင်းက နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို “နောက်ထပ် အဆင့်တစ်ခု” သို့ မြှင့်တင်နိုင်မည့် ကဏ္ဍအချို့ကို ချပြခဲ့သည်။
နှစ်နိုင်ငံလုံးရှိ အစိုးရများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေခံတစ်ခု ဖြစ်လာစေရန်အတွက် နှစ်နိုင်ငံအရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးနိုင်ရန် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန် နှင့် အရှေ့တီမောနိုင်ငံခြားရေးဝန်ကြီး ဘန်ဒီတို ဒိုဆန်းတို့စ် ဖရီတပ်စ်တို့သည် ပုံမှန်တိုင်ပင်ဆွေးနွေးမှုဆိုင်ရာ ယန္တရား တစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဝေါင်းက ဆိုသည်။
ထို့အပြင် စင်ကာပူနိုင်ငံအနေဖြင့် အရှေ့တီမောနိုင်ငံ အာဆီယံအဖွဲ့အတွင်းသို့ ပေါင်းစည်းဝင်ရောက်မည့် လုပ်ငန်းစဉ်များအပေါ် ဆက်လက်ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

image

မွမ်ဘိုင်းတွင် မိုးကြီးမှုကြောင့် လူ ခြောက်ဦး ‌ေ-သဆုံး

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၏ အရှေ့ပိုင်း ဆင်ခြေဖုံးရပ်ကွက်များတွင် တနင်္ဂနွေနေ့က အဆောက်အအုံများ ပြိုကျခဲ့မှုကြောင့် ကလေး ငါးဦး အပါအဝင် လူ ခြောက်ဦး ‌ေ-သဆုံးခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ခရီးသွားလာမှုများ အနှောင်အယှက်ဖြစ်ရကာ စာသင်ကျောင်းများ ပိတ်ထားရသောမြို့တွင် နောက်ထပ် လူ‌ေ-သဆုံးမှုများဖြစ်သည်။
မွမ်ဘိုင်းမြို့ မန်ခွတ်ဒေသရှိ ဆင်းရဲသားရပ်ကွက်တစ်ခုတွင် နှစ်ထပ်အိမ် သုံးလုံးပြိုကျခဲ့ပြီး ကလေးငယ် ငါးဦးနှင့် အမျိုးသမီးတစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း မြို့တော်အာဏာပိုင်များက ပြောကြားခဲ့သည်။
မိုးရွာသွန်းမှုကြောင့် မွမ်ဘိုင်းနှင့် ပူနေးမြို့ကို ဆက်သွယ်ထားသည့် အမြန်လမ်းမကြီးပေါ်တွင် မြေပြိုရာ လမ်းပိတ်သွားပြီး မြို့နှစ်မြို့ကြား ယာဉ်အသွားအလာ ပိတ်ဆို့မှုများဖြစ်ခဲ့သည်။
မော်တော်ကားလမ်း သယ်ယူပို့ဆောင်ရေးအပြင် လေယာဉ်ခရီးစဉ်များကို ရပ်ဆိုင်းထားပြီး မွမ်ဘိုင်းနှင့် ပူနေးမြို့အကြား ပြေးဆွဲနေသော အဝေးပြေးရထားဝန်ဆောင်မှုများကိုလည်း ဖျက်သိမ်းခဲ့ရသည်။
တနင်္လာနေ့တွင် ကျောင်းများနှင့် ကောလိပ်များကို ပိတ်ထားခဲ့ပြီး ရေမြုပ်နေသော လမ်းများတွင် ဒေသခံများ ခက်ခက်ခဲခဲ သွားလာနေရပုံကို ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။ မိုးသည်းထန်မှုကြောင့် မွမ်ဘိုင်းမြို့လမ်းများပေါ်တွင် သစ်ပင်များလဲကျခဲ့ပြီး ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ ‌ေ-သဆုံးသူ အနည်းဆုံးသုံးဦးရှိထားကြောင်း ဒေသခံမီဒီယာများက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးမြို့တော်ဖြစ်သော မွမ်ဘိုင်းမြို့တွင် မိုးရေးချိန် ၃ ဒဿမ ၉ လက်မကျော် ရွာသွန်းခဲ့ပြီး အချို့ဒေသများတွင် ၆ ဒဿမ ၃ လက်မအထိ ရွာသွန်းခဲ့ကြောင်း သိရသည်။

image

ဘင်္ဂလားဒေ့ရှ်နှင့် ဆော်ဒီအာရေဗျတွင် ကျင်းပသည့် အာဆီယံကော်မတီ အစည်းအဝေးများသို့ မြန်မာသံအမတ်ကြီးတက်ရောက်

မြန်မာနိုင်ငံ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဇူလိုင် ၅ ရက်က ဒါကာမြို့ရှိ Crowne Plaza Hotel တွင် ကျင်းပသည့် (၆၈) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီသံရုံးအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Ms. Listy owati ကဦးဆောင်ခဲ့ပြီး၊အာဆီယံ-ဒါကာ ကော်မတီ၏ ယခင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ကာ အနာဂတ်တွင် အကောင်အထည်ဖော်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ASEAN Day 2026 ကျင်းပရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှုများအပေါ် အ မြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးအပြီးတွင် အာဆီယံ-ဒါကာကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာ ဝန်ကို အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီးထံမှ မလေးရှားနိုင်ငံ သံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
တစ်ဖက်တွင်လည်း ဆော်ဒီအာရေဗျနိုင် ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးနေမျိုးဦးသည် ဇူလိုင် ၅ ရက်က ရီယာ့ဒ်မြို့ Diplomatic Quarter တွင် ကျင်းပသည့် အာဆီယံ-ရီယာ့ဒ်ကော်မတီ (ASEAN Riyadh Committee – ARC) အစည်း အဝေးနှင့် အာဆီယံသံအမတ်ကြီးများ၏ အလုပ်သဘောနေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် အာဆီယံသံအမတ်ကြီးများက ဆော်ဒီအာရေဗျနိုင်ငံ၏ လက်ရှိနိုင်ငံရေး၊ စီးပွားရေးနှင့် ဒေသဆိုင်ရာ အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် အထူးဧည့်သည်တော်အဖြစ် တက်ရောက်လာသည့် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Yasunari Morino က ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကဏ္ဍ ရင်ဆိုင်နေရသည့် အခက် အခဲများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်း များအပေါ် အမြင်များ ဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးအပြီးတွင် အာဆီယံ-ရီယာ့ဒ်ကော်မတီ သံအမတ်ကြီးများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး၊ မလေးရှားနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးက တည်ခင်းသည့် အလုပ်သဘောနေ့ လယ်စာစားပွဲသို့မြန်မာသံအမတ်ကြီးဦးနေမျိုးဦးနှင့် ဇနီးတို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

image

နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့၌ တပ်မတော်ရဟတ် ယာဉ်ဖြင့် သစ်စေ့မြေလုံး(၃)သိန်းကြဲချ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)တို့ပူး ပေါင်း၍ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဆင်သေချောင်းရေဝေရေလဲဧရိယာရှိ လွှဘုံကြိုးဝိုင်းအတွင်းနှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေကန်ရေဝေရေလဲဧရိယာရှိ အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောတို့အတွင်းသို့ ဇူလိုင် ၅ ရက်နံနက်ပိုင်းတွင် တပ်မ တော်ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး(၃)သိန်းကိုကြဲချခဲ့ကြကြောင်း သိရသည်။
ဆင်သေချောင်းရေဝေရေလဲဧရိယာအတွင်း လွှဘုံကြိုး ဝိုင်းအကွက်အမှတ်(၁၅)ရှိ ဧရိယာ(၂၀၀)ဧကတွင် ဒေ သနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား(၄)မျိုးဖြစ်သည့် ကုက္ကိုလ်၊ စစ်၊ မဲဇလီ၊ ဘောစကိုင်းသစ်စေ့များဖြင့်ပြုလုပ်ထားသော သစ်စေ့မြေလုံး(၁၀၀,၀၀၀)လုံးကိုကြဲချခဲ့ကြကြောင်း သိရသည်။
ထို့အတူ အင်းလေးကန်ရေဝေရေလဲဧရိယာအတွင်း အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောရှိ ဧရိယာ (၄၃၀)ဧကတွင်လည ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား(၄)မျိုးဖြစ်သည့် ကုက္ကိုလ်၊ ဘောစကိုင်း၊ မဲဇလီ၊ အော်ရီးရှားသစ်စေ့များဖြင့်ပြုလုပ်ထားသော သစ်စေ့မြေလုံး(၂၀၀,၀၀၀)လုံးကိုကြဲချခဲ့ကြကြောင်း သိရသည်။
သစ်စေ့မြေလုံးကြဲချစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာခြင်း၊ လူအင်အားအနည်းငယ်ဖြင့် ဧရိယာကျယ်ဝန်းစွာစိုက်ပျိုးနိုင်ခြင်း၊ သွားလာရန်ခက်ခဲသည့် တောင်ကုန်း၊ တောင်တန်းများတွင် ရဟတ်ယာဉ်များဖြင့်ဆောင်ရွက်နိုင်ခြင်း၊ အချိန်တိုအတွင်း ဧရိယာကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ပျိုးပင်ဖြင့်စိုက်ပျိုးခြင်းကဲ့သို့ ရှင်သန်အောင်မြင်မှုအထိုက်အ လျောက်ထိရောက်မှုရှိကြောင်း သိရသည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ဆင်သေချောင်းရေဝေရေလဲဒေသအတွင်းနှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောအတွင်း သစ်စေ့ကြဲချခြင်းအောင်မြင်ရှင်သန်မှုအခြေအနေများကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလတွင် နမူနာကွက်များပြုလုပ် ၍ အပင်ပေါက်ရောက်မှုကာလနှင့် သစ်စေ့မျိုးအလိုက် ပေါက်ရောက်မှု၊ ရှင်သန်နိုင်မှုတို့ကို စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

image

ဗင်နီဇွဲလား ငလျင်ကြောင့် သေဆုံးသူဦးရေ ၃,၅၀၀ ကျော်လာ

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က ဗင်နီဇွဲလားနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃,၅၃၅ ဦးအထိ ရှိလာခဲ့ပြီလို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟိုဆေး ရိုဒရီဂွက်ဇ် (Jorge Rodriguez) က အစိုးရရဲ့ အချက်အလက်တွေကို ကိုးကားပြီး X (တွစ်တာ) လူမှုကွန်ရက်မှာ ပြောကြားခဲ့ပါတယ်။
အစိုးရရဲ့ နေ့စဉ်ထုတ်ပြန်ချက်တွေအရ လူပေါင်း ၁၆,၇၄၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁၇,၈၅၄ ဦး ကတော့ နေအိမ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ အဆောက်အအုံ စုစုပေါင်း ၁၉၀ လုံး မြေခအောင် လုံးဝပြိုကျပျက်စီးသွားခဲ့ပြီး ၈၅၆ လုံး ကတော့ ပြင်းပြင်းထန်ထန် ပျက်စီးသွားခဲ့ပါတယ်။
ဆေးရုံတွေမှာ ဆေးကုသမှု ခံယူပြီးလို့ ပြန်ဆင်းခွင့်ရသွားတဲ့ လူနာစုစုပေါင်းကတော့ ၂၅,၀၁၆ ဦး ရှိပါပြီ။ ငလျင်ဒဏ်သင့်ခဲ့တဲ့ မိသားစုပေါင်း ၈၆,၇၉၄ စု ကို ကူညီပံ့ပိုးပေးခဲ့ပြီး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ မက်ထရစ်တန် ၉,၆၀၃ တန်ကိုလည်း ဖြန့်ဝေပေးထားပြီးဖြစ်ပါတယ်။
ဒီငလျင်ဟာ ဇွန်လ ၂၄ ရက် ညနေပိုင်းက ဗင်နီဇွဲလားနိုင်ငံမှာ လှုပ်ခတ်ခဲ့တာပါ။ ပြင်းအား မဂ္ဂနီကျု ၇.၂ နဲ့ ၇.၅ ရှိတဲ့ ငလျင်နှစ်ခုဟာ စက္ကန့် ၄၀ လောက်ပဲ ခြားပြီး ဆက်တိုက် လှုပ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။ ငလျင်ဗဟိုချက်တွေကတော့ ဗင်နီဇွဲလားနိုင်ငံ ယာရာကွေး(Yaracuy) ပြည်နယ်ထဲမှာ ဖြစ်ပြီး တစ်ခုနဲ့တစ်ခု ၁၀ ကီလိုမီတာလောက်ပဲ ကွာဝေးပါတယ်။

image

ပွဲပြီးခါနီး အသည်းကွဲ ဂိုးကြောင့် ပေါ်တူဂီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရ

ခရစ်စတီယာနို ရော်နယ်ဒို၏ ကမ္ဘာ့ဖလားကစားသမားဘဝ နောက်ဆုံး ဖြစ်လာ
ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် အစဉ်အလာပြိုင်ဘက် စပိန်အသင်းက ပွဲပြီးခါနီး နာကျင်အချိန်ပို၌ သွင်းယူခဲ့သော နောက်ကျဂိုးဖြင့် ပေါ်တူဂီအသင်းကို အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းသွားခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲတစ်လျှောက်လုံး နှစ်ဖက်စလုံး သတိကြီးစွာဖြင့် ထိန်းချုပ်ကစားခဲ့ကြသဖြင့် ပထမပိုင်းတွင် ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့ပြီး ပေါ်တူဂီဂိုးသမား ဒီယေဂို ကိုစတာက ကန်ချက်များကို အကြိမ်ကြိမ် အစွမ်းပြ ပယ်ဖျက်နိုင်ခဲ့သည်။
သို့သော်လည်း ပထမပိုင်းအတွင်း အကောင်းဆုံးကစားနေသည့် ပေါ်တူဂီအသင်း၏ အဓိကနောက်ခံလူ နူနို မန်ဒက်စ် ဒဏ်ရာရရှိကာ လူစားလဲခဲ့ရခြင်းက ပေါ်တူဂီအသင်း၏ ခံစစ်နှင့် ကစားကွက်တည်ဆောက်ပုံကို သိသာစွာ ထိခိုက်စေခဲ့သည်။
သာမန်ပွဲချိန် မိနစ် ၉၀ ပြည့်မြောက်ပြီးနောက် နာကျင်အချိန်ပို အရောက်တွင် စပိန်ကွင်းလယ်လူ မီကယ် မီရီနိုက ပေါ်တူဂီခံစစ်၏ လူကပ်ကစားပုံ လျော့ရဲသွားမှုကို အခွင့်ကောင်းယူကာ အဖိုးတန် ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရှုံးနိမ့်မှုကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် ၆ ကြိမ်ဆက်တိုက် ပါဝင်ယှဉ်ပြိုင်ခွင့်ရသည့် ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ထားသည့် အသက် ၄၁ နှစ်အရွယ် ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒို၏ ကမ္ဘာ့ဖလားဆုဖလား ဆွတ်ခူးနိုင်ရေး မျှော်လင့်ချက်သည်လည်း ရပ်တန့်ခဲရပြီးလည်း ဖြစ်သည်။
ရော်နယ်ဒိုသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ၆ ကြိမ်အတွင်း ပွဲပေါင်း ၂၆ ပွဲ ကစားကာ စုစုပေါင်း ၁၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲ ၆ ကြိမ်စလုံးတွင် ဂိုးသွင်းနိုင်သည့် တစ်ဦးတည်းသော ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သော်လည်း ကမ္ဘာ့ဖလားချန်ပီယံဆုနှင့်မူ လွဲချော်ခဲ့ရခြင်းလည်း ဖြစ်သည်။
ပေါ်တူဂီအသင်းနှင့်အတူ ယူရို ၂၀၁၆ ဖလား၊ ၂၀၁၉ နှင့် ၂၀၂၅ တွင် နေရှင်နယ်လိဂ်ဖလား ၂ ကြိမ် ဆွတ်ခူးပေးခဲ့ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အမြင့်ဆုံး ဆီမီးဖိုင်နယ် အဆင့်ကိုသာ တက်လှမ်းနိုင်ခဲ့ဖူးခြင်းလည်း ဖြစ်သည်။

image

NSPNC နှင့် KNU/KNLA-PC တို့တွေ့ဆုံစဥ် NCA ကိုဆက်လက်အကောင်အထည်ဖော်ပြီး ဒေသတွင်းတိုက် ပွဲများမဖြစ်အောင် တစ်စိုက်မတ်မတ်ကြိုးပမ်းဆောင် ရွက်ရန်ဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ကရင်အမျိုးသားအ စည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)တို့ ဇူ လိုင် ၆ ရက်က နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။
NCA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့အနေဖြင့် ဒေသတွင်းတည် ငြိမ်အေးချမ်းရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးအတွက်ပေါင်းစပ်ဆောင်ရွက်ပေးစေလိုသည်ဟု ပြောကြားခဲ့သည်။
ထို့အတူ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒု-ဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးကလည်း ရိုးသားဖြူစင်စွာဖြင့်ငြိမ်းချမ်းရေးအားဆောင်ရွက်ပါက လွယ်ကူနိုင်မည်ဖြစ်ပြီး ဆက်လက်၍ ဝိုင်းဝန်းကြိုးပမ်းကြရမည်ဟု ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် နှစ်ဖက်တာဝန်ရှိသူများက NCA ကိုဆက် လက်အကောင်အထည်ဖော်ပြီး ဒေသတွင်းတိုက်ပွဲများ မဖြစ်အောင်တစ်စိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေးနှင့် ပညာရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအား နိုင်ငံတော်အစိုးရမှပံ့ပိုးပေးရေး၊ ထော့ကိုကိုးဒေသအတွက် လိုအပ်ချက်များကို နိုင်ငံ တော်အစိုးရမှထောက်ပံ့ပေးရေး၊ လမ်းပန်းဆက်သွယ် ရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေရေး၊ နယ် မြေတည်ငြိမ်အေးချမ်းရေးအတွက်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။
ထို့အတူ NSPNC ၏ အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်က နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် ပဋိပ က္ခများလျှော့ချရေးနှင့် တည်ငြိမ်အေးချမ်းရေးမှတစ် ဆင့် ငြိမ်းချမ်းရေးရရှိရေးလုပ်ငန်းစဉ်များကို NSPNC မှ အလေးထားဆောင်ရွက်လျက်ရှိမှု၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများ၊ NCA လမ်းကြောင်းမှ သွေဖည်သွားသည့်အ ဖွဲ့များ၊ NCA လက်မှတ်မရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်မည့်ကိစ္စများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့အတူ ဒေသတွင်းပဋိပက္ခများမဖြစ်ပွားစေရေးအ တွက် လက်အောက်ခံအဖွဲ့များအား စနစ်တကျထိန်း သိမ်းပေးရေး၊ Bilateral တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်း ချမ်းရေးအတွက် အပြုသဘောဆောင်သည့်နည်းလမ်း များရှာဖွေနိုင်ရေးတို့ကိုလည်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် နှစ်ဖက်တာဝန်ရှိသူများက နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန်ညှိနှိုင်းပြီး လက် မှတ်ရေးထိုးအတည်ပြုခဲ့ကြသည်။

image

ကမ္ဘာ့ဖလားအောင်ပွဲစဉ် ချော်လဲကာ ဆိုးရွားတဲ့ လက်ကောက်ဝတ်ဒဏ်ရာရရှိလာခဲ့တဲ့ ဟင်ဒါဆင်
===================

အင်္ဂလန်ကွင်းလယ်ကစားသမားဂျော်ဒန်ဟင်ဒါဆင်မှာ မက္ကဆီကိုအား အနိုင်ရတဲ့ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အပြီး အောင်ပွဲခံစဉ် ဆိုးရွားတဲ့ လက်ကောက်ဝတ်ဒဏ်ရာရရှိခဲ့ကြောင်း အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က အတည်ပြုလာပါတယ်။
ဟင်ဒါဆင်ဟာ Azteca Stadium ကွင်းတွင် မက္ကဆီကိုအား ၃-၂ ဖြင့် အနိုင်ရရှိပြီးနောက် ကြော်ငြာဆိုင်းဘုတ်အား ကျော်ခွစဉ် လဲကျခဲ့တာ ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ်ကွင်းလယ်ကစားသမားဟာ ကွင်းအတွင်းတွင် အရေးပေါ် ဆေးကုသမှုခံယူခဲ့ရပြီး ကစားဖော်များက စက်ဝိုင်းပုံသဏ္ဍာန်ပြုလုပ်ကာ ပရိသတ်များ မမြင်နိုင်အောင် ကာကွယ်ပေးခဲ့ကြပါတယ်။
ယင်းနောက် သူ့ကို လူနာတင်ထမ်းစင်ဖြင့် ကွင်းအပြင်သို့ ခေါ်ထုတ်သွားပြီးနောက် ဆေးရုံသို့ တန်းပို့ဆောင်ခဲ့ရပါတယ်။
သောမတ်စ်တူချယ်က "ဂျော်ဒန်က လဲကျသွားခဲ့တာ။ လက်ကောက်ဝတ်ဒဏ်ရာရသွားတယ်။ အရမ်းဆိုးပုံရတယ်။ တော်တော်ပြင်းထန်တဲ့ ဒဏ်ရာပါ။ အခု ဂျော်ဒန်က ကျွန်တော်တို့နဲ့အတူ မရှိပါဘူး။ ဆေးရုံမှာလို့ ဆရာဝန်က ပြောပါတယ်။ ညနေပိုင်းလောက်နဲ့ မသက်သာနိုင်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ဟင်ဒါဆင်ဟာ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်များတွင် ၆ မိနစ်တည်းသာ အကန့်အသတ်ဖြင့် ကစားထားရပါတယ်။
ဟင်ဒါဆင်ဟာ မက္ကဆီကိုစီးတီးတွင် အင်္ဂလန်အသင်းထောက်ပံ့ရေးဝန်ထမ်းတစ်ဦးရဲ့ ဂရုစိုက်မှုအောက်တွင် ရှိနေပြီး ယနေ့ တနင်္လာနေ့တွင် အင်္ဂလန်အသင်းနှင့် ပြန်လည်ပူးပေါင်းနိုင်မှာ မဟုတ်ပါဘူး။
အင်္ဂလန်ဟာ လာမဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် စနေနေ့တွင် မိုင်ယာမီမှာ နော်ဝေနှင့် ရင်ဆိုင်ကစားရပါမယ်။
ယင်းပွဲကို မက္ကဆီကိုစီးတီးနှင့်ပွဲတွင် အနီကတ်ပြသခြင်းခံခဲ့ရတဲ့ ဂျာရဲလ်ကွန်ဆာမှာလည်း ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။

image