အေးချမ်းလာမှုနှင့်အတူ ကလေးငယ်များ၏ စာအံသံများပြန်ကြားလာတော့မည့် ဖလမ်းမြို့မှစာသင် ကျောင်းများ ယနေ့ မေ ၂၅ ရက်တွင် ကျောင်းအပ်စ တင်လက်ခံပြီ

အကြမ်းဖက်အဖွဲ့များ ယာယီထိန်းချုပ်ထားချိန်က ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကျောင်းဖွင့်ချိန်များတွင်ပင် စာသင်ကျောင်းများ၌ကလေးငယ်များ၏ သာယာနာပျော်ဖွယ်ဖြစ်သည့် စာအံသံများပျောက်ဆုံးခဲ့ရသည်။
ထို့ကြောင့် တပ်မတော်က ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်မှစ၍ မြို့အားပြန် လည်ထူတောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောက်ရွက်ခဲ့သည့်နည်းတူ အခြေခံပညာစာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်လည်း ဦးစားပေးအစီအစဥ်အဖြစ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် ယနေ့ မေ ၂၅ ရက်တွင်စ တင်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်း ပထမနေ့၌ ဖလမ်းမြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်း(၄)ကျောင်းနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းလာရောက်အပ်နှံသော ကလေးငယ်များအလွန်များပြားခဲ့သည်။
အဆိုပါ ကလေးငယ်များအား နိုင်ငံတော်ကအခမဲ့ထောက်ပံ့သည့် ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခံတံ၊ ဘောပင်များနှင့် ကျောင်းဝတ်စုံများကို သက်ဆိုင် ရာ ဆရာ၊ ဆရာမများကပေးအပ်ခဲ့ကြသဖြင့် လာမည့် ဇွန် ၁ ရက်မှစတင်ကာ ဖလမ်းမြို့ပေါ်နှင့် ကျေးရွာများ၌ ကလေးငယ်များ၏ စာအံသံများကိုပြန်ကြားရတော့မည်ဖြစ်သည်။

image

မိုးရာသီ Rice Export Zone ဖော်ရာတွင် ဧက ၃.၅ သိန်း စိုက်ပျိုးမည်

ယခု မိုးရာသီကာလအတွင်း Rice Export Zone ဖော်ဆောင်ရာတွင် အနည်းဆုံး စိုက်ဧက သုံးသိန်းခွဲ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် ဆန်၊ ဆန်ကွဲ တင်ပို့သည့် ထိပ်သီးကုမ္ပဏီ ၃၀ တို့ တွေ့ဆုံသည့် အစည်းအဝေးတွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဇွန်လ ၁၅ ရက်မတိုင်မီ တောင်သူများ၏ လက်ဝယ်သို့ စိုက်ပျိုးစရိတ်များ ပေးအပ်နိုင်ရေး၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် စက်သုံးဆီများကို သင့်တင့်သည့် ဈေးနှုန်းဖြင့် တောင်သူများထံ ရောင်းချပေးနိုင်ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စပါးမျိုးလိုအပ်ချက်များနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဒုတိယဥက္ကဌ ဦးခင်မြင့်က လူမှုကွန်ရက်တွင်ရေးသားထားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ဆန်တန်ချိန် ၅ သန်းအထိ တိုးမြှင့်တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
လက်ရှိတွင် ပို့ကုန်တင်ပို့မှု နှစ်ဆတိုးမြှင့်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ် ၁၀၀ ခန့်၌ Rice Export Zone များ ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

image

အမြန်လမ်းတွင် သုံးရက်ဆက်တိုက် ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားပြီး (၂)ဦး‌ေ-သဆုံး (၁၃)ဦးဒ-ဏ်ရာရခဲ့

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ မေ ၂၅ ရက်၊ မေ ၂၄ ရက်နှင့် မေ ၂၃ ရက်တို့က သုံးရက်ဆက်တိုက်ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားခဲ့ရာ ‌ေ-သဆုံးသူ(၂)ဦးနှင့် ထိခိုက်ဒ-ဏ်ရာရသူ(၁၃)ဦးရှိခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။
ယနေ့ မေ ၂၅ ရက်နေ့လည် ၃ နာရီခန့်က ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာသော Wish ကား သည် မိုင်တိုင်အမှတ် ၁၃၆/၆ နှင့် ၁၃၆/၇ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲလမ်း​ဘေးသို့​ရောက်ပြီး လမ်းတာ​ဘောင်ထိပ်ရှိ သစ်ပင်(၂)ပင်အားဝင်တိုက်မိကာ ရှေ့ဘီးပြုတ်ထွက်၍လမ်းနယ်အစွန်ရေမြောင်းအနီးရောက်သွားသဖြင့် အမျိုးသား၊ အမျိုးသမီး(၃)ဦးတို့တွင်ထိခိုက်ဒ-ဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်ကလည်း နေပြည် တော်ဘက်မှ မန္တလေးဘက်သို့မောင်းနှင်လာသော Kluger ကားသည် မိုင်တိုင်အမှတ် ၃၃၃/၆ နှင့် ၃၃၃/၇ ကြားအရောက် ရှေ့ဘယ်ဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်မြေသား​လမ်းပေါ်တွင်တိမ်းမှောက်ခဲ့ပြီး အမျိုးသမီး(၂)ဦး‌ေ-သဆုံးကာ အမျိုးသား၊ အမျိုးသမီး(၃)ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့အတူ မေ ၂၄ ရက်ည ၉ နာရီ ၅၀ မိနစ်ခန့်ကလည်း နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ အမျိုးသားတစ်ဦးတည်းမောင်းနှင်လာသည့် Mark II Blitz Hatchback ကားသည် မိုင်တိုင်အမှတ် ၃၂/၀ နှင့် ၃၂/၁ ကြားအရောက် ရှေ့ဘယ်ဘက်ဘီးပေါက်ပြီး တံတားထိပ်ရှိ Guard Post တိုင်များနှင့် တံတားလက်ရမ်းအားတိုက်မိပြီး လမ်းလယ်ကျွန်းတွင်တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့ ယင်းအချိန်၌ပင် နေပြည်တော်ဘက်မှ မန္တလေးဘက်သို့မောင်းနှင်လာသော Hiace ကားသည် မိုင်တိုင်အမှတ် ၂၃၇/၅ နှင့် ၂၃၇/၆ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို​ကျော်တက်၍ တစ်ဖက်ယာဉ်ကြောမှမျက်နှာချင်းဆိုင်​မောင်းနှင်လာ​သော Harrier ကားအားဝင်တိုက်မိခဲ့သဖြင့် Hiace ကားပေါ်မှ အမျိုးသား၊ အမျိုးသမီး(၄)ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့အတူ မေ ၂၃ ရက်နံနက် ၁၂ နာရီ ၁၀ မိနစ်ခန့်ကလည်း အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၂၄/၄ နှင့် ၂၂၄/၅ ကြားလမ်းဘေးတွင်ရပ်ထားသော Bongo ကားအား လားရာတူမောင်းနှင်လာသည့် Fuso (၆)ဘီးကားက အနောက်မှဝင်တိုက်မိခဲ့သဖြင့် Bongo ကားပေါ်မှ အမျိုးသား(၃)ဦး၌ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

image

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအတွက် အကြံပြုချက်များပေးပို့နိုင်

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအားရေးဆွဲပြီးနောက် ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ထည့်သွင်းဖော်ပြခဲ့သည်။
ယင်း ဥပဒေကြမ်းအား တတိယအကြိမ်လွှတ်တော်များ ၏ ဒုတိယပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးသွားမည်ဖြစ်၍ အကြံပြုချက်များပေးပို့လိုပါက ဇွန် ၂ ရက်နောက်ဆုံးထားပေးပို့နိုင်သည်ဟု ဖိတ်ခေါ်ထားသည်။
အကြံပြုချက်များအား ညွှန်ကြားရေးမှူးချုပ်၊ ပြည် ထောင်စုလွှတ်တော်ရုံး၊ နေပြည်တော်။ ညွှန်ကြားရေး မှူးချုပ်၊ ပြည်သူ့လွှတ်တော်ရုံး၊ နေပြည်တော်။ ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားလွှတ်တော်ရုံး၊ နေပြည်တော်တို့သို့ လိပ်မူပေးပို့နိုင်သည်ဟုအသိပေးဖိတ်ခေါ်ထားသည်။

image

ရန်ကုန်၊ မကွေးနှင့် ပဲခူးတို့တွင် သစ်ပင်လဲကျမှုများကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွား၊ မီးသတ်တပ်ဖွဲ့များ အချိန်မီရှင်းလင်း

ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မေ ၂၅ ရက်က သစ်ပင်လဲကျမှုများ ဖြစ်ပွားခဲ့ပြီး လမ်းပိတ်ဆို့မှုများကြုံတွေ့ခဲ့ရသဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် (င/က) ရပ်ကွက်၊ ဦးဘဟန်လမ်း၌ နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်က သစ်ပင်တစ်ပင် လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
အလားတူ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွှေရောင်တော်ကျေးရွာနှင့် ဂန့်ဂေါမြို့ အမှတ်(၁)ရပ်ကွက် မြောက်ကုန်းရပ်တို့တွင်လည်း သစ်ပင်များ လဲကျခဲ့ပြီး လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့၌ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် ကြခတ်ရပ်ကွက်ရှိ ပန်းတောင်း–တောင်ကုတ်လမ်းပေါ်တွင် သစ်ပင်လဲကျကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့က ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်များအတွင်း လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု သတင်းများ မရရှိသေးဘဲ လမ်းပန်းဆက်သွယ်ရေးကို ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

image

အိမ်ဖြူတော်အနီးပစ်ခတ်ခဲ့သည့် သေနတ်သမားသည် ယခင်ကလည်း လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ (Secret Service) နှင့် ပြဿနာဖြစ်ပွားခဲ့ဖူးကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြထား

အိမ်ဖြူတော်အပြင်ဘက်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး လမ်းသွားလမ်းလာတစ်ဦးကို ထိမှန်စေခဲ့ကာ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့၏ ပြန်လည်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည့် သေနတ်သမားသည် ယခင်ကလည်း ထိုနေရာရှိ အာဏာပိုင်များနှင့် ပြဿနာဖြစ်ပွားခဲ့ဖူးကြောင်း တရားရုံးမှတ်တမ်းများအရ သိရသည်။
ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့က ဘီဘီစီသို့ အတည်ပြုပြောကြားချက်အရ အဆိုပါအမျိုးသား၏အမည်မှာ နာဆီယား ဘက်စ်(Nasire Best)ဖြစ်ပြီး၊ သူသည် လွန်ခဲ့သည့် ၂၀၂၅ ခုနှစ် ဇွန်လအတွင်းကလည်း အိမ်ဖြူတော်အတွင်းဝင်သည့် လမ်းကြောတစ်ခုကို ပိတ်ဆို့ခဲ့ကာ မိမိကိုယ်ကိုယ် ယေရှုခရစ်တော် ဖြစ်သည်ဟု လျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့်များကို ပြောကြားခဲ့ဖူးသည်။
ထိုဖြစ်စဉ်အပြီးတွင် သူ့ကို စိတ်ကျန်းမာရေးစစ်ဆေးမှု ခံယူရန် စေလွှတ်ခဲ့သည်။
ဘက်စ်သည် စနေနေ့ ညနေ ၆ နာရီ (EST စံတော်ချိန်) ခန့်က သမ္မတ၏အိမ်တော်အပြင်ဘက်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး၊ ထိုစဉ်က အပြင်ဘက်တွင် ဗီဒီယိုရိုက်ကူးရေးလုပ်နေသည့် သတင်းထောက်များမှာ ခေါင်းငုံ့ကာ အဆောက်အအုံအတွင်းသို့ ဘေးလွတ်ရာသို့ ထွက်ပြေးပုန်းအောင်းခဲ့ကြရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ထိုအချိန်က အိမ်ဖြူတော်၌ ရှိနေသော်လည်း တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိပေ။
တရားရုံးမှတ်တမ်းများအရ မေရီလန်းပြည်နယ်၊ ဒန်ဒေါ့ခ်(Dundalk) မြို့သားဖြစ်သူ ဘက်စ်သည် ၂၀၂၅ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့သော လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့နှင့် ထိပ်တိုက်တွေ့မှုအတွင်း မိမိကိုယ်ကိုယ် အဖမ်းခံချင်သည်ဟု အေးဂျင့်များကို ပြောကြားခဲ့ကြောင်း သိရသည်။
စိတ်ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ရသော်လည်း၊ တစ်လအကြာ ဇူလိုင်လတွင် သူသည် အိမ်ဖြူတော်အတွင်းသို့ ဝင်ရောက်ရန် ထပ်မံကြိုးပမ်းခဲ့ပြန်သည်။
ထိုဒုတိယအကြိမ် ဖြစ်စဉ်အပြီးတွင် ဘက်စ်ကို လျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့်များက ဖမ်းဆီးခဲ့ပြီး၊ ဖက်ဒရယ်အစိုးရ ထိန်းချုပ်ထားသော နယ်မြေအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း တရားရုံးမှတ်တမ်းများအရ သိရသည်။
တရားမဝင်ဝင်ရောက်မှု စွဲချက်ဖြင့် ရုံးထုတ်စစ်ဆေးပြီးနောက် သူ့ကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း၊ ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ပြုလုပ်သည့် အခြေအနေကြားနာပွဲသို့ လာရောက်ရန် ပျက်ကွက်ခဲ့ကြောင်း မှတ်တမ်းများက ဆိုသည်။ ထို့ကြောင့် တရားရုံးက အာမခံမပေးဘဲ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပြီး တရားဥပဒေစိုးမိုးရေးအဖွဲ့များကို သူ့အား ဖမ်းဆီးခွင့်ပြုခဲ့သည်။
ထို့နောက် တစ်နှစ်ပင်မပြည့်သေးသည့် အချိန် ယခုစနေနေ့တွင်မူ သူသည် အိမ်ဖြူတော်အပြင်ဘက်၌ ပြန်လည်ပေါ်လာပြီး၊ အိုင်စင်ဟောင်ဝါ အမှုဆောင်ရုံးအဆောက်အအုံ(Eisenhower Executive Office Building) အနီးရှိ ၁၇ လမ်းနှင့် ပင်ဆယ်ဗေးနီးယားရိပ်သာလမ်း(17th Street and Pennsylvania Avenue NW) လမ်းဆုံရှိ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့၏ စစ်ဆေးရေးဂိတ်ကို သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့သည်။

image

တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိ

“ယွမ်” ငွေဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပြုပေးခြင်းဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်မည်
မြန်မာနိုင်ငံသည် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးက ပြောသည်။
“ရင်းနှီးမြှုပ်နှံမှုအဆင်ပြေချောမွေ့စေရေးနှင့် ယွမ်ငွေကြေးအသုံးပြု၍ ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ” တွင် ပြည်ထောင်စုဝန်ကြီး က ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
ထိုပြင် ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် “ယွမ်” ငွေကြေးဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပြုပေးခြင်းဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များ ပိုမိုချောမွေ့မြန်ဆန်လာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း လည်း ဦး‌အောင်ကျော်စိုး က ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ရန်ကုန်တိုင်းဒေသကြီးစီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးသံမှူး၊ မြန်မာနိုင်ငံအခြေစိုက် တရုတ်စီးပွားရေးလုပ်ငန်းရှင်အသင်းများမှ ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုအခြေအနေများကိုလည်းကောင်း၊ ယွမ်ငွေကြေးဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image

ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအနက် (၃)လုံးကိုဦးစွာဖြိုချဖျက်ဆီး

လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်ရာတွင်အသုံးပြုသည့် အဆောက်အအုံ(၇၇)လုံးကို စစ်ဆေးဖော်ထုတ်ခဲ့ကြသည်။
ယင်း အဆောက်အအုံ(၇၇)လုံးအားချိတ်ပိတ်၍ ဖြိုချဖျက်ဆီးရန် အဆောက်အဦအမျိုးအစားအလိုက် ပထမဆင့်ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက် အအုံ(၅၇)လုံး၊ ဒုတိယအဆင့်ဖောက်ခွဲဖျက်ဆီးမည့် အဆောက်အအုံ(၂၀)လုံးကို အဆင့်(၂)ဆင့်ဖြင့်ခွဲခြားသတ်မှတ်ပြီး စနစ်တကျဖြိုချဖျက်ဆီးခဲ့သည်။
ထို့ကြောင့် မေ ၂၅ ရက်တွင် ပထမအဆင့် ယာဉ်ယန္တရားဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်ရာ၌အသုံးပြုခဲ့သည့် (၄)ထပ်အဆောက်အအုံ(၂)လုံးကိုဖြိုချဖျက်ဆီးခဲ့ပြီး ယခင် (၁၃)ထပ်အဆောက်အအုံ(၁) လုံးသည်လည်း ဖြိုချဖျက်ဆီးပြီးဖြစ်ရာ အဆောက်အအုံ(၃)လုံးကိုဖြိုချဖျက်ဆီးပြီးဖြစ်သည်။
ထို့ပြင် ဖြိုချဖျက်ဆီးရန်ကျန်ရှိသည့် အဆောက်အအုံ (၇၄)လုံးကိုလည်း စနစ်တကျဖြိုချဖျက်ဆီးသွားမည်ဖြစ်သည်။

image

ဥပဒေအရာရှိများအနေဖြင့် ပြည်သူများ ယုံကြည်အားထားမှု ပိုမိုရရှိလာစေရေး အလေးထားဆောင်ရွက်ကြရန် ပြည်ထောင်စုရှေ့နေချုပ်လမ်းညွှန်

ဥပဒေအရာရှိများအနေဖြင့် ဥပဒေအရာရှိကျင့်ဝတ်များကို ကောင်းစွာသိရှိနားလည်ပြီး လုပ်ငန်းလမ်းညွှန်သဖွယ် လိုက်နာကျင့်သုံးခြင်းဖြင့် ပြည်သူများ ယုံကြည်အားထားမှု ပိုမိုရရှိလာစေရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်းဥပဒေရေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ကပြောသည်။
တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရန်တာဝန်ရှိသည့် ဥပ‌ဒေအရာရှိများအား ကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း (Interview) ဆောင်ရွက်နေမှု ကို သွားရောက်ကြည့်ရှုစဉ် ပြည်ထောင်စုရှေ့နေချုပ် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း (Interview) အစီအစဉ်သည် ကျင့်ဝတ်ကြီးကြပ်ရေးအဖွဲ့များက ဥပဒေအရာရှိတစ်ဦးချင်းစီအား ဥပဒေအရာရှိကျင့်ဝတ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခြင်း လည်း ဖြစ်သည်။
ဥပဒေရေးရာဝန်ကြီးဌာန လက်အောက်ရှိ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများ၊ ခရိုင်ဥပဒေရုံးများနှင့် မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများအား သက်ဆိုင်ရာဥပဒေ အရာရှိကျင့်ဝတ်ကြီးကြပ်ရေးအဖွဲ့များက သတ်မှတ်ထားသော ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်နှင့်အညီ ဆက်လက်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

image

အပျော်တမ်းကလပ်မိုကမ်ဘီအား ဝယ်ယူရန် လက်ဝှေ့ချန်ပီယံတိုင်ဆန်ဖူရီနှင့် အီဘရာဟီမိုဗစ်တို့ ဆွေးနွေးနေ
======================

လက်ဝှေ့ချန်ပီယံတိုင်ဆန်ဖူရီဟာ ယူနိုက်တက်စတားဟောင်းဇလာတန်အီဘရာဟီမိုဗစ်နှင့်အတူ သူ့ဒေသတွင်း အပျော်တမ်းကလပ် မိုကမ်ဘီအက်ဖ်စီအား ဝယ်ယူရေး စီစဉ်နေပါတယ်။
အားကစားဂန္ထဝင်နှစ်ဦးတို့ဟာ ယခုအပတ်တုန်းက ဝါဆောတွင် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြော်ငြာရိုက်ကူးစဉ် တွေ့ဆုံခဲ့ကြပါတယ်။
အတွင်းလူတစ်ဦးက "သူတို့ ကမ္ဘာ့ဖလားအတွက် ကြော်ငြာရိုက်ကူးဖို့ ဝါဆောမှာ ရှိနေခဲ့ကြတယ်။ တိုင်ဆန်က သူ့မွေးရပ်မြေကလပ် မိုကမ်ဘီအက်ဖ်စီကို ဝယ်ယူရေးနဲ့ပတ်သက်ပြီး သူ့ကို ပြောပြတယ်။ သူတို့ ဒီကလပ်ကို ဝယ်ယူလိုနေကြတယ်။ ပြီးရင် Rise of Morecambe together ဆိုပြီး Netflix မှတ်တမ်းရုပ်ရှင်လည်း ရိုက်ကူးလိုနေကြတယ်။ ရိုင်ယန်ရေးနိုး ဝရက်စ်ဟမ်းမှာ လုပ်သလိုပေါ့။ သူတို့နှစ်ဦးလုံးက ထိပ်ဆုံးသို့ ရောက်အောင် ဘယ်လို လုပ်ရမလဲဆိုတာ ကောင်းကောင်း သိကြတယ်။ သူတို့ ကြော်ငြာရိုက်ကူးရင်း ပျော်နေကြတယ်။ ကမ္ဘာဖ့လားအတွက်ပါ။ တိုင်ဆန်ရဲ့ အစေားသောက်အမတ်တံဆိပ် Furocity လည်း ပါတယ်။ ပြီးတော့ သူတို့ ညစာအတူစားခဲ့ကြတယ်။ တိုင်ဆန်နဲ့ ဇလာတန်တို့ ခင်မင်ရင်းနှီးလာတာ နှစ်အတန်ကြာပါပြီ။ ဇလာတန်ဟာ ယူနိုက်တက်မှာ ကစားတုန်းက တိုင်ဆန်ရဲ့ အားကစားခန်းမကို သုံးလေ့ရှိတယ်"လို့ ပြောကြားသွားပါတယ်။
တိုင်ဆန်ဖူရီဟာ မိုကမ်ဘီ အမာခံပရိသတ်တစ်ဦးကို အသင်းကို ထောက်ပံ့ကူညီမှုများ ပြုလုပ်လာခဲ့သူလည်း ဖြစ်ပါတယ်။

image