2 နှစ်များ - ဘာသာပြန်ပါ။

So cute hair Style

2 နှစ်များ - ဘာသာပြန်ပါ။

လက်ဖက်သုပ်
#yummy

2 နှစ်များ - ဘာသာပြန်ပါ။

❌ အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
-------------------------------------------

အိမ်တစ်လုံးကို အလှဆင်တဲ့အခါမှာ အရောင်ရွေးချယ်မှုက အဓိကကျပါတယ် ✔️
လတ်ဆတ်ပြီး စိတ်ခံစားမှုကို ပြောင်းပေးနိုင်တဲ့ အိမ်သုတ်ဆေးအရောင်တွေဟာ
သင့်အခန်းရဲ့ ဒီဇိုင်းနဲ့ သင့် Mood ကိုပါ လုံးဝအသစ် ဖြစ်သွားစေမှာပါ 💁🏻‍♀️💁🏻‍♀️

⚠️ ကိုယ့်အိမ်ထဲက အခန်းတွေ ဆေးသုတ်ဖို့ စဉ်းစားနေရင် ဒီဆေးရောင်တွေကို ဒီအခန်းတွေမှာ မသုတ်ဖို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ် ⚠️

❌ အိပ်ခန်းကို အနီနဲ့ ခရမ်းရောင်ဆေး မသုံးပါနဲ့

⛔️ အနီရောင်ကို ကြိုက်တယ်ဆိုရင်တောင် သင့်အိပ်ခန်းနံရံကို အနီရောင် မသုတ်ပါနဲ့လို့ House Wire တည်ထောင်သူ ဂျီနီဗာ အာရွန်က ပြောပါတယ်။လူ့ဦးနှောက်ဟာ အနီရောင်ကို သွေးလို့ မှတ်ယူထားပြီး အန္တရာယ်နဲ့ တွဲမှတ်ထားတာပါ။

ဒီတော့ အခန်းထဲမှာ အနီရောင်ကို မြင်ရခြင်းဟာ
နှလုံးခုန်နှုန်းကို မြန်စေပြီး အိပ်လို့မရဖြစ်စေပါတယ်။

❌ ခရမ်းရောင်ဆေးသုတ်ထားတဲ့ အိပ်ခန်းမှာ အိပ်သူတွေဟာ ပျမ်းမျှ တစ်နေ့ကို ၅ နာရီ ၅၆ မိနစ်ပဲ အိပ်ပျော်တယ်လို့ လေ့လာချက်တွေက ပြောပါတယ်။ နောက်တစ်ခုက ခရမ်းရောင်ခန်းထဲမှာ အိပ်ခြင်းဟာ အိပ်မက်ဆိုးတွေလည်း မက်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။

⛔️ ရေချိုးခန်းနဲ့ Home Office မှာ အဖြူရှောင်ပါ

နံရံဖြူဖြူတွေဟာ ရေချိုးခန်းနဲ့ အလိုက်ဖက်ဆုံးထဲမှာ ပါပါတယ်။
အဖြူရောင်ဟာ ကြည့်လိုက်ရင် အသစ်စက်စက်လို့ မြင်စေရပေမယ့် နံရံဖြူတွေဟာ အစွန်းပေရင် မြင်လွယ်တဲ့ ပြဿနာ ရှိပါတယ်။
သိပ်ပြီး ရေချိုးခန်းကို ခဏခဏ သန့်ရှင်းရေးမလုပ်နိုင်ရင် အဖြူမသုံးသင့်ပါဘူး။

❌ အိမ်ကို ရုံးလုပ်နေရသူတွေအတွက် စိတ်ပိုပြီး
သက်တောင့်သက်သာ ရှိချင်ရင် အလုပ်လုပ်နေတဲ့
အခန်းနံရံကို အဖြူဆေးမသုတ်ဖို့ MyRoofingPal ရဲ့
လုပ်ငန်းလည်ပတ်မှု ဒါရိုက်တာ ကော်တနီကီးန်က ဆိုပါတယ်။

အဖြူက မျက်လုံးကြိမ်းပြီး ဒဏ်ဖြစ်စေလို့ ကွန်ပျူတာနဲ့တစ်နေကုန် အလုပ်လုပ်သူတွေအတွက် မကောင်းဘူးလို့ သူမက ပြောတာပါ။

🛑 အပြင်နံရံနဲ့ ဧည့်ခန်းကို အညိုမသုံးနဲ့

The Golden ရဲ့ အိမ်ဒီဇိုင်းကျွမ်းကျင်သူနဲ့ အယ်ဒီတာ ဆန်ဝစ်တိတ်ကာကတော့ သင့်အိမ်ပြင်ပနံရံမှာ
အညိုဆေး ဘယ်တော့မှ မသုံးဖို့ ဆိုပါတယ်။ အညိုရောင်ဟာ ထိုင်းမှိုင်းတဲ့ အသွင် ဖြစ်စေပြီး သင့်အိမ်ရဲ့ တန်ဖိုးကို ကျဆင်းစေပြီး တစ်ဆင့်ပြန်ရောင်းရင် ဈေးကောင်းမရ ဖြစ်တတ်လို့ပါတဲ့။

ဧည့်ခန်းမှာ အနက်ရောင်ပြေးတို့ အညိုတို့ကို မသုံးသင့်တာက အခန်းကို ကျဉ်းသွားတယ်ထင်စေလို့ပါ။
နဂိုကတည်းက ဧည့်ခန်းသေးရင် ပိုပြီး သေးသွားတယ်လို့တောင် ထင်စေရနိုင်လို့ ဖြစ်ပါတယ်။

❌ မီးဖိုချောင်မှာ မီးခိုးရောင် အရင့်ပြေး ရှောင်ပါ

မီးခိုရောင်ဟာ စိတ်ဓါတ်ကျခြင်း ၊ ဆုံးရှုံးခြင်းနဲ့
မဖော်ရွေခြင်းတွေ ဖြစ်စေတဲ့ အရောင်လို့ ဆိုပါတယ် ။ပြတင်းပေါက်မရှိတဲ့ မီးဖိုးချောင်သေးသေးတွေဆို
မီးခိုးရောင် သုတ်ထားရင် ပိုပြီး စိတ်ကျဉ်းကြပ်စေနိုင်ပါတယ်။

🛑 ဘယ်အခန်းမှာမှ အစိမ်းနဲ့ အညိုစပ် မသုံးနဲ့

အရောင်အစပ်အဟပ်ကလည်း အရေးကြီးပါတယ်။
အစိမ်းနဲ့ အညိုကာလာနှစ်ရောင်စပ်ပြီး ထွက်လာတဲ့
Opaque Couche ဆိုတဲ့ အရောင်ကတော့ ဘယ်အခန်းမှာမှမသုံးသင့်တဲ့ အရောင်လို့ ဆိုပါတယ်။ ဒီအရောင်ကိုရုပ်အဆိုးဆုံးအရောင်လို့တောင် ခေါ်ကြလို့ ဖြစ်ပါတယ်။

အိမ်အပြင်ဘက် နံရံတွေမှာ မသုံးဘဲ ရှောင်သင့်တဲ့
အရောင်က အဝါရောင်ဖြစ်ပြီး အိမ်ကို တန်ဖိုးလျော့စေတာကြောင့်လို့ ဆိုပါတယ်။
#knowledge

2 နှစ်များ - ဘာသာပြန်ပါ။

အခုရက်ပိုင်း😧 ကွယ်လွန်သူတွေဟာ မနက် ၃ နာရီဝန်းကျင်မှာ ကွယ်လွန်ကြတာတွေ့ရပါတယ်..

၃ နာရီ မှ ၈ နာရီ ကြားမှာ ရေသောက်အနည်းဆုံးဖြစ်ပြီး သွေးအပြစ်ဆုံးအချိန်မို့နှလုံးတိုက်ခိုက်ခံရနိုင်ခြေပိုများတဲ့အချိန်ပါ။

အိပ်ရေးပျက်မှာစိုးလို့ ညဘက် ရေမသောက်တဲ့အကျိုးဆက်ပါ။

#နှလုံးဆရာဝန်ကြီးတွေပြောပါတယ်။
နှလုံးအားနည်းလို့ နှလုံးရပ်သွားတာထင်ပါတယ်
သွေးမပျစ်အောင် ရေကိုသတိရတိုင်းသောက်ပေးကြပါ။

#ညအိပ်ခါနီးမှာ ရေသောက်ရင်အိပ်ရေးပျက်မယ်။ ညသန်းခေါင်ကျော်အချိန်ကြီးမှာ ဆီးထသွားရမယ်။

#ဒါကြောင့် အိပ်ခါနီးရင် ရေမသောက်ကြနဲ့လူတိုင်း ဒီလိုပဲ
ထင်ပြီး ဒီလိုပဲ ပြောဆိုလေ့ရှိကြပါတယ်။
ဒီလိုယူဆချက်က တကယ်တော့ မမှန်ပါဘူး။

နှလုံးရုတ်တရက် ထဖောက်လာလို့ဖြစ်တဲ့တဲ့ ဝေဒနာ (Heart Attack) နှင့်ရေ ဟာ ဒွန်တွဲနေပါတယ်။

လူတွေ ညဘက်မှာ နေ့ဘက်အချိန်တွေထက် ဘာကြောင့် ဆီးပိုသွားတတ်သလဲ.??

နေ့ဘက်မှာ လူတွေက မတ်တပ်ရပ်နေကြတယ်။ ကမ္ဘာ့ဆွဲအား (Gravity) ကြောင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေတွေက ပေါင်နဲ့
ခြေထောက်မှာသွားစုနေတယ်။ ညဘက်ရောက်တော့ ဒီလို
မဟုတ်တော့ဘူး။ လှဲနေ အိပ်နေကြတဲ့အတွက် ခန္ဓာကိုယ်က ဆန့်နေတယ်။

ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေတွေကကျောက်ကပ် (Kidney) နှင့် တပြေးတည်းရှိနေတယ်။ ဒီတော့ ခန္ဓာကိုယ်အောက်ပိုင်းမှာ
ရှိတဲ့ ရေတွေက ကျောက်ကပ်ထဲကို စီး၀င်ဖို့ပိုလွယ်ကူသွားတာပေါ့။

ကျောက်ကပ်နှင့် ရေက ဘယ်လိုဆက်စပ်နေကြလဲ။ ခန္ဓာကိုယ်အထဲမှာ ရှိတဲ့ အဆိပ်တွေကို ဆီးအဖြစ် ခန္ဓာကိုယ်အပြင်ကို ရောက်ရှိအောင် ပြုလုပ်ပေးတာပေါ့ ။

#ရေပိုသောက်ပေးသင့်တဲ့အချိန်**

#မနက် အိပ်ရာနိုးနိုးချင်း ရေ (၂) ခွက် သောက်ပါ။
သင့်ခန္ဓာအတွင်းမှ ကလီစာတွေ ပိုပြီး အလုပ်လုပ်ကြပါလိမ့်မည်။

#နံနက်စာ မစားခင်မိနစ် (၃၀) အလိုမှာ ရေ (၁) ခွက် သောက်ပါ။
အစာကြေ လွယ်တာကို ခံစားရပါမယ်။

#ရေမချိုးခင် ရေ (၁)ခွက် သောက်ပါ။
သွေးတိုး (Blood Pressure) ကျစေပါလိမ့်မည်။

#အိပ်ရာမ၀င်ခင် ရေ (၁)ခွက် သောက်ပါ။
လေဖြတ်ရောဂါနှင့် နှလုံးနာရောဂါမှကင်းဝေးပါလိမ့်မယ်။

#အိပ်ရာမ၀င်ခင် ရေ (၁) ခွက် သောက်ခြင်းဟာ အထက်ပါ
ရောဂါ (၂)မျိုးမှသာ ကင်းဝေးစေတာ မဟုတ်ပါဘူး။
ညဘက် ခြေထောက်ကြွက်တက်တဲ့ ဒုက္ခ ( Leg Cramp )
မှလည်း ကင်းဝေးစေပါတယ်။

အဲဒီမှာ ရေက အရေးကြီးလာပြီ။
ရေကို မိမိ အိပ်ရာဘေးတွင် အဆင့်သင့် မဆောင်ထားလျှင် ဒုက္ခမရောက်ပေဘူးလား။ဒါကြောင့် လူတိုင်းဟာ မိမိတို့ အိပ်ရာဘေးရှိစားပွဲပေါ်တွင် ရေပုလင်း, ရေဗူးကိုအမြဲ အဆင်သင့် ဆောင်ထားပြီးအိပ်သင့်ကြပါတယ်။

မေတ္တာဖြင့် ပြန်လည်မျှဝေပါ
#knowledge

2 နှစ်များ - ဘာသာပြန်ပါ။

အဝါရောင်ကျူးလစ်တွေရဲ့ အဓိပ္ပါယ်ဟာ ငြင်းပယ်ခံရတဲ့တစ်ဖက်သတ်အချစ်တဲ့။ ချစ်ရတဲ့သူဆီ အဝါရောင်ကျူးလစ်ပန်းတွေပေးတဲ့အခါ ''မင်း ငါ့အပေါ်ခံစားချက်မရှိဘူးဆိုတာကို ငါနားလည်တယ်။ ဒါပေမဲ့ ငါမင်းကိုချစ်တယ်'' လို့
အဓိပ္ပါယ်ရပါတယ်။

2 နှစ်များ - ဘာသာပြန်ပါ။

လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ တရုတ်ရဲခွေးလေး

ဒီချစ်စရာကောင်းတဲ့ ကော်ဂျီအမျိုးအစားခွေးလေးဟာ တရုတ်နိုင်ငံမှာ နာမည်ကြီးနေတဲ့ ရဲခွေးလေးပါ။ ဖူကျိုက်လို့အမည်ရပြီး ၆ လသားအရွယ်သာရှိပါသေးတယ်။ မကြာသေးခင်မှ စန်းတုန်းပြည်နယ်၊ ဝေဖန်မြို့က ရဲကင်းစခန်းမှာ သူ့ကို စမိတ်ဆက်ပေးခဲ့တာပါ။ သူ့ကို မြင်တွေ့ကြတဲ့သူတွေက ဗီဒီယိုတွေရိုက်ကြ၊ ဓာတ်ပုံတွေရိုက်ကြနဲ့ မြန်မြန်ဆန်ဆန်ပဲ နာမည်ကြီးသွားခဲ့ပါတယ်။

ဖူကျိုက်ရဲ့ဗီဒီယိုတွေက လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပြီး ဗီဒီယိုတစ်ခုဆိုရင် ကြည့်ရှုသူ ၁.၅ သန်းကျော်ရှိခဲ့ပါတယ်။ ဗီဒီယိုတစ်ခုမှာဆိုရင် အခြားရဲခွေးတွေဖြစ်တဲ့ ဂျာမန်သိုးထိန်းခွေးတွေနဲ့အတူ တွေ့ရတဲ့ ရဲတပ်ဖွဲ့ထဲက တစ်ယောက်ရဲ့ကျောမှာ ဖူကျိုက်ကို လွယ်ထားတာ မြင်တွေ့ရပါတယ်။ ဖူကျိုက်ရဲ့ခြေလက်တွေက တိုပေမဲ့ ကားအောက်တွေ (အထူးသဖြင့် ကျဉ်းမြောင်းတဲ့နေရာတွေကြား) စစ်ဆေးတဲ့အချိန် အသုံးဝင်တယ်လို့ သိရပါတယ်။

"တိုနေတဲ့ ခြေလက်တွေက သူ့ရဲ့အားနည်းချက်မဟုတ်ပါဘူး။ သူ့ရဲ့အားသာချက်ပါ" လို့ ဖူကျိုက်ကို ထိန်းကျောင်းသင်ကြားပေးသူက ပြောပါတယ်။ ဖူကျိုက်ကို ၂ လသားအရွယ်မှာ လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

Ref: This Corgi Is Now China's Most Popular Police Officer

2 နှစ်များ - ဘာသာပြန်ပါ။

COD Warzone Mobile တော့ official release လုပ်လိုက်ပါပြီ။ file size လည်း သိပ်မများပဲ Mid range ဖုန်းတွေလည်း ဆော့လို့ရတယ်လို့တော့ သိရပါတယ်။
download:https://play.google.com/store/apps/details...

image
2 နှစ်များ - ဘာသာပြန်ပါ။

weather is hot
ရာသီဥတုပူလို့ သူတို့လေးတွေတောင် အသားတွေမဲကုန်ပြီ

2 နှစ်များ - ဘာသာပြန်ပါ။

ဩစတေးလျနိုင်ငံမှာဆေးလိပ်တစ်ဗူးဝယ်ရသောငွေနှင့်အောက်ပါအစားအသောက်များဝယ်ယူနိုင် (၁၃/၁၀)
❇️ ဩစတေးလျနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆေးလိပ်စျေးအကြီးဆုံးနိုင်ငံဖြစ်သည့်အလျောက် ဆေးလိပ်တစ်ဗူးဝယ်ရန် ကုန်ကျစားရိတ်နှင့် အစားအသောက်များဝယ်ယူပါက ဆေးလိပ်တစ်ဗူးအစား အောက်ပါအစားအ ​သောက်များရရှိကြောင်း စျေးဝယ်သူတစ်ဦးက ထောက်ပြခဲ့သည်။ ဆေးလိပ်အလိပ် ၃၀ ပါသောဆေးလိပ်တစ်ဗူးဟာ $၆၀ လောက်ရှိပြီး အောက်ပါ အစားအသောက်များသည် $၅၆.၁၉ သာကျသင့်သည်ဟု သူကနှိုင်းယှဉ်ပြီးပြထားသည်။ သူထောက်ပြသော စျေးနှုန်းကိုလည်းအောက်ပါအတိုင်းတွေ့ရသည်။ (ထပ်ဖြည့်- တို့မြန်မာနိုင်ငံဖွားများစားသုံးနေသော ဆန်၂၀ kg တစ်အိတ်သည် $၄၅-၅၀ လောက်သာရှိပြီး၊ ပုံမှန်မိသားစုတစ်စု က ၂ ပတ်လောက်စားရသည်။ ဆေးလိပ်တစ်ဗူးဝယ်ရသောငွေနှင့် ဆန်တစ်အိတ်ဝယ်လို့ရသည်။)
Brushed potatoes 2kg - $5.50
Carrots 1kg - $1.40
Frozen peas 1kg - $1.99
Frozen green beans 1kg - $1.99
Apples 1kg - $2.90
Bananas - $1.62 (54 cents each)
Chip varieties 20-pack - $4
Full cream milk 2L - $2.39
Table spread 500g - $1.40
Strawberry yoghurt 1kg - $3.50
Dried spaghetti 500g - $2
Rigoletto pasta sauce 500g - $1.80
Cheese slices 500g - $3.90
Beef mince 500g - $6
Beef sausages 600g - Two for $10
Two loaves of white bread - $2.60
Wheat biscuit 1.12kg - $3.20
▶️Total grocery cost: $56.19
Sr: daily mail

image
2 နှစ်များ - ဘာသာပြန်ပါ။

အင်း အထူအပါးလေးပေါ့

image