2 yrs - Translate

နေ့တစ်နေ့တာမှာ တစ်ရေးအိပ်စက်ဖို့ အကောင်းဆုံးအချိန်

နေ့လည်ခင်းမှာ တစ်ရေးအိပ်စက်ခြင်းဟာ သင့်ကို ဉာဏ်ပိုကောင်းလာစေပြီး၊ ဖြတ်လတ် တက်ကြွလာစေတဲ့အပြင် ဖန်တီးနိုင်အား ပိုမိုကောင်းမွန်လာစေပါတယ်။ ဒါ့ကြောင့်မို့ နေ့ခင်းနေ့လည် အကောင်းဆုံးအချိန်မှာ တစ်ရေးတစ်မော အိပ်စက်တတ်မယ်ဆိုရင် သင့်ကျန်းမာရေးအတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်လာမှာပါ။

ကျွန်တော်တို့ အားလုံးဟာ ပင်ပန်းနေမယ်ဆိုရင်တောင် နေ့လည်နေ့ခင်းမှာ တစ်ရေးတစ်မော မအိပ်စက်တတ်ကြပါဘူး။ ဒါဟာအကျင့်ကြောင့်လည်း ဖြစ်နိုင်သလို အိပ်ချိန်နည်းနည်းလေးပဲ အိပ်ရတာကို အားမရလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နေ့ခင်းမှာ နာရီအနည်းခန့်ပဲ အိပ်စက်တတ်သူတွေသာ သိသာတဲ့ ကျန်းမာရေး ကျေးဇူးခံစားရတဲ့အပြင် အလုပ်လုပ်နိုင်စွမ်းနဲ့ ဦးနှောက်စွမ်းအားတွေ သိသိသာသာတိုးတက်လာတာကို အရင်ကတည်းက လေ့လာ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအကျိုးကျေးဇူးတွေကို အပြည့်အဝခံစားနိုင်ဖို့ ဘယ်အချိန်မှာတစ်ရေး အိပ်စက်သင့်သလဲဆိုတာ သိကြ ပါသလား။ ကျန်းမာရေး ပညာရှင်များရဲ့ အဆိုအရတော့ တစ်နေ့တာမှာ တစ်ရေးအိပ်စက်ဖို့ အကောင်းဆုံးအချိန်ကတော့ ညနေ ၃ နာရီဖြစ်တယ် လို့ ဆိုထားကြပါတယ်။

တစ်ရေးအိပ်စက်ရန် အကောင်းဆုံးအချိန်က ညနေ ၃ နာရီဖြစ်ရခြင်းကတော့ circadian rhythm လို့ခေါ်တဲ့ ၂၄ နာရီအချိန်အတွင်းမှာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မ ဖြစ်စဉ်တွေရဲ့ ပြောင်းလဲပုံ ကြောင့်ဖြစ်ပါတယ်။ circadian rhythm အရ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ညနေ ၃နာရီခန့်မှာ ထမင်းစားပြီးနောက် အိပ်ချင်စိတ်တွေ ဖြစ်ပေါ်လာပြီး ထိုင်းမှိုင်းလာတဲ့အတွက် အဲ့ဒီအချိန်ဟာ ကျွန်တော်တို့အတွက် တစ်ရေးအိပ်စက်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။

သင့်အနေနဲ့ ညနေ ၃ နာရီခန့်မှာ ၂၀ မိနစ်မှ ၃၀ မိနစ် အတွင်းသာ အိပ်စက်သင့်ပါတယ်။ ပိုပြီးအိပ်စက်မယ်ဆိုရင်တော့ သင့်အနေနဲ့ deep sleep လို့ခေါ်တဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အဆင့်ကို ရောက်သွားမှာ ဖြစ်ပြီး တစ်နာရီခန့်ကြာသွားမယ်ဆိုရင် သင့်အနေနဲ့ sleep inertia လို့ခေါ်တဲ့ အိပ်စက်မြဲ အိပ်စက်လိုတဲ့ဖြစ်စဉ်ကြောင့် နိုးလာတဲ့အခါ နည်းနည်းရီရီဝေဝေ ဖြစ်နိုင်ပါတယ်။

သင်ညဘက်မှာ လုံလုံလောက်လောက် အိပ်စက်ချိန်မရခဲ့ဘူးဆိုရင် တစ်ရေးအိပ်စက်ခြင်းက ကျန်းမာရေးအတွက် အထိရောက်ဆုံးဖြစ်လာမှာဖြစ်ပြီး နေ့ခင်းဘက်မှာ လိုအပ်တာထက် ပိုပြီး အိပ်လိုက်မိမယ်ဆိုရင်တော့ သင်ညဘက်မှာ အိပ်ပျော်တော့မှာမဟုတ်ပါဘူး။ ဒီအချက်ကိုတော့ သတိထားသင့်ပါတယ်။

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်ရှိ Keck School of Medicine တက္ကသိုလ်မှ လက်ထောက်ပါမောက္ခဖြစ်သူ ရဂ်ျကူးမား ဒပ်စ်ဂူတာ( Rajkumar Dasgupta) ကတော့ “သင်လုံလောက်လောက် မအိပ်စက်နိုင်တဲ့အခါမှာ သင့်အတွက် မကောင်းတာတွေပဲ ဖြစ်ပျက်လာပါတယ်။ သင်ရဲ့ စိတ်အခြေအနေ၊ အာရုံစူးစိုက်နိုင်စွမ်း၊ ကျန်းမာရေးနဲ့ ကိုယ်ခံအားတွေ ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် အိပ်စက်ချိန်လုံလောက်ဖို့ အရေးကြီးပါတယ် ” လို့ပြောဆိုခဲ့ပါတယ်။

ကျွန်တော်တို့ အများစုဟာ ညဘက်မှာတော်ရုံ မအိပ်စက်တတ်တဲ့ မျိုးဆက်ဖြစ်တာကြောင့် နေ့ခင်းဘက်မှာ တစ်ရေးတစ်မော အိပ်စက်မယ်ဆိုရင် ကျန်းမာရေးအတွက်ဖာထေးပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်ရေးတစ်မော အိပ်စက်တတ်တဲ့သူတွေဟာ sleep inertia လို့ခေါ်တဲ့ အိပ်စက်မြဲ အိပ်စက်လို တဲ့ဖြစ်စဉ်ကို ခံစားရမှာမဟုတ်ဘဲ လန်းဆန်းတက်ကြွပြီး ခွန်အားသစ်များရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သင်အလုပ်လုပ်နေတဲ့ကုမ္ပဏီက Google နဲ့ Uber (ဝန်ထမ်းများကို အိပ်စက်ခွင့်ပေးသည့်ကုမ္ပဏီများ) တို့လိုမဟုတ်ဘူးဆိုရင်၊ သင်ကလည်း ညဘက်အိပ်ရေးမဝခဲ့ဘူးဆိုရင် သင့်အလုပ်ရှင်ကိုအရင် ခွင့်တောင်းဖို့တော့ အရေးကြီးပါတယ်။

image
seo Yeon changed her profile cover
2 yrs

image
seo Yeon changed her profile picture
2 yrs

image
Toxic Acid changed her profile cover
2 yrs

image
Toxic Acid changed her profile picture
2 yrs

image
Space Cowgirl changed his profile picture
2 yrs

image
Ms.Life D changed his profile picture
2 yrs

image
2 yrs - Translate

Deli သမား ဖုန်းဆက်သောအခါ
Delivery မှ ရောက်တော့မယ် ဟု
ဖုန်းဆက်သောအခါ
me :

Angel Jimenez changed his profile picture
2 yrs

image

image