2 yrs - Translate

ဆန်ခါတင် ကစားသမား(၈)ဦးအမည်စာရင်းထွက်ပေါ်လာတဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးလူငယ်ကစားသမားဆု

ယခုရာသီပရီးမီးယားလိဂ်အကောင်းဆုံးလူငယ်ကစားသမားဆု(Premier League Young Player of the Season)အတွက် ဆန်ခါတင် ကစားသမား(၈)ဦးစာရင်းကို ပရီးမီးယားလိဂ်တာဝန်ရှိသူများက ထုတ်ပြန်လိုက်ပြီး ပြီးခဲ့သည့်နှစ်များအတွင်း ယင်းဆုကို ဆွတ်ခူးခဲ့သည့် ဖီးလ်ဖိုဒန်၊ အဲလင်ဟာလန်း(မန်စီးတီး)တို့၏ အမည်များ ပြန်လည်ပါဝင်လာခဲ့သည်။ယင်းဆုအား (၂၀၁၉-၂၀) ဘောလုံးရာသီမှ စတင်၍ နှစ်စဉ်ချီးမြှင့်နေခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်ရှိအသက်(၂၃)နှစ်နှင့်အောက် ကစားသမားကို ရွေးချယ်ချီးမြှင့်နေခြင်းဖြစ်သည်။ယင်းဆုချီးမြှင့်ခဲ့သည့်(၄)ကြိမ်တွင် အာနိုးလ်၊ဖိုဒန်(၂ ကြိမ်)၊ဟာလန်းတို့က ဆွတ်ခူးခဲ့ကြပြီး ဟာလန်းမှာ ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုနှင့်အတူ ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ယခုနှစ်အတွက် ဆန်ခါတင်ကစားသမား(၈)ဦးစာရင်းတွင် ဖီးလ်ဖိုဒန်(မန်စီးတီး)၊ အဲလင် ဟာလန်း(မန်စီးတီး)၊အလက်ဇန်းဒါး အီဆက်ခ်(နယူးကာဆယ်)၊ကိုဘီ မေနူး(မန်ယူနိုက်တက်)၊ကိုးလ်ပါးလ်မား(ချယ်လ်ဆီး)၊ ဘာကာယို ဆာကာ(အာဆင်နယ်)၊ဝီလီယံဆာလီဘာ(အာဆင်နယ်)၊ဒက်စ်တနီ အူဒိုဂီ(တော့တင်ဟမ်ဟော့စပါး)တို့ ပါဝင်ခဲ့ကြသည်။ပရီးမီးယားလိဂ်အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်တွင် ပရိသတ်များလည်း မဲပေးနိုင်ပြီး ပရိသတ်များ၏မဲကို ဘောလုံးကျွမ်းကျင်သူများအဖွဲ့(panel of football experts)၏ မဲများနှင့် စုပေါင်းကာ အကောင်းဆုံးကစားသမားကို ရွေးချယ်မည်ဖြစ်သည်။ယင်းဆုရရှိသူအား ယခုမေ(၁၈)ရက်နေ့တွင် ကြေညာသွားမည်ဖြစ်သည်။

တစ်နှစ်တာလူငယ်အကောင်းဆုံးကစားသမားဆုက ဘယ်သူ့အတွက်ဖြစ်မှာလဲ❓

image
Natasha Musgrove is feeling Sleepy
2 yrs - Translate

Goodnight

Natasha Musgrove changed her profile cover
2 yrs

image

10th May

Natasha Musgrove changed her profile picture
2 yrs

image

ဝုတော့ အရမ်းပျော်နေပီ

2 yrs - Translate

နောက်ဆုံး(၁၁)နှစ်အတွင်း (၆)ကြိမ်အပါအဝင်ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၁၈)ကြိမ်ထိတက်တဲ့ ရီးရဲလ်မက်ဒရစ်အသင်း

စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်သမိုင်းတွင် အအောင်မြင်ဆုံးအသင်းဖြစ်သလို ပြိုင်ပွဲ၏ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်မှုတွင်လည်း အခြားသောအသင်းများကို အပြတ်အသတ်အသာရလျက်ရှိသည်။ယခုရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတက်ရောက်နိုင်မှုမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် (၁၈)ကြိမ်မြောက်တက်ရောက်နိုင်ခြင်းဖြစ်ပြီး အခြားမည်သည့်အသင်းထက်မဆို အနည်းဆုံး (၇)ကြိမ်အထိအသာရနေသည်။ရီးရဲလ်မက်ဒရစ်အသင်းနောက် အကြိမ်အများဆုံးတက်ရောက်နိုင်သည့် အေစီမီလန်နှင့် ဘိုင်ယန်မြူးနစ်တို့မှာ (၁၁)ကြိမ်စီသာ တက်ရောက်နိုင်ခဲ့ကြသည်။ထို့အပြင် ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် နောက်ဆုံး(၁၁)ရာသီအတွင်း (၅)ရာသီသာ ဗိုလ်လုပွဲနှင့်လွဲချော်ပြီး(၆)ရာသီတိုင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ယခင်ဥရောပဖလားကို ချန်ပီယံလိဂ်အဖြစ် (၁၉၉၂-၉၃) ရာသီတွင် ပြောင်းလဲပြီးနောက်ပိုင်း ရီးရဲလ်မက်ဒရစ်အသင်းသည် ဗိုလ်လုပွဲကိုတက်ရောက်နိုင်သည့်အကြိမ်တိုင်း(၁၉၉၈၊ ၂၀၀၀၊ ၂၀၀၂၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၂၂) ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့သည့်အသင်းဖြစ်သည်။သို့ဖြစ်ရာ ယခုရာသီတွင်ရော ဒီအစဉ်အလာကောင်းကို ဆက်ထိန်းပြီး ဗိုလ်စွဲနိုင်မလား ...❓

image
2 yrs - Translate

ခေတ်အလိုက် အနုပညာ ၊ ဂီတ စတဲ့ ပစ္စည်းအစုံကို Hydraulic Press ဖိလိုက်တယ် > iPad Pro တစ်ခုထွက်လာမယ်
သဘောက ဒီပစ္စည်းတွေကိုတစ်နေရာတည်းကနေစုသုံးလို့ရတဲ့ အပါးလွှာဆုံး Tech Product တစ်ခု…

ကြော်ငြာကို ကြော်ငြာလိုပဲကြည့် ရင်တော့ ဘာမှ မထူးဘူး ကိုယ်တိုင်လဲ ကြော်ငြာလိုပဲကြည့်ခဲ့တာကိုး

ဒါပေမဲ့ Art တစ်ခုရဲ့ Value တန်ဖိုးကို အနှစ်ကျကျ ခံစားနားလည် တတ်တဲ့ သူတွေကတော့ ဝေဖန်နေကြလေရဲ့ ကိုယ်တိုင်တောင် ပြန်စဉ်းစားသုံးသပ် ရတဲ့အခြေအနေရောက်သွားပြီ

ဖြစ်ကြပုံက
ပါသွားတဲ့ပစ္စည်းတွေထဲမှာ ကင်မရာ ၊ ဂီတ တူရီယာတွေ ၊ ဂိမ်းစက်တွေ ၊ ကွန်ပျူတာ ၊ ပန်းချီ ပစ္စည်းတွေ အစုံပဲ 3D Modelling ပိုင်းပြချင်လို့လားမသိ Sculpture တောင်ထည့်ပြထားသေးတယ်

ဆိုတော့ဗျာ သက်ဆိုင်ရာ အပိုင်းအလိုက် Professional တွေက သူတို့တန်ဖိုးထားရတဲ့ပစ္စည်းတွေကို Hydraulic Press နဲ့ဖိပြတာကို မကြိုက်တာကြတာပေါ့
သူတို့ရဲ့ Tools တွေကို iPad Pro က အစားထိုးနိုင်တဲ့ သဘောမျိုး မြင်သွားကြသလို လေးစားမှုမရှိဘူးပါ မြင်ကြလေတော့ Apple ကတော့ ရှယ်ပလန် နဲ့ ဝေဖန် ခံနေရတာပေါ့ဗျာ

ဘယ်လောက်ထိ ဆိုးလဲဆိုရင် Tim Cook ရဲ့ iPad Pro Post အောက်မှာပါ ဝေဖန်ခံနေရတဲ့အထိပါပဲ

စာဖတ်သူတိုရဲ့Crush! iPad Pro ကြော်ငြာကို အမြင်ကရော…

image
2 yrs - Translate

Wisteria flower ✿✿✿ …💜

image
2 yrs - Translate

Wisteria flower ✿✿✿ …💜

image