2 နှစ်များ - ဘာသာပြန်ပါ။

ဖာလူဒါ ပြုလုပ်နည်း
နွေရာသီ ပူပြင်းတဲ့ ရာသီဥတုမှာ လုပ်စားနိုင်ဖို့ ဖာလူဒါ လုပ်နည်းလေးပါ။ ဖာလူဒါက အိန္ဒိယစတိုင် လုပ်နည်းပါ၊ အိန္ဒိယမှာတော့ ဖာလူဒါထဲကို ပင်ပွား၊ စမိုင်ဖတ်၊ သာကူစေ့၊ နွားနို့၊ သကြားရည် တို့ထည့်ပြီ လုပ်ကြပါတယ်။ ၀တျရညျကတော့ ရန်ကုန်မှာ စားနေကျစတိုင် ဖာလူဒါ လုပ်နည်းကို ရှယ်ပေးထားပါတယ်။ ရာသီဥတု ပူပူလေးမှာ ဖာလူဒါ အေးအေးလေး လုပ်စားကြည့်ရအောင်
--------------------------------
ပါ၀င်ပစ္စည်းများ

နွားနို့- ခွက်၄ခွက် (၈၀၀ မီလီလီတာ)
မုန့်လက်ဆောင်းဖတ် ၁ခွက်
အနီရောင် ဂျယ်လီ ခွက်တ၀က် (အတုံးသေးများတုံးထားပါ)

အဝါရောင် ဂျယ်လီ ခွက်တ၀က် (အတုံးသေးများတုံးထားပါ)
အစိမ်း(သို့) ခရမ်းရောင် ဂျယ်လီ ခွက်တ၀က် (အတုံးသေးများတုံးထားပါ)
သာကူစေ့ ခွက် ၁ခွက်
နို့စိမ်း (သို့) နို့ဆီ စားပွဲတင်ဇွန်း ၅ဇွန်း
ပူတင်း ၂တုံး
Vanilla ရေခဲမုန့် ၁ဗူး
-------------------------------
အနီရောင် သကြားရည်တွင် ပါ၀င်ပစ္စည်းများ

အနီရောင်ဆိုးဆေးအရည် လက်ဖက်ရည်ဇွန်း တ၀က်
သကြား စားပွဲတင်ဇွန်း ၆ဇွန်း
ရေ စားပွဲတင်ဇွန်း ၃ဇွန်း
--------------------------------
ပြင်ဆင်နည်း

ဖာလူဒါ jလုပ်နည်းကိုရန် ဒယ်အိုးထဲ ရေတ၀က်ထည့်ပြီ ရေဆူလာလျှင် သာကူစေ့များထည့်ပြီ ရောမွှေပေးပါ။

၂။ သာကူကို မီးအတင့်သင့်ဖြင့် သာကူများ မကပ်သွားအောင် မွှေပေးရပါမည်။

၃။ သာကူစေ့ အလယ်အစံများ ပျောက်သွားလျှင် မီးပိတ်လိုက်ပြီ အနီရောင်ဆိုးဆေးရည်(၄စက်)ခန့် လောင်းထည့်ကာ ရောမွှေပေးပါ။

၄။ သာကူစေ့များ အနီရောင်ပြောင်းသွားလျှင် ဇကာဖြင့် ပြန်စစ်ထားပြီ ပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၅။ ပြီနောက် သကြားရည်အတွက် ပါ၀င်ပစ္စည်းများ ဖြစ်သော (အနီရောင်ဆိုးဆေးရည်၊ သကြား၊ ရေ)တို့ကို သကြားအရည်ပျော်သည်အထိ ရောမွှေပေးပါ။

၆။ နွားနို့ ၈၀၀ မီလီလီတာ ကို ဒယ်ထဲ ထည့်ပြီ မီးအတင့်သင့်ဖြင့် မိနစ် ၂၀ခန့် နွားနို့ တ၀က်ခန့် ခမ်းသွားသည်အထိ ပျစ်အောင် တည်ထားပေးပါ။

(သို့) နွားနို့ ပွက်ပွက်ဆူအောင် တည်ထားပြီ ကော်မှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ကို ရေဖြင့် ရောမွှေပြီ လောင်းထည့်ပေးပါ၊ နွားနို့ အနည်းငယ် ပျစ်လျှင် မီးပိတ်လိုက်ပါ။

ရ။ ပြီနောက် နွားနို့ကို အခန်းအပူချိန်ဖြင့် ခေတ္တအအေးခံပြီ ရေခဲသေတ္တာအောက်ထပ် ထည့်ပြီ အအေးခံထားပါ။
-------------------------
ဖာလူဒါ ပြုလုပ်နည်း

၁။ အရင်ဆုံး ဖန်ခွက်ရှည်ထဲသို့ အနီရောင် သကြားရည်(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပါ။

၂။ ပြီနောက် အပေါ်မှ မုန့်လက်ဆောင်ဖတ်(စားပွဲတင်ဇွန်း ၁ဇွန်း၊ ဂျယ်လီ ရောင်စုံ(၁မျိုး စားပွဲတင်ဇွန်း တ၀က်စီ)၊ သာကူ၊ ပူတင်း(တုံး၀က်)၊ နွားနို့(ခွက်တ၀က်)ထည့်ပေးပါ။

၃။ နောက်ဆုံး ရေခဲမုန့်(1 Scoop)အပေါ်မှ တင်၊ နို့စိမ်း(သို့) နို့စိမ်း(စားပွဲတင်ဇွန်း ၂ဇွန်း) ဆမ်းပေးပါ။

၄။ အားလုံံးကို သမအောင် အနည်းငယ် ရောမွှေပြီ အရသာရှိသော ဖာလူဒါ အေးအေးလေးကို သုံးဆောင်နိုင်ပါပြီ

image
2 နှစ်များ - ဘာသာပြန်ပါ။

ယနေ့ ရွှေဈေး (မေ - ၉ ရက်၊ ညနေ ၄ နာရီ)


-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၁၃ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၄၈၃၅၀၀၀ ကျပ်
ဝယ်ဈေး ၄၇၉၅၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၄၆၃၅၀၀၀ ကျပ်
ဝယ်ဈေး ၄၅၉၅၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

ယခုနှစ်ကုန်တွင် ဆေးခြောက်ကို မူးယစ်ဆေးဝါး စာရင်းတွင် ပြန်လည် ထည့်သွင်းမည်ဟု ထိုင်းဝန်ကြီးချုပ် ဆရီထာ ပြောကြား

ထိုင်းနိုင်ငံသည် ယခုနှစ်ကုန်တွင် ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းတွင် ပြန်လညိထည့်သွင်းမည်ဟု ထိုင်းဝန်ကြီးချုပ် ဆရီထာထာဝီဆင်းက မေ ၈ ရက်တွင် ‌ပြောကြားခဲ့သည်။
ထိုင်း နိုင်ငံသည် စိတ်အပန်းဖြေရန်ရည်ရွယ်ချက်ဖြင့် ဆေး‌ခြောက် အသုံးပြုခွင့်ပေးခဲ့ပြီးနောက် နှစ်နှစ်အကြာတွင် ယခုကဲ့သို့ အံ့အားသင့်ဖွယ် အပြောင်းအလဲကို ‌ကြေညာခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည် ၂ နှစ်အတွင်း ပြည်တွင်းတွင် သောင်းနှင့်ချီသည့် ဆေးခြောက်ဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများ ပေါ်ပေါက်လာမှုနှင့်အတူ ဆေးခြောက် လက်လီရောင်းချမှုသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည့်တိုင် အစိုးရက ဆေးခြောက်အသုံးပြုခွင့်ကို တားမြစ်ပိတ်ပင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ထိုင်း နိုင်ငံတွင် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဆေးခြောက်ရောင်းချသည့် ဈေးကွက်တန်ဖိုးသည် ဒေါ်လာဘီလျံချီ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ အထိရှိလာနိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သည်။
ထိုင်း နိုင်ငံသည် ၂၀၂၂ ခုနှစ်က ဆေးခြောက်အသုံးပြုမှုကို ရာဇဝတ်မှုအဖြစ်မှ ပယ်ဖျက်ပေးခဲ့သည့် ပထမဆုံး အာရှနိုင်ငံ ဖြစ်ခဲ့သည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

မချည်ပါနဲ့ ... တည်ဆောက်ပါ
***************************

ကျမတို့ လူသားတွေက ကိုယ်ချစ်တဲ့သူကို ခေါင်းစဉ်အမျိုးမျိုးနဲ့ ချည်နှောင်ဖို့ ကြိုးစားနေကြတယ်

- ချစ်ခြင်းတရားနဲ့ ချည်နှောင်ဖို့ကြိုးစားကြတယ်

- ငွေကြေးနဲ့ ချည်နှောင်ဖို့ကြိုးစားကြတယ်

- သနားညှာတာခံရခြင်းနဲ့ ချည်နှောင်ဖို့ ကြိုးစားကြတယ်

လူတစ်ယောက်ကို ချည်နှောင်တယ်ဆိုတာ ပင်ပန်းလွန်းလှပါတယ်

ကိုယ်က ဘယ်လောက် စွန့်လွှတ်အနစ်နာခံ အပင်ပန်းခံပြီးပဲ ကြိုးစားချည်နှောင်ထားပါစေ …

နှောင်ကြိုးပြယ်တဲ့ တစ်နေ့ …

ထွက်သွားချင်တဲ့သူက ထွက်သွားမှာပါပဲ …

လူတစ်ယောက်ကို .
အကြောင်းပြချက် တစ်စုံတစ်ရာနဲ့
ချည်နှောင်ဖို့ ကြိုးစားမယ့်အစား …

သူ့စိတ်ကူးထဲက ဘဝကို ကိုယ်တိုင် ပါဝင်တည်ဆောက်နိုင်ဖို့ ကြိုးစားပါ

သူဖြစ်ချင်တဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့အချိန်မှာ .
ချုပ်ကိုင် ချည်နှောင်နေမယ့်အစား …

သူနဲ့အတူတူ ကြိုးစားရပ်တည်ရင်း
မရှိမဖြစ် ပါရမီဖြည့်ဖက်ကောင်း .
မိတ်ဆွေကောင်း ဖြစ်ဖို့ ကြိုးစားပါ

ကိုယ်ဟာ
သူ့ဘဝခရီးမှာ မရှိမဖြစ်လိုအပ်တဲ့သူ …

သူတည်ဆောက်ချင်တဲ့ ဘဝတစ်ခုဟာ
ကိုယ်မပါရင် အဓိပ္ပာယ်မရှိနိုင်ဘူးလို့ ထင်လာတဲ့အခါ

ကိုယ်က ချည်နှောင်ဖို့မလိုဘဲ .

သူနဲ့ကိုယ်နဲ့ကြားက
နားလည်မှု၊ ယုံကြည်မှုတွေအပေါ်အခြေတည်တဲ့
မေတ္တာတရားတွေက ခိုင်ခိုင်မြဲမြဲ နှောင်ဖွဲ့ပြီး ဖြစ်နေပါလိမ့်မယ်

ဒါကြောင့် …

ကိုယ်ချစ်တဲ့သူတွေကို ချည်နှောင်ဖို့ကြိုးစားမယ့်အစား

နှစ်ယောက်အတူ ဖြစ်ချင်တဲ့ အိပ်မက်တွေ တည်ဆောက်ဖို့ ကြိုးစားကြည့်ပါနော် ❤️

✍....

image
2 နှစ်များ - ဘာသာပြန်ပါ။

Huawei ကိုင်ချင်ပေမဲ့ Google သုံးရတာ အဆင်မပြေဖြစ်မှာ စိုးရိမ်နေကြသူတွေအတွက် သတင်းကောင်း လာပါပြီ။

၁။ Huawei App Gallery ကို အရင်ဝင်ပါ။
၂။ ပြီးရင် App Gallery ရဲ့ Search မှာ microG ကို ရိုက်ထည့်ပြီး ရှာလိုက်ပါ။
၃။ ပြီးရင် Install လုပ်လိုက်ပါ။ ဒါဆိုရင် Google Services တွေကို အခက်အခဲမရှိ Install လုပ်ပြီး အသုံးပြုလို့ရတော့မှာ ဖြစ်ပါတယ်။

အခြားအချက်တွေအနေနဲ့ −
Google Apps တွေကို Google Account ဝင်ပြီး ပုံမှန်အတိုင်း သုံးနိုင်ပါလိမ့်မယ်။
EMIUI 12 နဲ့ အထက်ပဲ Support ပေးတယ်လို့ သိရပါတယ်။

image

Casual Midi Skirt Outfit!

2 နှစ်များ - ဘာသာပြန်ပါ။

Wisteria is always pretty 💜

image
2 နှစ်များ - ဘာသာပြန်ပါ။

Wisteria is always pretty 💜

image
2 နှစ်များ - ဘာသာပြန်ပါ။

Wisteria is always pretty 💜

image
2 နှစ်များ - ဘာသာပြန်ပါ။

Wisteria is always pretty 💜

image
image
image