Brian Esparza သူ့ပရိုဖိုင်ပုံပြောင်းသွားတယ်။
2 နှစ်များ

image
Megan undefined သူ့ပရိုဖိုင်ပုံပြောင်းသွားတယ်။
2 နှစ်များ

image
2 နှစ်များ - ဘာသာပြန်ပါ။

***သခင် တမ်းနှင့်လေတော့မည် ~ ဗန်းမော်ညိုနွဲ့***

နွေမှသည် ပြောင်း၊ မိုးလည်း နှောင်း၍
ဆောင်းသို့ ဝင်စ၊ သုံးမာသဝယ်
သက်မျှ ဒါရူ၊ ပင်နန်းသူလျှင်
ဘွင်ဆူ လှိုက်လှဲ၊ မျက်ရည်ရွဲနှင့်
ရွှေခဲဖုန်းခေါင်၊ မယ်တို့မောင်ကို
ပေါ်ယောင်မြော်လင့်၊ ပူမီးပင့်၍
တမ်းနှင့်ရှာလေ ချေတော့မည်။ ။

image
Cheryl Cartwright သူမ၏ပရိုဖိုင်ပုံပြောင်းခဲ့သည်။
2 နှစ်များ

image
2 နှစ်များ - ဘာသာပြန်ပါ။

ကျွန်တော်နေ့တိုင်း Content တွေရေးနိုင်ဖို့
နည်းလမ်းတစ်ခုကို အသုံးပြုပါတယ်

အဲ့ဒါကတော့​ နေ့တိုင်းစာဖတ်ခြင်းပဲဖြစ်ပါတယ်

=====

Content ရေးတဲ့အခါ ကျွန်တော်တို့ရဲ့ခေါင်းက
Computer တစ်လုံးလိုမျိုး အလုပ်လုပ်ပါတယ်

Computer ထဲကို ဘာ File မှ မထည့်ထားရင်
ဘာမှလုပ်ခိုင်းလို့ရမှာမဟုတ်ပါဘူး

App အကောင်းစားတွေ သုံးဖို့ File ကြီးတွေထည့်ရင်
App ကောင်းကောင်းတွေ Run လို့ရတာပေါ့

=====

Content ရေးတဲ့အခါမှာလဲအလားတူပါပဲ..

ကျွန်တော်တို့ရဲ့ခေါင်းထဲ ဘာမှမထည့်ရင်
ဘာ Content Idea မှ ထွက်လာမှာမဟုတ်ပါဘူး

ရွှေနဲ့တူတဲ့ Knowledge တွေထည့်ရင်
ရွှေနဲ့တူတဲ့ Content တွေထွက်လာပါလိမ့်မယ်

ဒါ့ကြောင့် Content ရေး​မယ်ဆိုရင် သက်ဆိုင်ရာ
Topic အလိုက် Input များများထည့်ဖို့လိုပါတယ်

ကလေးဒိုင်ဘာ Page အတွက်ရေးမယ်ဆိုရင်
မိခင်နဲ့ကလေးစာအုပ်တွေ ဖတ်ဖို့လိုနိုင်တယ်

ဆေးဖက်ဆိုင်ရာ Page အတွက်ရေးမယ်ဆိုရင်
ဆေးနဲ့ပတ်သက်တဲ့စာအုပ်တွေ ဖတ်ဖို့လိုနိုင်တယ်

ပြောရရင် ကုန်ကြမ်းရှိမှ ကုန်ချောထွက်မယ်ပေါ့

=====

ခေါင်းထဲကို ကုန်ကြမ်း​တွေထည့်တဲ့နေရာမှာ
စာဖတ်တာတစ်မျိုးတည်းရှိတာမဟုတ်ပါဘူး

- Research တွေ၊ Blog လိုက်ဖတ်တာ
- သင်တန်းတွေတက်တာ၊ ပွဲတွေတက်တာ
- Customer တွေနဲ့စကားပြောတာ၊ အကြံပေးတာ
- ပြိုင်ဖက်တွေကို လေ့လာကြည့်တာ
- Comment တွေ၊ Share ထားတာတွေကိုဖတ်တာ
- သတင်းတွေလိုက်ဖတ််တာ အစရှိတဲ့ပုံစံတွေနဲ့
Content ရေးဖို့ ကုန်ကြမ်းတွေရှာဖွေလို့ရပါတယ်

တခါတလေ သင်တန်းတစ်ချိန် တက်ပြီးသွားရင်
Content Idea တန်းစီထွက်လာတာမျိုးကြုံဖူးလား?

သင်တန်းမှာ ကုန်ကြမ်းတွေ အပြည့်အဝရသွားလို့ပါ

ငိုက်နေမိတဲ့သင်တန်းချိန်တွေဆို သင်ပြီးသွားလဲ
ခေါင်းကနေ ဘာ Idea မှ မထွက်လာတတ်ပါဘူး 🙅🏻‍♂️

ကုန်ကြမ်းရှာတဲ့နည်းတွေထဲမှာ
နေ့စဥ်စာဖတ်ခြင်းကတော့
အကောင်းဆုံး ကုန်ကြမ်းရှာနည်းပေါ့😁

ကျွန်တော်ဆို Marketing နဲ့ပတ်သက်ပြီး တနေ့ကို
20 to 50 Pages လောက်် စာဖတ်လေ့ရှိပါတယ်...

=====

Content ရေးဖို့ခက်တယ်ဆိုတာ
တကယ်တော့ကုန်ကြမ်းရှာဖို့ခက်တာပါ

ကုန်ကြမ်းတွေ အများကြီးရှိရင်
ရသမတူတဲ့ Content တွေမျိုးစုံထွက်လာပါလိမ့်မယ်

အကယ်၍ သင်က နေ့တိုင်းစာဖတ်ဖြစ်တယ်ဆိုရင်
ကုန်ကြမ်းရှာရင်း ကိုယ်ပါ ဗဟုသုတတိုးတော့
တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့

Content ရေး​တယ်လို့စိတ်ထဲမထားပဲ
နေ့စဥ်တိုးတက်နေအောင်
- နေ့တိုင်းစာဖတ်
- ဖတ်ထားတဲ့စာကို ပြန်ရှင်းပြနေတယ်လို့
စိတ်ကူးထဲမှာ မြင်ယောင်ကြည့်ပါ

Content ကောင်းကောင်းထွက်ဖို့
ကုန်ကြမ်းကောင်းကောင်းလိုအပ်ပါတယ်ခင်ဗျာ✅

ကုန်ကြမ်းများများရဖို့ စာများများဖတ်ပါ 💖

2 နှစ်များ - ဘာသာပြန်ပါ။

Market ဆိုတာ စျေးကွက်
Marketing ဆိုတာ စျေးကွက်ရေးရာ

စျေးကွက်စီးပွားရေးဆိုတဲ့အတိုင်းပဲ
Marketing​ လုပ်တဲ့အခါ
စျေးကွက်ရဲ့အခြေအနေကိုစောင့်ကြည့်ရတယ်

စျေးတစ်ခုလုံးမီးလောင်နေတဲ့အချိန်
ငါးစိမ်းသည်တစ်ယောက်က သူ့ရဲ့ငါးတွေကို
စျေးချပြီး ဘယ်လောက်အော်ရောင်းရောင်း
ဘယ်လိုမှရောင်းရမှာမဟုတ်ဘူး...

မီးတွေအရင်ငြိမ်းဖို့လိုတာလဲဖြစ်နိုင်သလို
မီးငြိမ်းသွားတဲ့အခါ ဘယ်လိုရောင်းမယ်ဆိုပြီး
ကြိုတင်ပြင်ဆင်ရတာမျိုးလဲဖြစ်နိုင်တယ်...

အမြဲကိုယ်ရောင်းချင်သလိုရောင်းနေလို့မရဘူး
စျေးကွက်ရဲ့အခြေအနေကိုလဲ ကြည့်တတ်ဖို့လိုတယ်✅

2 နှစ်များ - ဘာသာပြန်ပါ။

ပြည်ပအလုပ်အကိုင်အေဂျင်စီများ အခွန်လျှော့ပေါ့စေရန်ရည်ရွယ်ပြီး ပြည်ပစေလွှတ်သည့် လုပ်သားစာရင်းလိမ်လည်တင်ပြပါက အရေးယူခံရမည်ဟု အလုပ်သမားဝန်ကြီးဌာန ကြေညာ

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ အခွန်လျှော့ပေါ့စေဖို့ရည်ရွယ်ပြီး ပြည်ပစေလွှတ်တဲ့ လုပ်သားစာရင်းလိမ်လည်တင်ပြ ပါက အရေးယူခံရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ကြေညာပါတယ်။

Zawgyi

ပြည်ပအလုပ်အကိုင်အေဂျင်စီများ အခွန်လျှော့ပေါ့စေရန်ရည်ရွယ်ပြီး ပြည်ပစေလွှတ်သည့် လုပ်သားစာရင်းလိမ်လည်တင်ပြပါက အရေးယူခံရမည်ဟု အလုပ်သမားဝန်ကြီးဌာန ကြေညာ

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ အခွန်လျှော့ပေါ့စေဖို့ရည်ရွယ်ပြီး ပြည်ပစေလွှတ်တဲ့ လုပ်သားစာရင်းလိမ်လည်တင်ပြ ပါက အရေးယူခံရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ကြေညာပါတယ်။

2 နှစ်များ - ဘာသာပြန်ပါ။

ကြက်ဥပူတင်း

၁ဘန်းစာ အချိုးကိုရေးထားပါတယ်

ကြက်ဥ= ၁၀လုံး(အနေတော်အရွယ်)
သေးရင် ၁လုံးပိုထည့်
နွားနို့ = ၁လီတာ
သကြား= ၁၀ကျပ်သား
ဂျုံမှုန့် = ၅ဇွန်း(ထမင်းစားဇွန်း)
ဆား= လက်ဖက်ရည်ဇွန်းတဝက်
ဗနီလာနံ့= ၁စက်
(မရှိရင် custard powder တဇွန်းလောက်
ထည့်ပါ)ကြက်ဥရဲ့ အနံ့မထွက်အောင်
ထည့်တာပါ
ထောပတ် =၁ဇွန်း(ထမင်းစားဇွန်း)

အရင်ဆုံး ကြက်ဥကို ကြေအောင်
ခေါက်မွှေပါ
သကြားနဲ့ နွားနို့ ဆားရောပြီး ၁၀မိနစ်
လောက်ထပ်မွှေပါ
ဂျုံ မှုန့်ကို ဇကာနဲ့ စစ်ပြီး ရောမွေပါ
အဖတ်တွေမဖြစ်အောင်ပါ
ဖုတ်မယ့်ဘန်း ကို ထောပတ်၁ဇွန်းနဲ့
နှံ့အောင်သုတ်ထားပါ
အိုးထဲထည့် မီးနဲနဲလေးနဲ့ ကြက်ဥရည်
ပျစ်လာအောင်ကျိုပါ
အဆက်မပြတ်မွေနေရပါမယ်
ဗနီလာ တစက်လောက်ထည့်ပါ
မိနစ် ၂၀လောက်
ကျိုရပါတယ် ပျစ်လာရင် ဖုတ်မယ့်ဘန်း
၉+၁၁လက်မ ထဲထည့် အပူချိန် ၁၆၀ံ
စင်တီဂရိတ် မိနစ်၃၀ဖုတ်ပါ
နီရောင်သမ်းလာရင် အအေးခံပါ
လုံးဝအေးသွားမှ ရေခဲသေတ္တာထဲ ၁နာရီ
လောက်ထည့်ပါ
မုန့်ဖြတ်ရတာ ပိုလွယ်ပါတယ်
(တခြားနည်းတွေလဲ ရှိပါတယ်
ဒါလေးကတော့ ဆွမ်းကပ်တာပဲဖြစ်ဖြစ်
အလှူပဲဖြစ်ဖြစ်
အချိုပွဲအနေနဲ့ ထည့်ကြတာမို့ အဲ့ဒီ
နည်းလေးနဲ့ လုပ်ထားတာပါရှင်)
ပေါင်းလို့လဲရပါတယ် ဒါပေမယ့်
ဘန်းကကြီးလို့ ပေါင်းအိုးနဲ့ မဆန့်ရင်
တဝက်အချိုးနဲ့ လုပ်လို့ရပါတယ်
ကျမတို့ဆီမှာတော့ ပေါက်ဆီပေါင်းတဲ့
အိုးအကြီးနဲ့ ၁၀ဘန်း တပြိုင်နက်ပေါင်း
ကြပါတယ် ပြီးမှ အပေါ်မီး နဲနဲတင်လိုက်
တာပါရှင်

image
2 နှစ်များ - ဘာသာပြန်ပါ။

iPad 10 စျေးကျသွားပြီနော်….

$349 ကနေစပါတယ် အရင်က $449ပါ။။

image
2 နှစ်များ - ဘာသာပြန်ပါ။

ဒီဇင်ဘာလအစက စတွက်ရင် အိမ်ကွင်းရလဒ်မှာ အာဆင်နယ်နဲ့မန်စီးတီးကို ကောင်းကောင်းယှဉ်နိုင်တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်း၏ ရလဒ်များကို တစ်ရာသီလုံးမဟုတ်ဘဲ ပြီးခဲ့သည့် (၂၀၂၃) ဒီဇင်ဘာလအစမှ စတင်တွက်ချက်မည်ဆိုပါက ပရီးမီးယားလိဂ်အိမ်ကွင်းရလဒ်နှင့် ရမှတ်များမှာ ဇယားထိပ်မှ အာဆင်နယ်၊မန်စီးတီးအသင်းတို့ထက် မညံ့ဘဲ ကောင်းကောင်းယှဉ်နိုင်မည်ဖြစ်သည်။(၂၀၂၃) ဒီဇင်ဘာလအစမှ စတင်၍ လက်ရှိအချိန်အထိ ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်(၁၁)ပွဲကစားခဲ့ရာ ယင်းထဲမှ (၉)ပွဲကို အနိုင်ယူနိုင်ခဲ့ပြီး(၁)ပွဲသရေကျကာ၊(၁)ပွဲသာရှုံးနိမ့်ခဲ့သည်။ယင်းအိမ်ကွင်းနိုင်ပွဲအရေအတွက် (၉)ပွဲမှာ ယင်းကာလအတွင်း အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်အိမ်ကွင်းနိုင်ပွဲအရေအတွက်နှင့် အတူတူပင်ဖြစ်သည်။ချယ်လ်ဆီးအသင်းအနေဖြင့် ယင်းကာလအတွင်း အိမ်ကွင်းရမှတ်(၂၈)မှတ်ရယူနိုင်ခဲ့ရာ ယင်းမှာလည်း မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ်အိမ်ကွင်းရမှတ်နှင့် အတူတူပင် ဖြစ်သည်။ချယ်လ်ဆီးအသင်းသည် (၂၀၂၃) ဒီဇင်ဘာလမတိုင်မီ အိမ်ကွင်းပွဲစဉ်(၇)ပွဲတွင် ရမှတ်(၆)မှတ်သာရယူနိုင်ခဲ့သော်လည်း ဒီဇင်ဘာလမှစ၍ အိမ်ကွင်းပွဲစဉ်(၁၁)ပွဲတွင် (၂၈)မှတ်အထိ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

image