2 နှစ်များ - ဘာသာပြန်ပါ။

Gentle with flower ✨✨✨

image
2 နှစ်များ - ဘာသာပြန်ပါ။

Gentle with flower ✨✨✨

image
2 နှစ်များ - ဘာသာပြန်ပါ။

Gentle with flower ✨✨✨

image
2 နှစ်များ - ဘာသာပြန်ပါ။

Gentle with flower ✨✨✨

image
image
image
image
2 နှစ်များ - ဘာသာပြန်ပါ။

ချစ်တီးထမင်းလေးဆွဲမယ်😋

image
2 နှစ်များ - ဘာသာပြန်ပါ။

The beauty of Thailand 💚💚💚

image
2 နှစ်များ - ဘာသာပြန်ပါ။

❗‌သင်သိပါသလား?

ဘောလုံးသမိုင်းမှာ ညာ‌ခြေနဲ့ ဂိုး(၁၀၀)၊ ဘယ်ခြေနဲ့ဂိုး(၁၀၀)၊ နောက်ပြီး ခေါင်းနဲ့ဂိုး(၁၀၀)ပြည့်အောင် သွင်းယူနိုင်တဲ့ ကစားသမားတစ်ယောက်ပဲရှိပါတယ်...

အဲ့ဒီလူက ဂုတ်ကြီး
ခရစ်စတီယာနိုရော်နယ်ဒိုပါပဲ...🐐

image
2 နှစ်များ - ဘာသာပြန်ပါ။

ကျနော် ဘယ်သူနဲ့မှ
တစ်ကနေ ပြန်မစချင်တော့ဘူး ။
ကျနော့်အကြောင်းအသေးအဖွဲ့
မိသားစုအရေးကအစ ဘယ်သူ့ကိုမှထပ်မပြောပြချင်တော့ဘူး ။
ဝေးသွားခဲ့ရင်တောင်မှ နောက်လူကိုတော်တော်နဲ့
ထပ်မချစ်ဖို့များပါတယ် ။ 🖤

?

2 နှစ်များ - ဘာသာပြန်ပါ။

ဘယ်သူနဲ့ပဲ စိတ်ဆိုးဆိုး၊ ဘယ်သူ့ကိုပဲ ခွင့်မလွှတ်နိုင်လောက်အောင် မုန်းမုန်း သွေးအေးသွားတဲ့ အချိန်မှာ အဲဒီလူနဲ့ ပတ်သက်ပြီး ကောင်းတဲ့ အချက်တွေကို အမြဲ ပြန်စဉ်းစားဖြစ်တယ်။

လူဆိုတာကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြတာမို့ စိတ်အခန့်မသင့်ဆိုတာ ရှိမှာပဲ။ တစ်ခါတလေ ကျွန်မတို့က ကိုယ့်စိတ်နဲ့ကိုယ်တောင် တည့်လို့လား။ ကိုယ့်ကိုယ်ကိုယ် အလိုမကျရတာနဲ့၊ စိတ်မရှည်ရတာနဲ့ ရှိကြသေးတာပဲ။ သူများတွေနဲ့လည်း အဆင်မပြေတာမျိုးက ရှိမှာပဲ။

ကျွန်မက ဒေါသကြီးတဲ့ typeထဲတော့ မပါပေမဲ့ အရင်ကဆိုရင် တစ်ခုခုဆိုရင် စိတ်မထိန်းမိဘဲ မြန်မြန်ဆန်ဆန် တုံ့ပြန်တတ်တယ်။ တစ်ခါတလေ ဒေါသကြောင့် အမှားလုပ်မိတာမျိုး ရှိတယ်။

တစ်ချို့အရာတွေက ဒေါသဖြစ်နေတဲ့အချိန်မှာ မမြင်နိုင်ဘူးလေ။ သွေးအေးသွားမှ မြင်နိုင်တာ။ ဘယ်လောက်ပဲ စိတ်ကောက်ကောက် စိတ်တိုတို ကောင်းတာလေးတွေ ပြန်စဉ်းစားပြီး ခွင့်လွှတ်ဖြစ်တယ်။

ငါ့ကို ဘယ်တုန်းက ဘယ်လိုကောင်းခဲ့ဖူးတာပဲ။
ငါ့ကို ကူညီပေးခဲ့ဖူးတာပဲ... စသဖြင့် ကောင်းတဲ့အရာတွေပဲ စဉ်းစားပြီး ခွင့်လွှတ်ပေးလိုက်တယ်။

အကယ်၍ အဲဒီဆက်ဆံရေးဟာ ဆုံးခန်းတိုင်နေပြီဖြစ်နေတဲ့ ဆက်ဆံရေးဆိုရင်တောင်မှ အမုန်းတွေနဲ့ မမှတ်မိချင်ဘူး။ ကိုယ်တိုင်အေးချမ်းချင်သလို တစ်ဖက်သူအပေါ်လည်း ငြိမ်းချမ်းစေချင်ပါတယ်။

ငါ့ကို ဘယ်လိုလုပ်လို့ ဘယ်လိုပြန်လုပ်လိုက်မယ် ဆိုတဲ့ စိတ်၊ ငါ့အကြောင်း ကောင်းကောင်းသိစေရမယ်ဆိုတဲ့ စိတ်မျိုး၊ ဝဋ်လည်ပါစေဆိုတဲ့ စိတ်မျိုး ဘယ်သူ့အပေါ်မှာမှ မထားပါနဲ့။ ကာယကံမှု မမြောက်ခင် မနောကံရဲ့ စိတ်တန်ခိုးဟာ ပိုမြန်ပါတယ်။ သံသရာတွေကို မရှည်စေနဲ့။ ချစ်လို့ဖြစ်စေ၊ မုန်းလို့ ဖြစ်စေ သံသရာမရှည်စေနဲ့။ အထူးသဖြင့် အမုန်းတွေကို၊ ၀ဋ်တွေကို လက်ဆင့်မကမ်းနဲ့။

ဓာတ်သဘောဆိုတာ ကူးလူးဆက်ဆံနိုင်တယ်။ အပူဖြန့်ရင် အပူကူးလိမ့်မယ်။ အေးချမ်းတဲ့ဓာတ်ကို ဖြန့်ရင် အေးချမ်းစေလိမ့်မယ်။ ကိုယ်နဲ့ထိတွေ့မဲ့သူတိုင်းကို ပူလောင်စေချင်လား။ အေးချမ်းစေချင်လား။

တစ်ချို့သောအရာတွေကလေ ကိုယ်ကနေစပြီး ရပ်တန့်ပေးလိုက်ဖို့၊ ကျေအေးချမ်းသာပေးလိုက်ဖို့ပဲ လိုပါတယ်။ အရာအားလုံးဟာ မိမိကနေ စတင်ပါတယ်။ လူတွေကို ငါဘာပေးနိုင်မလဲလို့ စဉ်းစားတဲ့အခါတိုင်း အေးချမ်းကြည်လင်တဲ့ စိတ်နှလုံးသားတစ်စုံကို ပေးနိုင်တယ်လို့ အမြဲ စဉ်းစားမိစေချင်ပါတယ်။