2 yrs - Translate

ဧပြီ ၂၆ ရက်နေ့ဟာ ကွန်ဖူးပညာရှင် ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး ဂျက်လီရဲ့ အသက် ၆၁ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ 🎂
သူ့ကို တရုတ်ပြည်မကြီးမှာမွေးဖွားခဲ့ပြီး တရုတ်နိုင်ငံသားအဖြစ် ၂၀၀၃ ခုနှစ်အထိ နေထိုင်ခဲ့ပါတယ်။အခုလက်ရှိက စင်ကာပူနိုင်ငံသား ခံယူထားပါတယ်။😎
၁၉၈၂ ခုနှစ်ကထွက်ခဲ့တဲ့ Shaolin Temple က သူ့ရဲ့ ရုပ်ရှင်မင်းသားဘဝ ပွဲဦးထွက် ဇာတ်ကားဖြစ်ပါတယ်။🎬
အသက် ၁၈ နှစ်မပြည့်ခင်ကတည်းက နိုင်ငံအဆင့် ဝူရှူးချန်ပီယန် ၅ ကြိမ် ဖြစ်ခဲ့သူပါ။🥋
သူဟာ ကိုယ်ခံပညာရှင်အဖြစ် စတင်ခဲ့ပြီး ရုပ်ရှင်မင်းသားဘဝရောက်တော့လည်း ဟောလိဝုဒ်စင်မြင့်အထိ တက်လှမ်းနိုင်သူပါ။ 💪
ဂျက်ကီချန်းရဲ့ အောင်မြင်မှုကို မမီနိုင်သေးဘူးလို့ ဆိုရပေမယ့် အာရှရဲ့ တောက်ပတဲ့ ကြယ်ပွင့်ထဲကတပွင့်လို့ဆိုနိုင်ပါတယ်။🤗
သူ့အကြောင်း ပိုသိ ပိုကြည့်ချင်သေးတယ်ဆိုရင် Trusty Network အင်တာနက်က အမြန်ဆုံး အကူအညီပေးပါလိမ့်မယ်။😎
ဂျက်လီအကြောင်း ရေးလို့ တိုက်ဆိုင်စွာပဲ ဧပြီ ၂၆ ရက်နေ့က ကမ္ဘာကျော် ကိုယ်ခံပညာရှင် ကျို့ခ်ရှင်းကရာတေးပညာရပ်ကို တီထွင်တဲ့ ကိုရီးယားလူမျိုး ဂျပန်နိုင်ငံသား ဆရာကြီး မတ်ဆုတဆုအိုယားမား ကွယ်လွန်တဲ့ အနှစ် ၃၀ ပြည့် နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။🖤
ဆန်နီချီးဘား၊ ဟီရိုယုကိဆာနားဒါး၊ ဒေါ့ဖ်လန်ဂလင်၊ မိုက်ကယ်ဂျေဝှိုက်၊ ရှောင်ကွင်နရီတို့လို ဟောလိဝုဒ်အကျော်အမော် အက်ရှင်မင်းသားတွေရဲ့ ဆရာတပါးဖြစ်သလို ရှောင်ကွင်နရီရဲ့ ဂျိမ်းစဘွန်းကားတော်တော်များများမှာလည်း ဆရာကြီးရဲ့ တပည့်တွေက ဖိုက်တင်ခန်းတွေစီစဉ်ပေးပြီး ပါဝင်သရုပ်ဆောင်မှု ပြုလုပ်ခဲ့ကြပါတယ်။ 👈
၁၉၉၄ ခုနှစ် ဧပြီ ၂၆ ရက်နေ့မှာ ဆရာဝန်က ကရာတေး ကစားတာကနားရင် အသက်ပိုရှည်မယ်လို့ပြောပေမယ့် ကစားတာကို မရပ်နားခဲ့ဘဲ လေ့ကျင့်ကွင်းထဲမှာပဲ နည်းပြနေစဉ် ကွယ်လွန်ခဲ့ပါတယ်။ 🖤
သူ့ရဲ့ကျို့ခ်ရှင်းကရာတေးနည်းစနစ်ကတဆင့် ကမ္ဘာကျော် ကေဝမ်းလို အဖွဲ့အစည်း ပေါ်ပေါက်ခဲ့သလို ယူအက်ဖ်စီ ချန်ပီယံဟောင်း ဂျော့ချ်စိန့်ပီးယားစ်အပါအဝင် ကြိုးဝိုင်းတိုက်ခိုက်ရေးသမားပေါင်းများစွာလည်း ပေါ်ပေါက်ခဲ့ပါတယ်။🥋
သူ့ရဲ့ ကိုယ်ခံပညာအပေါ်သတ်မှတ်ချက်က ကရာတေးပညာရပ်ဆိုတာ တိုက်ခိုက်ဖို့အတွက်ပဲမဟုတ် လူမှုပေါင်းသင်းဆက်ဆံရေးအတွက်လည်း အရေးပါတယ်လို့ ဆိုထားပါတယ်။👈
တကယ်လည်း ကျို့ခ်ရှင်းကရာတေးအဖွဲ့အစည်းကြီးက ကမ္ဘာတဝှမ်းမှာရှိပြီး ကရာတေးကစားခြင်းသာမကပဲ လူမှုအကျိုးဆောင်ရွက်သူများစွာကို မွေးထုတ်ပေးနေပါတယ်။ 👍

Credit to TRUSTY Network

imageimage
2 yrs - Translate

လွတ်လွတ်လပ်လပ်လေး ဂိမ်းဆော့ခဲ့ရတဲ့အချိန်တွေကို ပြန်လွမ်းမိတယ်

photo credit

image
2 yrs - Translate

Fight news 🗞️ coming soon! @onechampionship
ဆိုပြီးတော့ အောင်လရဲ့ Official account ကနေတင်ပြီမို့ ဒီရက်ပိုင်း အောင်လရဲ့ တွဲဆိုင်းသတင်းကတော့ ကြားရတော့မှာပါ။ ဖိုက်တင်းပါ မြန်မာ့ စပါးအုံးရေ

image
2 yrs - Translate

Fight news 🗞️ coming soon! @onechampionship
ဆိုပြီးတော့ အောင်လရဲ့ Official account ကနေတင်ပြီမို့ ဒီရက်ပိုင်း အောင်လရဲ့ တွဲဆိုင်းသတင်းကတော့ ကြားရတော့မှာပါ။ ဖိုက်တင်းပါ မြန်မာ့ စပါးအုံးရေ

image
2 yrs - Translate

Fight news 🗞️ coming soon! @onechampionship
ဆိုပြီးတော့ အောင်လရဲ့ Official account ကနေတင်ပြီမို့ ဒီရက်ပိုင်း အောင်လရဲ့ တွဲဆိုင်းသတင်းကတော့ ကြားရတော့မှာပါ။ ဖိုက်တင်းပါ မြန်မာ့ စပါးအုံးရေ

image
2 yrs - Translate

Fight news 🗞️ coming soon! @onechampionship
ဆိုပြီးတော့ အောင်လရဲ့ Official account ကနေတင်ပြီမို့ ဒီရက်ပိုင်း အောင်လရဲ့ တွဲဆိုင်းသတင်းကတော့ ကြားရတော့မှာပါ။ ဖိုက်တင်းပါ မြန်မာ့ စပါးအုံးရေ

image
image
image
2 yrs - Translate

ဒီလိုရက်ဆို အဖွဲ့ ၂ ဖွဲ့ကွဲသွားပါတယ်
လစာစောရလို့ ဘားသွားမူးတဲ့အဖွဲ့နဲ့
ရှိတာလေးနဲ့ဖြစ်သလိုမူးရတဲ့အဖွဲ့

image
2 yrs - Translate

ဒီလိုရက်ဆို အဖွဲ့ ၂ ဖွဲ့ကွဲသွားပါတယ်
လစာစောရလို့ ဘားသွားမူးတဲ့အဖွဲ့နဲ့
ရှိတာလေးနဲ့ဖြစ်သလိုမူးရတဲ့အဖွဲ့

image
2 yrs - Translate

ဒီလိုရက်ဆို အဖွဲ့ ၂ ဖွဲ့ကွဲသွားပါတယ်
လစာစောရလို့ ဘားသွားမူးတဲ့အဖွဲ့နဲ့
ရှိတာလေးနဲ့ဖြစ်သလိုမူးရတဲ့အဖွဲ့

imageimage
2 yrs - Translate

ပေါ်ပင် မဖြစ်ကြဘို့ အရေးကြီးတယ်
သစ်ပင်စိုက်ကြပါ ဆိုလို့.....
အခုတလော ပြန်ခေတ်ထလာလို့ပြောချင်လာတာပါ။ ဒီကိစ္စဟာ လူအတော်များများ ကမ်ပိန်း (campaign) တွေလုပ်၊ ပရောဂျက်တွေရှာနဲ့ အတော် ဟော့ဖြစ်နေတဲ့ ကိစ္စပါ။ သစ်ပင်စိုက်ကြမယ်တဲ့...။
တချို့လဲ ကျွန်းစိုက်ကြတာပေါ့၊ တချို့က တခြားသစ်မာပင်ပေါ့၊ တချို့ကြတော့လဲ အပင်ဖြစ်ရင်ပြီးရော (ဘာပင်ဖြစ်ဖြစ် အောက်စီဂျင်ရရင် ပြီးတာဘဲဆိုတော့) စိုက်ကြပါတယ်။ ဒါလည်းကောင်းတဲ့ အချက်ပါဘဲ။ ဒီထက်လေးလေးနက်နက် ပြောရရင် အဲဒီလိုလုပ်တာဟာ မမှန်သေးဘူးဗျ။
ကျနော့်ဆရာ ဆရာသိန်းအောင် သင်ကြားပေးနေကြ အချက်လေး ဒီမှာပြောပြချင်လာတာပါဘဲ။ အပင်စိုက်ကြတယ်ဆိုတော့ ကြုံတဲ့အပင်စိုက်ရင် ဘာဖြစ်လာမလဲ..... ။ ဒီအချက်က စပြောကြတာပေါ့။ ဥပမာ ရန်ကုန်မြို့ တနေရာမှာ ကျွန်းပင်တွေ စိုက်ကြပြီဆိုပါတော့။ (၁) ကျွန်းပင်တွေ တကယ်ဖြစ်ထွန်းရဲ့လား.....။ ထင်သလောက်မဖြစ်ထွန်းဘူးနော်။ မြန်မာနိုင်ငံမှာ ကျွန်းသစ်အများဆုံးနဲ့ အကောင်းဆုံး မှတ်တမ်းတွေက ရိုးမတွေကဘဲ..အထူးသဖြင့် ပဲခူးရိုးမပေါ့။ ဘာဖြစ်လို့လဲ သူ့ပေါက်ရောက်ရာဒေသ သူ့ဖြစ်ထွန်းမှုဆိုတာကို လေ့လာသင့်တယ်။ ပြီးတေ့ာ စိုက်တော့ စိုက်ပါရဲ့ စိုက်ပြီး လှည့်မကြည့်တော့ဘူး။ သင်းသပ်မဲ့လူမရှိ သေချာစောင့်​ကြည့်မဲ့လူ မရှိမှတော့ စိုက်လဲ အလကားဘဲ ဖြစ်မှာပါ။
ဟုတ်ပြီ ကျွန်းအကြောင်း မပြောဘူး ထင်းရှူးပင်တွေအကြောင်းပြောရအောင်။ ကလောတို့ အောင်ပန်းတို့ ဘက်တွေမှာ ထင်ရှုးပင်တွေ စိုက်ကြတယ်။ တခုသတိမထားမိတာက ထင်းရှုးမျိုးရင်းတွေမဟုတ်ဘဲ အနောက်တိုင်းမျိုးတွေ ဖြစ်နေခဲ့တာဘဲ။ အဲဒီတော့ မေးစရာရှိလာပြီ။ ထင်းရှုးပင်ဖြစ်ရင် ပြီးရောပေါ့ကွာ၊ ဘာတွေ လိုနေသေးလို့လဲ ဆိုတာမျိုးပေါ့။
တကယ်အရေးအကြီးဆုံး အချက်ကို ဒီမှာပြောပါမယ်။ ကျနော်တို့တွေက နေရာဒေသတစ်ခုမှာ ကြုံအရာအပင်စိုက်လိုက်ရင် အဲဒီဒေသရဲ့ ဂေဟစနစ်တခုလုံး (eco system) ပြောင်းသွားနိုင်တာဘဲ၊ အဲဒီလို ပြောင်းသွားတာရဲ့ အကျိုးဆက်ကတော့ မကောင်းလှပါဘူး။ ဥပမာ အပင်မစိုက်ခင် အဲဒီဒေသမှာ ဘယ်လိုကျေးငှက်တွေ နေထိုင်ကျက်စားကြသလဲ၊ ဘယ်လို အင်းဆက်ပိုးတွေရှိတတ်ကြသလဲ၊ ဘယ်လိုတွားသွား၊ အသားစား၊ စသည်ဖြင့်နေထိုင်တတ်ကျလဲ အရင်လေ့လာပြီးမှ စိုက်သင့်ပါတယ်။ ဒီငှက်တွေဟာ ဟာဘယ်အပင်နဲ့ ​ဘယ်အသီးတွေကို စားသုံးပြီးရှင်သန်ကြသလဲ။ ဘယ်လိုအပင်မျိုးမှာ အသိုက်ဆောက်ကြသလဲ၊ ဒီမျောက်တွေဟာ ဘာအရွက်စားတာလဲ။ ဒီအသားစားအကောင်တွေကရော ဘာအသားစားပြီးရှင်သန်ကြတာလဲ လေ့လာပြီးမှ လိုအပ်တဲ့ အပင်ကို အဓိကထား စိုက်ရပါတယ်။ အဲဒီလို ဂေဟာစနစ်တခုသာ ပြောင်းသွားလိုက်ပြီဆိုရင် အဲဒီမှာ ရှင်သန်နေကြတဲ့ သက်ရှိမျိုးစိပ်တွေ အသွင်ပြောင်းရင်ပြောင်း၊ မပြောင်းနိုင်ရင် မျိုးတုန်းသွားနိုင်ပါတယ်။
မျိုးတုန်းရင် ဘာဖြစ်သွားလဲ မေးလာမှာပေါ့။ အစာကွင်းဆက်ပြတ်ပြီဆိုတာနဲ့ ဥပမာ အင်းဆက်စားပင်တွေ မရှိရင်၊ အင်းဆက်မျိးတုန်းမယ်။ သူတို့မရှိရင် ဝတ်မှုန်ကူးပေးမဲ့ အကောင်မရှိတော့ဘူး။ အင်းဆက်မရှိရင် သူတို့ကိုစားပြီးရှင်သန်ရတဲ့ ငှက်လို(အခြားမျိုးစိတ်) တခု မျိုးတုန်းသွားနိုင်တယ်။ အဲဒီလို မျိုးတုန်းရင် ဂေဟစနစ်ပျက်ပြီဘဲ။ သူတို့မရှိတာနဲ့ အခြားအင်းစက်မျိုးစိပ်အသစ်ဖြစ် လူတွေ မမျှော်လင့်တာတွေ ဖြစ်လာနိုင်တယ်၊ ဒါဆိုရင် အန္တရာယ် ရှိလာပြီပေါ့။ အနီးဆုံး ဥပမာပေးရရင် တရုတ်ပြည်မှာ မြွေအရမ်စားလို့ မြွေမျိုးတုန်းတယ်။ မြွေမျိုးတုန်းတော့ လယ်ထဲမှာ ကြွက်တွေ ပိုပေါလာတယ်။ ကြွက်တွေက အပင်တွေကိုဖျက်ရုံမကလို့ ရောဂါပိုးပါသယ်လာတယ်။ နောက်ဆုံးမြွေတွေ လယ်ထဲ ပြန်လွှတ်ရတယ်။
နောက်ဥပမာတခုက မော်စီတုံးလက်ထက် အစားအသောက်ရှားတော့ လယ်ထဲက စပါးစားတဲ့ စာကလေးတွေကို ရှင်းခိုင်းတယ်။ စပါးချွေတာရာရောက်တာပေါ့။ ပြသနာက စာကလေးတွေလဲ မရှိတော့ရော စပါးခင်း ပိုးကျပြီး အကုန်ရှုံးပါလေရော။ စာကလေးတွေက စပါးဘဲစားတယ်ထင်နေတာ လယ်ထဲက အင်းဆက်ကိုပါ စားသွားတာ။ နောက်မှ အဲဒီလို အဖြစ်ကိုသိတော့ စာကလေးပြန်မွေးရတယ်။
နောက်ဥပမာပေးရရင် သဘာဝတောရိုင်းတွေရဲ့ ဂေဟစနစ်တိုင်းဟာ ကွင်းဆက်တွေချည်းဘဲ။ ဆင်တွေမရှိရင် တောပြုန်းနိုင်သလို၊ ကျားတွေမရှိရင်လဲ တောပျက်နိုင်တယ်။
ပြန်ပြီးချုပ်ရရင် တွေ့ကရာအပင်စိုက်တာထက် ဘာအပင်စိုက်သင့်တယ်ကို လေ့လာ(research)ပြီးမှ စိုက်သင့်ပါတယ်။ ထပ်ပြီးမေးလာမှာပေါ့ အပင်စိုက်ဖို့ကွာ အဲဒီလောက် အချိန်ကုန်စရာလား၊ ပညာရှင်တွေလိုလားပေါ့။ အဲလောက်ထိ တာမသွားလဲ ရပါတယ်။ ဥပမာ အဲဒီအပင်စိုက်မဲ့ ပတ်ဝန်းကျင်က အသက် ၆၀၊ ၇၀ ကျော်တွေကို သူတို့ငယ်ငယ်တုန်းက ဘာပင်တွေ တွေ့လဲ၊ ဘာငှက်တွေ တွေ့လဲ အဲဒီလိုမေးမြန်ပြီး စိုက်ရင်ကို၊ အမှားမများတဲ့ ဂေဟစနစ်တခုကို ပြန်လည် အစားထိုးရာကြတာပေါ့....။
စာများရင် မဖတ်ချင်ကြမှာဆိုးလို့ မေးစရာရှိရင်သာ လာမေးကြပါ၊ မိမိအတွေးရှည်သလောက် တွေးတောကြပါလို့ဘဲ ပြောပါရစေ။
Phot credit fb
Credit-မောင်သာယာ (မြန်အောင်)

image