ပရီးမီးယားလိဂ်တစ်ရာသီအတွင်း ဖန်တီးမှုအများဆုံးစံချန် ရေးထိုးလာတဲ့ ဘရူနိုဖာနန်ဒက်စ်
=======================

ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်တစ်ရာသီအတွင်း ဖန်တီးမှုအများဆုံးစံချန်သစ်ရေးထိုးလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ကွင်းလယ်ဖန်တီးရှင်ဟာ တနင်္ဂနွေနေ့ညတုန်းက ပရီးမီးယားလိဂ်ရာသီသိမ်းပွဲတွင် ဘရိုက်တန်အား ၃-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ပက်ထရစ်ဒေါ်ဂူးရဲ့ အဖွင့်ဂိုးသွင်းနိုင်အောင် ဖန်တီးမှု ပြုလုပ်နိုင်ပြီးနောက် ပရီးမီးယားလိဂ်တစ်ရာသီအတွင်း ဖန်တီးမှုအများဆုံးစံချိန်ရေးထိုးလာတာလည်း ဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ရဲ့ ၃၃ မိနစ် ထောင့်ကန်ဘောကနေ ပက်ထရစ်ဒေါ်ဂူးက ခေါင်းတို်ကသွင်းယူခဲ့တာ ဖြစ်ပြီး ၂၁ ကြိမ်ဖြင့် ပရီးမီးယားလိဂ်တစ်ရာသီအတွင်း ဖန်တီးမှု အများဆုံးစံချိန်သစ် ရေးထိုးလာတာလည်း ဖြစ်ပါတယ်။
ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်တစ်ရာသီအတွင်း ဖန်တီးမှုအများဆုံးအဖြစ် အကြိမ် ၂၀ ဖြင့် ကီဗင်ဒီဘရိုင်း၊ သီယာရီဟင်နရီတို့ရဲ့ စံချိန်ကို လိုက်မီထားခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ ပေါ်တူဂီလက်ရွေးစင်ဟာ ၂၁ ကြိမ် မြောက် ဖန်တီးမှု ပြုလုပ်လာမှုနှင့်အတူ ပရီးမီးယားလိဂ်သမိုင်းတွင် တစ်ရာသီအတွင်း ဖန်တီးမှုအများဆုံးစံချိန်သစ်ကို ရေးထိုးလာပြီလည်း ဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ဘရိုက်တန်အား အနိုင်ရတဲ့ ရာသီသိမ်းပွဲတွင် ဖန်တီးမှု ပြုလုပ်ခဲ့သလို ကိုယ်တိုင်လည်း ဂိုးသွင်းခဲ့ပါသေးတယ်။
သူဟာ ယခုရာသီတွင် ယူနိုက်တက်အား အဆင့် ၃ နေရာတွင် ရပ်တည်နိုင်အောင် စွမ်းဆောင်ထားနိုင်ပြီးနောက် ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနှင့် ဘောလုံးကလောင်ရှင်များရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ကိုလည်း ဆွတ်ခူးသလို PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရန်လည်း ရေပန်းစားနေပါတယ်။
ယခုရာသီ ပရီးမီးယားလိဂ်တွင် ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖန်တီးမှုအား ဂိုးအဖြစ် ပြောင်းလဲမှုအများဆုံးအဖြစ် ကက်စ်မီရိုက ၆ ဂိုးဖြင့် ရပ်တည်နေပြီး ဆက်စ်ကိုအတွက် ၄ ကြိမ်၊ မားသီးယပ်စ်ကန်ညာ၊ ဒေါ်ဂူ၊ အမ်ဘူမို၊ မေဆာင်မောင့်တို့အတွက် ၂ ကြိမ်စီ အသီးသီး ဖန်တီးထားခဲ့ပါတယ်။

image

၅၃ နှစ်အတွင်း ပထမဆုံးအကြိမ် ယူရိုပါလိဂ်ဝင်ခွင့်ရရှိလာတဲ့ ဆန်းဒါးလန်း
======================

ဆန်ဒါးလန်းဟာ ရာသီသိမ်းပွဲတွင် ချဲလ်ဆီးအား အနိုင်ယူကာ ၅၃ နှစ်အတွင်း ပထမဆုံးကြိမ် ဥရောပဝင်ခွင့် ရရှိလာမှုအဖြစ် ယူရိုပါလိဂ်ဝင်ခွင့်ရလာပါတယ်။
ဆန်းဒါးလန်းဟာ ချဲလ်ဆီးအား ၂-၁ ဖြင့် အနိုင်ရရှိကာ ပရီးမီးယားလိဂ်အဆင့် ၇ နေရာမှာသာ ရပ်တည်လာပေမဲ့လည်း တန်းတက်ပြီး တစ်နှစ်အကြာမှာ ဥရောပဝင်ခွင့် ရရှိလာတဲ့ ၅ သင်းမြောက်အသင်း ဖြစ်လာပါတယ်။
ချဲလ်ဆီးကတော့ ယခုရှုံးပွဲကြောင့် အမှတ်ပေးဇယားအဆင့် ၁၀ နေရာဖြင့် ဇာတ်သိမ်းခဲ့ရကာ ဥရောပဝင်ခွင့်လွဲချော်ခဲ့ရပါတယ်။
ဆန်းဒါးလန်းဟာ ဟူမီရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီးနောက် ဒုတိယပိုင်း အစ ၅ မိနစ်မှာ ဂပ်စ်တိုရဲ့ OG ဂိုးကြောင့် ပွဲကို ၂-၀ ဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။
ချဲလ်ဆီးဟာ ၅၆ မိနစ်မှာ ကိုးလ်ပါလ်မာရဲ့ ဂိုးဖြင့် ချေပနိုင်ခဲ့လို့ မျှော်လင့်ချက် လင်းလက်လာခဲ့ပါသေးတယ်။
ဒါပေမဲ့ ၆၂ မိနစ်မှာ ဖိုဖာနာ နှစ်ဝါတစ်နီဖြင့် အထုတ်ခံရပြီးတဲ့နောက် ချဲလ်ဆီးရဲ့မျှော်လင့်ချက် အဆုံးသတ်သွားပါတော့တယ်။
ဒီအနီကတ်က ယခုရာသီမှာ ချဲလ်ဆီးရဲ့ ၈ ကြိမ်မြောက် အနီကတ်ပြသခံလာရတာ ဖြစ်ပြီး ပရီးမီးယားလိဂ်တစ်ရာသီအတွင်း အနီကတ်အများဆုံးပြသခံရတဲ့ အသင်းအဖြစ်လည်း မှတ်တမ်းဝင်လာပါတယ်။
ဒါ့အပြင် တနင်္ဂနွေနေ့ ရာသီသိမ်းပွဲတွင် နိုင်ပွဲ မရရှိခဲ့ကြတဲ့ ဘုန်းမောက် (ယူရိုပါလိဂ်)၊ ဘရိုကတန် (ကွန်ပဖရင့်လိဂ်)တို့လည်း ဥရောပဝင်ခွင့်အသီးသီး ရရှိခဲ့ကြပါတယ်။

image

ရာသီသိမ်းပွဲတွင် အဲဗာတန်ကို အနိုင်ယူကာ ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်ခဲ့တဲ့ စပါးစ်
===========================

စပါးစ်ဟာ မြောက်လန်ဒန်မှာ အဲဗာတန်ကို ၁-၀ ဂိုးဖြင့် အနိုင်ယူကာ ပရီးမီးယားလိဂ်မှ တန်းဆင်းရမဲ့အရေးမှ ရှောင်လွဲနိုင်ခဲ့ပါတယ်။ စပါးစ်တို့ ပရီးမီးယားလိဂ်တွင် တင်ကျန်ရစ်စေမဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ပထမပိုင်းမှာ ပယ်ဟင်ဟာက သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။
စပါးစ်တို့ အဲဗာတန်ကို အနိုင်ရလာမှုနှင့်အတူ လန်ဒန်မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းတို့ဟာ လိဒ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့ပေမဲ့လည်း ပရီးမီးယားလိဂ်မှ ချန်ပီယံရှစ်သို့ တန်းဆင်းလိုက်ရပြီလည်း ဖြစ်ပါတယ်။
ရောဘတ်တိုဒီဇာဘီဦးဆောင်တဲ့ စပါးစ်ဟာ ပထမပိုင်းမှာ ပွဲကို လွှမ်းမိုးကစားထားနိုင်ခဲ့ပြီး ၁၀ မိနစ်အတွင်းမှာ ကော်နာဂယ်လာဂါနှင့် ကီဗင်ဒန်ဆိုတို့ အလွတ်တည်ကန်ဘောကနေ အခွင့်အရေးရခဲ့ပေမဲ့ လွဲခဲ့သလို ပယ်ဟင်ဟာ အခွင့်အရေးရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။
ဒါပေမဲ့ စပါးစ်ဟာ ပထမပိုင်းပြီးခါနီး ၂ မိနစ်အလိုမှာ ပယ်ဟင်ဟာရဲ့ ဂိုးဖြင့် အနိုင်ဂိုးရခဲ့ပါတယ်။
ဧည့်သည်အဲဗာတန်ဟာ ဒုတိယပိုင်းမှာ ပွဲကို လွမ်းမိုးကစားထားနိုင်ခဲ့ပေမဲ့ စပါးစ်ကို ခြိမ်းခြောက်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ အချိန်ပိုမှာ တိုင်ရီကေးဂျော့ရဲ့ ကန်ချက်ကို ကန်စကီး လက်စွမ်းပြကာကွယ်သွားခဲ့လို့ စပါးစ်တို့ တန်းမဆင်းခဲ့ရတာဆိုရင်လည်း မမှားပါဘူး။

image

အားကစားလောကရဲ့ ဝင်ငွေအများဆုံးရ အားကစားသမားအဖြစ် ၄ နှစ်ဆက်တိုက် ရပ်တည်လာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို
=====================

ခရစ္စတီယာနိုရော်နယ်ဒိုဟာ အားကစားလောကရဲ့ ဝင်ငွေအများဆုံးရ အားကစားသမားအဖြစ် ၄ နှစ်ဆက်တိုက် ရပ်တည်လာပါတယ်။
ဒါပေမဲ့ အားကစားလောကရဲ့ ဝင်ငွေအများဆုံးအားကစားသမား ၁၀ ဦးစာရင်းတွင် ဘောလုံးလောကမှ ခရစ္စတီယာနိုရော်နယ်ဒိုအပြင် အခြား ၂ ဦးသာ ပါဝင်လာပါတယ်။
တဖက်တွင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ Forbes ရဲ့ နောက်ဆုံး ၁၁ နှစ်အတွင်း ဝင်ငွေအများဆုံးအားကစားသမားများစာရင်းတွင် ၆ ကြိမ်မြောက်ပါဝင်လာတာလည်း ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ အခွန်နှင့် အေးဂျင့်ခများမပါဝင်မီ တစ်နှစ်ဝင်ငွေ ပေါင် ၂၂၃ သန်းဖြင့် ရပ်တည်လာတာပါ။ သူဟာ ၂၀၁၅ ခုနှစ်တုန်းက စံချိန်တင်ဝင်ငွေ ရရှိခဲ့တဲ့ ဖလွိုက်မေဝဲလ်သားရဲ့ ဝင်ငွေစံချိန်ကိုလည်း လိုက်မီလာပါတယ်။
သူဟာ Al-Nassr နှင့်စာချုပ်မှ ပေါင် ၁၇၅ သန်း ရရှိလာတာ ဖြစ်ပြီး ကျန်‌ ပေါင် ၄၈ သန်းအား စပွန်ဆာစာချုပ်များ၊ ကြေညာနှင့် အခြားလုပ်ငန်းများမှ ရရှိလာတာပါ။
သူဟာ ၂၀၂၅ ခုနှစ်တုန်းကထက် ပေါင် ၁၉ သန်းအထိ ဝင်ငွေမြင့်မားလာတာလည်း ဖြစ်ပါတယ်။
ဒုတိယနေရာတွင် ကာနီလိုအယ်ဗာရက်ဇ်က ပေါင် ၁၂၆ သန်းဖြင့် ရပ်တည်နေပြီး ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဝင်ငွေ ပေါင် ၉၇ သန်းအထိ ကွာဟနေပါတယ်။
မက္ကဆီကိုလက်ဝေ့သမားဟာ ယင်းဝင်ငွေအားလုံးနီးပါးကို လက်ဝှေ့ကြိုးဝိုင်းအတွင်းမှ ရရှိလာခဲ့တာပါ။
ရော်နယ်ဒိုရဲ့ ကာလရှည်ကြာ ပြိုင်ဘက် လီယွန်နယ်မက်ဆီက ကွင်းတွင်းနှင့် ကွင်းပြင် အချိုးတူ ဝင်ငွေ ရရှိကာ ဝင်ငွေ ပေါင် ၁၀၄ သန်းဖြင့် တတိယနေရာမှာ ရပ်တည်နေပါတယ်။
မက်ဆီဟာ လီဘရွန်ဂျိမ်းစ်(ပေါင် ၁၀၃ သန်း)၊ ဘော့စ်ဘောရဲ့ ရှိဟိုင်းအိုတာနီ (ပေါင် ၉၅ သန်း)တို့အား ကျော်ဖြတ်ကာ ရပ်တည်လာတာပါ။
၎င်းတို့ရဲ့နောက်တွင် စတီဖင်ကာရီ (ပေါင် ၉၃ သန်း)၊ ဂျွန်ရမ်(ပေါင်သန်း ၈၀)၊ ကာရမ်ဘန်ဇီးမား(ပေါင် ၇၇ သန်း)၊ ကီဗင်ဒူရန့်(ပေါင် ၇၇ သန်း)၊ လီဝစ်ဟာမီတန်(ပေါင် ၇၄ သန်း)တို့ အသီးသီး ရပ်တည်နေပါတယ်။
ဒါ့အပြင် Forbes ရဲ့ ဝင်ငွေအများဆုံးအားကစားသမားများစာရင်းတွင် ကိုင်လီယန်ဘက်ပေး(၁၂/ ပေါင် ၇၁ သန်း)၊ အာလင်းဟာလန်း(၁၉/ ပေါင်သန်း၆၀)တို့လည်း ပါဝင်ခဲ့ပါတယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*********************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
12 w - Translate

With a TikTok clone, you can launch your own short video streaming platform fast and connect with local audiences and capture the gap TikTok is leaving behind. You don’t have to build anything; every core TikTok feature already comes built in.
The Core Features of the Video Streaming Script
Easy Sign Up & Login
Short Video Feed with Swiping
Smart Video Recommendations
Video Editing Tools & Filters
Live Streaming & Virtual Gifts
If you’re looking for the best TikTok clone script on the market, Trioangle is worth exploring 👉 https://www.trioangle.com/tiktok-clone/
Contact us: sales@trioangle.com | +91 6379630152

image

image

တရုတ်နှင့် မြန်မာနိုင်ငံကြား "ရွှေညိုမွှေး" ချစ်ကြည်ရေး၏ တောက်ပမှုသည် လယ်ကွင်းများ၊ စာသင်ခန်းများနှင့် မီးအိမ်များတွင် ထွန်းလင်းနေသည်။

🌾 မိတ္ထီလာတွင် တိုးတက်ကောင်းမွန်သော တရုတ်ဆန်မျိုးကွဲများနှင့် ဉာဏ်ရည်ထက်မြက်သော ရေသွင်းနည်းပညာကြောင့် လယ်သမား ဦးကျော်ကျော်ဝင်း၏ ဆန်စပါးအထွက်နှုန်း နှစ်ဆတိုးလာသည်။

📚 နေပြည်တော်ရှိ "ချစ်ကြည်ရေးစာသင်ခန်း" တွင် မြန်မာလူငယ်များသည် တရုတ်ဘာသာစကားနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများကို သင်ယူနေကြပြီး ကျောင်းသားရာပေါင်းများစွာ အကျိုးခံစားနေကြသည်။

💡 ပဲခူးတိုင်းဒေသကြီးတွင် တရုတ်နိုင်ငံ၏ နေရောင်ခြည်စွမ်းအင်စနစ်ကြောင့် ရွာပေါင်း ၂၀ ကျော်သည် ပထမဆုံးအကြိမ် လျှပ်စစ်မီးရရှိခဲ့ကြသည်။

🤝 မူဆယ်တွင် ကျင်းပသော နယ်စပ်ကုန်စည်ပြပွဲနှင့် အားကစားပွဲများတွင် ရယ်မောခြင်းနှင့် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။

ဤသေးငယ်သော်လည်း လှပသော လုပ်ဆောင်ချက်များသည် "ရွှေညိုမွှေး" စိတ်ဓာတ်ကို ကွက်ကွက်ကွင်းကွင်း ထင်ဟပ်စေသည်။

image

နယ်စပ်မြို့ရွေးလီတွင် နွေးထွေးသည့်မြင်ကွင်းများ အများအပြားရှိသည်။ လမ်းပေါ်တွင် နှစ်နိုင်ငံသူများ အပြန်အလှန်သွားလာကြပြီး ဘာသာစကားမတူသော်လည်း အမူအရာဖြင့် ဖလှယ်ကြသည်။ ဈေးကွက်သွားပါက ကုန်ပစ္စည်းကောင်းများကို အကြံပေးကြပြီး လေးလံသည့်အရာများတွေ့ပါက ကူညီသယ်ပေးကြသည်။ လူကြီးများခင်မင်ကြသလို ကလေးများလည်း အတူတူကစားကြသည်။ ဤသာမန်အကြောင်းအရာများဖြင့် နှစ်နိုင်ငံပြည်သူများအကြား ခင်မင်ရင်းနှီးမှုတံတား တည်ဆောက်နိုင်ခဲ့သည်။