7 w - Translate

Hurricane Melissa became one of the most powerful hurricanes on record to make landfall, crashing into Jamaica as a Category 5 hurricane with maximum sustained winds of 185 mph, according to the National Hurricane Center.
The hurricane ranks in a three-way tie with only two other hurricanes in history — Hurricane Dorian (2019), and the "Labor Day" hurricane (1935), for the strongest sustained winds at landfall, records show.
Read more: https://abcnews.visitlink.me/E-bxpR

image
7 w - Translate

Hurricane Melissa became one of the most powerful hurricanes on record to make landfall, crashing into Jamaica as a Category 5 hurricane with maximum sustained winds of 185 mph, according to the National Hurricane Center.
The hurricane ranks in a three-way tie with only two other hurricanes in history — Hurricane Dorian (2019), and the "Labor Day" hurricane (1935), for the strongest sustained winds at landfall, records show.
Read more: https://abcnews.visitlink.me/E-bxpR

image
7 w - Translate

Hurricane Melissa became one of the most powerful hurricanes on record to make landfall, crashing into Jamaica as a Category 5 hurricane with maximum sustained winds of 185 mph, according to the National Hurricane Center.
The hurricane ranks in a three-way tie with only two other hurricanes in history — Hurricane Dorian (2019), and the "Labor Day" hurricane (1935), for the strongest sustained winds at landfall, records show.
Read more: https://abcnews.visitlink.me/E-bxpR

image
7 w - Translate

Hurricane Melissa became one of the most powerful hurricanes on record to make landfall, crashing into Jamaica as a Category 5 hurricane with maximum sustained winds of 185 mph, according to the National Hurricane Center.
The hurricane ranks in a three-way tie with only two other hurricanes in history — Hurricane Dorian (2019), and the "Labor Day" hurricane (1935), for the strongest sustained winds at landfall, records show.
Read more: https://abcnews.visitlink.me/E-bxpR

image
image
image
image
7 w - Translate

More than two dozen states and the District of Columbia filed a lawsuit in Massachusetts suing the Trump administration over the impending loss of SNAP benefits amid the government shutdown.
About 42 million Americans are poised to lose their Supplemental Nutrition Assistance Program benefits when federal funding comes to a halt on Nov. 1.
Read more: https://abcnews.link/Ua37cpb?u....tm_source=facebook..

image
7 w - Translate

အက်တမ်(ATOM) မှ သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့မှုရှိစေရေး ကတိပြုလုပ်ဆောင်ခြင်းအတွက် ISO 14001:2015 အသိအမှတ်ပြုလက်မှတ်ရရှိ
ရန်ကုန်၊ အောက်တိုဘာ ၂၈
မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေသည့် အက်တမ်(ATOM) မှ ရေရှည်တည်တံ့ခိုင်မြဲရေး ခရီးလမ်းတစ်လျှောက် ဆက်သွယ်ရေးလုပ်ငန်းလည်ပတ်မှုများအတွက် နိုင်ငံတကာအသိအမှတ်ပြု ISO 14001:2015 လက်မှတ် ရယူနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များကို လျှော့ချနိုင်ရန်နှင့် စိမ်းလန်းကြံ့ခိုင်သော အနာဂတ် မြန်မာနိုင်ငံ ဖန်တီးတည်ဆောက်ရာတွင် ရေရှည်တည်တံ့မှုကို ဦးစားပေးသော အဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် အားကောင်းလာစေကြောင်း သိရှိရသည်။
အဆိုပါ ISO 14001:2015 ရရှိခြင်းသည် အက်တမ်(ATOM) ၏ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှုများ စီမံခန့်ခွဲခြင်း၊ ဘေးအန္တရာယ်များလျှော့ချခြင်းနှင့် လုပ်ငန်းလည်ပတ်မှုများတစ်လျှောက် ရေရှည်တည်တံ့ခိုင်မြဲရေးကို စဉ်ဆက်မပြတ်လုပ်ဆောင်ခြင်းများအတွက် အားထုတ်ကြိုးပမ်းမှုကို ထင်ဟပ်စေကြောင်း သိရှိရသည်။
ယခုကဲ့သို့ အသိအမှတ်ပြုခံရခြင်းသည် အဖွဲ့အစည်းအတွင်း လပေါင်းများစွာ တစိုက်မတ်မတ် ပြင်ဆင်ခဲ့ခြင်းများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းများ၏ ရလာဒ်တစ်ခုလည်းဖြစ်ကြောင်း ထုတ်ပြန်သည်။
“သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ခြင်းဆိုတာက မှန်ကန်တဲ့ အလုပ်တစ်ခုဖြစ်ရုံတင်မကဘဲ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အနှစ်သာရကိုပါ ဖော်ဆောင်နိုင်တယ်။ ISO 14001:2015 ရရှိခြင်းက လူမှုပတ်ဝန်းကျင်၊ လုပ်ငန်းနယ်ပယ်နဲ့ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းအတွင်းမှာပါ အပြုသဘောဆောင် ကောင်းမွန်ပြီး ရေရှည်အကျိုးသက်ရောက်မှုရှိစေဖို့ ခရီးလမ်းတစ်လျှောက် ကြီးမားတဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခုလို့ ဆိုနိုင်ပါတယ်”ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Ahmad Abdallah မှ ပြောကြားသည်။
အက်တမ်(ATOM) အနေဖြင့် ဆိုလာစွမ်းအင်အသုံးပြုခြင်း၊ စွမ်းအင်သစ်ပြန်လည်ရရှိအောင်ဆောင်ရွက်ခြင်း၊ ရေရှည်တည်မြဲသော ဆက်သွယ်ရေးအခြေခံ အဆောက်အဦးများ တည်ဆောက်ခြင်းနှင့် အရင်းအမြစ်များအား စီမံခန့်ခွဲအသုံးပြုခြင်းများကို ရင်းနှီးမြုပ်နှံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် တစ်နှစ်လျှင် မှန်လုံအိမ်ဓာတ်ငွေ့ တန် ၁,၀၀၀ ထိ လျော့ကျစေရန် ဆိုလာ farm များကိုလည်း စီစဉ်ဆောက်လုပ်ခဲ့ပြီး နေပြည်တော်၊ တပ်ကုန်းမြို့ ‘အောက်ဆင်သေ သစ်တောကြိုးဝိုင်း’ အတွင်း မြေ (၅) ဧကပေါ်တွင် သစ်ပင်များ ထပ်တိုးစိုက်ပျိုးနိုင်ရန် ငွေကျပ် (၁၅၇) သိန်းကျော် မတည်လှူဒါန်းခဲ့ကြောင်း သိရသည်။
အရင်းအမြစ်များ အလေအလွင့် မရှိစေရန် စွမ်းအင်နှင့်ရေအသုံးပြုမှုလျှော့ချခြင်း၊ စက္ကူသုံးစွဲမှုလျှော့ချခြင်းနှင့် သဘာဝပတ်ဝန်းကျင်အတွက် ကောင်းမွန်သော သန့်ရှင်းရေးသုံးပစ္စည်းများ အစားထိုးအသုံးပြုခြင်းများကို အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။
အက်တမ်(ATOM) မှ ဝန်ထမ်းများအတွက် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးစနစ်၏ စည်းမျဉ်းစည်းကမ်းများကို အပြည့်အဝလိုက်နာရန် awareness session များကိုလည်း ပုံမှန်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုစနစ်ရေးဆွဲရာတွင် လုပ်ဆောင်ချက်များအား စောင့်ကြည့်ခြင်း၊ စာရင်းစစ်ကိစ္စများဆောင်ရွက်ခြင်း နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများနှင့် စည်းမျဉ်းစည်းကမ်း အပြောင်းအလဲများအတွက် လိုအပ်သလို တုံ့ပြန်ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးစနစ်ကြောင့် အက်တမ်(ATOM) အနေဖြင့် အစဉ်မပြတ် လုပ်ငန်းလည်ပတ်မှုများ ပိုမိုထိရောက်မြန်ဆန်အောင် လုပ်ဆောင်နိုင်ခြင်း၊ မိတ်ဖက်များ၏ ယုံကြည်မှုကို ပိုမိုရရှိနိုင်ခြင်းနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိသော လုပ်ငန်းတစ်ခုအဖြစ်ရပ်တည်နိုင်ခြင်းများကို ဖန်တီးပေးနိုင်ကြောင်း သတင်းထုတ်ပြန်သည်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အယ်လ်ဖာရှာမြို့ကို ထိန်းချုပ်နိုင်ပြီဟု အာအက်စ်အက်ဖ် ပြည်သူ့စစ်အဖွဲ့ ကြေညာ
ဆူဒန်နိုင်ငံ အနောက်ပိုင်းအယ်လ်ဖာရှာမြို့ကို အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့က ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အဆိုပါအဖွဲ့ကအောက်တိုဘာ ၂၆ ရက်တွင် ပြောသည်။
အယ်လ်ဖာရှာကို အကြမ်းဖက်တပ်ဖွဲ့နှင့် မဟာမိတ်ဖွဲ့ထားသောကြေးစားစစ်သားများလက်မှ သိမ်းပိုက်ခဲ့ကြောင်း အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။
ယင်းမှာ ဆူဒန်ပြည်တွင်းစစ်၏ အလှည့်အပြောင်းတစ်ခုအဖြစ်လည်း ရှုမြင်ရသည်။အယ်လ်ဖာရှာမြို့သည် ဒါဖာဒေသတွင် ပြည်သူ့စစ်အဖွဲ့၏ နောက်ဆုံးကျန်ရှိသော ခြေကုပ်ဖြစ်ပြီး ဆူဒန်တပ်မတော်အတွက် ကြီးမားသောထိုးနှက်ချက်တစ်ခုဖြစ်သည်။
ဆူဒန်စစ်တပ်ကမူ ပြည်သူ့စစ်များက မြို့ကိုထိန်းချုပ်လိုက်ခြင်းအပေါ် မှတ်ချက်ပြုခြင်းမရှိသေးပေ။ဆူဒန်စစ်တပ်အမှတ် ၆ ဌာနချုပ်ကို သိမ်းပိုက်ကြောင်း ကြေညာခဲ့ပြီး စစ်ယာဉ်များကို ဖျက်ဆီးပြီး စစ်ပစ္စည်းများကို သိမ်းယူခဲ့ကြောင်းပြည်သူ့စစ်အဖွဲ့က ပြောကြားခဲ့သည်။
မြို့၏ အစိတ်အပိုင်းအချို့ကိုဆူဒန်စစ်တပ်နှင့် ပြည်သူ့စစ်များထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်
သော်လည်း ကြာရှည်တောင့်ခံနိုင်မည်မဟုတ်ပေ။
အာအက် စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့သည် အယ်လ်ဖာရှာမြို့ကို ၁၈လကြာ ဝိုင်းရံထားပြီး စစ်တပ်စခန်း
များနှင့် အရပ်သားများကို မကြာခဏဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ခန့်မှန်းခြေအားဖြင့် လူပေါင်းသုံးသိန်းခန့်သည်တိုက်ပွဲများကြောင့် ပိတ်မိနေခဲ့သည်။
ဘီဘီစီ

image

◾️ တားဆီးပိတ်ဆို့မှုများကြောင့် ပိုင်ဆိုင်မှုများကိုရောင်းချသွားမည်ဟု ရုရှားရေနံကုမ္ပဏီကြီးထုတ်ပြန်
ပြီးခဲ့သည့်သီတင်းပတ်အတွင်း အမေရိကန်ကကြေညာခဲ့တဲ့ တားဆီးပိတ်ဆိုမှုများထွက်ပေါ်လာခဲ့ပြီးနောက် ၎င်းတို့၏နိုင်ငံရပ်ခြားလုပ်ငန်းများနှင့်ပိုင်ဆိုင်မှုများကို ရောင်းချသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးရေနံကုမ္ပဏီကြီး Lukoil ကထုတ်ပြန်သည်။
Lukoil က ၎င်းတို့ပိုင်ဆိုင်မှုများအားရောင်းချရန်စီစဉ်ခြင်းမှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကစတင်ခဲ့သော ယူကရိန်းစစ်ပွဲကိစ္စနှင့်ဆက်စပ်၍ အနောက်တိုင်း၏တားဆီးပိတ်ဆို့မှုများကြောင့် ရုရှားကုမ္ပဏီတစ်ခုက လုပ်‌ဆောင်သည့် နောက်ဆက်တွဲအကြီးမားဆုံးလုပ်ရပ်ဖြစ်ကြောင်း ရိုက်တာသတင်းကဖော်ပြသည်။
နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံး(OFAC)ပိတ်သိမ်းမှုလိုင်စင်အရ နိုင်ငံခြားပိုင်ဆိုင်မှုများအား ရောင်းချခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတကာပိုင်ဆိုင်မှုများ၏လည်ပတ်မှုများ ထိခိုက်မှုမရှိစေရန်လိုအပ်ပါက လိုင်စင်ကိုသက်တမ်းတိုးသွားမည်ဖြစ်ကြောင်း ကုမ္ပဏီထုတ်ပြန်ချက်ကဖော်ပြပြီး ပိုင်ဆိုင်မှုများအား ဝယ်ယူလိုသူများ၏ကမ်းလှမ်းမှုများကို စတင်စဉ်းစားနေပြီဟုလည်းဆက်ပြောသည်။
အောက်တိုဘာ ၂၂ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ရုရှားနိုင်ငံ၏အကြီးဆုံး ရေနံကုမ္ပဏီ ကြီးများဖြစ်သော Lukoil နှင့် Rosneft တို့အပေါ် ယူကရိန်းနှင့်ဆက်စပ်သောတားဆီးပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
ယင်းမတိုင်မီအောက်တိုဘာ ၁၅ ရက်ကပင် ဗြိတိန်က Lukoil နှင့် Rosneft တို့အပြင် ရုရှားက ရေနံခိုးပို့ နေသော ရေနံတင်သင်္ဘောအုပ်စုကိုပါပစ်မှတ်ထား၍ တားဆီးပိတ်ဆို့မှုများလုပ်ခဲ့ပြီး စွမ်းအင်ပိတ်ပင်မှု များကို ပိုမိုတင်းကျပ်ရန်နှင့် ကရင်မလင်၏ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ရန်ဟု ပြောကြားခဲ့ သည်။
မော်စကိုမြို့တွင်ရုံးချုပ်ထားရှိသော Lukoil သည် ကမ္ဘာ့ရေနံထုတ်လုပ်မှုစုစုပေါင်း၏ နှစ်ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေပြီး ၎င်းတို့အဓိကရေနံရှာဖွေမှုလုပ်ဆောင်ခဲ့သော ဆိုက်ဘေးရီးယားအနောက်ပိုင်းမှ Langepas, Urai နှင့် Kogalym ဒေသသုံးခုနာမည်ကိုအဖျားဆွတ်၍ ကုမ္ပဏီနာမည်ကို ရယူထားခြင်း ဖြစ်သည်။
ကုမ္ပဏီ၏ထုတ်ပြန်ချက်၌ မည်သည့်နိုင်ငံခြားပိုင်ဆိုင်မှုများကိုရောင်းချသွားမည်ဆိုခြင်းကို ဖော်ပြမထားပေ။
၎င်းတို့၏အကြီးမားဆုံးနိုင်ငံရပ်ခြားပိုင်ဆိုင်မှုမှာ အီရတ်နိုင်ငံမှကမ္ဘာ့အကြီးဆုံးရေနံမြေတစ်ခုဖြစ်သော West Qurna 2 ‌ရေနံမြေဖြစ်ပြီး ယင်းတွင် Lukoil က ၇၅ ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားသည်။
အဆိုပါရေနံမြေ၏ အများဆုံးထုတ်လုပ်နိုင်စွမ်းသည် ဧပြီလကတစ်နေ့စည်ပေါင်း ၄၈၀၀၀၀ ရှိခဲ့ကြောင်း ရုရှားအင်တာဖက်စ်သတင်းအရ သိရသည်။ ထို့ပြင်ဘော်လကန်ဒေသတွင် တစ်နေ့လျှင်ရေနံစည်ပေါင်း ၁၉၀၀၀၀ ထုတ်လုပ်နိုင်သော ဘူလ်ဂေးရီးယားနိုင်ငံမှ Lukoil Neftohim Burgas ရေနံချက်စက်ရုံကို လုပ်ကိုင်နေသကဲ့သို့ ရိုမေးနီးယားနိုင်ငံမှ Petrotel ရေနံချက်စက်ရုံကိုလည်း Lukoil ကလုပ်ကိုင်နေ သည်။
Lukoil ကဟန်ဂေရီနှင့်စလိုဗက်ကီးယားကို ရေနံများပေးပို့နေသကဲ့သို့ တူရကီနိုင်ငံတွင်ရှိပြီး အဇာဘိုင်ဂျန်နိုင်ငံမှ SOCAR ကုမ္ပဏီကပိုင်ဆိုင်သည့် STAR ရေနံချက်စက်ရုံကလည်း ၎င်းတို့ပေးပို့သော ရေနံများကိုအဓိကချက်လုပ်နေသည်။
ထို့ပြင် ဥရောပရေနံဆိပ်ကမ်းများနှင့် လက်လီရေနံအရောင်းဆိုင်လုပ်ငန်းများတွင်လည်း Lukoil ၏ ပိုင်ဆိုင်မှုများပါရှိကာ လက်တင်အမေရိက၊ အာဖရိကနှင့် ကာဇက်စတန်အပါအဝင် အာရှအလယ်ပိုင်း တွင်လည်း ရေနံနှင့်ပတ်သက်သော အထက်ဆန်၊ အောက်စုန်လုပ်ငန်းအများအပြားကို လုပ်ကိုင်နေ ကြောင်း သိရသည်။
သတင်း - ရဲမင်း
ကိုးကား - By Reuters
#နိုင်ငံတကာသတင်း

image

◾️ အဆင့်မြှင့်ထားသော ကုန်သွယ်ရေးသဘောတူညီချက် အာဆီယံနှင့် တရုတ် လက်မှတ်ထိုး
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နှင့် တရုတ်ကြား အဆင့်မြှင့်တင်ထားသော လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြကြောင်းနှင့် ယင်းတွင် ဒစ်ဂျစ်တယ်နှင့် အစိမ်းရောင်စီးပွားရေးအပြင် အခြားလုပ်ငန်းနယ်ပယ်သစ်များလည်းပါဝင်ကြောင်း တရုတ်စီးပွားကူးသန်းဝန်ကြီးဌာနကပြောကြားသည်။
အဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံပါဝင်သောအာဆီယံအဖွဲ့သည် တရုတ်နိုင်ငံ၏အကြီးမားဆုံးကုန်သွယ်ဖက်ဖြစ်ကာ ပြီးခဲ့သည့်နှစ်က နှစ်ဖက်ကြားကုန်သွယ်မှု ကန်ဒေါ်လာ ၇၇၁ ဘီလီယံအထိရောက်ရှိခဲ့ကြောင်း အာဆီယံကိန်းဂဏာန်းများအရသိရသည်။
အမေရိကန်သမ္မတ‌ဒေါ်နယ်ထရန့်အစိုးရကချမှတ်လိုက်သော များပြားသည့်သွင်းကုန်ခွန်များကိုတန်ပြန်ရန် တရုတ်နိုင်ငံကအာဆီယံနိုင်ငံများနှင့်ထိတွေ့ဆက်ဆံမှုများကို တိုးမြှင့်ရန်ကြိုးစားနေသည်။ အာဆီယံသည် နှစ်စဉ်ဂျီဒီပီကန်ဒေါ်လာ ၃ ဒသမ ၈ ထရီလီယံအထိသုံးစွဲလျက်ရှိသည်။
အဆင့်မြှင့်ထားသော သဘောတူညီချက်သည် နိုင်ငံပေါင်းစုံပါဝင်ခြင်းဝါဒနှင့် လွတ်လပ်စွာကုန်သွယ်မှု အပေါ်နှစ်ဖက်စလုံးကထားရှိသော ခိုင်မာလေးနက်သည့်ပိုင်းဖြတ်မှုကို အပြည့်အဝထင်ဟပ်နေကြောင်း တရုတ်စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ရပ်တွင်ပြောကြားသည်။
မြေရှားသတ္တများနှင့် အခြားအရေးပါသော သတ္တုများအပေါ် တရုတ်တို့၏ တိုးချဲ့ပိတ်ပင်မှုများကြောင့် အခြားစီးပွားရေးနိုင်ငံကြီးများ၏ ဝေဖန်မှုများရှိနေသော်လည်း ပိုမို၍ပွင့်လင်းသောစီးပွားရေးနိုင်ငံအဖြစ်နေရာချရန် ဘေဂျင်းက ကြိုးစားနေကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
အာဆီယံနှင့် တရုတ်ကြား လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကို မလေးရှားနိုင်ငံ၌ ကျင်းပနေသည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
အဆင့်မြှင့်ထားသော အာဆီယံ-တရုတ်ကုန်သွယ်ရေးသဘောတူညီချက်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက စတင်ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ထရန့်၏ အခွန်ထိုးစစ်စတင်ခဲ့သော ယခုနှစ်မေလတွင် အပြီးသတ်ခဲ့သည်။ နှစ်ဖက်ကြားပထမဆုံးကုန်သွယ်ရေးသဘောတူညီချက်သည် ၂၀၁၀ တွင် စတင်အသက်ဝင်ခဲ့ကြောင်း သိရသည်။
တရုတ်နှင့် အာဆီယံနှစ်ဖက်စလုံးသည် ဒေသဆိုင်ရာကျယ်ပြန့်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့တွင်ပါဝင်ကြသူများဖြစ်ပြီး ယင်းအဖွဲ့သည်ကမ္ဘာ့လူဦးရေသုံးပုံတစ်ပုံနှင့် ကမ္ဘာ့ဂျီဒီပီ ၃၀ ရာခိုင်နှုန်းကို လွှမ်းခြုံပိုင်ဆိုင်ထားသည်။
RCEP အဖွဲ့အစည်းအဝေးကို မလေးရှားက ယမန်နေ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ငါးနှစ်အတွင်း ပထမဆုံးအကြိမ်ပြန်လည်ကျင်းပကြခြင်းဖြစ်သည်။
ယင်းအုပ်စုအား အမေရိကန်ကချမှတ်ထားသော အခွန်အကောက်များသက်‌ရောက်မှုကို ကာကွယ်ပေး မည့် ကြားခံနယ်မြေတစ်ခုဖြစ်လာနိုင်သည်ဟု ရူမြင်ထားကြကြောင်း လေ့လာသူများကဆိုသည်။
သတင်း - ရဲမင်း
ကိုးကား - Reuters
#နိုင်ငံတကာသတင်း

image
7 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ယခုနှစ် ထောပတ်သီးရာသီထိုင်း၊ တရုတ်နှင့် အိန္ဒိယသို့တန်ချိန် ၅၀၀၀ ခန့်
တင်ပို့ရန် လျာထား
ယခုနှစ် ထောပတ်သီးရာသီတွင် ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်နှင့် အိန္ဒိယဈေးကွက်များသို့ထောပတ်သီးတန်ချိန် ၅၀၀၀ ခန့် တင်ပို့နိုင်ရေး လျာထားလျက်ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MAVO)မှ သိရသည်။
ပြည်တွင်းတွင် ထွက်ရှိသည့်ထောပတ်သီးများကို တရုတ်နိုင်ငံအကောက်ခွန် အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)၏ သတ်မှတ်ချက်များနှင့်အညီ ပင်လယ်ရေကြောင်းမှ တရားဝင်တင်ပို့နိုင်ရေးပြင်ဆင်လျက်ရှိပြီး လာမည့်၂၀၂၆ခုနှစ် ဇန်နဝါရီလတွင် တရုတ်ဘက်ကလိုအပ်သည်များ လာရောက် စစ်ဆေးရန်ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ထောပတ်သီးရာသီတွင် ပြည်ပနိုင်ငံများသို့ ထောပတ်သီးတန်ချိန် ၃၀၀၀ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။မြန်မာနိုင်ငံ၏ ထောပတ်သီးရာသီသည် နှစ်စဉ် အောက်တိုဘာမှဇန်နဝါရီလအထိဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးလျက်ရှိသည်။
ယခုနှစ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထောပတ်သီးစိုက်ဧက၂၀၀၀၀ ခန့်ရှိပြီး ပျမ်းမျှတန်ချိန်
၇၀၀၀ ထွက်ရှိနိုင်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းကမျှော်မှန်းထားကြောင်း သိရသည်။

image