ဗင်နီဇွဲလားနိုင်ငံတွင် ငလျင်ဘေးသင့်ပြည်သူများအတွက် မြန်မာသံအမတ်ကြီး ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုး

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် ဗင်နီဇွဲလားနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် ဝမ်းနည်းကြောင်းဖော်ပြရန် အဒစ်အာဘာဘာမြို့ရှိ ဗင်နီဇွဲလားနိုင်ငံသံရုံးသို့ ဇူလိုင် ၆ ရက်တွင် သွားရောက်ကာ ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဗင်နီဇွဲလားနိုင်ငံသံရုံး၌ ငလျင်ဘေးအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ် ဖွင့်လှစ်ထားရာ မြန်မာသံအမတ်ကြီးက မြန်မာအစိုးရနှင့် ပြည်သူများကိုယ်စား သွားရောက်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာသံအမတ်ကြီးက ဗင်နီဇွဲလားအစိုးရနှင့် ပြည်သူများအပြင် ငလျင်ဖြစ်စဉ်ကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များထံသို့ စာနာဝမ်းနည်းကြောင်းနှင့် နှစ်သိမ့်အားပေးစကားများကို မှတ်တမ်းစာအုပ်တွင် ရေးသားဖော်ပြခဲ့ကြောင်း သိရသည်။

image

ယခုရက်ပိုင်းအတွင်းထိုင်းနိုင်ငံအဝင် လဝက နှစ်နာရီကြာတန်းစီရ

ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ် (Suvarnabhumi Airport) တွင် လူဝင်မှုကြီးကြပ်ရေး (လဝက) စစ်ဆေးရေးဂိတ်၌ တန်းစီစောင့်ဆိုင်းရသည့် လူတန်းကြီး ရှည်လျားလွန်းလှသဖြင့် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားများက လူမှုကွန်ရက်စာမျက်နှာများထက်တွင် ယခုရက်ပိုင်းအတွင်း တစ်ကျော့ပြန် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်လာကြသည်။မိုးရာသီ ဖြစ်နေသည့်တိုင် ခရီးသွားများခြင်းမှာ အံ့ဩစရာပင်ဖြစ်သည်။
ခရီးသွားတစ်ဦးက လူဦးရေအလွန်အမင်း ပြည့်နှက်နေသည့် ဆိုက်ရောက်ခန်းမဆောင်ကြီး၏ ဓာတ်ပုံကို မျှဝေခဲ့ပြီး၊ လဝကစစ်ဆေးမှု ပြီးမြောက်ရန်အတွက် နှစ်နာရီနီးပါး ကြာမြင့်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဂျပန်နိုင်ငံမှ လာရောက်သည့် အခြားခရီးသွားတစ်ဦးကလည်း လေဆိပ်၏ ပုံမှန်လဝကစစ်ဆေးရေးဂိတ်များရှိ တန်းစီစောင့်ဆိုင်းနေရသည့် အခြေအနေကို "လူဦးရေအလုံးအရင်းနှင့် လုံးဝထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်" ဟု ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတကာခရီးသွားများကို ပိုမိုဆွဲဆောင်ရန် ရည်မှန်းထားချိန်တွင် လူပေါင်းများစွာကမူ မေးခွန်းတစ်ခုတည်းကိုသာ ထပ်တူမေးခွန်းထုတ်နေကြသည်။
၎င်းမှာ - "နိုင်ငံ၏ အကြီးမားဆုံးသော လေဆိပ်ကြီးအနေဖြင့် ခရီးသွားများ ဆိုက်ရောက်ချိန်တွင် ယခုထက်ပိုမို အဆင်ပြေချောမွေ့သည့် စီမံမှုမျိုးကို ပံ့ပိုးပေးနိုင်မည်လော" ဟူ၍ ဖြစ်သည်။

image

သီရိလင်္ကာထောင်တွင်းအဓိကရုဏ်းဖြစ်၍ လူ ၂၆ ဦးထက်မနည်း ‌ေ-သဆုံး

သီရိလင်္ကာနိုင်ငံတွင် နှစ်များစွာအတွင်း အဆိုးဆုံး ထောင်တွင်းအဓိကရုဏ်းဖြစ်ပွားမှုကြောင့် လူ ၂၆ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကာ ၁၀၀ ကျော် ဒ-ဏ်ရာရရှိခဲ့သည်။
မြို့တော်ကိုလံဘို၏ မြောက်ဘက် ၂၂ မိုင်အကွာရှိ နီဂွမ်ဘိုအကျဉ်းထောင်တွင် တနင်္ဂနွေနေ့မှစ၍ ပြိုင်ဘက် အကျဉ်းသားအုပ်စုများအကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး တနင်္လာနေ့တွင် ပိုမိုဆိုးရွားသွားခဲ့ကြောင်း ဒေသခံမီဒီယာများနှင့် ရဲတပ်ဖွဲ့၏ အဆိုအရ သိရသည်။
နှစ်ကြီးအကျဉ်းသားများနှင့် ယာယီထိန်းသိမ်းခံထားရသူများအကြား ပဋိပက္ခဖြစ်ပွားခဲ့သည့် တနင်္ဂနွေနေ့တွင် အကျဉ်းသားနှစ်ဦး ‌ေ-သဆုံးခဲ့သည်။
ပဋိပက္ခအခြေအနေ ပိုဆိုးလာသော တနင်္လာနေ့တွင် ထောင်အရာရှိ ခြောက်ဦး အပါအဝင် လူ ၂၃ ဦး ‌ေ-သဆုံးခဲ့သည်။
'အကျဉ်းသားတွေကို မနက်စာကျွေးနေချိန်မှာ ရန်ပွဲဖြစ်ခဲ့တာပါ" ဟု အကျဉ်းဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ချာမီကာ ဂါဂျာနာယက်က အကျဉ်းထောင်အနီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အကြမ်းဖက်ခိုက်ရန်ဖြစ်ပွားမှု၏ အကြောင်းရင်းသည် မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ဆက်စပ်နေသည်ဟု ဂါဂျာနာယက်က ထုတ်ဖော်ပြောဆိုသော်လည်း အသေးစိတ်အချက်အလက်များကို မပြောကြားခဲ့ဘဲ စုံစမ်းစစ်ဆေးမှုစတင်နေကြောင်း ဆိုခဲ့သည်။
ဆေးရုံသည် ရုပ်အလောင်း ၂၃ လောင်းကို လက်ခံရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရ အကျဉ်းသားများနှင့် အစောင့် စုစုပေါင်း ၁၀၀ ကျော်ကိုလည်း ဆေးရုံတင်ထားကြောင်း နီဂွမ်ဘိုဆေးရုံ၏ ညွှန်ကြားရေးမှူး ပွတ်ရှ်ပါ ဂမ်လက်က ပြောကြားခဲ့သည်။
“တချို့က သေနတ်ဒဏ်ရာ၊ ပြတ်ရှဒဏ်ရာနဲ့ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားကြတယ်။ ပိုပြင်းတဲ့ ဒဏ်ရာရရှိသူတွေထဲက ၁၈ ဦးကိုတော့ ကိုလံဘို နိုင်ငံတော်ဆေးရုံကို လွှဲပေးခဲ့ပါတယ်” ဟု ဂမ်လက်က ပြောကြားခဲ့သည်။
ဆူပူအုံကြွမှုသတင်း ပျံ့နှံ့သွားခဲ့မှုကြောင့် အနီးရှိ အကျဉ်းထောင်မှ အမျိုးသမီးအကျဉ်းသားများသည် ၎င်းတို့ထောင်အဆောက်အအုံ အမိုးပေါ်သို့တက်ကာ လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
သီရိလင်္ကာလေတပ်က ရဟတ်ယာဉ်တစ်စင်းနှင့် ဒရုန်များကို လွှတ်ကာ အကျဉ်းထောင်ကို စောင့်ကြည့်စေခဲ့သည်။
“ရဲတပ်ဖွဲ့ကို အကူအညီပေးဖို့ စစ်တပ်ကို တောင်းဆိုထားပေမယ့် ဒီအချိန်မှာတော့ သူတို့ကို အသင့်အနေအထားမှာပဲ ထားရှိပါတယ်” ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပမ ဝါရူနာ ဂါမက်ဂျ်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

image

လျှပ်စစ်မော်တော်ယာဉ် (EV) အစီး ၂၀ တင်သွင်းရောက်ရှိပြီး စစ်ဆေးထုတ်ပေး

လျှပ်စစ်မော်တော်ယာဉ် (EV) စုစုပေါင်း အစီး ၂၀ သည် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ အသီးသီး ဆိုက်ရောက်လာပြီးနောက် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယင်း လျှပ်စစ်မော်တော်ယာဉ် (EV) ကားများကို အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းလာခြင်း ဖြစ်သည်။
အဆိုပါ လျှပ်စစ်မော်တော်ယာဉ်များအနက် အေးရှားဝေါလ်ဆိပ်ကမ်းရှိ ယာဉ် ၁၅ စီးကို ဇွန်လ ၃၀ ရက်နေ့တွင်လည်းကောင်း၊ သီလဝါဆိပ်ကမ်းရှိ ယာဉ် ၂ စီးကို ဇွန်လ ၃၀ ရက်နေ့နှင့် ကျန် ၃ စီးကို ဇူလိုင်လ ၁ ရက်နေ့တွင်လည်းကောင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
တင်သွင်းလာသည့် EV ယာဉ်များကို ဇူလိုင်လ ၃ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ စစ်ဆေးထုတ်ပေးခဲ့ပြီး၊ ၎င်းတင်သွင်းမှုများအတွက် သတ်မှတ်အခွန်အခများ ကောက်ခံထားရှိပြီးဖြစ်ကြောင်း သိရသည်။

image

၄ ပွဲဆက် နိုင်ပွဲနှင့်အတူ အ မှတ်ပေးဇယားထိပ်တွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည့် ISPE FC အသင်း

Myanmar Women's League 2026-27 Week-4 ပွဲစဉ်ကောင်းဖြစ်သည့် ISPE FC နှင့် ရန်ကုန်ယူနိုက်တက်အက်ဖ်စီအသင်းတို့ ပွဲစဉ်က ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
ယမန်နေ့က ပဒုမ္မာကွင်း၌ကျင်းပခဲ့သည့်ပွဲစဉ်တဥ် ISPE FC အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို နှစ်ဂိုးပြတ်ဖြင့် အ နိုင် ရရှိသွားခဲ့ခြင်းဖြစ်သည်။
ပွဲစတင်တည်းက နှစ်သင်းစလုံးအနိုင်ရရှိ‌ရေး ဦးတည်ကြိုးပမ်းခဲ့ပေမယ့် ပွဲချိန်ကြာလာသည်နှင့်အတူ ISPE FC အသင်းက ပွဲကို ထိန်းချုပ်ကစားသွားနိုင်ခဲ့သည်ကို တွေ့ရသည်။
အရန်လူအင်အား သာလွန်မှုက ISPE FC အတွက် ခွန်အားတရပ်ဖြစ်ခဲ့ပြီး အနိုင်ဂိုးများကို လင်းမြင့်မိုရ်နှင့် မိမိဇင်တို့က ၁၅ မိနစ်၊ ၄၀ မိနစ်တို့တွင် အသီးသီး သွင်းယူပေးခဲ့သည်။
ပွဲအနိုင်ရလဒ်ကြောင့် ISPE FC အသင်းအနေဖြင့်ရမှတ် (၁၂) မှတ်နှင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ထားနိုင်ခဲ့သည်။

image

ရေကြီးရေလျှံမှုအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို UNICEF Myanmar အသိပေး

ရေကြီးရေလျှံမှုများသည် ရုတ်တရက်ဖြစ်ပွားနိုင်သော်လည်း ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် အသက်အန္တရာယ်နှင့် ပစ္စည်းဥစ္စာထိခိုက်ဆုံးရှုံးမှုများကို လျှော့ချနိုင်ကြောင်း UNICEF Myanmar က အသိပေးထားသည်။
အထူးသဖြင့် ကလေးငယ်များနှင့် ကလေးရှိသည့် မိသားစုများအတွက် ရေကြီးရေလျှံမှုသည် အသက်အန္တရာယ်သာမက နေထိုင်မှုဘဝအပေါ်ပါ ကြီးမားသည့် သက်ရောက်မှုများ ဖြစ်စေနိုင်သဖြင့် ရေမကြီးမီ၊ ရေကြီးနေစဉ်နှင့် ရေကြီးပြီးနောက် လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို ကြိုတင်သိရှိထားရန် အရေးကြီးကြောင်း ဖော်ပြထားသည်။
UNICEF Myanmar က မိသားစုအရေးပေါ်အစီအစဉ်ကို ကြိုတင်ရေးဆွဲထားရန်၊ မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများပါဝင်သော အရေးပေါ်အိတ်ကို အသင့်ပြင်ဆင်ထားရန်နှင့် အရေးကြီးစာရွက်စာတမ်းများကို ရေမစိုစေရန် လုံခြုံစွာ သိမ်းဆည်းထားရန် အကြံပြုထားသည်။
ထို့ပြင် သက်ဆိုင်ရာတာဝန်ရှိသူများက ရွှေ့ပြောင်းရန် အသိပေးလာပါက ကုန်းမြင့်ပိုင်းသို့ ချက်ချင်းပြောင်းရွှေ့ရန်၊ ကလေးငယ်များကို ရေကြီးနေသည့်နေရာများနှင့် ဝေးကွာစွာထားရှိရန်နှင့် အရေးပေါ်အခြေအနေ ကျော်လွန်ပြီးနောက် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ဂရုစိုက်ကာ လိုအပ်သည့် အားပေးနှစ်သိမ့်မှုများ ပေးအပ်ရန်လည်း တိုက်တွန်းထားသည်။
ရေကြီးရေလျှံနေချိန်တွင် ရေသည် မြင်ရသည်ထက် ပိုမိုနက်ရှိုင်းနိုင်ပြီး ရေစီးသန်ကာ ညစ်ညမ်းမှုများလည်း ပါဝင်နိုင်သဖြင့် ယုံကြည်စိတ်ချရသည့် မိုးလေဝသသတိပေးချက်များကို အမြဲစောင့်ကြည့်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ လမ်းညွှန်ချက်များကို လိုက်နာကြရန် UNICEF Myanmar က အသိပေးထားသည်။

image

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ်အဖြစ် တာဝန်ယူမည့် ဂျွန် အန်ဒါဆင် ရန်ကုန်သို့ ရောက်ရှိ

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း၏ နည်းပြချုပ်သစ်အဖြစ် တာဝန်ယူရန် ရွေးချယ်ခံထားရသည့် နော်ဝေလူမျိုး၊ ဂျာမန်နိုင်ငံသား ဝါရင့်နည်းပြ ဂျွန် အန်ဒါဆင် (Jørn Andersen) သည် ယနေ့ (ဇူလိုင် ၇ ရက်) တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် စာချုပ်ချုပ်ဆိုရေး ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အသက် ၆၃ နှစ်အရွယ်ရှိ ဂျွန် အန်ဒါဆင်သည် ဂျာမန်ကလပ် Mainz 05 အသင်းကို ဘွန်ဒက်စ်လီဂါသို့ တန်းတက်အောင် စွမ်းဆောင်ပေးခဲ့ဖူးသည့်အပြင် မြောက်ကိုရီးယားနှင့် ဟောင်ကောင် လက်ရွေးစင်အသင်းများကိုလည်း အာရှဖလားပြိုင်ပွဲသို့ ပို့ဆောင်ပေးခဲ့သည့် အာရှဘောလုံးလောကအတွေ့အကြုံ ကြွယ်ဝသော နည်းပြတစ်ဦးဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လာမည့် ဗီယက်နမ်အသင်းနှင့် ခြေစမ်းပွဲ၊ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲနှင့် FIFA–ASEAN Cup ပြိုင်ပွဲများအတွက် အသင်းကို ပြင်ဆင်နိုင်ရေး ရည်ရွယ်၍ ဂျွန် အန်ဒါဆင်အား နည်းပြချုပ်အဖြစ် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး၊ ဆွေးနွေးမှုများ ပြီးဆုံးပါက တရားဝင် စာချုပ်လက်မှတ်ရေးထိုးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

image

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသား(၉)ဦးကို သက်ဆိုင်ရာနိုင်ငံများထံ ပြည်နှင်လွှဲပြောင်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသား(၉)ဦးကို ယနေ့ ဇူလိုင် ၇ ရက်တွင် သက်ဆိုင်ရာနိုင်ငံများထံ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံသူ(၃)ဦး၊ နီပေါလ်နိုင်ငံသား(၁)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၃)ဦး၊ ယူဂန္ဓာနိုင်ငံသား(၁)ဦး၊ ရု ရှားနိုင်ငံသား(၁)ဦးတို့အား ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင် ရာ တာဝန်ရှိသူများထံလွှဲပြောင်းပေးခဲ့ကြကြောင်း သိရသည်။

image

(၁၆)ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များ ကန်တော့ပွဲသို့ နိုင်ငံတော်သမ္မတနှင့် ဇနီးက အလှူငွေ ကျပ်(၂၅)သိန်း လှူဒါန်း

မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို) က ကြီးမှူးကျင်းပသည့် (၁၆)ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များ ကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆုချီးမြှင့်ပွဲ ကို ယနေ့ ဇူလိုင် ၇ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၈)ရပ်ကွက်ရှိ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးအိမ်ရာ (လူရွှင်တော်ရွာ)၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့က လှူဒါန်းသည့် အလှူငွေကျပ် (၂၅)သိန်း ကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ကိုယ်စားပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာနမိသားစုက လှူဒါန်းသည့် အလှူငွေကျပ် သိန်း(၃၀) ကိုလည်း ဒုတိယဝန်ကြီးက ပေးအပ်လှူဒါန်းခဲ့ပြီး၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို) မှ အနုပညာရှင်များက ဟာသအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပရဟိတထူးချွန်ဆု၊ ဟာသမျိုးဆက်သစ်ဆု၊ ဟာသပံ့ပိုးထူးချွန်ဆု၊ ဟာသပညာထူးချွန်ဆု၊ ဟာသပညာဖန်တီးမှုဆုနှင့် ဟာသတစ်သက်တာဂုဏ်ပြုဆု ရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး သက်ကြီးဟာသအနုပညာရှင်ကြီးများကိုလည်း ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

image

(၇)လခန့်အတွင်း ပဲခူးတိုင်းမှ မျက်စိဝေဒနာရှင် (၁,၀၀၀)ဦးကျော်ကို အခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လပထမပတ်အထိ (၇)လခန့်အတွင်း ပဲခူးတိုင်းမှ မျက်စိဝေဒနာရှင် (၁,၀၀၀)ဦးကျော်ကို အောင်မြင်စွာအခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခွဲစိတ်ကုသမှုများကို ပဲခူးတိုင်းအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အ ထွေထွေရောဂါကုဆေးရုံကြီး၏ အောင်သုခဆေးကုသဆောင်၌ ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ ဇူလိုင် ၇ ရက်နှင့် ယမန်နေ့ ဇူလိုင် ၆ ရက်တို့ကလည်း ပဲခူးတိုင်းအတွင်းရှိ မျက်စိဝေဒနာရှင် အငြိမ်း စားနိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာများမှ မျက် စိဝေဒနာရှင်(၁၂၀)ဦးကို အခမဲ့ခွဲစိတ်ကုသပေးခဲ့ရာ ပဲ ခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၇ ရက်တွင်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

image